တက္ကသိုလ်တက်စဉ်ကာလများက အင်ပါယာတေးဂီတအဖွဲ့တွင်ဒရမ်တီးခ တ်ခဲ့သူ ဝေထွန်းနှင့် အတန်းတူဖြစ်ခဲ့သည်။ ၁၉၈၅/၈၆ ၀န်းကျင် ရူပဗေဒဘာသာ အဓိကဖြင့် ပထမနှစ်စတက်တော့ သူ့ကို လက်တွေ့လုပ်သောအခန်းထဲတွင် စတင်သတိထားမိသည်။ ထိုစဉ်က သူ့ပုံစံမှာ ပိန်ပိန်ပါးပါး၊ ဆံပင်ခပ်တိုတို၊ ပါဝါမျက်မှန်ဖြင့် အလွန်အေးသော ပုံသဏ္ဍာန်ရှိသည်။ သူ ဒရမ်တီးသည်ကို မည်သူမျှ မသိသေးသည့် အချိန်ဖြစ်သလို၊ အင်ပါယာတီးဝိုင်းကို သိသူ အလွန် နည်းသေးသည့် ပွဲဦးထွက် ကာလများဖြစ်သည်။ အဆိုတော်ဇော်ဝင်းထွဋ်သည်လည်း မာကျုရီည နှင့် လမ်းသစ် အယ်လ်ဘမ်နှစ်ခုသာ ထွက်ရှိထားပြီး အောင်မြင်မှု မရသေးပါ။
ဒုတိယနှစ် စာသင်နှစ်တွင် ဖြစ်မည်ထင်သည်။ တနေ့ လက်တွေ့ခန်းထဲတွင် သူဖြန့်ချထားသည့် ဗလာစာအုပ်အဖုံးမှ အင်ပါယာတံဆိပ်ကို မြင်တော့ ကျွန်တော်အလွန်အံအားသင့်သွားမိသ ည်။ ရာဘာတံဆိပ်တုံးဖြင့် ဖိနှိပ်ထားသော အင်ပါယာလိုဂို မှာ သူ့ပုံစံ အေးတိအေးစက်နှင့် ဘယ်လိုမှ ပတ်သက်စရာအကြောင်း မရှိဟု တွေးမိသောကြောင့်ဖြစ်သည်။ တဆက်ထဲ၌ သူ့ကို ဒီတံဆိပ် ဘယ်ကရတာလဲ၊ အင်ပါယာတေး ဂီတအဖွဲ့နဲ့ ဘယ်လိုပတ်သက်လဲဟု စကားစပ်ကြည့်သည်။ ကျွန်တော့်မေးခွန်းအတွက် သူက တဖန်ပြန်အံ့သြနေပြီး၊ အင်ပါယာကိုသိလို့လား..၊ ဇော်ဝင်းထွဋ်နဲ့အမျိုးတော်တာလား ဟု ထူးထူးဆန်းဆန်း ပြန်မေးသည်။
သူ့တီးဝိုင်းကို သိနေသည့်အတွက် သူ့ပုံစံမှာ ၀မ်းသာနေပြီး၊ ကျွန်တော်ကလည်း ကျွန်တော်ကြိုက်သည့် အဆိုတော်၏ကိုယ်ပိုင်တီးဝိုင်းမှ အတီးသမား တစ်ယောက်မှာ အတန်းဖော်ဖြစ်နေသဖြင့် အံသြ ဂုဏ်ယူမိခဲ့သည်။ သူသည် ထိုစဉ်ကထဲက အတန်းမှန်မှန်မတက်ဘဲ၊ လက်တွေ့ချိန်များကိုသာ ဦးစားပေး လာရောက်သူဖြစ်သည်။ လက်တွေ့ချိန် ပြီးသည်နှင့် ကျောင်းဝင်းထဲမှ ပျောက်သွားတော့သည်။ ထို့ကြောင့် အဆက်အဆံအလွန်နည်းသဖြင့် ကျွန်တော်တို့ချင်း သိပ်ပြီး ရင်းနှီးခင်မင်သော သူငယ်ချင်းများဖြစ်မလာခဲ့။
၈၈ အရေးအခင်းပြီး၍ ကျောင်းပြန်ဖွင့်သောအခါ ဇော်ဝင်းထွဋ်လည်း သူ၏အကောင်းဆုံးတေးများ လက်ရွေးစင်အယ်လ်ဘမ်ဖြင့် နာမည်ကျော် အဆိုတော်ဖြစ်နေသလို၊ အင်ပါယာတီးဝိုင်းသည်လည်း လူငယ်များ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေတော့သည်။ သူ့ကို လက်တွေ့ခန်းထဲတွင် ပြန်ဆုံတော့ သူက ဆံပင်အရှည်ကြီးဖြင့် ရော့ခ်ဒီဇိုင်းအပြည့်..။ မိတ်ဆွေဖွဲ့ချင်သော မိန်းကလေးများလည်း မရှား..ဖြစ်သွားသည်။ တီးဝိုင်းကိစ္စများဖြင့် မအားလပ်တော့သောကြောင့် အပတ်စဉ်ရှိသောလက်တွေ့ခန်းများကိုပင် အတော်အချိန်လု လာရပုံပေါ်သည်။
တခါတရံ သူနှင့်စားပွဲတစ်ခုထဲထိုင်မိချိ န်မျိုးတွင် သူ၏ဒရမ်တီးခတ်ပုံများကို မေးကြည့်မိသည်။ ဥပမာ.. ဇော်ဝင်းထွဋ်၏ရောဂါသီချင်း အဖွင့်ကို သူဘယ်လိုတီးသလဲ..၊ ထူးအိမ်သင်၏ ရာဇ၀င်များရဲ့သတို့သမီးကို ဘယ်လို ဖန်တီးသလဲ..အစရှိသဖြင့်..။ သူကလည်း စိတ်လိုလက်ရဖြင့် ကျွန်တော်သိချင်သည်များကို ပြန်ရှင်းပြပါသည်။
ကျွန်တော်က သူ့ကို ဒီလိုဖြစ်အောင် ဘယ်လိုကြိုးစားသလဲ.ဟုမေးတော့ သူက သူ၏လက်ဆစ်များကို ကျွန်တော့်ကို ပြသည်။ ပုံမှန်အားဖြင့် သူလက်ဆစ်များမှာ ဘာမှ ထူးခြားမှုမရှိပါ။ သို့သော် ဘယ်လက်ချောင်းများထဲသို့ ညာလက်ချောင်းများထည့်ကာ အကြောဖြေသလို ချိုးလိုက်ချိန်မှာတော့ တဖျိုးဖျိုး တဖျောက်ဖျောက် မြည်သံများကို ကြားလိုက်ရသည်။ ကျွန်တော် အံအား တသင့်ငေးနေချိန်တွင် သူဆက်ပြောသောစကားကို ယခုအထိမှတ်မိနေသည်။
“ ကျွန်တော် ၄ တန်းလောက်ထဲက ဒရမ်တီးခဲ့တယ်၊ ဒရမ်တီးတာကို မလေ့ကျင့်တဲ့ရက်ဆိုလို့တရက်မှမရှိဘူး၊ အခုဆိုရင် ကျွန်တော်လက်ဆစ်တွေ မကောင်းတော့ဘူး၊ အဲဒါ အိုဗာ ပရက်တစ်စ် ကြောင့်ဖြစ်ရတာ”
သူ၏၀ါသနာနှင့်ရည်မှန်းချက်သည် သူ့အား ဒရမ်ကို အလွန်အကျွံ လေ့ကျင့်ဖြစ်စေခဲ့ပြီး၊ အကျိုးဆက်အားဖြင့် နာမည်ကျော် ဒရမ်အတီးသမားတစ်ယောက်ဖြစ်လာသလို ၊ ဘေးထွက် ဆိုးကျိုးအားဖြင့် သူ့လက်ဆစ်များတွင် ဒဏ်ဖြစ်ခဲ့သည်။ သို့သော် ထိုပေးဆပ်မှုမျိုးအတွက် သူ့အနေဖြင့် စိုးစဉ်းမျှ ၀မ်းနည်းနေပုံမရသည်မှာ အလွန်သေချာသည်။
အင်တာဗျုးတစ်ခုတွင် သူက သူ့ဆီတွင် ဒရမ်တီးနည်း လာရောက်သင်ယူသည့် တပည့်အချို့အကြောင်း ပြောခဲ့သည်ကို ကျွန်တော် အမှတ်ရမိပြန်သေးသည်။
“ ကျွန်တော့်ဆီမှာ လာသင်တဲ့ တချို့လူငယ်လေးတွေဆိုရင် ကျွန်တော့်တုန်းကလို
မလေ့ကျင့်ချင်ကြတော့ဘူး၊ သူတို့က ၆ လလောက်သင်ရုံနဲ့အရမ်းတော်သွားမယ်ထင်နေကြတယ်”
များသောအားဖြင့် ကျွန်တော်တို့သည် နာမည်ကျော်များ၏ ဘ၀ကို အားကျကြသည်။ သူတို့လို ကျော်ကြားချင်သည်။ သူတို့လို တော်ချင်၊ ထွန်းပေါက်ချင်သည်။ သို့သော် သူတို့ ဖြတ်သန်းခဲ့သည့် အခက်အခဲများ၊ ဆင်းရဲပင်ပန်းမှုများကို ထပ်တူကျော်ဖြတ်ကြည့်ဖို့တော့ လုံလောက်သော သတ္တိမရှိကြ။ ထို့ကြောင့်လည်း တစ်ခေတ်မှာတစ်ယောက်ဆိုသလို အောင်မြင်သည့်ပုဂ္ဂိုလ်များ ရှားပါးရခြင်းပင့် ဖြစ်မည်ထင်သည်။
ယခုလို မီဒီယာများ ပိုမိုပွင့်လင်းကျယ်ပြန့်လာသော ခေတ်ကြီးတွင် အနုပညာလောကတွင်သာမက နိုင်ငံရေး၊ စီးပွါးရေးနယ်ပယ် အသီးသီးတွင် အောင်မြင်ကျော်ကြားလိုသူများ ယခင်ကထက်များပြားလာခဲ့သည်။ အရည်အတွက် အနည်းငယ်လောက်သာ အောက်ခြေမှတဆင့် နည်းမှန်လမ်းမှန်ဖြင့်ကြိုးစားေ အာင်မြင်ချင်ကြသည့်တိုင်၊ အများစုကတော့ အလွယ်လိုက်ရမည့် ဖြတ်လမ်းနည်းများကိုသာ အားကိုး ရှာဖွေနေကြသည်။
ကိုယ်ဖြစ်သောအရာတစ်ခု ဖြစ်လာဖို့အတွက် ပထမဆုံးနားလည်ထားသင့်သည့်အရိုးစ င်းဆုံးအချက်မှာ ထိုဖြစ်ချင်သည့်အရာသည် ကိုယ့်မှာမရှိသေးသည့်အချက်ဖြစ်သ ည်။ မရှိသေး၊ မဖြစ်သေးသည့်အတွက်ကြောင့်သာ ရှိချင်ဖြစ်ချင်ကြခြင်းဖြစ်သည်။ သည့်အတွက် ကျွန်တော့်တို့မှာ လိုအပ်သော သင်ယူမှု၊ လေ့လာမှု၊ ပေးဆပ်မှုများ မလွှဲမသွေလုပ်ကြရပါမည်။ ထိုအဆင့်ကို မဖြတ်သန်းဘဲ ကျွန်တော်တို့ ရည်မှန်းချက်များအောင်မြင်ကြမည် မဟုတ်။
ကြိုးစားလေ့ကျင့်မှုများနှင့်ပတ် သက်၍ မြန်မာဆိုင်းပညာရှင် ရွာစားစိန်ဗေဒါ ပြောခဲ့သောစကားတစ်ခွန်းကို ကိုးကားလိုပါသည်။ သူ့ခေတ် သူ့အခါတွင် အလွန်ထင်ရှား ကျော်ကြားနေသည့်တိုင်၊ သူသည် ဆိုင်းပညာကို မနားမနေ လေ့ကျင့်နေဆဲဖြစ်သည်။ သူ့ကို မိတ်ဆွေများက “ ဘယ်သူကမှ ခင်ဗျားကို မယှဉ်နိုင်ပါဘူးဗျာ၊ ဒီလောက်အထိ လေ့ကျင့်နေဖို့ မလိုတော့ပါဘူး “ ဟု ပြောသည်။ ထိုအခါ သူ ပြောခဲ့သော စကားမှာ ကျွန်တော်တို့အမြဲမှတ်မိနေသင့်သ ည့် စကားတစ်ခွန်းဖြစ်လာတော့သည်။
“ ကျုပ်က တခြားသူတွေနဲ့ ပြိုင်ဖို့လေ့ကျင့်နေတာမဟုတ်ပါဘူး၊ ကျုပ်ကိုယ်ကျုပ် ပြန်ပြိုင်ဖို့
လေ့ကျင့်နေတာပါ၊ မနေ့က စိန်ဗေဒါကို ဒီနေ့စိန်ဗေဒါက ချိုးနိုင်ရမယ်၊ ဒီနေ့ စိန်ဗေဒါကို
မနက်ဖြန်စိန်ဗေဒါက ချိုးနိုင်ရမယ်ဗျ “
ကျွန်တော်ကတော့ ပျင်းရိလေးလံသည့်စိတ်များဖြစ်ပေါ်လာတိုင်း ကိုယ့်ကိုယ်ကို သံပတ်တင်းသည့်အနေဖြင့် ဝေထွန်း၏ လက်ဆစ်များကို မြင်ယောင်ကြည့်ဖို့ ကြိုးစားမိသည်။ ထိုအခါ နားထဲတွင် ကြားလာရသော လက်ဆစ်ချိုးသံများသည် ကျွန်တော့်မျက်လုံးများကို ကျယ် လာစေသည့်အပြင်၊ တစ်ခုခု ထလုပ်ဖို့အားထုတ်ရ ပါတော့သည်။ သို့မဟုတ်ပါက စိန်ဗေဒါ ပြောသလို စံချိန်ချိုးနိုင်မည်မဟုတ်ဘဲ၊ ဘ၀ပြေးလမ်းပေါ်တွင် နောက်ကောက်ကျ ကျန်ရစ်နေမည်သာဖြစ်သည်။
သူရိယမျိုး
credit to : maukkha.org
ဒုတိယနှစ် စာသင်နှစ်တွင် ဖြစ်မည်ထင်သည်။ တနေ့ လက်တွေ့ခန်းထဲတွင် သူဖြန့်ချထားသည့် ဗလာစာအုပ်အဖုံးမှ အင်ပါယာတံဆိပ်ကို မြင်တော့ ကျွန်တော်အလွန်အံအားသင့်သွားမိသ
သူ့တီးဝိုင်းကို သိနေသည့်အတွက် သူ့ပုံစံမှာ ၀မ်းသာနေပြီး၊ ကျွန်တော်ကလည်း ကျွန်တော်ကြိုက်သည့် အဆိုတော်၏ကိုယ်ပိုင်တီးဝိုင်းမှ
၈၈ အရေးအခင်းပြီး၍ ကျောင်းပြန်ဖွင့်သောအခါ ဇော်ဝင်းထွဋ်လည်း သူ၏အကောင်းဆုံးတေးများ လက်ရွေးစင်အယ်လ်ဘမ်ဖြင့် နာမည်ကျော် အဆိုတော်ဖြစ်နေသလို၊ အင်ပါယာတီးဝိုင်းသည်လည်း လူငယ်များ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေတော့သည်။ သူ့ကို လက်တွေ့ခန်းထဲတွင် ပြန်ဆုံတော့ သူက ဆံပင်အရှည်ကြီးဖြင့် ရော့ခ်ဒီဇိုင်းအပြည့်..။ မိတ်ဆွေဖွဲ့ချင်သော မိန်းကလေးများလည်း မရှား..ဖြစ်သွားသည်။ တီးဝိုင်းကိစ္စများဖြင့် မအားလပ်တော့သောကြောင့် အပတ်စဉ်ရှိသောလက်တွေ့ခန်းများကု
တခါတရံ သူနှင့်စားပွဲတစ်ခုထဲထိုင်မိချိ
ကျွန်တော်က သူ့ကို ဒီလိုဖြစ်အောင် ဘယ်လိုကြိုးစားသလဲ.ဟုမေးတော့ သူက သူ၏လက်ဆစ်များကို ကျွန်တော့်ကို ပြသည်။ ပုံမှန်အားဖြင့် သူလက်ဆစ်များမှာ ဘာမှ ထူးခြားမှုမရှိပါ။ သို့သော် ဘယ်လက်ချောင်းများထဲသို့ ညာလက်ချောင်းများထည့်ကာ အကြောဖြေသလို ချိုးလိုက်ချိန်မှာတော့ တဖျိုးဖျိုး တဖျောက်ဖျောက် မြည်သံများကို ကြားလိုက်ရသည်။ ကျွန်တော် အံအား တသင့်ငေးနေချိန်တွင် သူဆက်ပြောသောစကားကို ယခုအထိမှတ်မိနေသည်။
“ ကျွန်တော် ၄ တန်းလောက်ထဲက ဒရမ်တီးခဲ့တယ်၊ ဒရမ်တီးတာကို မလေ့ကျင့်တဲ့ရက်ဆိုလို့တရက်မှမရ
သူ၏၀ါသနာနှင့်ရည်မှန်းချက်သည် သူ့အား ဒရမ်ကို အလွန်အကျွံ လေ့ကျင့်ဖြစ်စေခဲ့ပြီး၊ အကျိုးဆက်အားဖြင့် နာမည်ကျော် ဒရမ်အတီးသမားတစ်ယောက်ဖြစ်လာသလို
အင်တာဗျုးတစ်ခုတွင် သူက သူ့ဆီတွင် ဒရမ်တီးနည်း လာရောက်သင်ယူသည့် တပည့်အချို့အကြောင်း ပြောခဲ့သည်ကို ကျွန်တော် အမှတ်ရမိပြန်သေးသည်။
“ ကျွန်တော့်ဆီမှာ လာသင်တဲ့ တချို့လူငယ်လေးတွေဆိုရင် ကျွန်တော့်တုန်းကလို
မလေ့ကျင့်ချင်ကြတော့ဘူး၊ သူတို့က ၆ လလောက်သင်ရုံနဲ့အရမ်းတော်သွားမယ
များသောအားဖြင့် ကျွန်တော်တို့သည် နာမည်ကျော်များ၏ ဘ၀ကို အားကျကြသည်။ သူတို့လို ကျော်ကြားချင်သည်။ သူတို့လို တော်ချင်၊ ထွန်းပေါက်ချင်သည်။ သို့သော် သူတို့ ဖြတ်သန်းခဲ့သည့် အခက်အခဲများ၊ ဆင်းရဲပင်ပန်းမှုများကို ထပ်တူကျော်ဖြတ်ကြည့်ဖို့တော့ လုံလောက်သော သတ္တိမရှိကြ။ ထို့ကြောင့်လည်း တစ်ခေတ်မှာတစ်ယောက်ဆိုသလို အောင်မြင်သည့်ပုဂ္ဂိုလ်များ ရှားပါးရခြင်းပင့် ဖြစ်မည်ထင်သည်။
ယခုလို မီဒီယာများ ပိုမိုပွင့်လင်းကျယ်ပြန့်လာသော ခေတ်ကြီးတွင် အနုပညာလောကတွင်သာမက နိုင်ငံရေး၊ စီးပွါးရေးနယ်ပယ် အသီးသီးတွင် အောင်မြင်ကျော်ကြားလိုသူများ ယခင်ကထက်များပြားလာခဲ့သည်။ အရည်အတွက် အနည်းငယ်လောက်သာ အောက်ခြေမှတဆင့် နည်းမှန်လမ်းမှန်ဖြင့်ကြိုးစားေ
ကိုယ်ဖြစ်သောအရာတစ်ခု ဖြစ်လာဖို့အတွက် ပထမဆုံးနားလည်ထားသင့်သည့်အရိုးစ
ကြိုးစားလေ့ကျင့်မှုများနှင့်ပတ်
“ ကျုပ်က တခြားသူတွေနဲ့ ပြိုင်ဖို့လေ့ကျင့်နေတာမဟုတ်ပါဘ
လေ့ကျင့်နေတာပါ၊ မနေ့က စိန်ဗေဒါကို ဒီနေ့စိန်ဗေဒါက ချိုးနိုင်ရမယ်၊ ဒီနေ့ စိန်ဗေဒါကို
မနက်ဖြန်စိန်ဗေဒါက ချိုးနိုင်ရမယ်ဗျ “
ကျွန်တော်ကတော့ ပျင်းရိလေးလံသည့်စိတ်များဖြစ်ပေ
သူရိယမျိုး
credit to : maukkha.org
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။