By ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Saturday, December 8, 2012 at 6:01pm ·
All stratagems are fair in war.
ပရိယာယ်များအားလုံးကို စစ်ပွဲ၌ ကျင့်သုံးခြင်းသည်
တရာမျှတသည်။
At the working man's house; hunger looks in but dares not enter.
ဆာလောင်မွတ်သိပ်မှုသည် အလုပ်လုပ်နေသောသူ၏
အိမ်ထဲသို့ လှမ်းမျှော်၍ ကြည့်သော်လည်း အတွင်းသို့ မ၀င်ရဲချေ။
A grain of prevention is worth a ton of
remedy.
အနည်းငယ်မျှသော
ကြိုတင်ကာကွယ်မှုသည်အလေးချိန်တစ်တန်ရှိသည့် ကုသမှုထက် ပို၍ တ
In love and war no time should be lost.
အချစ်နှင့်စစ်ပွဲတို့၌ အချိန်ကို လုံးဝ
အကုန်မခံသင့်။
A man in the right, with God on his side, is in
the majority, though he be alone.
မှန်ကန်သည့် လူတစ်ယောက်သည် သူတစ်ဦးတည်းပင်
ဖြစ်လင့်ကစား ဘုရားသခင်သည် သူ့ဘက်က ရပ်တည်သဖြင့် ထိုသူသည် လူများစု
ဖြစ်နေသည်။
The surest way to make enemies is to hare too
many friends.
ရန်သူများရရှိရန်အတွက် ပြုလုပ်ရန် အသေချာဆုံးသော
နည်းလမ်းမှာ မိတ်ဆွေသူငယ်ချင်း များများရှိခြင်းပင်ဖြစ်သည်။
Victory does not stand in the number of
soldiers.
အောင်ပွဲသည် စစ်သည်တော်များ၏ အရေအတွက်ပေါ်
မူမတည်။
မလေးရှား စကားပုံများ
Better a feud with the clever than friendship with fool.
စဉ်းစားတွေးခေါ်ဥာဏ်မရှိသူနှင့် မိတ်ဆွေဖြစ်ရခြင်းထက် စဉ်းစားချင့်ချိန်နိုင်သူနှင့် ရန်သူဖြစ်ရခြင်းကပို၍ပင် ကောင်းသေးသည်။
The bird's strength is in its wings, the crab's in its claws and the strength of a ruler in his ministers.
ငှက်၏ခွန်အားသည် ၄င်း၏ တောင်ပံများ၌ ရှိသည်။ ကဏန်း၏ ခွန်းအားသည် ၄င်း၏လက်မများ၌ ရှိသည်။ အုပ်ချုပ်
သူဘုရင်၏ ခွန်အားသည် သူ၏ ၀န်ကြီးများ၌ ရှိသည်။
By the mouth the body is ruined.
ပါးစပ်ကြောင့် ခန္ဓာကိုယ်သည် ပျက်စီးရသည်။
He who ventures to threaten should be bold enough to fight.
ခြိမ်းခြောက်ရဲသောသူသည် တိုက်ခိုက်ရန် သတ္တိရှိရမည်။
If you don't have good weapons, it is better for you to submit.
အကယ်၍ သင့်တွင် လက်နက်ကောင်းများ မရှိလျှင် အညံ့ခံလိုက်ခြင်းက ပို၍ပင် ကောင်းသေးသည်။
If you kill, kill an elephant; if you rob, rob a treasury.
အကယ်၍ သင်သည် သတ်မည်ဆိုလျှင် ဆင်ကို သတ်ပါ။ အကယ်၍ သင်သည် လုယက်မည်ဆိုလျှင် ဘဏ္ဍာတိုက်ကို လုပါ။
A slip of the tongue may cause the loss of one's fortune, a slip of the foot may cause one to fall from a tree. စကားမှားခြင်းကြောင့် ကောင်းမွန်သည့်ကံကို ဆုံးရှုံးစေနိုင်သည်။ ခြေချော်ခြင်းကြောင့် သစ်ပင်ပေါ်မှ ပြုတ်ကျနိုင် သည်။
To trust one's child is blindess in one eye, to trust a stranger is blindness in both.
သားသမီးယုံတော့ မျက်စိတစ်လုံးကန်း၊ သူစိမ်းယုံတော့ မျက်စိစုံလုံးကန်း။
Wealth is a harlot, wisdom is faithful.
ဥစ္စာပစ္စည်းသည် ပြည့်တန်ဆာမတစ်ဦးကဲ့သို့ သစ္စာမရှိ။ ဥာဏ်ပညာသည်သာ သစ္စာရှိသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။