Hla Wai shared Burma-Newselite's photo.
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဟာ ၁၉၈၀နဲ့ ၁၉၉၀ ပြည့်လွန်နှ...စ်တွေနဲ့စာရင် ကျဆင်းသွားခဲ့ပေမဲ့ ဘိန်းထုတ်လုပ်မှုကတော့ အမြင့်ဆုံးဖြစ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့ကထုတ်ပြန်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဘိန်းနဲ့ ဘိန်းဖြူ အဓိကထွက်တဲ့ နိုင်ငံတခု အဖြစ် ဆက်ပြီး ရှိနေပါတယ်။ အာရှဒေသထဲမှာ အမ်ဖီတမင်းစိတ်ကြွဆေးထွက်ရှိရာ ဇစ်မြစ်ကလည်း မြန်မာနိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာအစိုးရပိုင်းနဲ့ စီးပွားရေးလုပ်ငန်းပိုင်းတွေက လာဘ်ပေး လာဘ်ယူမှုတွေကို အစီရင်ခံစာမှာ ဖော်ပြထားရာမှာ တရုတ်၊ ဂျပန်နဲ့ အာရပ်စော်ဘွားများနိုင်ငံတွေက အခုတလော ငွေလုံးငွေရင်း အများအပြား ရင်းနှီးမြှုပ်နှံနေတဲ့အချက်က အဂတိလိုက်စားမှုနဲ့ တရားမဝင် ဆောင်ရွက်မှုတွေကို တိုးစေကြောင်း ထောက်ပြထားပါတယ်။
ဥပမာပေးဖော်ပြထားရာမှာတော့ ပုဂ္ဂလိကပိုင်လုပ်ငန်း အဖြစ်
ပြောင်းလဲတဲ့နေရာမှာ ယခင်စစ်အစိုးရအဖွဲ့ဝင်တွေ၊ လက်ရှိ အရပ်သား အစိုးရထဲက နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးအရ ဆက်နွယ်နေသူတွေ အတွက် လာဘ်ပေး လာဘ်ယူတာတွေနဲ့ ငွေမဲကနေ ငွေဖြူလုပ်ဖို့
အခွင့်အရေးပေးသလို ဖြစ်နေပြီး ဒီလုပ်ရပ်တွေကို အားပေးသလိုဖြစ်နေတဲ့ မူဝါဒတွေကို ပြောင်းလဲပယ်ဖျက်ဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေးကဏ္ဍဟာ ဖွံ့ဖြိုးဖို့ များစွာလိုအပ်နေသေးပြီး ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေတွေကလည်း အလွန်အားနည်းနေကြောင်းလည်း
ဖော်ပြထားပါတယ်။ M
ကိုးကား- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌ
ဓာတ်ပုံ- UNODC
Please share, do not copy to re post.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။