11 December 2012 |By Popular News
နေမင်းက ခင်လှိုင်၊ ဖြိုးငွေစိုး၊ အေးမြတ်သူ၊ လင်းဇာနည်ဇော် တို့နဲ့အတူ သြစတြေးလျကို တစ်လကြာ ဖျော်ဖြေရေး ခရီးသွားဖြစ်ခဲ့ပြီး အခု လို ဖျော်ဖြေရေးအနေနဲ့ ပြည်ပကို ခရီးသွားရတာ ပထမဦးဆုံး ဖြစ်တဲ့ အတွက် နေမင်းက “ဖျော်ဖြေရေး ပုံစံနဲ့ အလည်အပတ် သဘောလေး နဲ့ သွားဖြစ်ကြတယ်။
ကျွန်တော်ဟိုမှာ ဖျော်ဖြေရေးအနေနဲ့ အဓိကက သီချင်းဆိုဖြစ်တယ်။ နောက်ပြီး ဟာသပြဇာတ် ကဖြစ်တယ်။ ဒီမှာ ပြဇာတ် တိုက်တာက ရက်တအားနည်းတဲ့ အတွက်ကြောင့် ဟိုရောက် မှပဲ ပြဇာတ်ကို အသေအချာလေး ပြန်တိုက်ဖြစ်တယ်။ ဟိုမှာရှိတဲ့ ပရိသတ် တွေကလည်း တအား အားပေးကြတဲ့အတွက် တအား ဝမ်းသာ ကျေနပ်မိတယ်” လို့ ပြောပါ တယ်။ နေမင်းက အခုလို သြစတြေးလျ ဖျော်ဖြေရေးခရီးမှာ ဆံပင် ပုံစံပြောင်းလိုက်တဲ့ အကြောင်းကို “ကျွန်တ်ာအဲဒီမှာ ဆံပင်ကို သွားလုပ် လိုက်တဲ့အခါမှာ ကျွန်တော် မဟုတ်တော့ပဲ ကပ္ပလီကောင်လေးနဲ့ တူသွား တယ်။ ကျွန်တော် ဒီမှာလုပ် တဲ့ ဆံပင် wave နဲ့ ဟိုရောက်တော့လုပ်လိုက် တဲ့ဆံပင် wave က မတူတဲ့ အခါကျတော့ ကျွန်တော့်ဆံပင်က ကပ္ပလီ ဆံပင်လို ကောက်ကောက်လေးတွေ ဖြစ်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြည့်ရတာ ယုံကြည်မှု မရှိတာထက် ကိုပိုဆိုးပြီး နေမင်း မဟုတ်တော့သလို ခံစားရတယ်။ ဖျော်ဖြေရေးပွဲ တွေမှာ ကျွန်တော့်နဖူးစည်းပြီး သီချင်းဆိုခဲ့ရတာက သြစတြေးလျကို သွားတဲ့ တစ်ခုတည်းသော အမှတ်တရဖြစ်ခဲ့ရတယ်” လို့ နေမင်းက ပြောပါတယ်။ အခုလိုရန်ကုန်မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီး နေမင်းက “ကျွန်တော်က တော်တော်လေး ဝမ်းနည်းတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဘယ်လောက်ပဲပင်ပန်း၊ ပင်ပန်း ခရီးသွားရတာကို ပျော်တယ်။ အကယ်ဒမီပေးပွဲက နောက်ထပ် နှစ်တစ်နှစ်ကို ဖြတ်သန်းမယ့် ခရီးသွားမှုတစ်ခုလို့ ကျွန်တော်က အမြဲခံယူထားတာ။ အခုက ရန်ကုန်မှာပြုလုပ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ စည်းစည်း လုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ သူငယ်ချင်းတွေ မသွားရတော့ ဘူးဆိုတော့ မပျော် ရတော့ဘူးလေ။ ကိုယ့်ကလည်း ပျော်ချင်တဲ့အတွေးနဲ့ ဆိုတော့ အခုလို ရန်ကုန်မှာ ပြုလုပ်ရင် စိတ်ကို ဘယ်လိုပြန်သွင်းရမလဲဆိုတာ စဉ်းစား ဆဲဖြစ်နေတယ်။ ဒီနှစ် အကယ်ဒမီပွဲတက် ဝတ်စုံကိုလည်း ကျွန်တော် မနှစ်ကဝတ်ဖြစ်တဲ့ ပင်နီအင်္ကျီ ပုံစံမျိုးပဲ ဝတ်ဖြစ်ဖို့များပါတယ်”လို့ ပြောပါ တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။