12 December 2012 |By Popular News
သြစတြေးလျကို ဖျော်ဖြေရေး အဖြစ် အောက်တိုဘာ ၂၉ရက်နေ့က သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၃ဝရက် နေ့မှာ ပြန်ရောက် ခဲ့တဲ့ ခင်လှိုင် က ဖျော်ဖြေပွဲမှာ ပရိသတ်တွေရဲ့ အား ပေးမှုတွေရခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ် တယ်လို့လည်း ပြောပြပါတယ်။
ဖျော် ဖြေပွဲအတွေ့အကြုံနဲ့ပတ်သက်ပြီး ခင်လှိုင်က “နိုင်ငံခြားဖျော်ဖြေရေးက ပါ့သ်မှာ ၃ ရက်နေ့ပွဲ စတယ်။ လူများ တယ်ဆိုတာ ၃၅ဝ နဲ့ ၄ဝဝ လောက် လာကြတယ်။ ဖျော်ဖြေပွဲက ၄ မြို့ ဖျော်ဖြေ တယ်။ မဲလ်ဘုန်းမြို့မှာ ဖျော်ဖြေပွဲမလုပ်ခင် အဲဒီမှာရှိတဲ့ ရေဒီ ယို မြန်မာ ချန်နယ်တစ်ခုကနေ ကျွန်တော်နဲ့ဒိန်းဒေါင်ကို အင်တာဗျူး လုပ်တော့ တော်တော်များများ သိကြတယ်။ စိတ်ဝင်စားပြီး လာကြည့်ကြ တယ်။
သူတို့က ဒီကို ဘယ်နှကြိမ် မြောက် ရောက်တာလဲ၊ ဘာပွဲအတွက်လဲ၊ ရရှိလာတဲ့ငွေကြေးတွေကို ဘယ်မှာ အသုံးချမလဲလို့မေးတယ်။ ဒီကို ဒုတိယ အကြိမ်ရောက်တာ၊ ဖျော်ဖြေပွဲကရတဲ့ ငွေတွေက အလှူလုပ်မှာ လို့ ပြောပြ တယ်။ မြန်မာပရိသတ်တွေရော၊ နိုင်ငံခြားသားတွေပါ လာကြည့်ကြတယ်။
သူတို့က နားမလည်ပေမယ့် ဘာသာပြန်က ပြောပြတော့ ရယ်စရာ ဆို ရင် မြန်မာတွေက အရင်ရယ်ပြီးမှ နိုင်ငံခြားသားတွေကရယ်နဲ့ နှစ်ခါရယ်ဖြစ် သွားတာပေါ့” လို့ ပြောပြပါတယ်။
ဖျော်ဖြေပွဲက ရရှိတဲ့ငွေကြေး တွေ ကို မြန်မာနိုင်ငံက လိုအပ်တဲ့ နေရာတွေကို လှူဒါန်းမယ့် အစီအစဉ်ကို လည်း ပြောပြတဲ့ ခင်လှိုင်က..” ပွဲကရရှိတဲ့ ငွေကြေးတွေရော၊ ပွဲကြည့်တဲ့ လက်မှတ်ဖိုးတွေ၊ ပရိသတ်တွေဆီကို အလှူငွေ ဆင်းခံတဲ့ ပိုက် ဆံ တွေရော မြန်မာနိုင်ငံက မိဘမဲ့ကလေးတွေကို လှူဖို့လုပ်ထားတယ်။
အရင်တစ်ခါကလည်း ပွဲစီစဉ်တဲ့သူတွေက လာလှူတယ်။ တောမှာရှိတဲ့ မိဘမဲ့ ကလေးတွေကိုလည်း သွားလှူတယ်။ ဒီတစ်ခေါက်ကတော့ ၃လ ပိုင်းလောက် လာပြီးလှူမယ်။ သိန်းတစ်ရာ ဝန်းကျင်လောက်တော့ လှူဖြစ် မယ်။ ဒီလိုအလှူရှင်တွေရှိမှ မိဘမဲ့ကလေးကျောင်းကို ဦးဆောင်တဲ့ သူတွေလည်း ရပ်တည်နိုင်ပြီး သူ တို့ကိုစောင့်ရှောက် နိုင်မှာလေ” လို့ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။