•♥•°*”˜¯`´¯•♥•°*”˜¯`´¯•♥•°*”˜¯
ထုသားပေသားကြနေတဲ့စိတ်တွေ
လေပြေတချက်ရိုက်ခတ်လိုက်တာနဲ့ 
လွင့်ချင်ရာလွင့်မျောချင်ရာမျော လို့ ။
...
အတန်တန်ချုပ်တည်းခဲ့ပါလျှက်နဲ့ 
ပန်းရနံ့ ပေါင်းစုံသယ်ဆောင်လာတဲ့
လေပြေကြားမှာမိန်းမောလို့ တွေဝေနေခဲ့ပြီ ။
လက်ရှိအခြေအနေမှာ.....ငါဟာ
ကမ္ဘာမြေပြင်ဆွဲအားနဲ့ ကင်းလွတ်လို့ 
ငါ့ကိုလေ...........
ညဆိုရင်ကြယ်ဖြူတွေကလှောင်ရီကြတယ်
နေ့ ဆိုရင် အလင်းစက်တို့ ကဟားတိုက်ရီမောကြတယ်
နေ့ နဲ့ ည တလှည့်စီဖြစ်နေတဲ့သဘာဝတရားကြီးကို
ငါဟာမဆီမဆိုင် အပြစ်ဖွဲ့ ချင်နေခဲ့တယ် ။
တခါလောက်လွတ်မြောက်ခွင့်ပေးပါ
လွတ်ထွက်သွားတဲ့စိတ်ရိုင်းတွေဖမ်းဆုပ်လို့ မမိသေးခင်
နင့်ရဲ့ တုံ့ ပြန်မှုတွေကို
တေစ ၦတေကာင္ရဲ ့
ဆာလောင်ခြင်းမျိုးနဲ့ တောင့်တတာ
ငါ့အတွက်သိပ်မဆန်းကျယ်ခဲ့ပါဘူး
ဘယ်တုန်းကမှတွေးထင်မထားခဲ့ဖူးတဲ့ စိတ်ကူးနဲ့ 
ဖန်ဆင်းယူလို့ မရခဲ့တဲ့ရင်ခုန်သံကို
ငါအသေအချာပဲပိုင်ဆိုင်ခဲ့တယ် ။
မုန်တိုင်းတွေမသဲခင်
ငါဟာလေပြေနဲ့ ပတ်သက်ခွင့်ရှိမယ်ထင်ပါရဲ့ 
လှိုင်းကြမ်းတွေမထန်ခင်
ငါဟာလေပြေနဲ့ ပတ်သက်ခွင့်ရှိမယ်ထင်ပါရဲ့ 
ဒီတဆောင်းမသစ်ခင်
လေပြေဟာ.....ဘယ်ဆီမှာလဲလို့ 
သူရူးတယောက်ပမာလိုက်ရှာမိနေစဲ ။ ။
-----(¯`:´¯)-.
_(¯` .·´`·.´¯)
_(_. ·.¸¸.· ._)
__ ·-(_.:._)-·
မိုးသူ(တောင်ကြီး)
08 Nov 2012/Thursday
10:32/AM
ထုသားပေသားကြနေတဲ့စိတ်တွေ
လေပြေတချက်ရိုက်ခတ်လိုက်တာနဲ့ 
လွင့်ချင်ရာလွင့်မျောချင်ရာမျော
...
အတန်တန်ချုပ်တည်းခဲ့ပါလျှက်နဲ့ 
ပန်းရနံ့ ပေါင်းစုံသယ်ဆောင်လာတဲ့
လေပြေကြားမှာမိန်းမောလို့ တွေဝေနေခဲ့ပြီ ။
လက်ရှိအခြေအနေမှာ.....ငါဟာ
ကမ္ဘာမြေပြင်ဆွဲအားနဲ့ ကင်းလွတ်လို့ 
ငါ့ကိုလေ...........
ညဆိုရင်ကြယ်ဖြူတွေကလှောင်ရီကြတယ
နေ့ ဆိုရင် အလင်းစက်တို့ ကဟားတိုက်ရီမောကြတယ်
နေ့ နဲ့ ည တလှည့်စီဖြစ်နေတဲ့သဘာဝတရားကြီးက
ငါဟာမဆီမဆိုင် အပြစ်ဖွဲ့ ချင်နေခဲ့တယ် ။
တခါလောက်လွတ်မြောက်ခွင့်ပေးပါ
လွတ်ထွက်သွားတဲ့စိတ်ရိုင်းတွေဖမ
နင့်ရဲ့ တုံ့ ပြန်မှုတွေကို
တေစ ၦတေကာင္ရဲ ့
ဆာလောင်ခြင်းမျိုးနဲ့ တောင့်တတာ
ငါ့အတွက်သိပ်မဆန်းကျယ်ခဲ့ပါဘူး
ဘယ်တုန်းကမှတွေးထင်မထားခဲ့ဖူးတဲ
ဖန်ဆင်းယူလို့ မရခဲ့တဲ့ရင်ခုန်သံကို
ငါအသေအချာပဲပိုင်ဆိုင်ခဲ့တယ် ။
မုန်တိုင်းတွေမသဲခင်
ငါဟာလေပြေနဲ့ ပတ်သက်ခွင့်ရှိမယ်ထင်ပါရဲ့ 
လှိုင်းကြမ်းတွေမထန်ခင်
ငါဟာလေပြေနဲ့ ပတ်သက်ခွင့်ရှိမယ်ထင်ပါရဲ့ 
ဒီတဆောင်းမသစ်ခင်
လေပြေဟာ.....ဘယ်ဆီမှာလဲလို့ 
သူရူးတယောက်ပမာလိုက်ရှာမိနေစဲ ။ ။
-----(¯`:´¯)-.
_(¯` .·´`·.´¯)
_(_. ·.¸¸.· ._)
__ ·-(_.:._)-·
မိုးသူ(တောင်ကြီး)
08 Nov 2012/Thursday
10:32/AM
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။