By တို့ဗမာအစည်းအရုံး
Dobama Asiayone on
Sunday, December 23, 2012 at 4:52am ·
ကျွန်တော်တို့ Hiphop ဂီတကိုရူးသွပ်ကြသူတွေအားလုံး Hiphop သမိုင်းတင်မဟုတ်ပဲ ကိုယ့်နိုင်ငံက ဂန္တ၀င်ဂီတသမားတွေ အကြောင်းကိုလဲ လေ့လာသင့်တယ် ၊ ဗဟုသုတအနေနဲ့ ဖတ်မှတ်ထားသင့်တယ် ထင်လို့ WeeklyElvenဂျာနယ်စာမျက်နှာမှာဖတ်လိုက်ရတာ ကိုပြန်ဝေမျှပါတယ်။
ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံ သို့ကူးစက်လာချိန်တွင် ဗြိတိသျတပ် များဆုတ်ခွာသွားပြီးရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာလွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)သည် ဂျပန် တပ်များနှင့်အတူမြန်မာနိုင်ငံအတွင်း သို့ဝင်ရောက်လာခဲ့၏။ မြန်မာတစ် နိုင်ငံလုံးရှိ အုပ်ချုပ်ရေးအဖွဲ့များအား ဘီအိုင်အေကကြီးမှုး ဖွဲ့စည်းပေးခဲ့ပြီး နောက် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူ ထောင်ရန်ကြိုးပမ်းစဉ် ဂျပန်တပ်မတော်က မြန်မာတစ်နိုင်ငံလုံးကို အုပ်စီးလိုက်ပါသည်။ ၂၇ဇူလိုင် ၁၉၄၂ တွင် ဘီအိုင်အေအား ဘီဒီအေခေါ် ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်၏။
Source: ELEVEN MEDIA
ကျွန်တော်တို့ Hiphop ဂီတကိုရူးသွပ်ကြသူတွေအားလုံး Hiphop သမိုင်းတင်မဟုတ်ပဲ ကိုယ့်နိုင်ငံက ဂန္တ၀င်ဂီတသမားတွေ အကြောင်းကိုလဲ လေ့လာသင့်တယ် ၊ ဗဟုသုတအနေနဲ့ ဖတ်မှတ်ထားသင့်တယ် ထင်လို့ WeeklyElvenဂျာနယ်စာမျက်နှာမှာဖတ်လိုက်ရတာ ကိုပြန်ဝေမျှပါတယ်။
သဟာယ ဆရာတင်
ခေတ်ဟောင်းတေးဂီတပညာရှင် ကြီးများထဲတွင
်ဝိုင်အမ်ဘီဆရာတင၊် နန်းတော်ရှေ့ဆရာတင်၊သဟာယဆရာတင် ဟူ၍ ထင်ရှားသူသုံးဦးရှိခဲ့ရာ
သဟာယဆရာတင်က အငယ်ဆုံး ဖြစ်ပါသည်။ရန်ကုန်အရှေ့ပိုင်းရေ ကျော်ရှိ
လူငယ်များဖြင့်ဖွဲ့စည်းထား သော လူငယ်မြှင့်တင်ရေး သဟာယအသင်းတွင်ပါဝင်သူဖြစ်သဖြင့် သ
ဟာယဆရာတင်ဟု အမည်ထင်ရှား ခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက် မှ
လွတ်လပ်ရေးရယူနိုင်ရန်အတွက် ကြိုးပမ်းကြရာတွင် သဟာယဆရာ တင်သည်လည်း
ဂီတပညာဖြင့်တစ်တပ်တစ်အား ပါဝင်ခဲ့ပါသည်။
”ဗမာ့ လွတ်လပ်ရေးအတွက်
တပ်မတော် ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်၊တကယ်ပဲ အသက်နဲ့လဲလို့၊ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်”
စသည့်ဇာတိသွေးဇာတိမာန်တက်ကြွစေသော ဗမာ့သားကောင်းသီချင်းကို ရေးဖွဲ့ခဲ့သူ
မှာဂီတပညာရှင်ကြီးသဟာယဆရာ တင်ပင်ဖြစ်ပါသည်။
သဟာယဆရာတင်၏ အတ္ထုပ္ပတ္တိ
သဟာယဆရာတင်ကို ၁၁ဇွန် ၁၉၁၀ပြည့်နှစ်တွင်
ပြည်မြို့ပွဲစား တန်းရပ်၌ ပွဲစားကြီးဦးဖိုးလူနှင့်ဒေါ် ဒေါ်အုန်းတို့က
ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကပြည်မြို့ဟိုက်စကူးကျောင်း တွင် ပညာဆည်းပူးခဲ့ပြီး
ခုနစ်တန်း အထိ အောင်မြင်ခဲ့သည်။ဆရာတင် သည် ငယ်စဉ်ကပင်ဂီတပညာကို
ဝါသနာပါသူဖြစ်၏။မိဘများက မနှစ်သက်သဖြင့်ကျောင်းပိတ်ရက်တွင် သူငယ်ချင်းများနှင့်အတူ
ရန်ကုန်သို့ သွားရောက်လည်ပတ်ခဲ့ရာ သုံးနှစ် ခန့်ပင်ကြာမြင့်ခဲ့သဖြင့်မိဘများစိတ်
ပူကြရသည်။ရန်ကုန် အင်္ဂလိပ်မက် သဒစ်ကျောင်းတွင် ကျောင်းဆက် လက်နေဖြစ်ခဲ့သော်လည်း
ရေကျော် သဟာယအသင်း၌သာ အချိန်ကုန် နေတတ်လေသည်။တစ်ကြိမ်တွင် အားကစားပွဲ၌ သဟာယအသင်းအ
နိုင်ရ၍ ယူနီဗာစီတီမြသန်းကြည် ငြိမ့်ဖြင့် ကပြဖျော်ဖြေခဲ့ရာမောင်တင် က
သဟာယအသင်းအကြောင်းကို အခြေခံလျက် သီချင်းတစ်ပုဒ်ရေး ဖွဲ့ခဲ့သည်။
ထို့နောက်မောင်တင်ကျောင်းဆက်မနေတော့ဘဲ သီချင်း ရေးဆရာတစ်ဦး ဖြစ်လာခဲ့သည်။
အာရှလူငယ်အစည်းအရုံး
ဂျပန်ခေတ်ကာလအတွင်း ၂၇ ဇွန် ၁၉၄၂ ခုနှစ်တွင်
ရန်ကုန်မြို့ ဗဟန်းရပ် ဘောင်ဒရီလမ်း၊ စက်မှု လက်မှုကျောင်းနေရာ၌အာရှလူငယ်
အစည်းအရုံးကို ဖွဲ့စည်းခဲ့သည်။ဂျပန်စစ်တပ်မှ လူငယ်အချို့နှင့် မြန်မာ လူငယ်အချို့
ပူးပေါင်းကာ အရှေ့အာရှတိုက် သာတူညီမျကောင်းစားရေး ၀ါဒကို အကောင်အထည်ဖော်ရန်
ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး နာမည်အပြည့်အစုံမှာ အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံး
ဖြစ်ပါသည်။
ဂျပန်စစ်တပ်ပညာရေးနှင့်ဝါဒ ဖြန့်ချိရေးဌာနမ t r e
n g t h o fဲစာအုပ်ကိုပေးအပ်ခဲ့ရာသခင်ဘသောင်း က မြန်မာဘာသာပြန်ဆိုပြီး
အာရှလူငယ်သင်တန်း၌ပို့ချပေးပါသည်။ ထိုစဉ်သီချင်းတစ်ပုဒ်ရေး၍ ၀ါဒဖြန့် ချိရလျင်
ပိုမိုထိရောက်နိုင်မည်ဟု တွေးဆမိခဲ့ကြသည်။
အာရှလူငယ်အမှတ်(၁) အာရှလူငယ်အစည်းအရုံးမှ
အမှုဆောင်များ စုပေါင်းဆုံးဖြတ်ကြ ပြီး နောက်ကန်တော်မိတ်ကွက်သစ် နေ သဟာယဆရာတင်အား
အာရှ လူငယ်အစည်းအရုံးသို့ဖိတ်ခေါ်ကာ ဥက္ကဋ္ဌဦးဘဂျမ်းနှင့်အမှုဆောင်များ က
ရှင်းလင်းပြောကြားကြပါသည်။ ယင်းနောက် သဟာယဆရာတင်၏ ကြိုးပမ်းအားထုတ်စပ်ဆိုမှုဖြင့် အာ
ရှလူငယ်အမှတ်(၁)သီချင်းပေါ်ထွက် လာခဲ့သည်။ ” ရာဇ၀င်တွင် ထင်ရှား အောင်ကွယ်၊
လူငယ်တွေကြိုးစား မောင်မယ်” စသည်ဖြင့် လူငယ်များ ကသံပြိုင်သီဆိုကြပြီး
ဂီတပညာရှင် များက ဘင်ဂျို၊မယ်ဒလင်များဖြင့် တီးခတ်ပေးခဲ့ကြသည်။
ဘီအိုင်အေမှ ဘီဒီအေသို့

ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံ သို့ကူးစက်လာချိန်တွင် ဗြိတိသျတပ် များဆုတ်ခွာသွားပြီးရဲဘော်သုံးကျိပ် ဦးဆောင်သော ဗမာလွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)သည် ဂျပန် တပ်များနှင့်အတူမြန်မာနိုင်ငံအတွင်း သို့ဝင်ရောက်လာခဲ့၏။ မြန်မာတစ် နိုင်ငံလုံးရှိ အုပ်ချုပ်ရေးအဖွဲ့များအား ဘီအိုင်အေကကြီးမှုး ဖွဲ့စည်းပေးခဲ့ပြီး နောက် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူ ထောင်ရန်ကြိုးပမ်းစဉ် ဂျပန်တပ်မတော်က မြန်မာတစ်နိုင်ငံလုံးကို အုပ်စီးလိုက်ပါသည်။ ၂၇ဇူလိုင် ၁၉၄၂ တွင် ဘီအိုင်အေအား ဘီဒီအေခေါ် ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်၏။
သြဂုတ်လ၈ရက်နေ့တွင် စစ်သေနာပတိဗိုလ်မိုးကြိုး
နေရာ၌ ဗိုလ်ချုပ်အောင်ဆန်းကို ခန့်အပ် လိုက်သောအခါ ကာယဗလ ဦးရှိန် ဦးစီးပြီး
အာရှလူငယ်အစည်းအရုံး ၀င်များနှင့် ပူးပေါင်းတိုင်ပင်လျက် မြို့တော်ခန်းမ၌
ဂုဏ်ပြုပွဲတစ်ရပ် ကျင်းပခဲ့သည်။ ယင်းပွဲ၌သီဆိုရန် သီချင်းကိုလည်း သဟာယဆရာတင်
ကပင်ရေးစပ်ပေးခဲ့ရရာ ဗမာ့သူရဲ ကောင်းသီချင်းပေါ်ထွက်လာခဲ့၏။
ဂုဏ်ပြုပွဲတွင် အာရှလူငယ်အမှု ဆောင်ကို
ဘခင်(နောင်ရုပ်ရှင်နှင့် ပြဇာတ်မင်းသားမျိုးချစ်)က ဘီဒီ အေယူနီဖောင်းဝတ်ပြီး
စင်ပေါ်တက် ၍ သီဆိုဖျော်ဖြေခဲ့သည်။ စန္ဒယား မြမောင်က စန္ဒယားဖြင့်တီးခတ်ပေး
၏။ဤသီချင်းကိုပရိသတ်အလွန်နှစ်ခြိုက်ကြသဖြင့်နှစ်ကြိမ်တိုင်သီဆိုပြခဲ့ရသည်။
သဟာယဆရာတင်၏ သီချင်းများ
သဟာယဆရာတင်သည် ဓမ္မတေး၊ မေတ္တာတေးများကိုလည်း
ရေးဖွဲ့ခဲ့ရာ အများစုကို အဆိုတော် မေရှင်ကသီဆိုခဲ့ပါသည်။ တစ်ခေတ် တစ်ခါက
မြန်မာ့အသံမှ နံနက်ချိန်ခါတေးသံသာအဖြစ်ထုတ် လွှင့်လေ့ရှိသည့် ”မေတ္တာဓာတ်နဲ့
ဗုဒ္ဓမြတ်စွာ၊ ဆောင်နှင်းခဲ့အောင် ခြင်းပထမပါ” စသည့် တေးစာသား များပါဝင်သော
အောင်ခြင်းရှစ်ပါး သီချင်းမှာ သဟာယဆရာတင်၏ လက်ရာများထဲမှ ထင်ရှားသည့် ဓမ္မ
ပူဇာတေးတစ်ပုဒ်ဖြစ်ပါသည်။
ထို့ပြင် ”ရွှေပြောင်ပြောင်၊ တောင်ပေါ်ကဘုရား၊
မယ်နှင့် မောင် သစ္စာထားကာပေါင်းရပါစေသား ဆုတောင်းမည်၊ နန်းနိဗ္ဗာန်စိတ်က ရည်လို့၊
တူစုံဓိဌာန်သည်” တေးစာ သားများပါ ”ရွှေပြောင်ပြောင်” သီချင်းမှာလည်း
သဟာယဆရာတင်ရေးဖွဲ့ပြီး မေရှင်သီဆိုခဲ့သော တေးတစ်ပုဒ်ဖြစ် ပါသည်။ ”ဆောင်တော်ကူးကာ
ဆွတ်ခူးတော့မယ် သခင်ရယ်၊ တစ် ပွင့်ထဲ ပန်းကို၊ နမ်းနိုင်ပေရဲ့ ရွှေရည် လွှမ်းတဲ့
မြပန်းခက်ကို၊ သူ့လက် လှမ်းကာချစ်ရေစင်ဖြန်းတယ်” စသည့် တေးစာသားများပါ သဟာယဆရာ တင်၏
”ချစ်ရေစင် ”သီချင်းမှာအဆို တော်မေရှင်၏ အသံနှင့်လိုက်ဖက် လှပြီး
ယနေ့တိုင်ထင်ပေါ်ကျော် ကြားဆဲတေးတစ်ပုဒ်ဖြစ်ပါသည်။
သဟာယဆရာတင်သည်တေး စာသားအနုအရွကလေးများကို ရေး
ဖွဲ့သီကုံးရာ၌ ၀ိုင်အမ်ဘီဆရာတင်၊ နန်းတော်ရှေ့ဆရာတင်တို့နှင့်မတူ ဘဲ
တစ်မူထူးခြားနေပါသည်။ခေတ် ဟောင်းအဆိုတော်ကြီးမေရှင်ပင် သီဆိုခဲ့သည့်
မဲဇာမြိုင်သီချင်းတွင် ”မဲဇာတောင်ခြေစီးထွေထွေ၊ အုံ့ဆိုင်း မှိုင်းဝေေ၀”ဟူသော
ခြေဆင်းဖြင့် အစပျိုးထားပြီး ”ငွေသောင်ယံကမ်း ခြေလွမ်းဖွယ်တွေ၊ တည့်မွန်းနေ
ခြည်ဖြာမှ နွေးမယ့် မဲဇာမြိုင်တော ခြေ” စသည့် သံပြိုင်ပိုဒ်များထည့်
သွင်းရေးဖွဲ့ထားပုံမှာ တစ်မျိုးတစ် ဘာသာထူးခြားနေပေသည်။ လက်ဝဲ သုန္ဒရအမတ်ကြီး၏
မဲဇာတောင် ခြေရတုကိုသူ့ခေတ်သူ့ခါအလျောက် နားဝင်ချိုစွဲမက်ဖွယ်သံစဉ်ထည့်သွင်း
ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
သဟာယဆရာတင်၏လက်ရာ စန္ဒကိန္နရီသီချင်းကိုမူ မလှရွှေက
သီ ဆိုဓာတ်ပြားသွင်းခဲ့ပါသည်။ရှည် လျားလှသည့် သီချင်းစာသားများ ဖြင့်
ခန်းနားထည်ဝါစွာ ရေးဖွဲ့စပ် ဆိုခဲ့သည့် ဂန္တ၀င်တေးသီချင်းတစ်
ပုဒ်ဖြစ်ပါသည်။သဟာယဆရာတင် ရေးဖွဲ့ခဲ့သည့် တေးသီချင်းများမှာ ပုဒ်ရေ
နှစ်ရာကျော်ရှိပြီး ခွေးတံဆိပ် နှင့်ကိုလံဘီယာဓာတ်ပြားကုမ္မဏီတို့ အတွက်
ပုဒ်ရေငါးဆယ်၊ အေ၀မ်း ရုပ်ရှင်ကုမ္မဏီအတွက်ရုပ်ရှင်သီချင်း
ပုဒ်ရေသုံးဆယ်ခန့်အပါအ၀င်ဖြစ် ပါသည်။
လွမ်းမပြေတဲ့ ပန်းခွေ
၁၉ဇူလိုင်၁၉၄၇တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွား ကြသောအခါဗိုလ်ချုပ်အပေါ်အလွန်
လေးစားကြည်ညိုသူ သဟာယဆ ရာတင်က ”လွမ်းမပြေတဲ့ပန်းခွေ” သီချင်းကို ကျေကွဲဝမ်းနည်းဘွယ်
ရေးဖွဲ့သီကုံးခဲ့ပါသည်။
ဘ၀နိဂုံး
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်
ဂီတပညာဖြင့် တစ်ဖက် တစ်လမ်းမှပါဝင်ခဲ့သူ ဂီတပညာရှင် ကြီး သဟာယဆရာတင်သည်လွတ်
လပ်ရေးရပြီးကာလ ၁၁မတ်၁၉၄၈ တွင် ကွယ်လွန်သွားပါသည်။
သဟာယဆရာတင်ကွယ်လွန်စဉ်ဇနီးဒေါ်သောင်းနှင့်သားမောင်ခင်ညွန့်၊မောင်ထွန်းမြင့်၊သမီးမာပျို၊မာချိုတို့ကျန်ရစ်
ပါသည်။သဟာယဆရာတင်ကွယ်လွန် သွားသော်လည်း သူ၏လက်ရာတေးသီချင်းများမှာ
မြန်မာ့ဂီတပရိသတ်များအကြား ယနေ့ထက်တိုင်ရေပန်းစားနေဆဲဖြစ်ပါသည်။
ကျမ်းကိုး
၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်း အဘိ
ဓာန်(မြဟန်)
၂။ တင်သုံးတင်(မောင်ကောင်းမြင့်)
ဖြူနီညိုပြာမဂ္ဂဇင်း၊ ၁၉၇၁ ဇွန်
၃။ ခေတ်ဟောင်းသီချင်းပေါင်းချုပ်
(သန်းလှိုင်)
၎။ တေးရေးပညာရှင်ကြီးများ၏
ခေတ်ဟောင်းတေးသီချင်းများ(အတွဲ ၇) ပြန်ကြားရေးဝန်ကြီးဌာန
~~~~~~~~~~~~~~~~~~~~~~~~~~
ဗမာ့လွတ်လပ်ရေးအတွက်
တပ်မတော်ဖွဲ့ဖို့
ဂျပန်ပြည်မှာကွယ်
တကယ်ဘဲ အသက်နဲ့လဲလို့
ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့
အာဇာနည်တွေရယ်
ငါတို့ ဗမာပြည်
မိဘတိုင်းကရယ်
ဗိုလ်အောင်ဆန်းလို
သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည်
မိဘအပေါင်းကကွယ်
အာဇာနည်အစစ်တွေကို
ရှိဖို့မွေးရမယ်။
၁၉၄၁ ခုနှစ်အချိန်က ဂီတစာဆို သဟာယဆရာတင်
ရေးစပ်သီကုံးခဲ့သည့် 'ဗမာ့လွတ်လပ်ရေးသီချင်း'မှ စာသားများဖြစ်သည်။ 'ရာဇ၀င်
အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊ မြင့်မြတ်တဲ့
ဗိုလ်အောင်ဆန်းရယ်'။ စသည့် အပိုဒ်က ထိုသီချင်းကို အမြဲတစေ မှတ်မိနေခဲ့စေသည်။
'ဗမာ့လွတ်လပ်ရေး'
သီချင်း၏ မူလအမည်က 'ဗမာ့သားကောင်း' ဖြစ်သည်။
၁၉၄၂ ခုနှစ်အချိန်မှာပင် အဆိုတော်
တက္ကသိုလ်မျိုးချစ်က ရန်ကုန်မြို့တော်ခန်းမ၌ ပွဲဦးထွက်အနေဖြင့် ပရိသတ်ကို
သီဆိုပြခဲ့သည်။ 'ဗမာ့လွတ်လပ်ရေးသီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ
ကာယဗလဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲကာလအတွင်း
တပ်သားသစ်များစွာကို ထိုသီချင်းဖြင့် စည်းရုံးနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပမာတင်၍
ရဲစိတ်သွင်းခဲ့သော သီချင်းဖြစ်သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် ထားဝယ်စစ်ကြောင်း
ပုလောမြို့သို့ ရောက်ရှိလာစဉ် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ၌ 'ဗမာ့လွတ်လပ်ရေး'
သီချင်းကို ကိုမြကြီး၊ ရဲဘော်ခင်မောင်လှနှင့် အခြား
အဆိုတော်များစွာက သီဆိုခဲ့ပြီး စစ်ရေးတေးတစ်ပုဒ် အနေဖြင့်လည်း
ထင်ရှားခဲ့သည်။
Source: ELEVEN MEDIA

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။