Shwe Eaim Si shared Shwe Eaim Si's photo.
=========
"လူဖြစ်ဖြစ်၊
ပစ္စည်းဖြစ်ဖြစ် မရှိတော့မှ တန်ဖိုး ပိုသိကြမယ်၊ သတိရကြမယ်၊
နှမြောတမ်းတကြမယ်၊ အမေ ပြောတာတွေကို ငါ့သားက
ကောင်းကောင်းနားလည်မှာ မဟုတ်ဘူး..တနေ့ တော့ ငါ့သားနားလည်တာပါလိမ့်မယ်
"
=========
"၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့
မိခင်တိုင်းရဲ့ ကာယီကဒုက္ခနဲ့ စေတသိက ဒုက္ခတွေကို မျက်လုံးအစား နှလုံးသားနဲ့
ခံစားကြည့်၊ မိခင်တိုင်းရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာစွမ်းအင်ကြီးမားပုံကိုလဲ
မြင်အောင် လေးလေးနက်နက်တွေး၊ ဒါမှ အမေရဲ့ တန်ဖိုးကိ...
=========
"သတိမမူ
ဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်" ဟု ဆိုရိုးစကား ရှိပါသည်။ အသက်သည်
အမွေတစ်ခုဟု အမေက ကျွန်တော် သိစေချင်သည်။ ဒီအသက်အမွေကို
အရင်းအနှီးပြုလုပ်ပြီး ကျွန်တော်၏ ကိုယ်ကျင့်သိက္ခာ မြင့်မားအောင်
...
=========
"မွေးလာကတည်းက သေမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ အများကြီး ရှိတယ်။ ဒီအထဲမှာ ငါ့သားမပါစေနဲ့"
=========
"ပုဂ္ဂိုလ်တွေက
နေကို လူ့ဦးခေါင်းလို သဘောထားကြတယ်၊ လူ့ဦးခေါင်းဟာ နေရာမပြောင်းဘူး၊
နေမင်းဟာလဲ ဒီအတိုင်းဘဲ၊ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်နေ့တွေမှာလဲ
အရွယ်အစား လုံးဝ မပြောင်းဘူး၊ စိတ်ဓာတ်ရေးရာမှာ နေလို ကျင့်ပါ၊
...
=========
"ငါ့သား၊
လှေဆိုတာ တည်ဆောက်ပြီးလို့ လှေဖြစ်တာနဲ့ ရေထဲမှာ ချကြရတယ်။ ကုန်းပေါ်မှာ
တင်ထားလို့ မရဘူး။ လှေဟာ ရေနဲ့ ကင်းကွာရင် ကွဲအက်လာတတ်တယ်။ သုံး မရ
ဖြစ်တတ်တယ်။ ဒါကြောင့် လှေဆိုတာ ရေထဲမှာ ချထားရတဲ့ အမျိုး၊ ရေထဲမှာ
...
=========
"လဟာ
အေးမြတယ်၊ အေးမြတဲ့ လမင်းရဲ့ ဓါတ်ကို ပုတီးစိပ်ရင်း ကိုယ့်နှလုံးအိမ်မှာ
ဓါတ်ကူးယူတဲ့ သဘောပဲ၊ ဓါတ်ပေါင်းတယ်လို့ ဆိုချင်ရင်ဆိုပေါ့၊
အတိတ်နိမိတ်ကောင်းလို့ ဓါတ်ပေါင်းလပြည့်နေ့ကို အလေးထားတာ၊ လမင်းရဲ့
...
=========
"ငါ့သား၊ အမေနေ့စဉ်နဲ့အမျှ လုပ်နေတာတွေ၊ ပြောနေတာတွေ၊ ကြံစည်နေတာတွေဟာ အမေတို့ သွားရမည့် နေရာကို ပို့ကြလိမ့်မယ်"
==========
"ငါ့သား
နားလည်အောင် အလွယ်ကူဆုံး စကားနဲ့ အမေပြောမယ်၊..... ကောင်းတာကြံ၊ ကောင်းတာပြော၊
ကောင်းတာလုပ် ၊ အဲဒါဆိုရင် ကောင်းတဲ့နေရာ ရောက်မယ်၊
...
=========
"ငါ့သားရယ် လောကမှာ ဆုတောင်းလို့ရတဲ့ ကိစ္စတွေ ရှိသလို ဆုတောင်းလို့မရတဲ့ ကိစ္စတွေလဲ ရှိတယ်၊ အခုအမေပြောတာတွေက ဆုတောင်းလို့ မရတာတွေ"
"ငါ့သား ကျောင်းစာကိုလည်း ကျက်၊ တဖက်ကလဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ကြိုးစား၊ ဘာသာရေးကလဲ အရေးကြီးတာပဲ ငါ့သားရဲ့"
========="
ပုဂ္ဂိုလ်တွေက
နေကို လူရဲ့ ဦးခေါင်းလို သဘောထားကြတယ်၊
လူ ဦးခေါင်းဟာ နေရာမပြောင်းဘူး၊
...
=========
"ဟောဒီလှိုင်းလုံးတွေဟာ
ပင်လယ်ထဲက စတင်ပြီး သောင်ကမ်းဆီကို မမောနိုင် မပမ်းနိုင်
ပြေးပြေးတက်လာကြတယ်၊ ကမ်းနားရောက်တော့ ပျောက်ပျက်သွားတယ်လို့ မျက်မြင်အရ
ထင်စရာပေါ့၊ ဒါပေမယ့်..... အဲဒီလှိုင်းလုံးတွေဟာ မူရင်းစတင်ဖြစ်ပေါ်တဲ...
=========
"လကိုတော့
လူ့မျက်နှာလို သဘောထားကြတယ်၊ လဟာ လဆန်းမှာ တစ်မျိုး၊ လဆုတ်မှာ တစ်မျိုး၊
လပြည့်မှာ တစ်မျိုး၊ အမြဲပြောင်းတယ်၊ ။
...
အမေ့ မှာတမ်း-၁
=========
"သားရေ....ဆင်းရဲသည်ဖြစ်စေ၊
ချမ်းသာသည်ဖြစ်စေ မိဘတိုင်း သားသမီးများကို အမွေပေးခဲ့ကြသူများချည်း
ဖြစ်သည်။ အဖေ၊ အမေထံမှ ပစ္စည်းဥစ္စာ၊ ဓနကြေးငွေ၊ ပညာ စသည်တို့ကို ရရှိမှသာ
အမွေရသည်ဟု သားသမီးများက ထင်တတ်ကြပါသည်။ တကယ်တော့

၎င်းင်းပစ္စည်းများတန်ဖိုးနှင့် တုနှိုင်းယှဉ်လို့ မရနိုင်အောင်ပင်
အဖိုးအနဂ္ဃထာဝရ မြင့်နေသော အမွေကို ကမ္ဘာပေါ်ရှိ သားသမီးတိုင်း ၎င်းင်းတို့၏
မိဘအသီးသီးထံမှ ရရှိကြသည်သာ။ ထိုအမွေကား အသက် ဟူသော အမွေတည်းဆိုတာ..ငါ့သားသိဖို့ လိုမယ်။

အမေ့ မှာတမ်း-၂
=========
"လူဖြစ်ဖြစ်၊
ပစ္စည်းဖြစ်ဖြစ် မရှိတော့မှ တန်ဖိုး ပိုသိကြမယ်၊ သတိရကြမယ်၊
နှမြောတမ်းတကြမယ်၊ အမေ ပြောတာတွေကို ငါ့သားက
ကောင်းကောင်းနားလည်မှာ မဟုတ်ဘူး..တနေ့ တော့ ငါ့သားနားလည်တာပါလိမ့်မယ်
"
အမေ့ မှာတမ်း-၃
=========
"၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့
မိခင်တိုင်းရဲ့ ကာယီကဒုက္ခနဲ့ စေတသိက ဒုက္ခတွေကို မျက်လုံးအစား နှလုံးသားနဲ့
ခံစားကြည့်၊ မိခင်တိုင်းရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာစွမ်းအင်ကြီးမားပုံကိုလဲ
မြင်အောင် လေးလေးနက်နက်တွေး၊ ဒါမှ အမေရဲ့ တန်ဖိုးကိ...
ု သိလိမ့်မယ်၊
တန်ဖိုးသိမှ ကျေးဇူးကို နားလည်မယ် ငါ့သား"

အမေ့ မှာတမ်း-၎
=========
"သတိမမူ
ဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်" ဟု ဆိုရိုးစကား ရှိပါသည်။ အသက်သည်
အမွေတစ်ခုဟု အမေက ကျွန်တော် သိစေချင်သည်။ ဒီအသက်အမွေကို
အရင်းအနှီးပြုလုပ်ပြီး ကျွန်တော်၏ ကိုယ်ကျင့်သိက္ခာ မြင့်မားအောင်
...
နေထိုင်စေချင်သည်။ ဒါက အမေ၏ ဆန္ဒ၊ ထိုဆန္ဒနှင့်အညီ စာမတတ်သည့်ကြားမှ
အလျင်းသင့်သလို ကျွန်တော့်ကို ဆုံးမစကားများစွာကို ပြောခဲ့သည်။
ထိုဆိုဆုံးမစကားများသည်ပင် အမေ၏ နှလုံးသားမှ စေတနာ၊ မေတ္တာ၊ ဂရုဏာတို့ဟု
ကျွန်တော်နားလည် သဘောပေါက်ပါပြီ။

အမေ့ မှာတမ်း-၅
=========
"မွေးလာကတည်းက သေမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ အများကြီး ရှိတယ်။ ဒီအထဲမှာ ငါ့သားမပါစေနဲ့"
အမေ့ မှာတမ်း-၆
=========
"ပုဂ္ဂိုလ်တွေက
နေကို လူ့ဦးခေါင်းလို သဘောထားကြတယ်၊ လူ့ဦးခေါင်းဟာ နေရာမပြောင်းဘူး၊
နေမင်းဟာလဲ ဒီအတိုင်းဘဲ၊ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်နေ့တွေမှာလဲ
အရွယ်အစား လုံးဝ မပြောင်းဘူး၊ စိတ်ဓာတ်ရေးရာမှာ နေလို ကျင့်ပါ၊
...
သမာဓိခိုင်မြဲပါစေ၊ အပြောင်းအလဲ မလုပ်ပါနဲ့"
အမေ့ မှာတမ်း-၇
=========
"ငါ့သား၊
လှေဆိုတာ တည်ဆောက်ပြီးလို့ လှေဖြစ်တာနဲ့ ရေထဲမှာ ချကြရတယ်။ ကုန်းပေါ်မှာ
တင်ထားလို့ မရဘူး။ လှေဟာ ရေနဲ့ ကင်းကွာရင် ကွဲအက်လာတတ်တယ်။ သုံး မရ
ဖြစ်တတ်တယ်။ ဒါကြောင့် လှေဆိုတာ ရေထဲမှာ ချထားရတဲ့ အမျိုး၊ ရေထဲမှာ
...
လှေချထားရတယ် ဆိုပေမယ့် လှေထဲကို ရေ၀င်လို့တော့ မဖြစ်ဘူး။ ရေ၀င်ရင်
လှေမြုတ်မယ်။ ဒီအတိုင်းပဲ လူတွေဟာ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊
ရဟန်းဆိုရင်လည်း ရဟန်းထူး၊ ရဟန်းမြတ် ဖြစ်အောင် ကျင့်ပြီးလို့ ဖြစ်လာရင်
လူနဲ့ကင်းကွာလို့ မရဘူး။ လူတောထဲ ပြန်တိုးရမှာပဲ။ လူတောထဲတော့ တိုးပါ။
လူတိုးတော့ မခံနဲ့လို့ အမေ့ရဲ့ အဖေက ပြောဖူးတယ်။ လူတိုးခံရင်
ကိုယ့်ဟန်ချက် ပျက်တယ်။ လဲနိုင်တယ်။ လူပိတတ်တယ်။ လူတက်နင်းခံရတတ်တယ်တဲ့"

အမေ့ မှာတမ်း-၉
=========
"လဟာ
အေးမြတယ်၊ အေးမြတဲ့ လမင်းရဲ့ ဓါတ်ကို ပုတီးစိပ်ရင်း ကိုယ့်နှလုံးအိမ်မှာ
ဓါတ်ကူးယူတဲ့ သဘောပဲ၊ ဓါတ်ပေါင်းတယ်လို့ ဆိုချင်ရင်ဆိုပေါ့၊
အတိတ်နိမိတ်ကောင်းလို့ ဓါတ်ပေါင်းလပြည့်နေ့ကို အလေးထားတာ၊ လမင်းရဲ့
...
အလင်းရောင်ဟာ သန့်တဲ့ နေရာ၊ မသန့်တဲ့ နေရာရယ်လို့ မရွေးဘူး၊ မခွဲခြားဘူး၊
ဒီအတိုင်းဘဲ အမေတို့ဟာလဲ လူတွေကို အဆင့်မခွဲခြားဘဲ လူကိုလူလို
လေးစားတတ်ရမယ်၊ တန်ဖိုးထားတတ်ရမယ်။ လူတိုင်းဟာ သူ့နေရာနဲ့ သူတော့
သုံးတတ်ရင် တန်ဖိုးရှိတာချည်းပဲ"

အမေ့ မှာတမ်း-၁၀
=========
"ငါ့သား၊ အမေနေ့စဉ်နဲ့အမျှ လုပ်နေတာတွေ၊ ပြောနေတာတွေ၊ ကြံစည်နေတာတွေဟာ အမေတို့ သွားရမည့် နေရာကို ပို့ကြလိမ့်မယ်"
အမေ့ မှာတမ်း-၁၁
==========
"ငါ့သား
နားလည်အောင် အလွယ်ကူဆုံး စကားနဲ့ အမေပြောမယ်၊..... ကောင်းတာကြံ၊ ကောင်းတာပြော၊
ကောင်းတာလုပ် ၊ အဲဒါဆိုရင် ကောင်းတဲ့နေရာ ရောက်မယ်၊
...
မကောင်းတာကြံ၊မကောင်းတာပြော..မကောင်းတာလုပ်ရင်
မကောင်းတဲ့နေရာ ရောက်မယ်..သား"
မကောင်းတဲ့နေရာ ရောက်မယ်..သား"
အမေ့ မှာတမ်း-၁၂
=========
"ငါ့သားရယ် လောကမှာ ဆုတောင်းလို့ရတဲ့ ကိစ္စတွေ ရှိသလို ဆုတောင်းလို့မရတဲ့ ကိစ္စတွေလဲ ရှိတယ်၊ အခုအမေပြောတာတွေက ဆုတောင်းလို့ မရတာတွေ"
"ငါ့သား ကျောင်းစာကိုလည်း ကျက်၊ တဖက်ကလဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ကြိုးစား၊ ဘာသာရေးကလဲ အရေးကြီးတာပဲ ငါ့သားရဲ့"
အမေ့ မှာတမ်း-၁၃
========="
ပုဂ္ဂိုလ်တွေက
နေကို လူရဲ့ ဦးခေါင်းလို သဘောထားကြတယ်၊
လူ ဦးခေါင်းဟာ နေရာမပြောင်းဘူး၊
...
နေမင်းဟာလဲ ဒီအတိုင်းဘဲ၊ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်နေ့တွေမှာလဲအရွယ်အစား လုံးဝ မပြောင်းဘူး၊
စိတ်ဓာတ်ရေးရာမှာ နေလို ကျင့်ပါ၊
သမာဓိခိုင်မြဲပါစေ၊ အပြောင်းအလဲ မလုပ်ပါနဲ့"
စိတ်ဓာတ်ရေးရာမှာ နေလို ကျင့်ပါ၊
သမာဓိခိုင်မြဲပါစေ၊ အပြောင်းအလဲ မလုပ်ပါနဲ့"
အမေ့ မှာတမ်း-၁၄
=========
"ဟောဒီလှိုင်းလုံးတွေဟာ
ပင်လယ်ထဲက စတင်ပြီး သောင်ကမ်းဆီကို မမောနိုင် မပမ်းနိုင်
ပြေးပြေးတက်လာကြတယ်၊ ကမ်းနားရောက်တော့ ပျောက်ပျက်သွားတယ်လို့ မျက်မြင်အရ
ထင်စရာပေါ့၊ ဒါပေမယ့်..... အဲဒီလှိုင်းလုံးတွေဟာ မူရင်းစတင်ဖြစ်ပေါ်တဲ...
့
ပင်လယ်ထဲဆီကို ပြန်သွားကြတယ်။
ဒို့ဗုဒ္ဓမြတ်စွာဘုရား က စေတနာနဲ့ ပတ်သက်ပြီး ဟောကြားခဲ့တယ်တဲ့၊ ဘုရားက
လုပ်ငန်းတိုင်းကို ကောင်းမြတ်တဲ့ စေတနာနဲ့ လုပ်ဖို့ တိုက်တွန်းတယ်၊
ထိတွေ့ဆက်ဆံရတဲ့ လူတွေ၊ သတ္တ၀ါတွေအပေါ်မှာလဲ စေတနာကောင်းထားရတယ်လို့
ဆုံးမတယ်တဲ့၊ ကိုယ်ထားရှိတဲ့ စေတနာဟာ အချိန်တန်ရင် ကိုယ့်ဆီကို ပြန်လာတယ်၊
အလဟဿသ မဖြစ်ဘူး၊
ပင်လယ်သမုဒ္ဒရာထဲက လှိုင်းလုံးတွေဟာ ဝေးကွာတဲ့ ကမ်းနားဆီကို
ဦးတည်သွားနေပေမဲ့ ကမ်းနားရောက်ပြီးတာနဲ့ စတင်ဖြစ်ပေါ်တဲ့ မူလနေရာဆီကိုအမြဲပြန်လာတယ်၊ ပျောက်ပျက်သွားရိုး ထုံးစံမရှိဘူး၊
စေတနာကို
လှိုင်းလုံးနဲ့ ဥပမာပြပြီး ဗုဒ္ဓက ဟောထားခဲ့တာတဲ့သား"

အမေ့ မှာတမ်း-၁၅
=========
"လကိုတော့
လူ့မျက်နှာလို သဘောထားကြတယ်၊ လဟာ လဆန်းမှာ တစ်မျိုး၊ လဆုတ်မှာ တစ်မျိုး၊
လပြည့်မှာ တစ်မျိုး၊ အမြဲပြောင်းတယ်၊ ။
...
လူ့မျက်နှာဟာလဲ ဒီအတိုင်းပဲ၊
ဝမ်းသာရင် တစ်မျိုး၊ ၀မ်းနည်းရင် တစ်မျိုး၊ ကြိုက်ရင် တစ်မျိုး၊
မကြိုက်ရင် တစ်မျိုး အမြဲ အပြောင်းအလဲ လုပ်တယ်။ အလျော့အတင်း ရှိတယ်၊
လမင်းရဲ့ အေးမြတဲ့ ဓါတ်ကိုတော့ ပူးပေါင်းရယူပါ။ ဒါပေမဲ့ လရဲ့
ပုံသဏ္ဍာန်လိုတော့ မကျင့်ပါနဲ့လို့ အမေ့ဆရာတွေက ဆုံးမတယ်။
ငါ့သား ကိုယ့်ကို
အကျိုးရှိတဲ့ စကားပြောလို့ကတော့ ကလေးကပဲ ပြောပြော၊ လူကြီးကပဲ ပြောပြော၊
လူမျိုးခြားကပဲ ပြောပြော တန်ဖိုးထားတတ်ရတယ်၊ လေးစားတတ်ရတယ်"
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။