12 December 2012 |By SHADE Journal
ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောကဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။ ပြင်ပတွင်အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့သဖြင့် ကိုယ်တွင်းအောင်းသော အပူဓာတ်မှာ အခြားရာသီဥတုများထက် ပိုလွန်းနေပေ သည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့်ညဥ့်နက်ပိုင်း တို့တွင်ပါးစပ်ဟလိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။
ဆောင်းတွင်အေးသဖြင့်လူအများမှာရေနွေကြမ်းကို ပိုမိုသောက်လေ့ရှိကြသည်။ နံနက်အိပ်ရာထချိန်မှ စပြီး တစ်နေကုန် ရေနွေး ကြမ်းကိုသာ တစ်အိုးပြီး တစ်အိုးသောက်လေ့ ရှိကြသည်။ ထိုသို့ရေနွေကြမ်း (အဖန်ရည်)သောက်သူ များမှာ ဝမ်းချုပ်ပြီးနောက်ဆက်တွဲ လိပ်ခေါင်းရောဂါရတတ်ပေသည်။ လက်ဖက်ခြောက်အဖန်ရည်၏သတ္တိလူကိုပိန်စေသည်။
အဆီကိုကျစေသည်။သို့သော်အသောက်များ လျှင်ဝမ်းချုပ်တတ်သည်။ လက်ဖက်ခြောက်များတွင် ဆိုးဆေးများပါလျှင် အစာအိမ်နှင့်အူလမ်းကြောင်းကိုအဆိပ်အတောက်ဖြစ်စေနိုင် သည်ကိုသတိပြုသင့်သည်။
ဆောင်းဥတုတွင်အပြင်အေး ၊အတွင်းပူဖြစ်သဖြင့်အပူအစပ်နှင့် ဝမ်းချုပ်စေသော မာသောအစာ ကောက်ညှင်း၊ ဆန်စေးများ ကိုလည်း ရှောင်ကြဉ်သင့်သည်။ရေအေးကိုများများသောက်သင့်သည်။ညအိပ်ရာဝင်ချိန်တွင်ရေတစ်ဖန်ခွက်နံနက်အိပ်ရာထချိန်တွင်ရေတစ်ဖန်ခွက် မှန်မှန်သောက်သင့်သည်။
ဝမ်းချုပ်သောဓာတ်အခံရှိလျှင် ထိုထက်ပို၍ရေနှစ်ဖန်ခွက်(လီတာ)သို့မဟုတ်သောက်ရေသန့်ဘူးသေး တစ်ဘူး စာသောက်ခြင်းဖြင့် ဝမ်းမှန်ပြီး ကျန်းမာရေးကောင်းစေနိုင်သည်။ ဆောင်းတွင်း ကာလ၌ ချဉ် သော အရသာများများစားပေးခြင်းဖြင့် ဝမ်းမှန်ပြီးပေါ့ပါးသွက်လက်စေနိုင်သည်။
အထူးသဖြင့် ဆောင်းရာသီတွင် လူ၏ အရေပြား တွင်ဖြစ်လေ့ရှိသော အသားပတ်ခြင်း နှင့် ကြာဆူးထွက်ခြင်းများ ကို ကာကွယ်နိုင်သည်။ ရှေးက တိုင်းရင်းမြန်မာဆေး ဆရာကြီးများသည် ဓာတ်စာပေးရာ တွင် “နွေ-ချို၊” “မေိုး-ခါး”၊ “ဆောင်း-ချဉ်” ဟုပေးလေ့ရှိကြသည်။
ကျန်းမာ ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ် ဖြစ်စေရန်ဥတုအလိုက်ပေးသောဓာတ် စာစားနည်းဖြစ်သည်။အချဉ်သည် အတွင်းပထဝီဝင်ကိုဖျက်သဖြင့်ဝမ်းချုပ်ခြင်းကိုပယ်ဖျက်စေနိုင်သည်။ရှောက်သီးဖျော်ရည် မန်ကျည်းမှည့်ဖျော်ရည်များဖျော်ပေးလျှင် ဝမ်းမှန်ကျန်းမာစေသည်။
ဟင်းချက်လျှင် အသားဟင်းများတွင် သရက်သီးခြောက်၊ မရမ်းသီးခြောက် ထည့်ချက်သင့်သည်။ ဟင်းအရည် သောက်များတွင် ချဉ်စော်ကားသီး ထည့်ချက်လျှင် ခံတွင်းမြိန်စေသည်။ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက် ဟင်းချိုများသောက်ပေးလျှင် ဆောင်းဥတုနှင့် သင့်သော ဓာတ်စာဖြစ်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။