အနှစ် နှစ်ရာကျော် အတိတ်သမိုင်းထဲက မြို့တော်..ရန်ကုန်
( ၁ )
မြေကြီးကို
တူးမကြည့်နိုင်သောအခါ ..ရန်ကုန် သမိုင်း အုတ်မြစ်ကိုသာ တူးရတော့သည် ။
ရွှေတိဂုံစေတီတော် သမိုင်းက ဆိုသည် ။
ရန်ကုန်သည် ရှေးနှစ်ပေါင်း ၂၅၀၀ကျော်
အထက်ကပင် ရှိနေခဲ့သည် ။ ဥက္ကလာပဟု အမည်တွင်ခဲ့သည် ။ ဇမ္ဗူဒီပါ ဦးဆောင်း ကျမ်းကလည်း.
ပုဂံပြည်ကြိး၏ အပိုင်းခြားကို ပြခဲ့သည် ။
“အရှေ့တောင်သို့ 
လားသော်.. ဂျွမ်းပြည်အကုန်း ဒဂုံပြည်မြေအဆုံး ” ဟု တွေ့ရသည် ။
အနော်ရထာ၏
ပုဂံနှငင့် ခေတ်ပြိုင် ဒဂုံသည် တံငါရွာကလေး အဖြစ်လောက်သာ ရှိပေဦးမည် ။ ပင်းယ ခေတ် ၊
အင်းဝခေတ်တွင် ဒဂုံသည် အတော်အသင့် ထင်ရှားလာခဲ့သည် ။သို့၏ရာတွင် ကုန်းဘောင် ခေတ်ဦး အထိ
သိသိသာသာ မပေါ်လွင်သေး။ ဘုရား ဖူး စခန်းဘ၀တွင် သာရှိသေးသည် ။
နောင်တွင် အလောင်းဘုရား အရေးအခင်း များနှင့် အတူ
ဒဂုံသည် ကျော်ကြားလာခဲ့သည် ။ ခရစ် ၁၇၅၅ ခုနှစ်တွင်. အလောင်းဘု၇ားသည် ဒဂုံတွင် သစ်
တပ်မြို့  တစ်မြို့  တည်သည် ။ ရန်ကုန် ဟု သမုတ်သည် ။
( ၂ ) အလောင်ဘုရား၏ရန်ကုန်သည် နှစ်မိုင် သာသာ
ခန့်သာ ကျယ်ဝန်းသည် ။ မြောက်ဘက်တွင် ဆူးလေစေတီ တည်ရှိသည် ။ တောင်
ဘက်တွင်.ရန်ကုန်မြစ်ကြီး.စီးနေသည် ။
အရှေ့ ဘက်တွင် ယခု သိမ်ဖြူလမ်းနေရာမှ
အနောက်ဘက်တွင် ယခု လမ်း ၃၀ နေရာလောက် အထိသာေ၇ာက်သည် ။
မြို့ တွင်း၌ လမ်း
သုံးလမ်းသည် အရှေ့မှ အနောက်သို့  တန်းနေခဲ့သည် ။ တစ်လမ်းမှာ
နိုင်ငံခြာသားများနေထိုင်ရာ ကုလားတန်း ( ယခု ကုန်သည်လမ်း ) ဖြစ်သည်
။
နောက်တစ်လမ်းမှာ ဟံသာဝတီမျြို့  ၀န် အ်မ်နှင့် ရုံးရှိရာ ပဲခူးလမ်း (
ကုန်သည်လမ်းတောင်ဘက်နား ) ဖြစ်သည် ။
အခြားလမ်းမှာ.. မင်္ဂလာဈေးလမ်း (
ကုန်သည်လမ်းမြောက် ဘက်နား ) ဟုခ်ါသည် ။ တောင်မှ မြောက်သို့ 
တန်းနေသော.လမ်းနှစ်လမ်းလည်း ရှိသေးသည်။ ယခု ဗန္ဓုလ ပန်းခြံလမ်း ( ဘားလမ်း)
နှင့်
ဆိပ်ကမ်းသာ လမ်း ( လွစ္စ လမ်း ) နေရာ တစ်ဝိုက်ဖြစ်သည် ။
ထိုစဉ်က ဆူးလေစေတီ၏
တောင်ဘက် ၊ အရှေ့ဘက် ၊ အနောက်ဘက် မျက်နှာများတွင် အင်းကြီးများ ၀ိုင်းနေသည်
။
ရွှေတိဂုံစေတီတော် ကြီးမှာလည်း မြို့ပြင် တောကြီး ခေါင်ခေါင်ထဲ ရောက်နေသည်
။ ကြည့်မြင်တိုင်နှင့်  ပုစွန်တောင် တို့ သည် ရန်ကုန် သစ်တပ် အပြင်ဘက်တွင်
ရှိနေနှင့်ပြီ .။ ရွာကြီးများ ဖြစ်နေခဲ့ပြီ။
နိုင်ငံခြားသား မှတ်တမ်းများအရ
အလောင်းဘုရား၏ရန်ကုန်မြို့  ပတ်လည်တွင် အုတ်မြို့ ရိုးများမရှိ ။ သစ်တပ်မြို
့ရိုးသာရှိခဲ့သည် ။
ဆယ်ပေမှ ဆယ့် နှစ်ပေ ထိ မြင့်သည်။ အချို့ နေရာတွင်
ပေနှစ်ဆယ် ထိမြင့်သည် ။
သစ်တပ်မြို့ ရိုးတွင် တံခါးရှစ်ပေါက်ထားသည် ။
မြင့်ကမ်းနှင့် နီးသည် ။
ခရစ်နှစ် ၁၈၄၁ – ၄၂ ခုနှစ်များတွင်…သာယာဝတီမင်းသည်
ရွှေ တိဂုံစေင်္တီအနီးသို့ …မြို့ တော်ရွှေ့ ပြောင်းသည်။ ရနကုန်မြို့ သစ် (
အောင်မြေရန်နှင်..ခေါ် ဥက္ကလာပ )သည် တာဝန်း ၁၈၀၀ ကျယ်သည် ။
မြေမြို့ ဖြစ်သည် ။ နန်းတော်ကို ”
မြတ်နန်းအောင်ချာ ” သမုတ်သည် ။ သာယာဝတီမင်း၏ အောင်မြေရန်နှင်..ရန်ကုန်မြို့ သစ်သည်
ဂျူဗလီဟော.. ( ယခု စစ်သမိုင်းပြတိုက် )အနီး
ကျားကူးကျောင်းတိုက် ၀န်းကျင်မှ
ဗားကရာ တောရကျောင်းလမ်း မြေနီကုန်းရပ်ကွက်အတွင်း တည်ရှိခဲ့သည် ။
ယခင် မြို
့မ အမျိုးသားကျောင်းနှင့် ဂျူဗလီဟော အကြား..ပထမ
မြင်းပြိုင်ကွင်းဟောင်း..မြောက်ဘက်နားရှိ အင်္ဂလိပ်ဘုရားကျောင် နေရာ
တ၀ိုက်သည်
“မြတ်နန်းအောင်ချာ ” နန်းတော်ရာ ဖြစ်သည် ။ ယင်းမြို့ သစ်၏
အရှေ့ဘက် မြို့ ရိုးသည်..တပ်မတော် မှတ်တမ်းရုံးရှေ့ လောက်တွင် ရှိခဲ့သည်
။
ဆယ်နှစ်မျှသာ..သက်တမ်းရှည်ခဲ့သော တောင်ဘက် မြို့ ရိုးသည်..
ဂျူဗလီဟော နှင့် ကျားကူးသိမ် အကြား..၊ အနောက်မျြို့ ရိုးသည် ယခင် မစ်ရှင်လမ်း
အနီး..၊
မြောက်မြို့ရိုးသည်..ရှေးက ရှင်စောပုမြို့ရိုးအတိုင်း အသီးသီး
ကျရောက်ခဲ့သည်။
မင်း လက်ဝဲ ဘုရား ( အလံပြ ဘုရား ) သည် ယခု သမ္မတ ရုံအနီး
မြို့တွင်း၌ တည်ရှိသည် ။
ခရစ်နှစ် ၁၈၂၄ ခု နှစ် ၊ ပထမ အင်္ဂလိပ် မြန်မာ
စစ်အတွင်.း.ရန်ကုန်မျြို့ သည် စစ်မြေပြင်အတွင်း..ကျေ၇ာက် နေခဲ့ရသည် ။ အင်္ဂလိပ်
လက်အောက်တွင်..နှစ် နှစ်မျှ နေခဲ့ရသေးသည်။
၁၈၂၆ ခုနှစ်တွင်..မြန်မာတို့ 
လက်သို့ ပြန်ေ၇ာက် သည် ။ ပုဂံမင်း လက် ထက် ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီးတွင်
ရန်ကုန်မြို့ သည်.. ဗြိတိသျှမဟာ ၀န်ရှင်တော်မင်းကြီး ( ကော်မရှင်နာ ) ရုံးစိုက်ရာ မြို့ တော် ဖြစ်သွားရသည်
။
တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ
အပြီးတွင်မူ..ရန်ကုန်မြို့ သည်.. ဒုတိယ ဘုရင်ခံရုံးစိုက်ရာ မြန်မာ တစ်နိုင်ငံလုံး၏
မြို့ တော် ဖြစ်ရပြန်သည် ။ ဒိုင်အာင်္ခီ အုပ်ချုပ်ရေး ခေတ် တွင် ဘုရင်ခံ
အုပ်ချုပ်ရာ
ဘုရင်ခံ ရုံးစိုက်မြို့ ကြီး အဖြစ်သို့..ေ၇ာက်ခဲ့ ရသည်
။
( ၃ ) အင်္ဂလိပ်များ..မြန်မာ တစ်နိုင်ငံ လုံးကို သိမ်းယူလိုက် ချိန်တွင်
အလောင်းဘု၇ား၏ ရန်ကုန်မျြို့ ဟောင်းသည် လုံးဝ ပျ့က်စီးလျက်ရှိသည် ။ သာယာဝတီမင်း ၏
ရန်ကုန်မျြို့  သစ်မှာ လည်း..ဒုတိယ
အင်္ဂလိပ် မြန်မာ စစ်ပွဲ အတွင်း.အမြောက်ဆံများ
ထိမှန် ပျ့က်စီးသွားရသည် ။
အင်္ဂလိပ်တို့ သည်. .ရန်ကုန်မြို့ ကို ခရစ်နှစ်
၁၈၅၃ မှ စ၍ အသစ် ပြန်လည် မြို့ ကွက် ချခဲ့သည် ။ အင်ဂျင်နီယာ တပ် ဗိုလ်ဖရေဇာ သည်
ဒေါက်တာ ၀ီလျှံမောင် ဂိုမာရီ ၏ အကြံပေးချက်အရ
လူဦးရေ..၃၆၀၀၀ အခြေတည်
နေထိုင်နိုင်မည့်  မြို့ သစ် ပုံစံကို ရေးဆွဲ တည်ဆောက်ခဲ့သည် ။
ဖရေဇာသည်
ရန်ကုန်မြို့ လယ် တွင် အရှေ့ နှင့် အနောက် လမ်းမ ကြီး.ငါးသွယ် စတင် ဖောက်လုပ်သည် ။
ယင်း လမ်းမကြီးများကို ဖြတ်ကာ ဖြတ်လမ်း. လမ်းသွယ်များဖောက်သည် ။
ဂဏန်
းအမှတ်ထိုးသော..ပေအစိတ် လမ်း နှစ်လမ်း သို့မဟုတ် ဘေးလမ်းကြားတွင်..လူ အမည် ၊ လမ်း
အမည် တပ်ပေး ထားသော ပေ ငါးဆယ် လမ်းအကျယ် တစ်ခုစီ ကြားညှပ်ထားသည်။
ဥပမာ
တစ်လမ်း ၊ နှစ်လမ်း ၊ သုံး လမ်း ၊ လေးလမ်း ပြီးလျှင် ကီလီလမ်း..ထို့ နောက် ငါးလမ်း
( ရှေးအခါ…ငှက်ပျော တံတားလမ်း) ခြောက်လမ်း ၊ ပြီးလျှင် ကိုင်းတန်း…။ ၇ လမ်း၊ ၈ လမ်း
။( ရှေးအခေါ် ကျွဲပုတ်တန်း)
ပျြီးလျှင် မော်တင်လမ်း ။ … ၉လမ်း၊ ၁၀ လမ်း
..ရှေးအခေါ် ငါးပိတန်းး ပြီးလျှင်..စတီဗင်ဆင်လမ်း ( လှည်းတန် ) ၁၁ လမ်း ..(.ရှေးအခေါ်
အထက်ပိုင်း ဖက်တန်း အလယ်ပိုင်း ပိုက်တန်း )
၁၂ လမ်း..(.ရှေးအခေါ် ဖိနပ်တန်း )
ပြီးလျှင် ဘုန်းကြီးလမ်း..(.ရှေးအခေါ် ဘုရားငုတ်တိုလမ်း ) ၊ ၁၃ လမ်း..( ရှေး အခေါ်
ခေါင်ချုပ်တန်း ၊ ငါးရှဉ့်  တန်း..)
၁၄ လမ်း ..( ရှေးအခေါ် ကြောင် တစ်ရာ တန်
း၊ ဦးဘိုးရိပ်လမ်း.. )
အော်လီဖင့် လမ်း( ရွှေတောင်တန်း ) .. ၁၅ လမ်း.(
ရှေးအခေါ်..ဘိန်းတန်း ၊ အုန်းပင်တန်း ) ..၁၆ လမ်း..( ရှေးအခေါ်..ထန်းပင်တန်း..၊
ကြက်သွန်တန်း )
ဂေါါ်ဒ၀င်လမ်း ..(ယခု လမ်းမတော်လမ်း) ။ ၁၇ လမ်း.(
ရှေးအခေါ်..အရာကြိးလမ်း)
၁၈ လမ်း( ရှေးအခေါ် ရေနံတန်း..၊ )ခရစ်လမ်း..(
စဥ့်အိုးတန်းလမ်း )
၁၉ လမ်.( ရှေးအခေါ် ..မကျည်းတန်းလမ်း ၊ လိပ်ဥတန်း
)
လမ်း ၂၀ ..( ရှေးအခေါ်..ဦးဒိန်းတန်း ) လက်တာလမ်း ( လသာ လမ်း)
၂၁
လမ်း..( ရှေးအခေါ်..ဘယဆေးတန်း ၊ တွင်းညီနောင်လမ်း )
၂၂ လမ်း (
ရှေးအခေါ်..ပန်းထိမ်တန်း…၊ ၀ါးတန်းလမ်း )
စစ်ကဲမောင်ခိုင် လမ်း ၊
၂၃
လမ်း…( ရှေးအခေါ် ..ဘိန်းရုံတန်း)
၂၄ လမ်း ( ရှေး။အခေါ်…အဓမ္မလက်ကြားလမ်း
)
၂၅ လမ်း..( ရှေးအခေါ်..စာဆိုလမ်း )
၂၆ လမ်း..(
ရှေးအခေါ်.ကျောက်တံတားလမ်း..)
အက်ဒွပ် လမ်း ( ကုန်ဈေးတန်းလမ်း)
၂၇
လမ်း ( ရှေးအခေါ်. ပုဆိုးတန်း )
၂၈ လမ်း .( ရှေးအခေါ်. .သံဖြူလမ်း
)
မဂိုလမ်း ..။ ( ရွှေဘုံသာလမ်း)
၂၉ လမ်း ၊ လမ်း ၃၀ .. စစ်ကဲ
မောင်ထော်လေး လမ်း ။
၃၁ လမ်း.၊ ၃၂ လမ်း ..ဆူးလေ ဘု၇ားလမ်း ၊ ၃၃ လမ်း ၊ ၃၄
လမ်း ၊ ဘားလမ်း ၊ ၃၅ လမ်း ၊ ၃၆ လမ်း ၊ ဖယ်ယာ လမ်း ၊ ( ပန်းဆိုးတန်း ) စသည် ဖြင့်
ဖောက်လုပ်ခဲ့သည်။
( ၄ )
ရန်ကုန်မြို့ သစ် ပြန်လည် အကွက် ချရာတွင် အင်္ဂလိပ်
အစိုးရသည် လမ်းမကြီးး ငါးသွယ် ကို ကော်မရှင်နာ လမ်း.၊ မောင် ဂိုမာရီ လမ်း ၊ ဖရေဇာ
လမ်း ၊ ဒါလ် ဟိုဇီလမ်း.၊ ကုန်သည် လမ်း ၊ ကမ်းနားလမ်း…
စသည် ဖြင့် အမည် ပေး
ခဲ့ သည် ။ ထိုစဉ် လမ်းများအတွက်..အင်္ဂလိပ် ဘုရင် ခံချုပ်..ဘုရင်ခံ၊
တ၇ားသူကြီး..အင်ဂျင်နီယာ…ဆရာဝန် မြုနီစပယ်မင်းကြီးနှင့် ..ဗြိတိသျှအစိုးရ
အကျိုးကို..သယ်ပိုးခဲ့ကြသည့် 
အရပ်ဘက် ဂုဏ်သရေရှိ…ပုဂ္ဂိုလ်ကြီးများ၏
အမည်များ.. ဂုဏ်ပြု မည့်ခေါ် ပေးခဲ့သည် ။
( ၅
)
လွတ်လပ်သော..အချုပ်အခြာ အာဏာပိုင် ခေတ်သို့  ပြန်လည်
ေ၇ာက်ရှိလာပြီး..နောက်ပိုင်းတွင်မူ.. ကျွန်ဘ၀က ကြွင်းကျန်ရ်ခဲ့သည့်  လမ်း အမည်
ဟောင်းတို့  ဘ၀ ချုပ် ငြိမ်းသွားကြသည်။
ရန်ကုန် အရှေ့ ပိုင်း ..ပုစွန်တောင်
ရှိ ကရိလမ်းသည် ဗိုလ်မြတ်ထွန်းလမ်း
ဘီဂင် ဒက်လမ်းသည်..အနော်ရထာလမ်း
ဖြစစ်လာသည် ။
မင်္ဂလာ တောင် ညွန့် ရှိကနေဒီလမ်းသည်..ဦးအောင် မြတ်လမ်း
..
လစ်တဲဝစ္စတားလမ်းသည်
ဒေါ်သိန်းတင်လမ်း…
ဘိုးလိန်လမ်း..ဗညားဒလလမ်း.
စိန်အန်ထော်နီ လမ်းသည်
…ဦးဖိုးကျားလမ်း
နီကိုးလမ်းသည် ငမိုးရိပ်လမ်း..
မက္ကရီလမ်းကာ
လမ်းသည်…သစ္စာလမ်း
အီဗင်ဆင်လမ်းသည် မြယာကုန်းလမ်း ဖြစ်လာသည်
။
ဗိုလ်တစ်ထောင် ဘက်ရှိ လင်းစဒေါင်းလမ်းသည်
..ရာဇဓိရာဇ်လမ်း
စတော့ကိတ်လမ်း ၊ ဂျူတာ အီဇီကယ်လမ်းသည်..
သိမ်ဖြူလမ်း
တင်ပယ်လမ်းသည်..၀တ်ကျောင်းလမ်း
ဒပ်ဖရင်လမ်းသည်
စန္ဒာကူးလမ်း
မေယိုးလမ်းသည်..မေယုလမ်း…
ကလပ်လမ်းသည်.. ၅၅ လမ်းသို့ 
အသီသီ ပြောင်းလဲ သွားကြဘည် ။
( ၆ )
ကျောက်တံတားမြို့ နယ်ရှိ
ကော်ပိုရေးရှင်းလမ်း ၊ ရှန်ဖရက်လမ်း ၊ လွစ္စ လမ်း ၊ ဖရေဇာလမ်း..၊ ဘားလမ်း တို
့သည်…
စည်ပင်လမ်း ၊ ဘဏ်လမ်း၊ ဆိပ်ကမ်းသာ လမ်း ၊ အနော်ရထာလမ်း ၊ ဗန္ဓုလ
ပန်းခြ့ လမ်းတို့  အင်္သီးသီး ဖြစ်လာကြသည် ။
ပန်းပဲတန်း မြို့ နယ် တွင် လည်း..
ကဲနယ် လမ်းကို.. အနော် ရထာ လမ်း အဖြစ် အသအမှတ် ပြုခဲ့ ကြသည် ။
လမ်းမတော်
မြို့ နယ် အတွင်း လေ့လာကြည့်လျှင်လည်း ကီလီ ( ၀ါးတန်းလမ်း) စိန်ဂျွန်းလမ်း ၊
မစ်ရှင်လမ်း..( မင်းရဲကျော်စွာလမ်း )
ဟု၍ အမည်သစ်များ ထိုက်ထိုက်တန်တန်
မှည့်ခေါ် ခဲ့ကြသည်။
ဒဂုံမြို့နယ် နှင့် အလုံ မြို့နယ်များအတွင်း၌လည်း
ဂေါ်ဒွင်လမ်း..၊ ဆင်ကနယ်လမ်း မဂိုဒါးလမ်း ၊ ဘောင်ဒရီလမ်း..များ.မရှိတော့ ပြီ
။
မြို့ မ ကျောင်းလမ်း.. ၊ အလုံပြ ဘုရားလမ်း ၊ ဓမ္မစေင်္တီလမ်းများကိုသာ တွေ
့ရလိမ့်မည် .။
ထို့ အတူ စတီးဝပ်လမ်းသည် မော်ကွန်းတိုက်လမ်
း..၊
ဆင်းဒ၀စ်လမ်းသည်.. ဗိုလ်ရာညွန့် လမ်း..။
တင့်လမ်းသည်..
သံတမန်လမ်း ..။
ထရန်စဖို့ လမ်းသည်..အာဇာနီလမ်းများ
အဖြစ်..ထင်ရှားလာခဲ့သည်။
စကားဝါလမ်း( နယူလင်းလမ်း
)
ယောမင်းင်္ကြီးဦးဘိုးလှိုင်လမ်း..( ယောက်လမ်း ) ၊ န၀ဒေလမ်း
..လန်ကပ်စတာလမ်း ..၊ခရေပင်လမ်း ၊( လိဒ်စ်လမ်း )
ချင်းတွင်းလမ်း..( ၀င်ဒါမီယာ
အောက်လမ်း )
သံလွင်လမ်း…( ၀င်ဒါမီယာ လမ်း ) ။ ရွှေလီလမ်း …( ၀င်ဒါမီယာ ကုတ်
) ၊ ဥယျဉ်လမ်း…( ၀င်ဒါမီယာ ဂါးဒင်းလမ်း .)
ဇော်ဂျီလမ်း .. ( ၀င်ဒါမီယာ ပက်
့ )
ပန်းဝါလမ်း ( ၀င်ဒါမီယာ ခရဲစင့် ) ၊စမုံလမ်း ( လင့်ခ်လမ်း
)
အိမ်တော်ရာလမ်း ( ချပ် လမ်း ) ၊။ ဇီဝက လမ်း ( ဇဖားရှာလမ်း ) ။ နံ့သာလမ်း
( နော်မန်ကျောင်းလမ်း )
တော်ဝင်လမ်း ( ဖရီဇာလမ်း)
ကင်းဝန်မင်းကြီးလမ်း
.( ဖောဆိုက်လမ်း )
ပဒုမ္မာလမ်း ..( ဘက်ဒ်လမ်း )
ရန်ပိုင်လမ်း …(
ဖွိုင်း လမ်း..)
သီတာလမ်း..( ဘင်တန်လမ်း )
သခင်မြ ပန်းခြံလမ်း..(
ကောလိပ်လမ်း )
အောင်ရတနာလမ်း ( ကူရှင်လမ်း )
ငုဝါလမ်း ..( စုပါ
ပင်လမ်း )
စကားစိမ်းလမ်း ..( ဖူးကားလမ်း )
ရှမ်းလမ်း ..(
ဖိုက်ခွန်လမ်း )
နှင်းဆီလမ်း..( ချန်မာဖီလမ်း..)
နွယ်သာကီလမ်း (
စတားရပ်လမ်း ) ဟူ၍……မင်္ဂလာရှီသော..မြန်မာ
အမည်များ..ပေါ်ထွက် လာခဲ့သည် ။
၇ ။
စမ်းချောင်းမြို့ နယ် ၊ ကြည့်မြင်တိုင်မြို့ နယ်၊ ကမာရွတ်မြို့နယ် ၊ မရမ်းကုန်းမြို
့နယ် ၊ ဗဟန်း မြို့ နယ်၊
တာမွေမြို့ နယ်..များရှိ လမ်းများ၏ မြန်မာ
အမည်များကိုလည်း..ချြိုမိန်စွာ ကြားခွင့် ရှိလာခဲ့လေသည်။
ဥပမာ ကင်းဂျော့ 
အဲဗင်းနယူးလမ်း ..၊ ( ကွမ်းခြံလမ်း ) ၊
ဂွတ္တလစ် လမ်း ( ဆ၇ာစံလမ်း
)
ကင်းပဲ လမ်း ( ငါးထပ်င်္ကြီး ဘုရားလမ်း )
ချင်းချောင်း
အဲဗင်းနယူးလမ်း( ကမ္ဘောဇ လမ်း)
လင့်ခ်လမ်း ( ရွှေဂုံတိုင်လမ်
း)
လောင်းဝစ် လမ်း ( အင်းလျားမြိုင်လမ်း)
ဟာမစ်တစ် လမ်း ( သာသနာ
့ရိပ်သာ လမ်း )
ဝိတိုရိယ အဲဗင်းနယူးလမ်း ( ဂျိုးဖြူလမ်း
)
ဂွတ္တလစ်အဲဗင်းနယူးလမ်း ( သာယာဝတီလမ်း )
တာဝါလိန်းလမ်း (
ဗိုလ်ချုပ်ပြတိုက်လမ်း )
မောင့်ပုလဲစင့် လမ်း ( ပုလဲလမ်း )
ဝင်ဆာ
လမ်း ( ရှင်စောပုလမ်း)
ဟုမ်းလမ်း ( ပန်းလှိုင်လမ်း)
ကာလီမာ လမ်း (
မြ၀တီလမ်း )
ခရစ်ရှနားလမ်း ( ရန်ကင်းလမ်း)
ဂုရု လမ်း ( သုခမိန်လမ်
း)
စူပရာ မန်းနီးယားလမ်း ( ရတနာလမ်း)
စူရတီပန်းခြံလမ်း ( ပန်းခြံလမ်
း)
ဒူပလီလမ်း ( မြေနီကုန်းဈေးလမ်း)
မော်ဂင်ဝက်လမ်း ( ဓမ္မာရုံ လမ်း
)
မူဆာကြီးလမ်း ( အောင်တော်မူလမ်း )
မဟာမပတေးလမ်း ( စေတနာလမ်း
)
မူလာအီစမန်လမ်း( ပဒေသာလမ်း )
……………စသည်တို့ ဖြစ်သည် ။
ထို
့အတူပင်.. အင်းနစ်လမ်း သည် ပန်းလှိုင်လမ်း ၊
စိန့်မိုက်ကယ် လမ်းကျယ် သည်..
မဏိမေခလာလမ်း ၊
စိန့်မိုက်ကယ် ( ၁ )လမ်း ( ၂ ) လမ်း .သည်..ရေတွင်းကုန်း ( ၁
)လမ်း ( ၂ )လမ်း..၊
ဝိုင်း လမ်းသည်.. သိန္နီိလမ်း
ဘလုပ်လမ်းသည်..
ဘန္ဓာပင်လမ်း
ဟူ၍ အသီးသီး.ပြောင်းလဲလိုက်သည် ။
ကွန်ပိုကေးရှင်းလမ်းကို
ဘွဲ့နှင်းသဘင်လမ်း.။
ချန်စလာလမ်းကို
အဓိပတိလမ်း
စိန့်ဗင်းဆင့်လမ်းကို ဇောတိကလမ်း
မာတင်အဲဗင်းနယူးလမ်းကို
ခပေါင်းလမ်း
ယာဒ်လမ်းကို သလ္လာဝတီလမ်း
ဒူဘန်းလမ်းကို
မေလိခလမ်း
အေဒီလမ်းကို မေခ လမ်းအဖြစ်သာ လူသုံးများလာသည်။
သမိုင်း
လင့်ခ်လမ်း..၊ ကိုဟင်းလမ်း တို့ ကို..လည်း..ကျိုက်ဝိုးဘုရားလမ်း ၊ ရွက်လှ
လမ်း..ဟု၍..လူသိများခဲ့သည်။
ယခုအခါ…မဂျစ်လမ်း ၊ ချန်စပို့ လမ်း ၊
စောလမွန်လမ်း ၊ တင်ပဲယ် လမ်း..၊၊ ပန်ဒီယာလမ်း ၊ ဘာတာဖီးလမ်း ၊
ဘက်စ်လမ်း တို
့ကို ..သိသလား ဟု မေးကြည့်ပါ ။
သမီန်ဗရမ်းလမ်း ၊ အောင်သီရိလမ်း ၊
ဥယျာဉ်လမ်း…၊ ဘောဂလမ်း ၊
သော်က လမ်း ၊ နှင်းဆီကုန်း လမ်း ၊ မင်္ဂလာ လမ်းတို့ 
အဖြစ်သာ သိနေကြပါလိမ့်မည်။
၈ ။။
ယခုတလောရန်ကုန်မြို့ လယ်သို့ 
မကြာခဏေ၇ာက်တတ်ပါသည်။
ဖြို ဖျက်နေသောေ၇ှးခေ တ် ရန်ကုန် အဆောက်အဦ
ဟောင်းကြိးများကို တွေ့ နေ၇သည် ။
ရှေးခေတ်နေရာဟောင်းများပေါ်တွင်…
ခေတ်မီမှန်ကာ အဆောက်အဦ
သစ်ကြီးများ..မားမားမတ်မတ် နေရာဝင်ယူနေကြသည်ကို မြင်နေရသည် ။
အတိတ်က
ရန်ကုန်သည် မနေ့က ပျောက်ဆုံးသွားခဲ့သည်။
ပုဂံခေတ်နှင့်အပြိုင် တည်ရှိခဲ
့ဖူးသော..
တံငါရွာငယ် သာသာ ဒေသကလေး တစ်ခုကို လုံးဝ သတိရဖို
့ဝေးလှသည်။
အလောင်းဘု၇ားသည်..ဒဂုန်ကို ဆူးလေအရှေ့ တောင်ဘက်တွင် တိုးချဲ
့ပြီး ၇ ရက် ထဲဖြင့် ရန်ကုန်ကို တည်ထောင်ခဲ့သည် ဟူသော..အချက်ကို သိသူ
နည်းလိမ့်မည်။
ယနေ့ အလုံ ရပ်ကွက်နှင့် ပြည်သူ့ လွတ်တော်ကြီး.တည်ရှိရာဒေသ
တ၀ိုက်မှ ရွှေတိဂုံ ဘုရား အနောက် ဖက် မုဒ်အထိ နယ်မြေကြီးအတွင်း..
ရှေးအခါက
ဆင်ကြီး ၊ ကျားကြီးများ ပျော်စရာ တောနက် မျက်မည်းကြီး..ဖြစ်ခဲ့ဖူးပါသည်
ဟု..ပြောလျှင်..ခေတ်လူငယ်တို့  ယုံကြပါမည်လား ။
ဦးဝိစာရလမ်းကြီး၏ မူလ
အမည်..တိုက်ဂါး အယ်လီကို ကြားဖူးသူမှ များပါလေစ။
ရေကျော် ပုစွန်တောင် ဘက်မှ
လူငယ် တစ်ဦးဦးကို ယနေ့  ဗိုလ်မြတ်ထွန်းလမ်း၊ ( ကရိလမ်း)
အောက်ဘက်တွင်
ချောင်းကြီးရှိတာ သိသလား..ဟု မေးကြည့်ပါ
။
အလောင်းဘုရား..ရန်ကုန်သစ်တပ်မျြို့ ၏ အရှေ့ ဘက်တွင်…
တသွင်သွင် စီးဆင်းနေခဲ့သော..ဗိုလ်တစ်ထောင်ချောင်းကြီး..ရှိနေသည်ကို
သိကြပါမည်လား။
ဗိုလ်ချုပ်အောင်ဆန်ူးလမ်း ( ယခင် မောင်ဂိုမာရီလမ်း ) နှင့်
ရန်ကုန်မန္တလေး.မီးရထားလမ်းတို့ အကြား..ခရာပင် ၊
လမုပင်..ဆူးပင်များပေါက်ေ၇ာက်ရာ လဟာပြင်ကြီးပေါ်တွင်..
မြေဖို့  တည်ထောင်လာခဲ့သည် .
ရေကျော်ရပ်ကွက် အကြောင်း….သိမှီသူတို့ ..ကျန်ပါသေးလေစ .။
ရှေးအခါက
ဗိုလ်တစ်ထောင်နှင့် သံလျက်စွန်း နယ်မြေတွင် ကျွန်းကြီးသဖွယ် ရေ ပတ်လည်
ဝိုင်းနေခဲ့သောကြောင့်.အင်္ဂလိပ်တို့ က ဘုရင်မ ကျွန်း ဟု၍ပင်. .
အမည်ပေးထားခဲ့ကြောင်း.
ပြောပြနိုင်သူ မည်မျှ ကျန်ပါသေးသနည်း.။
ပထမ
အင်္ဂလပ်မြန်မာ စစ်ပွဲ အတွင်း ရွှေတိဂုံစေတီတော်ကြီးကို တောင်ထိပ် ခံတပ်ကြီး အဖြစ်
အသုံးချနေကြသည့်  အင်္ဂလိပ်တို့ ကို
မြန်မာတို့ က ကြည့်မြင်တိုင်နှင့်
ပုစွန်တောင် ဘက်မှ နှစ်ဖက် ညှပ် ချီတတ် တိုက်ခိုက်ခဲ့ကြပုံများ…
ဒုတိယ
အင်္ဂလိပ် မြန်မာ စစ်ပွဲ တွင် သိမ်ဖြူလမ်း .( ယခင် စတော့ကိတ်လမ်း ) နှင့်
ဦးအုန်းခိုင်လမ်းထောင့် ( ယနေ့  သိမ်ဖြူဈေး )
ယခင် ဘီလူးမ ဈေးအနီး
သိမ်ကုန်းကျောင်းတိုက် ကုန်းမြင့်ပေါ်ရှိ ..မြန်မာတို့ ၏ သိမ်ဖြူ ခံတပ် ထင်ရှား
အရေးပါ ခဲ့ပုံများကို ယနေ့  လူငယ်တို့ ကြားမိ ဖတ်မိကြပါ၇ဲ့လား
၉
။။
အလောင်းဘု၇ား လက်ထပ်တွင်..မီးဘေး အကြိမ်ကြိမ် သင့်ခဲ့ရသည့်နေ၇ာ..၊ ပထမ
အင်္ဂလိပ် မြန်မာစစ်ပွဲအတွင်း စစ်တလင်းနေရာ..
ဒူတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ
အပြီးမှ စ၍ ကိုလိုနီ လှည်း ထမ်းပိုးကို ခါးကျိုးအောင်
ထမ်းခဲ့သည့်နေရာ..။
ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားစ ဂျပန်တို့ ၏ ဗုံးဒဏ် ပွဲဦးထွက်
ခံစားလိုက်ရသည့်နေရာ.။
1942 ခုနှစ် ဖေဖော်ဝါရီလတွင် အောင်မြင်စွာ
ဆုတ်ခွဲသွားသူ..ဗြိတိသျှမြို့စောင့်တပ်တို့ က သင်္ဘော ဆိပ် တံတားကြီးငယ်များရေနံချက်
စက်ရုံများ ၊ လူနေ တိုက်တာ အဆောက်အဦးများကို
မီးရှို့ မြေလှန် ဖျက်ဆီး
ခံလိုက်ရသည့်နေရာ
ဂျပန် ခေတ် တစ်လျှောက်လုံး..အင်္ဂလိပ် လေတပ်က အကြိမ်ကြိမ်
ဗုံး လက်ဆောင် ပေးခဲ့သည့်နေရာ..။
ဂျပန် အပြေးတွင်လည်း..စိစိညက်ညက်
ချေဖျက်ခံလိုက်ရသည့်နေရာ
1948 ခုနှစ် နှေင်းပိုင်း ပြည်တွင်း
ဆူပုသောင်းကျန်းမှု ကာလ အတွင်း..စည်းးကမ်းမဲ့ ကျူးကျော် တဲအိမ်များဖြင့် အရုပ်ဆိုး
အကျည်းတန် ခဲ့သည့်နေရာ .။
မင်းသုဝဏ် ၏ ပျဉ်းမငုတ်တို ကဗျာထဲက အတိုင်းပင် ”
စစ်မက်လည်းကြုံ ၊ ခြ အုံလည်းဖြစ် ..၊ ဒါး ထစ်လည်း ခံ ” ခဲ့ရသည်
။
၇န်ကုန်မြို့ ကြီးကား..ယခုအခါ ငယ်ရုပ် ငယ်သွင် နုသစ်စင်လျက် ရှိလေပြီ
။
ဧရိယာ စတုရန်း ကီလိုမီတာ 500 အထိ ကျယ်ဝန်းလာခဲ့လေးသည်
။
လူဦးရေ..ငါးသန်း အထိ တိုးတက် များပြား လာခဲ့လေသည် ။
ယနေ့
နောက်ဆုံးအခြေအနေကို ကြည့်လျှင် ကမ္ဘာ့ စံချိန်မီ ဥယျာဉ် မြို့တော်ကြီး အဖြစ်သို့
တက် လှမ်း လျက် ရှိနေလေပြီ ။
ပုဂံနင့် ခေတ်ပြိုင် တံငါရွာ သာသာကလေးအဆင့်မှ
ရေတွက် လျှင်..ရန်ကုန် သက်တမ်းသည်..နှစ်ပေါင်း 900 ကျော်လိမ့်မည်
။
အလောင်းဘုရား..ရန်ကုန် စတင် တည်ထောင်ချိန်မှ ယူလျှင်..ခရစ်နှစ် 2010 င်္တွင်
မြို့ သက် နှစ်ပေါင်း 255 နှစ် တင်းတင်း
ပြည့်ပေတော့မည်။
၁၀။။
နှစ်ပေါင်း 200ကော်ကာလ ၊ ရန်ကုန်မြို
့ကြီးအကြေင်း.. ပြောဆိုလျှင် ကိုလိုနီ လက်အောက် ထိုခေတ် ထို
အချိန်..ရွှေတိဂုံစေတီတော်ကြီး..အခြေအနေကိုလည်း..
ပြန်လည် ပြောပြမှ လူငကယ်တို
့အတွက် အကျိုး .ရှိပေလိမ့်မည် ။
ခရစ်နှစ်..1852 ခုနှစ်တွင်.. အိန္ဒိယ
ဘုရင်ခံချုပ်..လော့ဒါလဟိုဇီ က ” ကျွန်ပ်ေ၇ာက်ဖူးသမျှ အိန္ဒိယပြည်အနှံ့ တွင် ရှိသော
အဆောက်အဦများတွင်…
တာဂ်ျမဟာမှ လွဲ၍ သွားေ၇ာက်ကြည့်ရှုရန် နေ၇ာ ဖြစ်ပေသည် ။”
ဟူ၍ ရွှေတိဂုံစေတီတော်ကြီးကို ရည်ညွှန်းရေးသားခဲ့သည်
။
ရွှေတိဂုံစေတီတော်ကြီးကို…ပြည်ပ ခရီးသည်များနှင့် ပြည်တွင်းနေ
တိုင်းရင်းသားများက အဆန်းတကျယ် အထူးအမြတ် ပြုရသောနေရာ ဖြစ်သည် ။
ဗုဒ္ဓ ဘာသာဝင်တို့ ၏ ဦးထိပ်ထားရာ ဖြစ်သည်
။မြန်မာနိုင်ငံ၏ ပန်းပဲ ၊ ပန်းရွဲ ၊ ပန်းထိမ် ၊ ပန်းတဉ်း ၊ ပန်းတမော့ ၊ ပန်ူးရံ ၊
ပန်းပု ..စသည့်အနုပညာ
ယဉ်ကျေးမှူ ပေါင်း..ခညောင်းရာ ဖြစ်သည် ။
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဘဏ္ဏာတိုက်ကြီး ဖြစ်သည် ။
1970 ပြည့်နှစ်
မတိုင်မီ အချိန် အထိ ငှက်ပျောဖူးမှ အစ ထီးတော် စိန်ဖူးတို့ ရှိရာ… ရတနာ တို့ ၏
တန်ဖိုးသည်. သိန်း လေးဆယ်ကျော်မျှ..ဖြစ်သည် ဟု သိရသည် ။
စေတီတော်ကြီး .ရှိ
ရတနာ အစုစု ကို တန်ဖိုးထည့်တွက်လျှင် ကုဋေများစွာ တန်ပေလိမ့် မည် ။
၁၁
။။
ခရစ်နှစ် 1500 ပြည့် လွန်…နှစ်များမှ စ၍ နယ် ချဲ့  အရင် ရှင်များသည်
မြန်မာနိုင်ငံတွင် စတင် ခြေကုပ်ယူခဲ့သည်
အင်္ဂလိပ်ြ့မန်မာ ပထမ နှင့်  ဒုတိယ
စစ်ပွဲများအတွင်း..စစ်တလင်း ဖြစ်ခဲ့ရသည် ။ အင်္ဂလိပ် မြန်မာ ပထမ စစ်ပံွဲ့ ( ခရစ်နှစ်
1824 ) အတွင်းက အင်္ဂိလိပ်
စစ်တပ်များသည် ရွှေတိဂုံစေတီတော်ကို တက်ေ၇ာက် သိမ်းပိုက်ခဲ့သည် ။
ရ န္တပိုစစ်ပြေငြိမ်းရေး စာချုပ်အရ အင်္ဂလိပ်တို
့လက်မှ ပြန်တောင်းခဲ့ရသည် ။ ဘုရားကြီးမှာ စစ်ဘေးဒဏ်ကြောင့် ကြီးမားစွာ ပျက်စီး
ခဲ့ရသည် ။ ခရစ်နှစ် 1852 ခုနှစ် အင်္ဂလိပ် မြန်မာ
ဒုတိယ စစ်ပွဲ တွင်
စေတီတော်ကြီးသည် မြန်မာ တပ်များလက်မှ အင်္ဂလိပ် တပ်များ လက်သို့ ကျရောက် သွားရပြန်သည်
။
ရန်ကုန်သိမ်း ၊ အင်္ဂလိပ် တပ်များသည် အရှေ့မုဒ်မှ အနောက်မုဒ်အထိ မုဒ်
သုံးဘက် မှာ တပ်စွဲကြသည် ။
မြန်မာ ဘု၇ားဖူးများ တောင်ဘက်မှသာ တက်ခွင့်ရသည်
။
၁၂။။
ဟံသာဝတီတွင် အနောက်ဘက်လွန် မင်းတရား ( ခရစ်နှစ် 1605 – 28 )
စိုးစံလျက် ရှိစဉ် သံလျင်စား ( ငဇင်ကာ ခေါ် ဖိလစ်ဒီဘရစ်တိုသည်
)
ရွှေတိဂုံစေတီတော်မှ ဓမ္မစတီခေါင်းလောင်းကြီးကို..ဖြုတ်ယူခဲ့သည်
။
ခေါင်းလောင်းကြီါ်ကို သံလျင်သို့ အေ၇ာက်မ ပို့ နိုင်ခဲ့ပေ။ သယ်ယူသွားသော
လှေ ကွဲသဖြင့် ဒေါပုံမြစ်ထဲသို့ ကျေ၇ာက် ပျောက်ကွယ်သွားခဲ့ရသည် ။ အဂ်လိပ် မြန်မာ
စစ်ပွဲ အတွင်းကလည်း..
အင်္ဂလိပ် တပ်များသည် ရွှေတိဂုံ ကုန်းပေါ်ရှိ စဥ့်ကူး မင်း
ခေါင်းလောင်းကြီးကို ဖြုတ်ယူကြပြန်သည် ။ အောင်ပွဲ အထိမ်းအမှတ်အဖြစ်.. အင်္ဂလန် သို့
ယူဆောင်သွားရန် သင်္ဘောပေါ်သို့ တင်ရာတွင်
မြစ်ထဲသို့ကျသွားသည် ။ အင်္ဂလိပ်တို့ 
အမျိုးမျိုး ကြိုးစား ဆယ်ယူသော်လည်း နောက်ဆူံး လက်လျော့သွားကြသည်
။
မြန်မာတို့ က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆယ်ယူနိုင်ခဲ့၍သာ ယနေ့ ပြန်လည်
တွေ့ မြင်နိုင်ခြင်းဖြစ်သည် ။
၁၃။။
ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ အတွင်
ရွှေတိဂုံစေတီတော်တွင် လုယက် ဖောက်ထွင်းမှုများပေါ်ပေါက်ခဲ့သည်ကို တွေ့ ၇သည်
။
အင်္ဂလိပ်စစ်သားတစ်ဦးသည် စေတီတော် တစ်ဆူအတွင်း ဋ္ဌာပနာထားသောေ၇ွှဆင်းတု ၊
ငွေဆင်းတု အချိဲု့ကို တွေ့ ရှိရာမှ
အခြားစေတီများတွင်လည်း အလားတူ အဖိုးတန်
ပစ္စည်းများ ရှိလိမ့် မည်အထင်ဖြင့် အခြားစစ်သားများကလည်း စေတီများစွာကို
လိုက်လံဖျက်ဆီး၍
ရတနာသိုက်ရှာခဲ့ကြသည် ။
တပ်ခွဲတစ်ခုသည် တစ်ညအတွင်
တူးဖျက်ရှာဖွေရုံနှင့် အိန္ဒိယ သုံးချပ်ပြားသုံး၇ာ ဖိုးမျှ တန်သည့် ရွှေဆင်းတု
ငွေဆင်းတုများကို ၇သွားသည် ။
မိမိတို့၏ အထက်အရာရှိတစ်ဦးသို့ေ၇ာင်းလိုက်ရာ
ထိုအ၇ာရှိက အိန္ဒိယပြည် ကာလကတ္တားမြို့သို့
တဆင့်ပြန်ေ၇ာင်းလိုက်သောကြောင့် အမြတ်အစွန်း အကြီးအကျယ်ရသွားသည် ။
ထိုစဉ်က
နိုင်ငံခြားသားတစ်ဦး၏ မှတ်တမ်းတွင် ” ရွှေတိဂုံစေတီကြီး ပတ်လည်ရှိ
ဘု၇ားစေတီငယ်များကို ဗရမ်းဗတာဖျက်ဆီးထားသော မြင်ကွင်းကို
မြင်ရသည်မှာ..စိတ်မကောင်းစရာပင်ဖြစ်ပေသည်”
ဟူ၍ပင်ရေးသားခဲ့သည်။
၁၄။။
ထိုစဉ်က
အင်္ဂလိပ် စစ်ဗိုလ်ချုပ် ကင်းဘဲလ် ကိုယ်တိုင်ပင် ရွှေတိဂုံ စေင်္တတော်ကြှီး၏
ဝမ်းဗိုက်အတွင်းသို့ အဖိုးတန်ရတနာများ ရရှိမည်ဟု မျှော်လင့်ချက်ကြီးစွာဖြင့်
ထွင်းဖောက်ခဲ့သေးသည် ။
မျှော်လင့်ချက် မရှိလောက်မှ လက်လျှော့သွားခဲ့သည်
။
ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ အတွင်းတွင်လည်း အင်္ဂလိပ် တပ်များသည် နှစ်ရက်
သုံးရက် အတွင်း ဘု၇ားကြီး၇င်ပြင်ပေါ်ရှိ အဖိုးထိုက် အဖိုးတန် ဟုသမျှကို ရှာဖွေ
ဖြုတ်ယူသွားကြသည် ။
ရွှေချထားသော
သစ်သားဆင်းတု ၊ ကျောက်ဆင်းတု ၊ ကြေးဆင်းတု
..စသည်များ..ရျွှေချထားသော…သေတ္တာများနှင့် ဗီရိုများသည်…
ကုန်းတော်ပေါါ်တွင် ပြန်
့ကျဲကျန်ရစ်သည် ။ အင်္ဂလိပ် စစ်ဗိုလ် လော်ရီက
စစ်သားတစ်ယောက် ရဲတင်း
တစ်လက်ဖြင့်ေ၇ွှဆင်းတုကြီး တစ်ဆူကို ဖောက်ဖျက်နေပုံမှာ ခံကတုပ်ကျင်းတစ်ခုကို
စိတ်အေးလက်အေး တူးဖော်နေသကဲ့သို့ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။
ထိုစဉ်က
ဘုရင့် အင်ဂျင်နီယာတပ်မှ ဗိုလ်မှု ဖရေဇာကိုယ်တိုင်လည်း ဘု၇ားစကြီး၏
ဝမ်းဗိုက်တော်အတွင်းသို့ ပေတစ်ရာမျှ အထိ ထွင်းဖောက်ကြည့်ခဲ့သည် ။
ဘု၇ားကြီး၏
ဘဏ္ဏာတော်များကို တွေ့လိုတွေ့ငြား
တူးဖော်ကြည့်ခဲ့ခြင်းသာဖြစ်သည်။
၁၅။။
အင်္ဂလိပ် တပ်များသည်
မြန်မာတို့လက်ချက်ဖြင့် ကျဆုံးခဲ့ရသော လက်ဖတင်နင်အာ ၊ ဒူရန်၊ ဂျေအမ်တေလာ ၊
ကပ်ပိတန်စီ ဂျီလော့ တို့ ၏
အလောင်းများကို
ရင်ပြင်တော်အရှေ့မြောက်ထောင့်တွင် မြုပ်နှံခဲ့ကြသေးသည်
။
မြန်မာတို့ အရေးဆို၍ 1929 ဇန်န၀ါရီလ 22 ရက်နေ့တွင် မှ
ကန်တိုမင်စစ်သချိင်္ုင်းသို့ ရွှေ့ပြောင်းသွားခဲ့သည် ။
ခရစ်နှစ် 1852 ခုတွင်
စစ်ကဲဦးထော်လေးကိုယ်တိုင် စေတီတော်ကြီးဖောက်ထွင်းထားသည့်
အပျ့က်အစီးများကိုတွေ့ခဲ့ရသည်။
အရှေ့ဘက်မျက်နှာ ပထမ ပလ္လင်အထက်မှအလျား
လေးတောင် ၊ အနံ သုံးတောင်ရှိ တွင်းကြီးသည် ခြောက်ဆယ့်ခြောက်တောင် အနက်ရှိသော
လှိုင်ခေါင်းကြီး.ဖြစ်နေပြိး
အတွင်းရှိ ကျောက်စေတီသို့ပင် ရောက်သည်ဟု
သိ၇သည်။
ခရစ်နှစ် 1886 ခု ဇန်န၀ါရီလ 1 ရက်နေ့တွင် အင်္ဂလိပ်တို့ က
မြန်မာနိုင်ံကို အပြီးအပိုင် သိမ်းယူလိုက်သည်။ ရွှေတိဂုံစေတီကြီး တည်ရာ
ရန်ကုန်မြို့ကြီးမှာ
1885 ခုနှစ်ကပင် အင်္ဂလိပ် လက်ထပ်သို့ ကျေ၇ာက်ခဲ့ရပြီး
ဖြစ်သည်။
သီပေါမင်း ပါတော်မူပြီးနောက် 1887 ခုနှစ် ဖေဖော်ဝါရီလ 4 ရက်နေ့ထုတ်
ရန်ကုန်ဂေဇက်သတင်းစာတွင် ဘု၇ားပေါ်မှ ဆင်းတုတော် ..စသည့် အဖိုးတန် ပစ္စည်းများ
ခိုးယူခံရခြင်းများ
ဆက်လက်ဖြစ်ပွါးနေခဲ့ကြောင့်တွေ့ရသည်။
ဘုရင်စကော့
ဝက်ဝံရေ ဦးထုပ်ဆောင်း တပ်ရင်း 21 မှ တပ်သားပေါ့တ်နျင့် လော့ကလင်တို့သည် 1886 ခုနှစ်
ဒီဇင်ဘာ 11 ရက်နေ့ ညသန်းခေါင်အချိန်တွင်
ဘုရားပေါ်မှ ဆင်းတုတော် တစ်ဆူကို
တိတ်တဆိတ် ခိုးယူထွက်ပြေးကြသည်။ ဘု၇ားစောင့်က ထပ်ချပ်လိုက်၇ာ ပေါ့တ်ဆိုသူက
ထွက်ပြေးသွားသော်လည်း
လော့ကလင်က ဘု၇ားစောင့်၏ လက်ထဲမှ သံတုတ်ကို လုယူပြိး
ပြန်လည် ရိုက်နှက်ခဲ့သည်။ ယင်းဒဏ်၇ာဖြင့် ဘုရားစောင့် သေဆုံးခဲ့၇သည်
။
အင်္ဂလိပ်စစ်သားနှစ်ဦးအား..တ၇ားရုံးမှ မည်သို့ ဆုံးဖြတ်
င်္စရင်ခဲ့သည်ကိုတော့ အမှတ်အသားကိုကား မတွေ့ရပေ ။
၁၆။။
ကျွန်တော်သည်
ရွှေတိဂုံစေတီတော်မြတ်ကြီ၏ တန်ဆောင်းတစ်ခုအတွင်း ထိုင်နေရင်း
နယ်ချဲ့အစိုးရလက်ထပ်တွင် ပျက်စီးပျောက်ကွယ်သွားခဲ့ရသော မြန်မာ့
ရှေးဟောင်းယဉ်ကျေးမှု.
အနုပညာလက်ရာပစ္စည်းများမည်မျှ၇ှိခဲ့ပါမည်နည်းဟု..တွေူးနေမိသည်။
နှမြောတသမှုဖြင့်လည်း
ပြင်းထန်စွား စ်တ်လှုပ်ရှားမိခဲ့သည် ။
ကျွန်တော်တို့ သည်
ရှေးဟောင်းယဉ်ကျေးမှုဟူသမျှကို မြတ်နိုးတွယ်တာတတ်သူများ ဖြစ်ကြပါသည်။
ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်အားထက်သန်ကြပါသည်။
မြန်မာ့ရှေးဟောင်း
ယဉ်ကျေးမှု စေတီပုထိုးများမှ ရှေးဟောင်း ပစ္စည်းများ ရှေးဟောင်း လက်၇ာများကို
မသိနားမလည်သူများ လူ မသမာများ ပြည်ပမှ
စိတ်ကောင်းစေတနာကောင်းမရှိသူများ၏လက်ချက်ကြောင့်
ဆုံးပါးပျက်စီး.ပျောက်ကွယ်သွားရသည်ကို လုံးဝ
မလိုလားကြပါ။
နိုင်ံငံခြား ပြတိုက်ကြီးများ ၊ ၀ါသနာအလျောက်
စုဆောင်းသူများထံသို့  တ၇ားမ၀င်သော နည်းဖြင့်ေ၇ာက်ရှိသွားခြင်းမျိုးအတွက် လုံးဝ
မရှုဆိတ်နိုင်ကြပါ။
၁၇။။
မြန်မာပြည်တွင် နောက်ဆုံး အုပ်ချုပ်သွားသော
အင်္ဂလိပ်ဘု၇င်ခံ ဆာ – ဟူဘက် – ရန်စ့်  ..က ရွှေတိဂုံစေတီတော်င်္ကြီး၏
ဧည့်သည်တော်မှတ်တမ်းတွင်
” စေတီတော်ကြီး၏ တင့်တယ် သပ္ပယ်မှုနှင့် တည်ငြိမ်စွာ
တောက်ပမှုသည် မျက်စိပသာဒကို ကြည်နူးစေပါသည် ။ ထို ငြိမ်းချမ်းမှု လက္ခဏာသည်
အချိန်ကာလ ရှည်လျားသ၍တည်ြုမဲပါစေ..ဟု
ကျွန်ပ် ဆန္ဒပြုမိပါသည် ” ဟူ၍ အမှတ်တရ
ရေးခဲ့ပါသည်။
သူ့ ထက် ကျွန်တော်တို့ က ပိုပါ လိမ့်မည်။
၁၈
။။
ရွှေတိဂုံစေတီတော်င်္ကြီးအား ” မိမ်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်
ပစ္စည်းများ ၊ လက်ရာများ .ပြည့်ပြည့်စုံစုံဖြင့် ” အချိန်ကာလ ရှည်လျားသ၍
တည်မြဲစေလိုပေမည် ။
ထိုငြိမ်းချမ်းမှု လက္ခဏာကြီး…ထာဝရတည်မြဲပါစေ ဟု
ဆန္ဒပြုမိကြပါလိမ့်မည်။
ဝန်ခံချက်။ ။။ စာရေးဆ၇ာ မောင်ကြည်သန့်၏
မြန်မာ့မြိဲု့ရွာဒေသ ဝေါဟာရ ( ၂၀၀ )မှ
ထုတ်နှုတ်တင်ပြပါသည်။
အနှစ်နှစ်ရာကျော် အတိတ်သမိုင်းထဲက မြို့တော်ရန်ကုန်
ဤတွင် ပြီး၏ ။
ချစ်ခြင်းမေတ္တာဖြင့်
မိုးမင်းသား
Facebook:
ဝေဟင်ချစ်သူ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။