Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 8, 2012

ရုပ်လှချင်ရင် ။ (ရဝေနွယ် - အင်းမ)

KhingKhing Su shared အနှိုင်းမဲ့ စာတိုပေစများ's photo.

ရိပ်သာမှာ တံမြက်စည်း လှည်းနေရင်း အတွေးတစ်ခု ကြောင့် ဘာသာ ပြုံးလိုက်မိပါတယ်။ မိမိရဲ့ အပြုံးကို အနားက ဖြတ်သွားတဲ့ သူငယ်ချင်းက ...
မြင်ဖြစ်အောင် မြင်သွားတော့ “ဘာပြုံးတာလဲ” တဲ့။ မိမိကလည်း “ဘာမှ မဟုတ်ပါဘူးလို.” ပြုံးပြီး ပြန်ပြော လိုက်ရပါတယ်။ ဒီတော့ သူငယ်ချင်း ဖြစ်သူက “စာရေးဆရာရယ်လို့ မပြောရဘူး၊ တော်တော် စိတ်ကူးယဉ်” လို.ပြောပြီး ရှေ.ဆက်လျှောက် သွားပါတယ်။ တကယ်တော့ မိမိ ပြုံးရခြင်း ရဲ့ အကြောင်းမှာ အဖြေက သီးသန်. ရှိပြီးသားပါ။ သူငယ်ချင်းကို ပြောမပြ ဖြစ်ခဲ့ ပေမဲ့ ချစ်တဲ့ စာဖတ် ပရိသတ်ကိုတော့ တကူးတက ကိုပြောပြ ချင်ပါတယ်။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ရုပ်အလွန် လှတဲ့သူ နှစ်ဦး ရှိခဲ့ ဖူးပါတယ်။ တစ်ဦးက အရှင်ဘယ လို.အမည်ရတဲ့ ရဟန်းငယ် ဖြစ်ပြီး တစ်ဦးကတော့ အမတ်ကြီးရဲ့ သားပါ။ သူတို.နှစ်ဦး ဘယ်လောက်ထိ ရုပ်လှကြလဲ ဆိုရင် တစ်ခြားတစ်ခြား ပုဂ္ဂိုလ်တွေ ကုသိုလ် ကောင်းမူ. ပြုပြီး ဆုတောင်း ကြရင်တောင် ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားလို ရုပ်လှရပါလို၏ လို. ဆုတောင်းကြတဲ့ အထိပါပဲ။

ဒီနေရာမှာ ပုထုဇဉ်တို. ပီပီ ရဟန်းငယ်နဲ့ အကျွမ်းဝင်တဲ့ သူတွေရှိသလို အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင်တဲ့ သူတွေလည်း ရှိကြပါတယ်။ ပုဂ္ဂိုလ်မင်တော့ တရားခင် ဆိုတဲ့ အတိုင်း ရဟန်းငယ်နဲ့ ကျွမ်းဝင်သူတွေက ရဟန်းငယ်ရဲ့ ရုပ်လှမူ.ကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို. ရဟန်းငယ်သာ အလှဆုံးလို့ မှတ်ယူထား ကြပါတယ်။ ဟိုဘက်က အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင် သူတွေကလည်း အမတ်ကြီးသားရဲ့ ရုပ်လှမူ.ကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို. အမတ်ကြီးရဲ့သားသာ အလှဆုံးလို. မှတ်ယူထားကြ ပါတယ်။

ဒီလိုနဲ့တစ်နေ. ကိစ္စတစ်ခုနဲ့ နှစ်ဘက် ဆုံဖြစ်ကြပါတယ်။ စကား စပ်မိစပ်ရာ ပြောကြရင်း စကားလမ်းကြောင်းက ဘယ်ကို ဦးတည် သွား ကြသလဲ ဆိုတော့ ရဟန်းငယ်နဲ့ ကျွမ်းဝင်သူ တွေက သီဟိုဠ်ကျွန်းမှာ ရဟန်းငယ်သာ အလှဆုံးလို. ပြောလိုက် မိပါသတဲ့။ ဒီတော့ ဟိုဘက်က အမတ်ကြီးရဲ့ သားနဲ့ အကျွမ်းဝင် သူတွေကလည်း သီဟိုဠ်ကျွန်းမှာ သူတို. အမတ်ကြီးရဲ့သားသာ အလှဆုံးလို. ပြန်ပြော လိုက်ပါသတဲ့။

နောက်ဆုံးတော့ စကားက ဒီမှာတင် ရပ်မသွားတော့ဘဲ ရဟန်းငယ်က ပိုလှတယ်။ အမတ်ကြီးသားက ပိုလှတယ်ဆိုပြီး နှစ်ဘက် အငြင်း အခုံ ဖြစ်ကြပါရောတဲ့။ ဒီနေရာမှာတင် အမတ်ကြီးရဲ့ သား အဖွဲ.ထဲက တစ်ယာက်က “ သတ္တိရှိရင် သင်တို. ရဟန်းငယ်နဲ့ ငါတို. အမတ်ကြီးရဲ့သား ဘယ်သူ ပိုလှတယ် ဆိုတာ အလှပြိုင်ကြမလား” လို. ထ စိန်ခေါ် လိုက်ပါသတဲ့။ ရဟန်းငယ်ရဲ့ အဖွဲ့ ကလည်း ဘယ် အ ညံ့ ခံမလဲ “စိန်လိုက်လေ” ဆိုပြီး ပြန် စိမ်ခေါ် လိုက်ပါသတဲ့။ ပြိုင်ပွဲ နေရာကိုတော့ သူတို. သီဟိုဠ်ကျွန်းရဲ့ အထင်ကရ တစ်နေရာ ဖြစ်တဲ့ မဟာစေတီ ကို သတ်မှတ် လိုက်ကြပါတယ်။ မိမိတို. ရန်ကုန်မှာ ရှိတဲ့ ရွှေတံဂုံ စေတီလို နေရာမျိုး မှာပေါ့။ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သား ရုပ်အလှ ပြိုင်ကြမယ် ဆိုတဲ့ သီတင်းဟာ သီဟိုဠ် တစ်ကျွန်းလုံး ပြန်.သွားပါတယ်။ ဒီအလှ ပြိုင်ပွဲမှာ သက်ဆိုင်ရာ လူကြီးတွေ မသိအောင် လောင်းကြေးထပ်တဲ့ ၀ါသနာ အိုးတွေလဲ ပါချင်ပါမှာပါ။

ရဟန်းငယ်နဲ့ အမတ်ကြီးသားတို. အလှပြိုင်ပွဲမှာ အမတ်ကြီးသားဘက်က သူတွေက သူတို. လူကို အကောင်းဆုံး အ၀တ်အစား တွေ ၀တ်ပေးပြီး ပြိုင်စေခဲ့ သလို အလှပြိုင်ပွဲ သတင်း ကြားထားတဲ့ ရဟန်းငယ်ရဲ့ မယ်တော် ကြီးကလည်း သူ.သား ရဟန်းငယ်ဆီ အကောင်းဆုံး သင်္က်းကို သွားကပ်ပြီး “သားတော် မနက်ဖြန် ဦးခေါင်းကို ပြောင်အောင် ရိပ်ပြီးတော့ ဒီသင်္ကန်း ၀တ်ပြီး ပြိုင်ပါ” လို. ပြော ပါသတဲ.။
ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သား တို. အလှ ပြိုင်ပွဲမှာ ဘယ်သူ နိုင်သွားတယ် ဆိုတာ မပြောခင် သူတို. ဘာကြောင့် ရုပ်လှခဲ့ ကြတယ် ဆိုတဲ့ အကြောင်းကို ကြားဖြတ် အနေနဲ့ အရင်ပြော ချင်ပါတယ်။

လွန်ခဲ့တဲ့ ဘ၀တစ်ခုမှာ ကျောင်းထိုင် မထေရ်ကြီး တစ်ပါးရယ်၊ ဝေယျာဝစ္စ လုပ်ပေးနေတဲ့ ကပ္ပိယကြီး တစ်ယောက်ရယ် ရှိခဲ့ ဖူးပါတယ်။ သူတို့ နှစ်ဦး နေ.စဉ် ပြုတဲ့ ကုသိုလ် တစ်ခုကတော့ ကျောင်းဝင်းထဲက စေတီတစ်ဆူမှာ မထေရ်ကြီးက တံမြက်လှည်းပြီး ကပ္ပိယကြီးက အမိုက် ကျုံးပစ်ပေးပါတယ်။ မထေရ်ကြီးက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ တံမြက်လှည်းခဲ့ သလို ကပ္ပိယကြီး ကလည်း မထေရ် ကြီးနည်းတူ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ စေတနာပါပါနဲ့ အမိုက်ကျုံး ပစ်ပေးခဲ့ပါတယ်။

အဲဒီကုသိုလ် ကြောင့်ပဲ သူတို. နှစ်ဦးထဲက တံမြက်လှည်းခဲ့တဲ့ မထေရ်က ရုပ်အလွန်လှတဲ့ ရဟန်းငယ်ဖြစ်ပြီး အမှိုက် ကျုံးပစ်ပေးခဲ့တဲ့ ကပ္ပိယကြီးက ရုပ်အလွန် လှတဲ့ (အမတ်ကြီး ရဲ့ သား) သူငယ် ဖြစ်လာခဲ့ ရတာပါတဲ့။

အတိတ်ဇတ်ကြောင်း သိသွားပြီဆိုတော့ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့ သားတို့ အလှပြိုင်ပွဲမှာ ဘယ်သူ နိုင်သွားတယ် ဆိုတာ ချစ်တဲ့ စာဖတ် ပရိသတ်တွေ ခန်.မှန်း လို.ရသွားရောပေါ့။
စာဖတ်သူ ဖြေကြည့်ပေး ပါဦး ဘယ်သူ အနိုင်ရသွားတယ် ဆိုတာ ။
“………………………………………………………………..”
ဟုတ်ပါတယ်။

အတိတ်ဘ၀က တံမြက်လှည်း တဲ့သူ ရဟန်းငယ်က အနိုင် ရသွားပါတယ်။ ဒီဝတ္တုလေး နဲ့ အတူ ချစ်တဲ့ စာဖတ်သူတွေ အတွက် ဓမ္မလက်ဆောင် လေးလည်း ပူးတွဲ ထည့်ပေး လိုက်ပါရစေဦး ။ ရှေးဆရာတွေ စီကုံးထားတဲ့ တံမြက်လှည်း ရကျိုး လင်္ကာလေးပါ၊ ကျက်ထားလိုက်ပါဦး။

သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊ တစ်လီနတ်ချစ်၊ ရောင်လှစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရနတ်ပြေ၊ ဤငါးထွေသည်၊ မှတ်လေ တမြက်လှည်း ခြင်း အကျိုးတည်း။
********************************************************

တံမြက်လှည်းပြီးလို. ပုံထားခဲ့တဲ့ အမှိုက်တွေကို ကျုံးပစ်ရင်း “ရဟန်းငယ်က တံမြက်လှည်းခဲ့လို. ရုပ်လှတာတဲ့.၊ အမတ်ကြီးရဲ့ သားက အမှိုက်ကျုံးပစ် ပေးခဲ့လို. ရုပ်လှတာတဲ့၊ အင်း….. ငါက နှစ်မျိုးလုံး လုပ်တာဆိုတော့ တန်ပြန် သက်ရောက်မူ. သဘောအရ ဆိုရင် ငါက နှစ်ထပ်ကွမ်း အလှပေါ့ ” ဆိုတဲ့ အတွေးနဲ့ အတူ ဒုတိယ အကြိမ် ထပ်ပြုံး ဖြစ်လိုက် ပါသေးတယ်။ ဒုတိယ အပြုံးရဲ့ မရှေးမနှောင်းမှာဘဲ တတိယ အပြုံးကို ဆက်ပြုံး ဖြစ်လိုက်ပြန်ပါတယ်။

အကြောင်းက …… နှစ်ဘက်လုံးရဲ့ အလှကို ပိုင်ဆိုင်ထားသူ ဖြစ်လေတော့ မိမိ တစ်ယောက် တည်းများ အလှပြိုင် ပွဲ ကျင်းပနေမိမှဖြင့် …..။

ကျမ်း ကိုး
၁။ ပရိဝါ အဋ္ဌ ကထာ - စာမျက်နှာ (၁၇၅)
၂။ သီဟိုဠ်ခတ်စံတော် ၀င် အရိယာ များ၊
စာမျက်နှာ - ၄၀၃၊ ၄၀ရ (ဓမ္မာစရိယ ဦးဌေးလှိုင်)
အလင်းတန်း ဂျာနယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။