ကဘန်း (သို့) ခွေးသူရဲကောင်းမလေး
ဖိလစ်ပိုင်နိုင်ငံ၊ ဇမ်ဘိုအမ်ဂါ မြို့လေးက ဒီခွေးမလေး အကြောင်းဖတ်မိရင်း ဒီပိုစ့်လေးကို ရေးဖြစ်သည်။ ခွေးတွေ အကြောင်းရေးတာလဲ အတော်များပြီ။ ဒါပေမယ့် သခင်အပေါ် သစ္စာရှိတဲ့ ခွေးတွေ အကြောင်း ဖတ်မိတိုင်း ပိုစ့်ရေးဖြစ်သည်။ ဒီခွေးမလေးကတော့ ခွေးသူရဲကောင်းမလေးလို့ ပြောရမလို။
ဒီခွေးလေးက သူ့သခင်ရဲ့ ကလေးနှစ်ယောက်ကို အသက်နှင့်လဲပြီး ကယ်လိုက်ခြင်းဖြစ်သည်။ အရှိန်မြှင့်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးက ကလေးနှစ်ယောက်ဆီကို ဦးတည်လာနေတုန်း ခွေးမလေးက ဆိုင်ကယ်နှင့် ကလေးနှစ်ယောက်ကြားထဲကို ၀င်ခံပြီးတော့ ကလေးနှစ်ဦးရဲ့ အသက်ကို ကယ်လိုက်ခြင်းဖြစ်သည်။ ဒီအတွက်ခွေးမလေးရဲ့ အပေါ်မေးရိုးနဲ့ နှာခေါင်းပျက်စီးသွားသည်။ သူတို့မြို့က တိရိစ္ဆာန်ကုဆရာဝန်က ခွေးမလေးကို ကုမရသည့်အဆုံး ဆေးထိုးပြီးတော့ သတ်ဖို့ အကြံပေးသည်။ ဒါပေမယ့် သစ္စာရှိတဲ့ ခွေးမလေးကို ကြင်နာတတ်တဲ့ မိသားစုက ဆက်လက်ပြုစုပေးသည်။ ဒီလိုနဲ့ ဒီသတင်းပျံနှံသွားတော့ အရပ်ရပ်အရွာရွာက ခွေးမလေးကို သနားတဲ့ လူတွေ ပေါင်းစုပြီး ဒီခွေးမလေးကို ခွဲစိတ်ကုသဖို့ ငွေစုကောက်ကြသည်။ စုစုပေါင်း ဒေါ်လာ ၂ သောင်းကျော်ရသည်။ ခုတော့ ကံကောင်းတဲ့ ခွေးမလေးဟာ ဒေးဗစ်မှာ ရှိတဲ့ ကာလီဖိုးနီယား တက္ကသိုလ်မှာ ကုသမှု့ခံယူဖို့ အသင့်ဖြစ်နေပါပြီ။
ခွေးမလေး ကဘန်းဟာ ကုသမှု့ နှစ်ကြိမ်ခံယူရမှာဖြစ်ပါတယ်။ ပထမ ခွဲစိတ်မှု့ကတော့ သူမရဲ့ မေးရိုးပြန်လည် အစားထိုးမှု့ဖြစ်ပြီးတော့ ဒုတိယကုသမှု့ကတော့ သူမရဲ့ မျက်နှာမှာရှိတဲ့ ဒဏ်ရာတွေကို ပိုးမွှားတွေ မ၀င်အောင်နဲ့၊ သူမရဲ့ ဘ၀တစ်လျှောက်လုံး ကျန်းကျန်းမာမာနေနိုင်ဖို့ ကုသမှု့ခံယူရမှာဖြစ်ပါတယ်။ Posted by Aung Htut

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။