Chit Naing shared ဘ၀ကျောင်း ဖတ်စာ's photo.
“ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက်
ဦးဆောင်ပြုလုပ်နေသူ တစ်ယောက်ဟာ
ဘယ်တော့မှ လူအများဆင်းရဲအောင်
အန္တရာယ်ကျရောက်အောင်
ပြုလုပ်မယ့်သူ တစ်ယောက်မဟုက်ဘူး။”
... တစ်ခါက မိန်းကလေးရှင်ဘက်မှ မိဘဆွေမျိုးများနှင့် ပတ်ဝန်းကျင်က လူတွေဟာ မိန်းကလေးရဲ့ခင်ပွန်းသည်ကို ရက်ရက်စက်စက် အလွန်ရွံ့ရှာ မုန်းတီးစွာပဲ ကဲ့ရဲ့ပြစ်တင်ရှုံ့ချကြတယ်။ “မိုက်ရိုင်းလိုက်တဲ့ကောင်ကွာ သူများသားသမီးပျိုကို ယူပြီး ကလေးတစ်ယောက်ရမှ ရှာဖွေမကျွေးချင်လို့ ပြစ်သွားတာ” “လူကလည်းငပျင်း ဘာမှမလုပ်ချင်ဘူး သူ့ကိုယ်သူ ပညာ တတ်တယ်ဆိုပြီး အလကားနေနေတာ။” “အလကားပါကွာ ရူးတူးတူးနဲ့ တောထဲသွားပြီး မသေဆေးရှာတာတဲ့။”
လူတွေဟာ တစ်ယောက်တစ်ပေါက် ပြောဆိုကြသတဲ့။ အဲဒီခင်ပွန်းသည်အပေါ်ကို လူတွေက မကြည်ကြသလို အယုံအကြည်လည်းမရှိကြဘူး။ ဒါပေမယ့် ထူးခြားစွာပဲ လူငါးယောက် ကတော့ “ဒီလူငယ်ဟာ မသေဆေးကို ရှာတွေ့လိမ့်မယ်လို့” ယုံကြည်ပြီး အဲဒီလူငယ်နဲ့အတူ တောထဲလိုက်ကာ လူငယ်ကို ပြုစုလုပ်ကျွေးကြသတဲ့။
လူငယ်ဟာ ရက်၊ လ၊ နှစ်တို့ရှည်ကြာစွာ အပြင်းအထန်ရှာ ဖွေသော်လည်း မသေဆေးကို ရှာမတွေ့ပေ။ အချိန်ကာလတွေကြာလာ တော့ လူငါးယောက် ဟာလည်း လူငယ့်အပေါ်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး သံသယစိတ်တွေ ဖြစ်ပေါ်လာကြတယ်။ ဒီတော့ သူတို့ဟာ လူငယ်ကို ရက်စက်စွာပြောဆိုပြီး သူနဲ့ဝေးရာ တောအုပ်တစ်ခုသို့ ရွှေ့ပြောင်းသွားကြတယ်။ သိပ်မကြာခင်မှာပဲ လူငယ်ဟာ သူအလိုချင်ဆုံး အနှစ်သက်ဆုံး ရှာဖွေနေတဲ့ မသေဆေးကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့တယ်။ ပိုင်ဆိုင်နိုင်ခဲ့တယ်။ ဒါကြောင့် သူဟာ သူ့အပေါ်မှာ ယုံကြည်ပြီး ပြုစုနေကြရင်း သံသယစိတ်ဝင်လာသဖြင့် ထွက်ခွာသွားကြသော လူ ငါးယောက်ဆီသို့ သွားရောက်ပြီး မသေဆေးကို ပေးနိုင် ခဲ့တယ်။ အဲဒီလူငယ်လေးဟာ တခြားသူမဟုက်ပါ။ ကျွန်တော်တို့ရဲ့ ဂေါတမ ဘုရားရှင်ဖြစ်ပါတယ်။
ဒီသာဓကလေးကို မှတ်သားပြီး ကျွန်တော်တို့ဟာလည်း ပန်းတိုင် တစ်ခုအတွက် မိမိယုံကြည်ထားတဲ့သူအပေါ်ကို ပန်းတိုင်မရောက်မချင်း သံသယစိတ်မ၀င်မိစေဖို့ ဖွင့်ဟမပြောမိစေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် ဦးဆောင်ပြုလုပ်နေသူ တစ်ယောက်ဟာ ဘယ်တော့မှ လူအများဆင်းရဲအောင် အန္တရာယ် ကျရောက်အောင် ပြုလုပ်မယ့်သူ တစ်ယောက်မဟုက်ဘူး။ ပန်းတိုင် မရောက်ခင် အန္တရာယ်တွေဟာ အနည်းနဲ့အများတော့ ကြုံတွေ့ရမှာ အမှန်ပင်ဖြစ်တယ်။ သို့သော်လည်း နည်းနိုင်သမျှနည်းအောင် သူဟာ ဖော်ဆောင်လိမ့်မယ်။ ဒီလိုအန္တရာယ်အများကြီးကို ရင်ဆိုင်ရမယ့်အစား နည်းနည်းလေးပဲ ရင်ဆိုင်ကြုံတွေ့ရအောင် ပြုလုပ်ပေးတာကို မိမိက လက်မခံနိုင်ဘူး၊ သူ့အပေါ် မယုံကြည်နိုင်တော့ဘူး၊ သံသယစိတ်တွေ ၀င်မိပြီဆိုရင် ပန်းတိုင်ရောက်ဖို့ရန် ကျန်ရှိနေသေးတဲ့ တာဝန်တွေအပေါ်မှာ ခေါင်းဆောင်တစ်ယောက်ရဲ့စိတ်ဟာ နိုးကြွားတက်ကြွမှုတွေ မိမိကိုယ်ကို ယုံကြည်မှုတွေ ဦးဆောင်ချင်စိတ်တွေ ကိုယ်ကျိုးစွန့်လိုစိတ်တွေ ဆုတ်ယုတ် သွားနိုင်တယ်။
ဒါကြောင့် ခေါင်းဆောင်တစ်ယောက် ရည်ရွယ်ချက် ပန်းတိုင်မရောက်ခင် ယုံကြည်မှုတွေ မပျောက်ဆုံးရအောင် အားလျော့စိတ်တွေမရှိရအောင် မိမိတို့အနေနဲ့ ကိုယ်ယုံကြည်ထားတဲ့ ခေါင်းဆောင်အပေါ်ကို ယုံကြည်မှု အပြည့်အ၀ပေးရန်နှင့် သံသယစိတ်မ၀င်မိစေရန် လိုအပ်ကြောင်း ဆန္ဒပြုရင်း….။
✍ ဘ၀ကျောင်းဖတ်စာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။