Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 14, 2013

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

Nyo Htet and Hlaing Bwa shared Zaw Win's photo.
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး )

Wednesday, February 13, 2013 Posted by သျှမ်းသံတော်ဆင့်

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

မေး - စစ်တပ်တွင်း သူရဘွဲ့တွေ ချီးမြှင့်တဲ့ အခြေအနေ အရင်ပြောပေးပါဦး။

ဖြေ - ဒီလ ၈ ရက်နေ့ကပဲ ဗမာတပ်တွင်း ပြန်တမ်းတစ်စောင်အရ သူရဘွဲ့ ၃ ယောက် အပါအဝင် သူရဲကောင်း မှတ်တမ်းဝင်က ၇၈ ယောက် ၊ နောက်တစ်ခုက ဒုဗိုလ်ချုပ်ကြီး လှဌေး ၀င်းအပါအဝင် ဒုဗိုလ်ချုပ်ကြီးအဆင့် ၃ ဦးနဲ့ စုစုပေါင်း ၁၅၀၀ ကျော်ကိုတော့ တပ်မတော်သားကောင်းဆုတွေကို ပေးခဲ့တယ်လို့ သိရပါတယ်။

မေး - ဘယ်တပ်တွေပါပြီးတော့ ဘယ်လိုလူတွေကို ဆုတံဆိပ်တွေပေးခဲ့သလဲဆိုတာလည်း သိပါရစေ။

ဖြေ - ၉၉ ရာခိုင်နှုန်းက ကချင်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ အစိုးရတပ်က စစ်မှုထမ်းတွေ တပ်မ ၈၈ ၊ တပ်မ ၉၉ သက်ဆိုင်ရာ မပခအောက်ကတပ်တွေကို ပေးခဲ့တယ်။

မေး - ဒီဆုတံဆိပ်တွေပေးခဲ့တာနဲ့ပတ်သက်ပြီး ထူးခြားမှုတွေရှိရင် သုံးသပ်ပေးပါအုံး။

ဖြေ - ထုံးတမ်းစဉ်လာမဟုတ်ပဲ ဒီလိုအချိန်မျိုးပေးတာကတော့ အကြောင်းအမျိုးမျိုးတော့ရှိပါတယ် ၊ ပုံမှန်အားဖြင့်တော့ ဇန်နဝါရီလ ၄ ရက်တို့ မတ်လ ၂၇ ရက်တို့ ဒီရက်တွေမှာပဲ ပေးခဲ့တာမျိုး တွေ့ရပါတယ်။ နောက်ဆုံးဒီ လိုင်ဇာမြို့ ထိုး စစ်ကြီးမှာ ဗမာအစိုးရတပ်က ကျဆုံးမှုက သိပ်များတယ်လေ အဲဒါနဲ့ပါတ်သက်လို့ တပ်က Morale သိပ်ထိခိုက်တယ်။
ဒါပေမဲ့ သေချာစဉ်းစားဖို့ကောင်းတာက ဒီတစ်လော တိုက်ပွဲမှာကျသွားတဲ့ တပ်မ ၁၀၁ က တပ်ရင်းမှူးတချို့ တပ်မ ၈၈ ကပဲ ခလရ ၁၀ ကတပ်ရင်းမှူး အဲလိုလူမျိုးတွေကျတော့ တစ်ယောက်မှ ပါမလာဘူး၊ အနည်းဆုံး ဒီတိုက်ပွဲတွေအတွင်းမှာ တပ်ရင်းမှူးတွေ ဒုရင်းမှူးတွေ သေကျေသွားတာ အများကြီးရှိတယ်။ အဲဒီလူတွေမပါဘဲနဲ့ သက်ရှိထင်ရှားရှိတဲ့လူတွေကိုပဲ ရွေး ပေးတာကတော့ ထူးခြားပါတယ်။

မေး - ဆုတံဆိပ်တွေပေးတဲ့အပေါ် အကျိုးရလဒ်က ဘယ်လိုရှိနိုင်သလဲ။

ဖြေ - ပြည်ထောင်စုနေ့နားမှာ ဒီလိုလုပ်တဲ့ကိစ္စက ကိုယ့်ပြည်ထောင်စုသားချင်း တိုက်ကြတဲ့တိုက်ပွဲမှာ ဒီလိုဆုတွေ လာဘ် တွေ ပေးတယ်ဆိုတာ သိပ်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိမယ်လို့တော့ မထင်ဘူး ကာလုံက သူ့တပ် ကျေနပ်ရေး လောက်လုပ်တာ ဖြစ်တယ်။အခုလုပ်ရပ်က မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဆိုတာ သိပ်ရှင်းတယ်၊ ပြဿနာပေါင်းစုံရှိသေးတယ် သမ္မတကြီး အမိန့်နာ ခံပြီး စစ်မတိုက်ဘူးဆိုတဲ့လူတွေထောင်ထဲထည့်ထားတာ ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကိုရော ဘယ်လိုဖြေရှင်း ပေးမလဲ ဆိုတဲ့ ပြဿနာတွေပေါ့။

ကချင်စစ်ပွဲအတွင်းမှာ ဗမာစစ်တပ်က တပ်သားဦးရေ ၅ ထောင်ကျော်လောက် သေဆုံးဒဏ်ရာရတယ်လို့ အနောက်နိုင်ငံ သတင်းဋ္ဌာနတွေက ခန့်မှန်းတယ်၊ အဲလိုသေခဲ့တယ်ဆိုရင် သူတို့နဲ့နွယ်နေတဲ့ မိသားစုဟာ အနည်းဆုံး လူ ၄ ၊ ၅ သောင်းရှိနေမယ်။ ဒီမိသားစုတွေအတွက် စားဝတ်နေရေးဘယ်လိုဖြေရှင်းပေးကြမလဲ ဒီကိစ္စကို အများမြင်သာအောင် ဖေါ်ပြရမယ်။
ဒါတစ်ဘက်ကိုပဲ ပြောနေတာ ကေအိုင်အေဘက်ကမပါသေးဘူး ကေအိုင်အေက သူ့ရဲ့တရားတဲ့ခုခံစစ်အတွက် ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့တာဖြစ်တယ်၊ အဲဒီလူတွေကိုရော ဘယ်လိုသတ်မှတ်မလဲ ကိုယ့်အချင်းချင်းကို မတန်တဆ လက်နက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်တာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမလား။

မေး - ခုဏကပြောသွားတဲ့အထဲမှာ စစ်မတိုက်လို့ ထောင်ချခံရတယ်လို့ ပြောသွားတော့ ဘယ်လိုဖြစ်တာလဲ ဆိုတာပြောပေးပါအုံး။

ဖြေ - ၂၀၁၁ ခုနှစ် ၁၁ လပိုင်း ၁၂ လပိုင်းမှာ သမ္မတကြီးက စစ်ရပ်ဖို့အမိန့်ပေးတဲ့နောက်ပိုင်းမှာ ဗန်းမော်မှာခလရ ၄၇ တပ်ရင်းက ဗိုလ်မှူးမျိုးထွန်းခိုင်ပေါ့နော် သူဦးစီးတဲ့တပ်ခွဲက သိပ်နာတဲ့အခါ သူကနေပြီးတော့ တပ်ရင်းမှူးကို ကျနော်တို့ တပ်ကထွက်ပါရစေတော့ အချင်းချင်းပစ်ခတ်နေကြတာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ကျနော်တို့ရဲဘော်တွေလည်း ကျလာပြီ ကျနော်တို့တော့မတိုက်ပါရစေနဲ့ဆိုပြီး တပ်ရင်းမှူးကိုတင်တယ်၊ တပ်ရင်းမှူးကလည်း မင်းတို့တောင် မတိုက်တော့ရင် ငါလည်းဘာလို့တိုက်မှာလည်း သူပါရောပြီးထွက်စာတင်တယ် ။

အဲဒါကို ကစထမှူးညီစိုးက မှတ်လောက်သားလောက်အောင် အရေးယူမယ်ဆိုပြီးတော့ တပ်ရင်းမှူးကို ၂၅ နှစ် တပ်ခွဲမှူးကို ထောင်ဒဏ်နှစ် ၂၀ ကျန်အရာရှိ ၄ ၊ ၅ ယောက်ကလည်း အလားတူ နှစ် ၂၀ စီကျတယ် ကျန်တဲ့ Other rank တွေကို ၁၅ နှစ် ၁၀ နှစ်စီချထားတယ် စုစုပေါင်း ၂၀ ကျော်လောက်ရှိတယ်၊ ခမရ ၄၂၈ ကလည်း အလားတူဖြစ်တယ်၊ တပ်ရင်းမှူး တွေကို ဗန်းမော်အရပ်ထောင်မှာပဲ ထောင်ချထားတယ်။

အဲတော့သူတို့ကျတော့ကော သမ္မတရဲ့အမိန့်ကို နာခံပြီး ဒီစစ်ပွဲကြီးမှာ ဘယ်သူကိုမှ မသေစေချင်လို့ မတိုက်တော့တာကို ဘာဖြစ်လို့အရေးယူတာလဲ၊ ဒါကတစ်ဘက်ပေါ့၊ တစ်ခုလုံးခြုံပြောမယ်ဆိုရင် ဒီနေ့ဒီအချိန်မှာ ဒီဆုကိုပေးတယ်ဆိုတာ မီးစတဖက် ရေမှုတ်တစ်ဖက်လို့ ပြောရမှာပဲ တစ်ဘက်ကလည်း မြှောက်ပေးတယ်၊ တစ်ဘက်ကလည်း ငြိမ်းချမ်းရေး စကားတွေ ပြောနေတယ်။

မေး - ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ အစိုးရတပ်က ဘာလုပ်သင့်တယ်လို့ ထင်သလဲဗျ။

ဖြေ - ကျနော်အမြင်ကတော့ အဲဒါတွေကို လုပ်မဲ့အစား ကိုယ့်တပ်မတော်ကို ကောင်းစေချင်ရင် ဒီစစ်ပွဲကိုကောင်းကောင်း နိဂုံးချုပ်ပါ စစ်ပွဲကိုနိဂုံးချုပ်မှ နောင်ဒေသရန်ကိုကာကွယ်တဲ့အခါမှာ ဘယ်လိုတိုက်မလဲဆိုတာဖြစ်လာမယ်။

ဒါကြောင့်မို့ ဒီစစ်ပွဲကိုရပ်ဆဲပြီး တကယ့်ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ဆို တိုင်းရင်းသားသွေးစည်းညီညွတ်ရေးရဲ့ အခြေခံက တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးဆိုတဲ့ ဖက်ဒရယ်မူရဲ့ အခြေခံတွေကိုဆုတ်ကိုင်ပြီးဆွေးနွေးကြမှသာလျှင် ကျနော် တို့တိုင်းပြည်ရဲ့အနာဂတ် လှပလာလိမ့်မယ်။

မေး - နောက်ဆုံးတစ်ခုပေါ့နော် စစ်တပ်နဲ့ပတ်သက်လို့ ဦးအောင်ကျော်ဇော အနေနဲ့ ဘာများ ထပ်ပြောစရာရှိ ပါသလဲ။

ဖြေ - ဒီနေ့ ဘာဖေါ်ပြနေသလဲဆိုရင် ဥပဒေရဲ့အထက်မှာ စစ်တပ်ရှိတယ်၊ လွတ်တော်နဲ့ အစိုးရရဲ့အထက်မှာ တပ်ရှိတယ်၊ သူများတွေပြောသလို ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အဝေးကြီးရောက်ပြီလဲလို့ မေးရင် နောက်လှည့်ကြည့်လဲ ဒီနေရာပဲ ရှေ့တိုးကြည့်လည်း ဒီနေရာပဲ။

တကယ်တမ်း တိုင်းပြည်အနာဂတ်ကောင်းစေချင်တယ်ဆိုရင် ပရော့ဖက်ရှင်နယ် စစ်တပ်ဖြစ်ချင်တယ်ဆိုရင် စစ်တပ်ရဲ့ Mind ကိုပြင်ရမယ်၊ အဲဒါကို ပြင်ရင် လွတ်တော်ထဲမှာရှိတဲ့ စစ်ဗိုလ်ဟောင်းတွေ တပ်ထဲမှာရှိတဲ့ စစ်ဗိုလ်တွေ သူတို့ အတွေး အခေါ်ပြင် သူတို့မပြင်သမျှတော့တပ်က ပြောင်းမှာမဟုတ်ဘူး၊ တပ်ကို မပြင်နိုင်ရင် ကျနော်တို့ ခြေလှမ်း ၁၀ လှမ်းလှမ်းပြီးရင် ခြေလှမ်း ၁၀ လှမ်းပြန်ဆုတ်တာကို မြင်ရမှာပဲ။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး )

Wednesday, February 13, 2013 Post...ed by သျှမ်းသံတော်ဆင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။