Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 13, 2012

ဘယ်လိုလူမျိုးကို “ပညာတတ်”ဟု ခေါ်ပါသလဲ?

Career Hope Opportunity -CHO · 1,028 like this
8 hours ago · 

“ပညာတတ်” ဟူသည်မှာ မည်သို့ အဓိပ္ပါယ်ဆောင် ဖော်ညွန်းခြင်း ဖြစ်သည်ကို ရှင်းလင်းသည့် အကြောင်းအရာ တပုဒ် ရေးသားမည်ဟု ရည်ရွယ်ထား ခဲ့သည်မှာ ကြာခဲ့ပါပြီ။ သို့ရာတွင် ရှင်းလင်းမည့် အကြောင်းအရာမှာ ဝေါဟာရဖြင့် ပတ်သက်နေသဖြင့် မိမိ မေ့လျော့နေသည့် မြန်မာ ဝေါဟာရများကို မှန်မှန်ကန်ကန် အသုံးပြု ရှင်းလင်း ဖော်ပြနိုင်ဖို့ရန် ပြန်လည် ရှာဖွေခဲ့သော်လည်း လွယ်လွယ် မတွေ့ခဲ့သဖြင့်
ဤရှင်းလင်းခြင်း အကြောင်းနှင့် ပတ်သက်၍ မရေးဖြစ်ခဲ့ပါ။ ယနေ့တွင်မူ၊ သြစတေးလျမှ စာရေး ဆရာမကြီး တစ်ဦးပြောသည့် စာရေးပါက မိမိကိုယ်တိုင် အကျွမ်းဝင် နားလည်သည့် ဝေါဟာရများကိုသာ အသုံးပြု၍ ရေးသင့်သည် ဆိုသည့် အမှာ စကားကို အမှတ်ယပြီး၊ မိမိကိုယ်တိုင် နားလည်သည့် အတိုင်းပင် ရိုးရိုးလေး ရှင်းလင်း ရေးသား လိုက်ရပါတော့သည်။


ပညာတတ်၊ သို့မဟုတ် ပညာရှိဟု မိမိ ဖော်ညွန်းခဲ့သည့် အဓိပ္ပါယ်ကို လူသည် မျောက်မှ ဆင်းသက်သည် ဆိုသည့် အကြောင်းမှ စတင် ရှင်းလင်း တင်ပြလိုပါသည်။ မိမိတို့သည် တချိန်က လူသည် မျောက်မှ ဆင်းသက်လာသည်ဟု သိရှိ သင်ယူခဲ့ရသည်။ ယခုအခါတွင်မူ မျောက်တို့ မည်သည်မှာ လူ့အမျိုးအနွယ် မဟုတ်ကြောင်းကို သိပ္ပံပညာရှင်များက ဖော်ထုတ်လာကြသည်။ (Google တွင် “about monkey” ဟု ရှာဖွေလေ့လာ ကြည့်နိုင်ပါသည်။) မျောက်တို့၏ ဥာဏ်နှင့် လူတို့၏ ဥာဏ်မှာ မတူဘဲ ကွာခြားသည်။ မိမိ ကွန်ပျူတာ ပရိုဂရမ်သင်ခဲ့စဉ်က ဆရာသည် ဒီဟာကဖြင့် မျောက်လုပ်ရပ်၊ ဒီဟာကဖြင့် လူလုပ်ရပ်ဟု မကြာခဏ ခိုင်းနှိုင်း ဥပမာ ပြောခဲ့ဖူးသည်။ မျောက်နှင့် လူတို့၏ ဥာဏ် ကွာခြားချက်ကို ဥပမာ ရိုးရိုးနှင့် ပြရလျှင် – ၁ နှင့် ၂ ကို ပေါင်းသော် ၃ ရသည် ဟု သိတတ် နားလည်ခြင်းသည် မျောက်တို့၏ ဥာဏ်အဆင့်သာ ဖြစ်သည်။ တနည်းဆိုသော် ၁ နှင့် ၂ ကို ပေါင်းသော် ၃ ရသည်ဟု ပုံသေ နားလည် သိမှတ်တတ်ခြင်းသည် မျောက်တို့ အားလည်း စံနစ်တကျ သင်ပေးပါက သူတို့လည်း ထိုသို့ နားလည် သိမှတ် တတ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ရာတွင် ၃ ရအောင် မည်သည့် ဂဏန်းများကို ပေါင်းရမည် ဆိုသည်မှာကား မျောက်တို့ မစဉ်းစား တတ်တော့ပေ။ လူတို့သည်ကား ၃ ရအောင် မည်သို့ ပေါင်းရမည်ကို ကြံဖန်တတ်သည်။ ထိုသို့ဖြင့် မျောက်တို့၏ ဥာဏ်ရည်နှင့် လူတို့၏ ဥာဏ်ရည် ကွာခြားခြင်း ဖြစ်ပေသည်။ မျောက်တို့နှင့် မတူသည့် လူတို့၏ ဥာဏ်ရည်သည်ကား တွေးတော ကြံဆ တတ်ခြင်း၊ တီထွင် ဖန်တီး တတ်ခြင်း၊ စသည့် စဉ်းစား တတ်သည့် ဥာဏ်မျိုး ရှိခြင်း ဖြစ်သည်။

ထိုဥပမာဖြင့် ဆက်လက် နှိုင်းယှဉ် ပြောရလျှင် မိမိတို့အား မူလတန်းမှ အထက်တန်း အထိ ပညာ သင်ပေးလိုက်သည့် အထက်တန်း ပညာတွင် ၁ ကို ၂ နှင့် ပေါင်းသော် ၃ ရသည်ဆိုသည့် အဆင့်အထိသာ ဖြစ်ပေသည်။ တက္ကသိုလ်သို့ တက်သည့် အခါတွင် ၃ ရအောင် မည်သို့ စဉ်းစား ရမည်ကို နည်းလမ်းပေး သင်ပေးလိုက်သည်။ လက်တွေ့ ဘဝတွင်မူ မိမိတို့သည် အခြား ကိန်းဂဏန်း များအား ဆက်လက်၍ မည်သို့ ပေါင်း၊ နှုတ်၊ မြှောက်၊ စားရမည်ကို ကိုယ်တိုင် ဆက်လက် လေ့လာပြီး၊ ကိုယ်တိုင် ကြံဆ ကြရတော့သည်။

ထို့ကြောင့် အထက်တန်း အောင်သည်ကို ပညာတတ်သည်ဟု ခေါ်ဆိုနိုင်မည် မဟုတ်သလို၊ တက္ကသိုလ် ဘွဲ့ရဖြစ်၍လည်း ပညာတတ်သည်ဟု မဆိုနိုင်ပေ။ ထိုအဆင့်များသည် အကယ်စင်စစ် စာတတ်ခြင်း၊ ဗဟုသုတ တစ်ခု ပြည့်စုံခြင်း အဆင့်မျှသာ ရှိသေးသည်ဟု ဆိုနိုင်ပေမည်။ သင်ယူ တတ်မြောက် ခဲ့သည့် စာပေ ဗဟုသုတများ အပေါ် အခြေခံပြီး လက်တွေ့ တွေးတော ကြံဆတတ်၍ ထို ဗဟုသုတများကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်ခြင်းသည် သာလျှင် ပညာတတ်ခြင်းဟု ဆိုလိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ပညာကို အင်္ဂလိပ်လို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် – “Knowledge is the awareness and understanding of facts, truths or information gained. Wisdom is the ability to apply knowledge.” ဟုဆိုသည်။ ဤစကားရပ်ကို ဥပမာပြ ရှင်းရပါမူ- ရွှေကို ရွှေဟု မသိသူမှာ စာမတတ်သူ၊ ဗဟုသုတ မရှိသူဖြစ်သည်။ ရွှေကို ရွှေဟု သိပါက ထိုသူသည် ဗဟုသုတရှိသူ စာတတ်သူ ဖြစ်သည်။ ထို့အပြင်မှ ရွှေ၏ တန်ဖိုးကို နားလည်ပြီး ထိုရွှေကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်သူသည် ပညာတတ်သူ ဖြစ်တော့သည်။

သို့ရာတွင် လူတစ်ယောက်သည် ဗဟုသုတ တစ်ခုခု ပြည့်စုံ၍ သူ့ထံရှိသည့် ဗဟုသုတကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်သည် ဆိုသည်မှာ – ဥပမာ သေနတ်ကို ကိုင်ပြီး ပစ်မှတ်ကို တည့်တည့် ချိန်ပစ်တတ်သည့် အတတ်ကို တတ်မြောက် ကျွမ်းကျင်သည့် လူတစ်ယောက်သည် သားကောင်ကို ပစ်၍ အစားအသောက် အလို့ဌာ အမဲလိုက်ကောင်း လိုက်မည်၊ လူဆိုး ဓါးမြတို့ကို ပစ်၍ ကိုယ့်အိမ် ကိုယ့်ယာကို ကာကွယ်ကောင်း ကာကွယ်မည်၊ ဤသို့ဖြင့် တတ်ကျွမ်းသည့် အတတ်ဖြင့် အကျိုးရှိသည့် အလုပ် လုပ်သည်ကို ဆိုလို ခြင်းဖြစ်သည်။ သို့ရာတွင် သေနတ် တစ်လက်ရပြီး လမ်းပေါ်မြင်မြင် သမျှ ဘုန်းကြီးကိုလည်း ပစ်မည်၊ ကျောင်းသားကိုလည်း ပစ်မည်၊ လူအိုကိုလည်း ပစ်မည်၊ ကလေးငယ်ကိုလည်း ပစ်မည် ဆိုသည်ကား တတ်ကျွမ်းသော ဗဟုသုတကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်ခြင်း မဟုတ်ရကား သေနတ်ကို ကိုကိုင်ပြီး ပစ်မှတ်ကို တည့်တည့် ချိန်ပစ်တတ်သည့် မျောက်တစ်ကောင် အလားပင် ဖြစ်ချေတော့မည်။

ထို့ကြောင့် ပညာတတ်၊ ပညာရှိဟူသည်ကား ဗဟုသုတ ပြည့်စုံ၍ ထိုဗဟုသုတကို ဥာဏ်အမျှော်အမြင်ဖြင့် ချင့်ချိန်ပြီး အကျိုး ဖြစ်ထွန်းစေရန် အတွက် တန်ဖိုးရှိစွာ အသုံးချတတ်သူဟု ဆိုလိုခြင်း ဖြစ်ပါတော့သည်။

Credit:Aung.info

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။