မျက်ရည်ယိုဗုံးလို့ ပြောပေမယ့် မီးလောင်တာတွေဖြစ်သွားတယ် ဆိုတော့ ဒါ အရှင်းကြီးလေ။ မျက်ရည်ယိုဗံ...
ုး မဟုတ်လို့ပေါ့။
ဒီလို လုပ်ရပ်တွေ မလုပ်သင့်ဘူး။ နောက်ပြီး ဒီလိုမျိုးလည်း ပြဿနာကို မဖြေရှင်းသင့်ဘူး။
(စီမံကိန်းက) တိုင်းပြည်အတွက် တကယ်ကောင်းကျိုး ဖြစ်မယ် ဆိုရင်တော့ ရှေ့ဆက်သင့်တယ်လို့ ပြောချင်တယ်။
တကယ်လို့ ဒီလုပ်ရပ်က လူတစုအတွက်သာဖြစ်ပြီ
း လူအများအတွက် မကောင်းဘူး၊ အကျိုးမရှိဘူး ဆိုရင်တော့ ဒီလုပ်ရပ်ကို ရပ်တန်းက ချက်ချင်းရပ်စေချင်ပါတယ်။
ဘယ်ဟာက အဖြေမှန်ဖြစ်တယ် ဆိုတာကို သေသေချာချာ လေ့လာ ကွင်းဆင်းပြီးတော့မှ ဆုံးဖြတ်သင့်ပါတယ်။
ကျမတို့ကလည်း ပညာရှင် မဟုတ်တဲ့အတွက် ဘယ်ဟာကို ဘယ်လိုလုပ် ဆိုတာတော့ မပြောလိုပါဘူး။ အရာရာ ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်။
တကယ်လုပ်နေတယ်၊ တကယ်စေတနာရှိတယ် ဆိုရင် အများမြင်သာအောင် ထားပြရမယ်လေ။
အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေမယ်ဆိုရင်တော့ အများက လက်ခံဖို့ ခက်ခဲတာပေါ့။
ဒီမှာက အဲဒါတွေနဲ့ပဲ ပြဿနာတက်နေတာပဲလေ။ အရာရာ ရှင်းရှင်းလင်းလင်း လုပ်မယ်ဆိုရင် အားလုံးအဆင်ပြေသွားနိုင်ပါတယ်။ monywa times
ထွန်းအိန္ဒြာဗို
အဆိုတော်၊ သရုပ်ဆောင် (ဓာတ်ပုံ - NLD)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။