မြန်မာနိုင်ငံ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း တံခါးဖွင့် စီးပွားရေး လက္ခဏာများ သိသိသာသာပေါ် ထွန်းလာခဲ့သည်။ ထို့နောက်ပိုင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ သွားရောက်မည့် လေကြောင်း လိုင်းများသည်လည်း ခရီးသည် အပြည့်၊ ရန်ကုန်မြို့ရှိ ဟိုတယ်များ တွင်လည်း အခန်းဘွတ်ကင် အပြည့် ဖြစ်နေသလို နိုင်ငံခြားသားမျာ...
း အသွားများသည့် ဘားဆိုင် များတွင်လည်း အနောက် နိုင်ငံသားများ ကြိတ်ကြိတ် တိုးစည်ကားနေသည့်အပြင် ၂၁ ရာစု စီးပွားရေး သမားများကလည်း အကျိုးစီးပွား ကိုယ်စီဖြင့် မြန်မာ နိုင်ငံဆီသို့ ခြေဦး လှည့်လာ ခဲ့ကြသည်။
ထိုသို့သော အခြေအနေတွင် မြန်မာအစိုးရအဖွဲ့သစ်၏ အနေအထားကို ဂုဏ်သရေရှိအောင် ထပ်ပြီး မြှင့်တင်ပေးလိုက် သူကတော့ အမေရိကန် ပြည်ထောင်စု၏ သမ္မတအဖြစ် ဒုတိယမြောက် သက်တမ်းထမ်း ဆောင်ခွင့် ရရှိခဲ့ပြီး ရက်ပိုင်းအတွင်း တစ်နည်းအားဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား၏ တစ်ရက်တာခရီးစဉ် ဖြစ်သည်။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက် အဝန်းဆီသို့ ပြန်ဝင်ခွင့်ရရှိစေရန် နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့သည့် လက်ရှိတာဝန် ထမ်းဆောင်ဆဲ အမေရိကန် သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်က နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူ စီးပွားရေး သမားများ အတွက် သတိပြုစရာအချက် တစ်ချက် ဖြစ်ထွန်းစေခဲ့သည်။ သို့သော်လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများ အနေဖြင့် လက်ရှိအချိန်တွင် သိသိသာသာ ရင်းနှီးမြှုပ်နှံမှု လက္ခဏာများ တစ်စုံ တစ်ရာမျှ မတွေ့ရ သေးပေ။
အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများကို တဖြည်းဖြည်း လျှော့ချပေးလျက် ရှိသော်လည်း မြန်မာ နိုင်ငံ အတွင်းရှိ စီးပွားရေး လုပ်ငန်းရပ်များအပေါ် ဥပဒေ ကြောင်းအရ ကန့်သတ်ချက် အများစုကိုမူ ရပ်ဆိုင်းပေးခြင်းမျိုး မတွေ့ရှိရသေးပေ။ အမေရိကန်နှင့် မြန်မာ နိုင်ငံတို့၏ သံတမန် ဆက်ဆံရေးဆိုင်ရာ မူဝါဒများ တည်မြဲပါမည်လောဟု သုံးသပ်လျက် ရှိနေကြသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီကြီး များအတွက် နောက်ဆုံး လက်ကျန် ဈေးကွက်ကြီး တစ်ခုဖြစ်နေသည် ကလည်း ၎င်းတို့အတွက် ဆွဲဆောင်မှု တစ်ရပ်ဖြစ်နေ ပါသည်။ သာဓက အားဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအား လျှပ်စစ်၊ သစ်၊ ကျောက်မျက်နှင့် မြေသြဇာ ကောင်းမွန်သည့် မြေယာများ အပါအဝင် ထင်ရှားသည့် သဘာဝ သယံဇာတ လုပ်ငန်းရပ်များ၌ ဝင်ရောက် လုပ်ကိုင်နိုင် မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွား ရေးအရ တိုးတက်မှုနှုန်း မြန်ဆန်လျက်ရှိသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြားတွင် တည်ရှိလျက် ရှိသော်လည်း အိုင်တီ နည်းပညာ နယ်ပယ်တွင် ဖွံ့ဖြိုးဆဲ အနေအထားတွင်သာ ရှိနေသည်။ တစ်ဆက်တည်းမှာပင် လမ်းပန်း ဆက်သွယ်မှု အနေအထားကလည်း ဖွံ့ဖြိုးစ အခြေအနေပင် ရှိနေသည်။
အမေရိကန် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီကြီးများ အနေဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ် ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ပြတ်ပြတ် သားသားဖြင့် ရုပ်သိမ်းပေးမှုမျိုးကို လိုလားလျက် ရှိနေသည်။
သမ္မတ အိုဘားမားအနေဖြင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီများကို ''စံနမူနာပြ ဦးဆောင်'' (Lead by Example) ဖြစ်ရမည်ဟု မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အိုဘားမား အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ငန်းရပ်များ လက်တွေ့ ဆောင်ရွက် ရာတွင် ကောင်းမွန်သည့် အလေ့အထနှင့် ဆောင်ရွက် နိုင်ရန် မြန်မာ အစိုးရကို တွန်းအားပေး နည်းတစ်မျိုးဟု ယူဆရသည်။
စာရေးဆရာ တစ်ဦးနှင့် သမ္မတ၏ အကြံပေးတစ်ဦး ဖြစ်သူ ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံ၌ လက်ရှိ ရင်ဆိုင်နေ ရသည့် အကြီးမားဆုံး စိန်ခေါ်ချက်သည် ပြောင်းလဲမှု အရှိန်အဟုန်ကို အထောက်အကူ ပြုနိုင်မည့် စီးပွားရေး ပုံစံသစ် ရှာဖွေခြင်းပင် ဖြစ်ကြောင်း၊ နှစ်ပေါင်း (၅ဝ) နီးပါး ကမောက်ကမ ဖြစ်ခဲ့ရသည့် နိုင်ငံရေးဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ် ဆက်လက်ရှိနေ စေဖို့နှင့် တစ်ချိန်တည်းမှာပင် ပြည်သူလူထုအတွက် ဝင်ငွေရရှိဖို့၊ အလုပ် အကိုင် သစ်များ ဖန်တီးပေးပြီး တိုင်းပြည်စီးပွားရေးကို ဘယ်လိုပြင်ဆင် ဆောင်ရွက်ရ မည်ဆိုတာ ပုံစံချမှတ် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ယနေ့ အချိန်တွင် လွှမ်းမိုး ထားသည့် စီးပွားရေး ပုံစံနှစ်မျိုး ရှိကြောင်း၊ ၎င်းမှာ ခရိုနီစီးပွားရေး သမားများနှင့် ၎င်းတို့၏ မဟာမိတ်များ၊ တရုတ်ရင်းနှီး မြှုပ်နှံသူများ သို့မဟုတ် လက်ဝဲဝါဒီ စီးပွားရေး ပုံစံဖြစ်ကြောင်း၊ ယင်း နှစ်မျိုး စလုံးမှာ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို လမ်းမဖောက် ပေးနိုင်ကြောင်း၊ ထို့ကြောင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များက တတိယနည်းလမ်းကို စဉ်းစားပေးဖို့ အထောက်အကူ ပေးနိုင်လိမ့်မည်ဟု မိမိ အနေဖြင့် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း (၂ဝ) ကျော်အတွင်း အရေးယူ ပိတ်ဆို့မှု အများအပြား ချမှတ်ခဲ့ သည်။ အမေရိကန် လွှတ်တော် သုတေသနဌာနခွဲ (Congressional Research Service)မှ အာရှရေးရာ သုတေသီ တစ်ဦးဖြစ်သည့် မိုက်ကယ် မာတင် (Michael Martin) ၏ အသေးစိတ် လေ့လာချက်အရ မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုက သီးသန့် ချမှတ်ခဲ့သည့် ဒဏ်ခတ် အရေးယူမှု များသည် ဖက်ဒရယ် ဥပဒေခြောက်ခုနှင့် အုပ်ချုပ်ရေး အမိန့်များအရ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာအစိုးရ အဖွဲ့သစ်၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း ဆောင်ရွက် ချက်များ အပေါ် လျင်လျင် မြန်မြန်ဖြင့် တုံ့ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ တစ်ဆက်တည်းမှာပင် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ဝန်ဆောင်မှု အပါအဝင် ဘက်ပေါင်းစုံ အကူအညီပေး ရေးတို့ကို ပံ့ပိုးပေးခဲ့ပြီး မြန်မာပြည်မှ တင်ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက် များကိုလည်း ဆိုင်းငံ့ပေးခဲ့သည်။
မြန်မာအစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုများ ပွင့်လင်း မြင်သာမှုရှိဖို့ မိမိတို့ တွန်းအားပေး နေပါကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကိုတော့ ပြုပြင်ပြောင်းလဲ လာအောင် မိမိတို့အနေဖြင့် တွန်းအားပေးလို့ မရပါကြောင်း၊ ဟောင်ကောင် အခြေစိုက် အမေရိကန် ကုန်သွယ်ကြီးအသင်း ဥက္ကဋ္ဌ ရစ်ချတ် ဗိုင်လ်စတီခ် (Richard Vuylsteke) က ပြောကြားခဲ့သည်။
အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထက်ပါ အခြေအနေ များကြောင့် မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် နှောင့်နှေးလျက် ရှိသော်လည်း တခြားနိုင်ငံများမှ ကုမ္ပဏီများကမူ မြန်မာနိုင်ငံ အတွင်း တဖြည်းဖြည်းနှင့် ဝင်ရောက် နေရာယူလျက် ရှိနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးများ အတွက် လေဟာ နယ်တစ်ခုလို ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း (၂ဝ) ကျော် သွားပြီဖြစ် ကြောင်း၊ အမေရိကန် အခြေစိုက် အမေရိကန် ကုန်သွယ်ရေး အသင်း၏ အရှေ့တောင် အာရှဆိုင်ရာ အကြီးတန်း ဒါရိုက်တာ ဂျွန်ဂိုယာ(John Goyer) က ပြောကြား ခဲ့သည်။ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ တွဲဖက် ဒါရိုက်တာ တစ်ဦးဖြစ်သည့် အမ်ထော်နီ နယ်လ်ဆင် (Anthony Nelson)က အမေရိကန် ကုမ္ပဏီအများ စုအတွက် သီးသီးသန့်သန့် ဖြစ်နေသည့် ဈေးကွက်သည် မြန်မာ နိုင်ငံပင်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ။
ထိုသို့သော အခြေအနေတွင် မြန်မာအစိုးရအဖွဲ့သစ်၏ အနေအထားကို ဂုဏ်သရေရှိအောင် ထပ်ပြီး မြှင့်တင်ပေးလိုက် သူကတော့ အမေရိကန် ပြည်ထောင်စု၏ သမ္မတအဖြစ် ဒုတိယမြောက် သက်တမ်းထမ်း ဆောင်ခွင့် ရရှိခဲ့ပြီး ရက်ပိုင်းအတွင်း တစ်နည်းအားဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား၏ တစ်ရက်တာခရီးစဉ် ဖြစ်သည်။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက် အဝန်းဆီသို့ ပြန်ဝင်ခွင့်ရရှိစေရန် နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့သည့် လက်ရှိတာဝန် ထမ်းဆောင်ဆဲ အမေရိကန် သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်က နိုင်ငံတကာရင်းနှီးမြှုပ်နှ
အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများကို တဖြည်းဖြည်း လျှော့ချပေးလျက် ရှိသော်လည်း မြန်မာ နိုင်ငံ အတွင်းရှိ စီးပွားရေး လုပ်ငန်းရပ်များအပေါ် ဥပဒေ ကြောင်းအရ ကန့်သတ်ချက် အများစုကိုမူ ရပ်ဆိုင်းပေးခြင်းမျိုး မတွေ့ရှိရသေးပေ။ အမေရိကန်နှင့် မြန်မာ နိုင်ငံတို့၏ သံတမန် ဆက်ဆံရေးဆိုင်ရာ မူဝါဒများ တည်မြဲပါမည်လောဟု သုံးသပ်လျက် ရှိနေကြသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီကြီး များအတွက် နောက်ဆုံး လက်ကျန် ဈေးကွက်ကြီး တစ်ခုဖြစ်နေသည် ကလည်း ၎င်းတို့အတွက် ဆွဲဆောင်မှု တစ်ရပ်ဖြစ်နေ ပါသည်။ သာဓက အားဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအား လျှပ်စစ်၊ သစ်၊ ကျောက်မျက်နှင့် မြေသြဇာ ကောင်းမွန်သည့် မြေယာများ အပါအဝင် ထင်ရှားသည့် သဘာဝ သယံဇာတ လုပ်ငန်းရပ်များ၌ ဝင်ရောက် လုပ်ကိုင်နိုင် မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွား ရေးအရ တိုးတက်မှုနှုန်း မြန်ဆန်လျက်ရှိသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြားတွင် တည်ရှိလျက် ရှိသော်လည်း အိုင်တီ နည်းပညာ နယ်ပယ်တွင် ဖွံ့ဖြိုးဆဲ အနေအထားတွင်သာ ရှိနေသည်။ တစ်ဆက်တည်းမှာပင် လမ်းပန်း ဆက်သွယ်မှု အနေအထားကလည်း ဖွံ့ဖြိုးစ အခြေအနေပင် ရှိနေသည်။
အမေရိကန် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီကြီးများ အနေဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ် ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ပြတ်ပြတ် သားသားဖြင့် ရုပ်သိမ်းပေးမှုမျိုးကို လိုလားလျက် ရှိနေသည်။
သမ္မတ အိုဘားမားအနေဖြင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီများကို ''စံနမူနာပြ ဦးဆောင်'' (Lead by Example) ဖြစ်ရမည်ဟု မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အိုဘားမား အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ငန်းရပ်များ လက်တွေ့ ဆောင်ရွက် ရာတွင် ကောင်းမွန်သည့် အလေ့အထနှင့် ဆောင်ရွက် နိုင်ရန် မြန်မာ အစိုးရကို တွန်းအားပေး နည်းတစ်မျိုးဟု ယူဆရသည်။
စာရေးဆရာ တစ်ဦးနှင့် သမ္မတ၏ အကြံပေးတစ်ဦး ဖြစ်သူ ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံ၌ လက်ရှိ ရင်ဆိုင်နေ ရသည့် အကြီးမားဆုံး စိန်ခေါ်ချက်သည် ပြောင်းလဲမှု အရှိန်အဟုန်ကို အထောက်အကူ ပြုနိုင်မည့် စီးပွားရေး ပုံစံသစ် ရှာဖွေခြင်းပင် ဖြစ်ကြောင်း၊ နှစ်ပေါင်း (၅ဝ) နီးပါး ကမောက်ကမ ဖြစ်ခဲ့ရသည့် နိုင်ငံရေးဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ် ဆက်လက်ရှိနေ စေဖို့နှင့် တစ်ချိန်တည်းမှာပင် ပြည်သူလူထုအတွက် ဝင်ငွေရရှိဖို့၊ အလုပ် အကိုင် သစ်များ ဖန်တီးပေးပြီး တိုင်းပြည်စီးပွားရေးကို ဘယ်လိုပြင်ဆင် ဆောင်ရွက်ရ မည်ဆိုတာ ပုံစံချမှတ် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ယနေ့ အချိန်တွင် လွှမ်းမိုး ထားသည့် စီးပွားရေး ပုံစံနှစ်မျိုး ရှိကြောင်း၊ ၎င်းမှာ ခရိုနီစီးပွားရေး သမားများနှင့် ၎င်းတို့၏ မဟာမိတ်များ၊ တရုတ်ရင်းနှီး မြှုပ်နှံသူများ သို့မဟုတ် လက်ဝဲဝါဒီ စီးပွားရေး ပုံစံဖြစ်ကြောင်း၊ ယင်း နှစ်မျိုး စလုံးမှာ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို လမ်းမဖောက် ပေးနိုင်ကြောင်း၊ ထို့ကြောင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များက တတိယနည်းလမ်းကို စဉ်းစားပေးဖို့ အထောက်အကူ ပေးနိုင်လိမ့်မည်ဟု မိမိ အနေဖြင့် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း (၂ဝ) ကျော်အတွင်း အရေးယူ ပိတ်ဆို့မှု အများအပြား ချမှတ်ခဲ့ သည်။ အမေရိကန် လွှတ်တော် သုတေသနဌာနခွဲ (Congressional Research Service)မှ အာရှရေးရာ သုတေသီ တစ်ဦးဖြစ်သည့် မိုက်ကယ် မာတင် (Michael Martin) ၏ အသေးစိတ် လေ့လာချက်အရ မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုက သီးသန့် ချမှတ်ခဲ့သည့် ဒဏ်ခတ် အရေးယူမှု များသည် ဖက်ဒရယ် ဥပဒေခြောက်ခုနှင့် အုပ်ချုပ်ရေး အမိန့်များအရ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာအစိုးရ အဖွဲ့သစ်၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း ဆောင်ရွက် ချက်များ အပေါ် လျင်လျင် မြန်မြန်ဖြင့် တုံ့ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ တစ်ဆက်တည်းမှာပင် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ဝန်ဆောင်မှု အပါအဝင် ဘက်ပေါင်းစုံ အကူအညီပေး ရေးတို့ကို ပံ့ပိုးပေးခဲ့ပြီး မြန်မာပြည်မှ တင်ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက် များကိုလည်း ဆိုင်းငံ့ပေးခဲ့သည်။
မြန်မာအစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုများ ပွင့်လင်း မြင်သာမှုရှိဖို့ မိမိတို့ တွန်းအားပေး နေပါကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကိုတော့ ပြုပြင်ပြောင်းလဲ လာအောင် မိမိတို့အနေဖြင့် တွန်းအားပေးလို့ မရပါကြောင်း၊ ဟောင်ကောင် အခြေစိုက် အမေရိကန် ကုန်သွယ်ကြီးအသင်း ဥက္ကဋ္ဌ ရစ်ချတ် ဗိုင်လ်စတီခ် (Richard Vuylsteke) က ပြောကြားခဲ့သည်။
အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထက်ပါ အခြေအနေ များကြောင့် မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် နှောင့်နှေးလျက် ရှိသော်လည်း တခြားနိုင်ငံများမှ ကုမ္ပဏီများကမူ မြန်မာနိုင်ငံ အတွင်း တဖြည်းဖြည်းနှင့် ဝင်ရောက် နေရာယူလျက် ရှိနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးများ အတွက် လေဟာ နယ်တစ်ခုလို ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း (၂ဝ) ကျော် သွားပြီဖြစ် ကြောင်း၊ အမေရိကန် အခြေစိုက် အမေရိကန် ကုန်သွယ်ရေး အသင်း၏ အရှေ့တောင် အာရှဆိုင်ရာ အကြီးတန်း ဒါရိုက်တာ ဂျွန်ဂိုယာ(John Goyer) က ပြောကြား ခဲ့သည်။ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ တွဲဖက် ဒါရိုက်တာ တစ်ဦးဖြစ်သည့် အမ်ထော်နီ နယ်လ်ဆင် (Anthony Nelson)က အမေရိကန် ကုမ္ပဏီအများ စုအတွက် သီးသီးသန့်သန့် ဖြစ်နေသည့် ဈေးကွက်သည် မြန်မာ နိုင်ငံပင်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။