12 December 2012 |By Venus News Journal
တောင်ကိုရီးယား ရက်ပ်ပါ Psy ရဲ့ အနုပညာလှိုင်းကတော့ အာရှ မြေကို ရိုက်ခတ်ရုံတင် မကတော့ပါဘူး။ ဟိုး အမေရိကား မြေနဲ့ ဥရောပ ဒေသတွေဆီ အထိ ကျယ်ပြန့်လွှမ်းမိုးနေတာက ဂီတဝေဖန်ရေး ဆရာတွေ အတွက် တကယ့်ကို မယုံကြည်နိုင်စရာလို့ ဆိုရဦးမှာပါပဲ။
Gangnam Style အကဟာ You Tube ပရိသတ်ပေါင်း သန်း ၈၀ဝ ကျော်ကို ဖမ်း စားနိုင်ခဲ့တာမို့ အရင် You Tube King လို့ သတ်မှတ်ခံထားရသူ ဂျပ်စတင် ဘီဘာတောင် ဒုတိယနေရာကို ဆင်းပေးလိုက်ရတာဟာလည်း အခုရက် သတ္တပတ်ရဲ့တော့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။
အခုတစ်ခါ Psy ဟာ ကမ္ဘာ ကျော် ဇာတ်ကောင်ဂျိမ်းစ်ဘွန်းစတိုင်ကို အန်တုယူကာ Oppan 007 Style တွင်နေတာကိုလည်း ဘွန်း ပရိသတ်တွေက သဘောတွေ့နေကြပါတယ်။ လူသတ်လိုင်စင်ရ ဗြိတိန်လျှို့ဝှက် အေးဂျင့်ဘွန်းအသွင် ဝတ်ဆင်လာပြီး ကင်မရာကို သေနတ်နဲ့ ပစ်လိုက်ရမယ့် အစား နောက်ဘက်လှည့်ပြီး Gangnam Style အက ကနေတဲ့ Oppan 007 ဟာ အခုလကုန် ကျရင် ဘန်ကောက်မှာ ယိုးဒယားဘုရင် ဘူမီဘောရဲ့ သက်တော် ၈၅ နှစ် ပြည့်မွေး နေ့ပွဲကို တက်ရောက်ဦးမှာဖြစ်ပါကြောင်း တင်ပြရင်း။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။