တပ်မတော်၏ သဘောထားအမှန်
။ လှမျိုးထွန်း ။
နဝတစစ်အစိုးရတက်လာခါစအချိန် ကဖြစ်သည်။ နိုင်ငံတော်ပိုင်သတင်းစာနှင့်
ရုပ်မြင်သံကြားများတွင် "တပ်မတော်၏ သဘောထားအမှန်" ဟူသော အသုံးအနှုန်းကို
ရေလဲထပ်အောင် သုံးစွဲခဲ့ကြတာကို ကြုံခဲ့ဖူးသူများ မှတ်မိကြပါဦးမည်။
ဒုတိယကမ္ဘာစစ်အလွန်ကာလ အပြိုင်းအရိုင်းပေါ်ပေါက်လာသ ည့် ကွန်မြူနစ်နိုင်ငံများတွင်သုံးသော နည်းတစ်မျိုးဖြစ်သည့် ထပ်ကာထပ်ကာ လူသိအောင်ပြောခြင်းနည်းဖြင့်  ဦးနှောက်ထဲစွဲသွားအောင် လုပ်ခြင်းဖြစ်သည်။
ဘာလုပ်လုပ် "တပ်မတော်၏ သဘောထားအမှန်ကို သိမြင်သော" စာသားကို ရှေ့က ခံပြီးရေးသည်။ လက်နက်ချ အလင်းဝင်သည့်သူများ၊ ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွသူများအား ဖမ်းဆီးရာမှ ပြန်လွှတ်ပေးခြင်း သို့မဟုတ် ပရိသတ်ရှေ့ထွက်စေခြင်း စသည့် အခမ်းအနား တစ်ခုခု အကြောင်း သတင်းရေးသားသည့် အခါများတွင် တပ်မတော်၏ သဘောထားအမှန်ကို သိမြင်လာသည့် ဦးဘယ်သူ၊ မောင်ဘယ်ဝါ ကဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သော အခမ်းအနား တွင် ပြည်သူများအား ဝန်ချတောင်းပန် ခဲ့သည့်အကြောင်း အမြဲ တစေမြင်ရကြားရသည်။
“အာဏာသိမ်းစစ်အစိုးရ၏ စေတနာအမှန်ကိုနားလည်သဘောပေါ က်လာပါပြီ။
ထို့ကြောင့် ထိုသူအား ဂုဏ်ပြုကြိုဆိုပါသည်” စသည်ဖြင့် စိတ်ပျက်ငြီးငွေ့စရာ
ကောင်းလောက်အောင် အဆက်မပြတ် ဝါဒဖြန့်ချိခဲ့ခြင်းကြောင့်
အရပ်ထဲတွင် ဟာသလုပ်ပြောသော ဗန်းစကား အဖြစ် သုံးစွဲခဲ့ကြသည်။ စစ်အစိုးရကို
လက်နက်ကိုင်တိုက်မည်ဟု ဆုံးဖြတ်ကာ နယ်စပ်ဒေသရှိ သူပုန်များထံ
သွားရောက်ပူးပေါင်းခဲ့သော ကျောင်းသားများ လက်တွေ့တွင် အခက်အခဲပေါင်း
များစွာနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အခါ
ကိုယ့်အိမ်ကိုယ်ပြန်ဖို့ ကြိုးစားအားထုတ်ကြသည်။ ၎င်းတို့ကို အခွင့်အရေးယူကာ
တပ်မတော်၏ သဘောထား အမှန်ကို နားလည်သဘောပေါက်လာသည့် ကျောင်းသားများအား
မိဘရင်ခွင်သို့ ပြန်လည် အပ်နှံသော အခမ်းအနားပေါင်းများစွာ လုပ်ပြသည်။
ခြေလျင်လျှောက်ပြန်လာသော သူများကို လေယာဉ်ပျံပေါ် တင်ကာ ရန်ကုန်အထိ
ပို့ပေးသည်။ ရှေ့ဆုံးက တစ်ယောက်ကို အလံကိုင်ပြီးမှ လေယာဉ်ပေါ်မှဆင်းစေသည်။
ကလေးငယ်များအား ပန်းကုံးစွပ် ခိုင်းသေးသည်။ သတင်းစာနှင့် ရုပ်မြင်သံကြားကနေ
အဆက်မပြတ် ထုတ်လွှင့်ပြသည်။
နဝတအစိုးရလက်ထက်တွင် နောက်ထပ် တီထွင်လိုက်သော "လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်" ဆိုသော စကား လုံးဖြစ်သည်။ လက်နက်ချအလင်းဝင်သည်ဟု မဆလ အစိုးရခေတ် တစ်လျှောက်လုံး သုံးလာသည့် စကားလုံးနေရာတွင် အစားထိုး လိုက်ခြင်းဖြစ် သည်။ သို့သော် ဝါဒဖြန့်ချိရေး ကတော့ ကောင်းသည်။ သောင်းကျန်း သူတွေ နေ့စဉ် ရက်ဆက် ငြိမ်းချမ်းရေးအတွက် လက်နက်နှင့် လဲကုန်ကြပြီလို့တောင် ထင်မှတ်ရသည်။ ဒါတွေအားလုံး ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ယနေ့အထိ မပြီးနိုင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်
တိုက်ပွဲများက သက်သေပြနေကြသည်။ "လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်"
ဆိုသော အခမ်းအနားများတွင်လည်း တပ်မတော်၏ သဘောထားအမှန်ကို သိမြင်လာသည်ဟူသော
စကားလုံးကြီးကို ထည့်ထားတော့ အူလယ်လယ်ဖြစ်ရသည်။ တပ်မတော်၏ သဘောထားသည်
လက်နက်နှင့် လဲသော ငြိမ်းချမ်းရေးဖြစ်သည်ဟု အဓိပ္ပာယ်ပေါက်ကုန်သည်။
မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရသက်တမ်းတစ်လျှောက်
သုံးစွဲလာသည့် "တပ်မတော်၏ သဘောထားအမှန်" ဆိုသော စကားရပ်သည်
နောင်တရပါပြီဟူသော အသွင်ဖြင့်သာ အရပ်သားများက နားလည်သည်။ တကယ်တပ်မတော်၏
သဘောထားအမှန်ဟာ ဘာလဲဆိုတာ တစ်ခါမှ ရှင်းမပြဖူးပါ။ တပ်မတော်၏
အရပ်သားများအပေါ်ထားသော သဘောထား အမှန်ကို ဗိုလ်ချုပ်ကြီးတွေ
မိန့်ခွန်းချွေတိုင်း တစ်ခါမှ ထည့်ပြောတာ မကြားခဲ့ရ။ တပ်မတော်၏ သဘောထားကို
အတင်းအကျပ် လိုက်နာခိုင်းသော အချက်တစ်ခုကိုတော့ အမျိုးသားညီလာခံတွင်
ထင်ထင်ရှားရှားမြင်ခဲ့ရသည်။
တိုင်းပြည်အတွက် အလွန်အရေးကြီးသော အနာဂတ်ဖွဲ့စည်းပုံ အခြေခံ
ဥပဒေရေးဆွဲသည့် အမျိုးသားညီလာခံ ဆိုတာကြီးကို စစ်အစိုးရကိုယ်တိုင်
လက်ရွေးစင်လုပ်ရွေးထားသော ကိုယ်စားလှယ်အများစုနှင့် လုံခြုံစိတ်ချရသော
နေရာတွင် ရေးဆွဲခြင်းဖြစ်သော်လည်း စိတ်မချနိုင်ဘဲ ညီလာခံအား ကာကွယ်သည့်
ဥပဒေတွေဘာတွေ ထပ်ထုတ်ခဲ့သည်။ ၎င်းဥပဒေဖြင့်ပင် အမျိုးသား
ညီလာခံကိုယ်စားလှယ်အဖြစ်ကနေ အပြစ်ပေးခံရကာ အကျဉ်းသားဖြစ်သွား သူတွေမနည်း။
ဘာကြောင့် ဒီလိုထုတ်ရသည်အထိ ဖြစ်ရလဲဆိုတာ ပြန်လေ့လာသောအခါ အခြေခံ ဥပဒေရေးဆွဲရမည့် အခြေခံမူများကို စစ်အစိုးရက ချပေးရာ၌ တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်နေရာမှ ပါဝင်ရမည် ဟူသောအချက်ကို သွားတွေ့သည်။ တပ်မတော်သည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု
တစ်ဖက်က တွင်တွင်အော်နေသော် လည်း ဖွဲ့စည်းပုံဆွဲသည့်အခါ တပ်မတော်သည်
နိုင်ငံရေးတွင် ဦးဆောင်ရမည်ဟု အတင်းအကျပ်ခိုင်းစေခဲ့သည်။ ၎င်းအချက်ကြောင့်ပင်
ယနေ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ
တပ်မတော်၏ အခန်းကဏ္ဍများ ပေါ်ပေါက်လာရသည်။ အုပ်ချုပ်ရေးနှင့် ပါလီမန်
လွှတ်တော်တွင် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ ရခြင်းဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေ အသက်ဝင်လာသောခေတ်တွင် ကြံ့ခိုင်ရေးအစိုးရခေတ် ဖြစ် သွားသောကြောင့် အစိုးရပိုင်သတင်းစာများက ယခင်ကလို တပ်မတော်၏ သဘောထား အမှန်ဆိုသည့် အရေးအသားတွေ ပျောက်ကွယ်သွားသည်။ တပ်မတော် ၏ ခေါင်းဆောင် အသစ်နှင့် အတူအပြောင်းအလဲများ ဖြစ်ပေါ်လာမည် ဟု ပြည်သူတွေက မျှော်လင့်မိသည်။ တပ်မတော်၏ သဘောထားအစစ်အမှန်ကို သတင်းစာများက ရေးသည်ထက် တပ်မတော် ကိုယ်စားခေါင်းဆောင်သစ်တွေ ကိုယ်တိုင်ပြောတာတွေကို ကြားချင်နာချင်ကြသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် အတူ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပါတီဝင်အနည်းငယ် ကြံ့ခိုင်ရေးနှင့် တပ်မတော် ကိုယ်စားလှယ်များ လွှမ်းမိုးသော လွှတ်တော်အတွင်းသို့ ရောက် လာသောအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းပေါ်ကို ရောက်မှန်း မသိ ရောက်လာသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အာဏာရပါတီကြီး၏ ဗဟိုကော်မတီဝင် ဝန်ကြီးဟောင်းကိုယ်တိုင် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ ကန့်ကွက်သူ မရှိသောကြောင့် ပြင်ဆင်ရေးဥပဒေကြမ်း ရေးဆွဲရေးကော်မတီ ဖွဲ့စည်းကာ စုံစမ်းလေ့လာ စစ်တမ်း ကောက်ယူသည်ခဲ့ သည်။ ထိုအခါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာသည်။
လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ဖို့အတွက်
မဲခွဲသောအခါ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များ ကိုယ်တိုင် တင်သွင်းသော
ဥပဒေကြမ်းကို တပ်မတော်သား ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန်
ကန့်ကွက်ခဲ့တာကို မြင်ရသောအခါ အားလုံးက တအံ့တဩဖြစ်ရသည်။ သဘောထားကွဲမှုများ
ပေါ်ပေါက်လာသည့် အတွက် အခြေခံ ဥပဒေအတိုင်း မဲခွဲ ဆုံးဖြတ်ခဲ့သည်။
ထင်သည့်အတိုင်းပင် ၇၅ ရာခိုင်နှုန်းပြည့် မီအောင် ပြင်ဆင်ရေး ဥပဒေကြမ်းအတွက်
ထောက်ခံမဲမရခဲ့ပါ။ ဒီတော့လည်း တပ်မတော်၏ သဘောထားအတိုင်း
အခြေခံဥပဒေပြင်ဆင်ရေး အရေးနိမ့်သွားခဲ့သည်။ ထိုနေ့က မဲခွဲအပြီး ရလဒ်ကို
ကြေညာချိန်တွင် ထူးဆန်းသောလှုပ်ရှားမှုကို ပြည်သူတွေက သိလိုက်ရသည်။
မဲခွဲခြင်း၏ ရလဒ်နှင့် ပြင်ဆင်ရေးဥပဒေကြမ်းအား ပယ်ဖျက်ကြောင်း
ကြေညာချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်များအားလုံး မတ်တတ်ရပ်ကာ လက်ခုပ်
လက်ဝါးတီး အောင်ပွဲခံ ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်မတိုင်မီက မဲပေးခွင့်ရှိသူ သန်းပေါင်းများစွာသော အသက်ပြည့်ပြည်သူတွေ၏ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးခြင်း
ရလဒ်ကို လွှတ်တော်သို့ တင်ပြ ထားပြီးဖြစ်သည်။ ပြည်သူ့ သဘောထား အစစ်အမှန်ဟု
မှတ်ယူနိုင်အောင် ကိုယ်တိုင် ကိုယ်ကျ မှတ်ပုံတင်အမှတ်ဖြင့်
လက်မှတ်ထိုးထားခြင်း ဖြစ်သော်လည်း တပ်မတော်က ဆန့်ကျင်ကွဲလွဲစွာ
ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ဒါကို ခေတ်သစ်တပ်မတော်၏ သဘောထား အဖြစ်
မှတ်ယူရမည်သာဖြစ်သည်။
အထက်ပါဖြစ်ရပ်၏ နောက်ပိုင်းတွင် တပ်မတော်၏ သဘောထားကို ထင်ဟပ်စေသော လှုပ်ရှားမှုများကို မတွေ့ရတော့ဘဲ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသောအချိန်ကျမှ တစ်ဖန်ပြန်တွေ့ရသည်။ တပ်မတော် ထိပ်တန်းခေါင်းဆောင်များ အစုလိုက်အပြုံလိုက် အငြိမ်းစားယူကာ ရွေးကောက်ပွဲဝင်ဖို့ အာဏာရပါတီသို့ ကူးပြောင်းလာခဲ့ခြင်းပင်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းရွေးချယ် ရာတွင် ပွတ်တိုက်မှုများဖြစ်ပေါ်ကာ ပါတီဥက္ကဋ္ဌအား ရာထူးမှထုတ်ပယ်ခြင်းနှင့် သမ္မတဖြစ်သောကြောင့်နုတ်ထွက် သွားရသော နေရာတွင် နောက်တစ်ဦးဖြင့် အစားထိုးခြင်းကို တွေ့ရသည်။
အဆိုပါ ပူပူနွေးနွေး အငြိမ်းစားဗိုလ်ချုပ်များ၏ အာဏာရပါတီကို အင်အားဖြည့်တင်းခြင်းက တပ်မတော်၏ သဘောထားအမှန်တစ်ရပ်အဖြစ် ယူဆလို့ရသည်။ သို့သော် အာဏာရ ပါတီကြီး ရွေးကောက်ပွဲ တွင် မရှုမလှ ရှုံးနိမ့်သွားသောအခါ ပြည်သူ့သဘောထားနှင့် တပ်မတော်၏ သဘောထား ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပေါ်လွင် သွားခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာသည့်နောက်ပိုင်း တပ်မတော် ခေါင်းဆောင်နှင့် အနိုင်ရပါတီဥက္ကဋ္ဌတို့ တွေ့ဆုံပွဲတွေဖြစ်ပေါ်လာသည်။
တပ်မတော်၏ သဘောထားအမှန်တွေ ထွက်ပေါ်လာပြီဟု တိုင်းပြည်က မျှော်လင့်ကြပြန်
သည်။ အမှန်တကယ်လည်း တပ်မတော်အတွက် ပြည်သူ့သဘောထားနှင့် တစ်ထပ်တည်း ကျအောင်
ညှိနှိုင်းဖို့ အချိန်အခါကောင်းဖြစ်သည်။ သို့သော် မျှော်လင့်ချက်များအားလုံး
ဒုတိယမြောက် လွှတ်တော်အစည်းအဝေးသစ် စတင်ချိန်တွင် မှေးမှိန်သွားရသည်။ ၅၉
(စ) ဆိုင်းငံ့ရေးအယူအဆနှင့် ဆက်စပ်သော မျှော်လင့်ချက်ကို အခြေခံဥပဒေကို
အသက်နှင့် လဲ၍ ကာကွယ်သွားမည်၊ သမ္မတ၏အထက်တွင် မည်သူမျှမရှိစေရဟူသော
စကားသံတွေ တပ်မတော်အသိုင်းအဝိုင်းအတွင်းက ထွက်ပေါ်လာသည်။
သို့သော် လူထုခေါင်းဆောင်၏ အဆုံးအဖြတ်က မြန်မာ့သမိုင်းအတွက် မှတ်သားဖွယ်ရာဖြစ်ခဲ့သည်။ ဆင်းရဲမွဲတေနေသော နိုင်ငံအတွက် ပြည်သူ့ ဘက်က ရပ်တည်ပေးမည့် အစိုးရပေါ်ပေါက်ရေးက ပိုအရေးကြီးသည်။ ထို့ကြောင့် သူမ သမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင် ဆိုင်းငံ့ရေး အယူအဆ အားလုံးကို စွန့်လွှတ်ကာ ပါတီ အပေါ် သစ္စာရှိသော ပညာတတ် အမျိုးကောင်းသား တစ်ဦးကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခြင်းဖြင့်သဘောထား
တင်းမာလွန်းသည့် တပ်မတော်နှင့် နိုင်ငံရေး အကျပ်အတည်းကို ကျော်ဖြတ်
ခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီ ကတိပေးထားသည့် အမျိုးသား ရင်ကြားစေ့ရေး
လမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့သည်။
ဒုသမ္မတလောင်းအမည်စာရင်း တင်သွင်းသောအခါ တပ်မတော်၏ သဘောထားအမှန်ကို တိုင်းပြည်က ထပ်တွေ့လိုက်ရပြန်သည်။ နာမည်ဆိုးများစွာဖြင့် လူသိများသည့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တပ်မတော်၏ ဒုသမ္မတလောင်းအဖြစ် တစ်နိုင်ငံလုံးက အံ့ဩသွားအောင် တင်မြှောက်ပြသည်။ လွှတ်တော် ဒီမိုကရေစီနည်းအရ အများဆန္ဒကို ခံယူလိုက်သောအခါ အဖွဲ့ချုပ်ပါတီ၏ အားကို မယှဉ်နိုင်ဘဲ ဦးထင်ကျော်သာ သမ္မတသစ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်တွင်း အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို မဲခွဲစဉ်အခါက ပြင်ဆင်ရေးသမားများအပေါ် အနိုင်ရသူများ အသွင်ဖြင့် မတ်တတ်ရပ်ကာ လက်ခုပ် လက်ဝါးတီး အောင်ပွဲခံခဲ့သူများ အားလုံးသည် ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့ သမ္မတလောင်းရွေးချယ်သော မဲရလဒ်ကို ကြေညာချိန်တွင် နိုင်ငံတော် သမ္မတသစ်ဖြစ်လာသည့် ဦးထင်ကျော်အား အရပ်သားလွှတ်တော် ကိုယ်စားလှယ်အားလုံးက လက်ခုပ်တီးဂုဏ်ပြုနေချိန်တွ င် တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်ကို ပြည်သူအားလုံး အံ့သြဖွယ် ဖန်သားပြင်ပေါ်တွင် ကြည့်ရှု လိုက်ရသည်။
ဤသည်ပင် တပ်မတော်၏ သဘောထားအမှန် ဖြစ်ပေလိမ့်မည်။ ပြည်သူအပေါင်းက ဒီမိုကရေစီ အပြောင်းအလဲ၏ အရပ်သားစစ်စစ် အစိုးရမျှော်လင့်ချက် ရောင်နီဦးအတွက် ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေခြင်းအပေါ် ပူးပေါင်း ဂုဏ်ပြုခြင်းဖြင့် ဘာမှ အကျိုးမဲ့စရာ အကြောင်းမရှိ။ ရှေ့ဆက်ရမည့် အမျိုးသား ရင်ကြားစေ့ရေး ခရီးရှည် အတွက် တပ်မတော်၏ သဘောထားအမှန်ကို တရားဝင် သိရှိရမည် ကိုပင် ရင်လေးမိ ပါတော့သည်။
လှမျိုးထွန်း
The Ladies News Journal
။ လှမျိုးထွန်း ။
နဝတစစ်အစိုးရတက်လာခါစအချိန်
ဘာလုပ်လုပ် "တပ်မတော်၏ သဘောထားအမှန်ကို သိမြင်သော" စာသားကို ရှေ့က ခံပြီးရေးသည်။ လက်နက်ချ အလင်းဝင်သည့်သူများ၊ ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွသူများအား ဖမ်းဆီးရာမှ ပြန်လွှတ်ပေးခြင်း သို့မဟုတ် ပရိသတ်ရှေ့ထွက်စေခြင်း စသည့် အခမ်းအနား တစ်ခုခု အကြောင်း သတင်းရေးသားသည့် အခါများတွင် တပ်မတော်၏ သဘောထားအမှန်ကို သိမြင်လာသည့် ဦးဘယ်သူ၊ မောင်ဘယ်ဝါ ကဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သော အခမ်းအနား တွင် ပြည်သူများအား ဝန်ချတောင်းပန် ခဲ့သည့်အကြောင်း အမြဲ တစေမြင်ရကြားရသည်။
“အာဏာသိမ်းစစ်အစိုးရ၏ စေတနာအမှန်ကိုနားလည်သဘောပေါ
နဝတအစိုးရလက်ထက်တွင် နောက်ထပ် တီထွင်လိုက်သော "လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်" ဆိုသော စကား လုံးဖြစ်သည်။ လက်နက်ချအလင်းဝင်သည်ဟု မဆလ အစိုးရခေတ် တစ်လျှောက်လုံး သုံးလာသည့် စကားလုံးနေရာတွင် အစားထိုး လိုက်ခြင်းဖြစ် သည်။ သို့သော် ဝါဒဖြန့်ချိရေး ကတော့ ကောင်းသည်။ သောင်းကျန်း သူတွေ နေ့စဉ် ရက်ဆက် ငြိမ်းချမ်းရေးအတွက် လက်နက်နှင့် လဲကုန်ကြပြီလို့တောင် ထင်မှတ်ရသည်။ ဒါတွေအားလုံး ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း
မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရသက်တမ်းတစ်လျှောက်
ဘာကြောင့် ဒီလိုထုတ်ရသည်အထိ ဖြစ်ရလဲဆိုတာ ပြန်လေ့လာသောအခါ အခြေခံ ဥပဒေရေးဆွဲရမည့် အခြေခံမူများကို စစ်အစိုးရက ချပေးရာ၌ တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်နေရာမှ ပါဝင်ရမည် ဟူသောအချက်ကို သွားတွေ့သည်။ တပ်မတော်သည် ပါတီနိုင်ငံရေးကင်းရှင်းရမည
၂၀၀၈ အခြေခံဥပဒေ အသက်ဝင်လာသောခေတ်တွင် ကြံ့ခိုင်ရေးအစိုးရခေတ် ဖြစ် သွားသောကြောင့် အစိုးရပိုင်သတင်းစာများက ယခင်ကလို တပ်မတော်၏ သဘောထား အမှန်ဆိုသည့် အရေးအသားတွေ ပျောက်ကွယ်သွားသည်။ တပ်မတော် ၏ ခေါင်းဆောင် အသစ်နှင့် အတူအပြောင်းအလဲများ ဖြစ်ပေါ်လာမည် ဟု ပြည်သူတွေက မျှော်လင့်မိသည်။ တပ်မတော်၏ သဘောထားအစစ်အမှန်ကို သတင်းစာများက ရေးသည်ထက် တပ်မတော် ကိုယ်စားခေါင်းဆောင်သစ်တွေ ကိုယ်တိုင်ပြောတာတွေကို ကြားချင်နာချင်ကြသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် အတူ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပါတီဝင်အနည်းငယ် ကြံ့ခိုင်ရေးနှင့် တပ်မတော် ကိုယ်စားလှယ်များ လွှမ်းမိုးသော လွှတ်တော်အတွင်းသို့ ရောက် လာသောအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းပေါ်ကို ရောက်မှန်း မသိ ရောက်လာသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အာဏာရပါတီကြီး၏ ဗဟိုကော်မတီဝင် ဝန်ကြီးဟောင်းကိုယ်တိုင် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ ကန့်ကွက်သူ မရှိသောကြောင့် ပြင်ဆင်ရေးဥပဒေကြမ်း ရေးဆွဲရေးကော်မတီ ဖွဲ့စည်းကာ စုံစမ်းလေ့လာ စစ်တမ်း ကောက်ယူသည်ခဲ့ သည်။ ထိုအခါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာသည်။
လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ဖို့အတွက်
အဆိုပါဖြစ်ရပ်မတိုင်မီက မဲပေးခွင့်ရှိသူ သန်းပေါင်းများစွာသော အသက်ပြည့်ပြည်သူတွေ၏ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးခြင်း
အထက်ပါဖြစ်ရပ်၏ နောက်ပိုင်းတွင် တပ်မတော်၏ သဘောထားကို ထင်ဟပ်စေသော လှုပ်ရှားမှုများကို မတွေ့ရတော့ဘဲ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသောအချိန်ကျမှ တစ်ဖန်ပြန်တွေ့ရသည်။ တပ်မတော် ထိပ်တန်းခေါင်းဆောင်များ အစုလိုက်အပြုံလိုက် အငြိမ်းစားယူကာ ရွေးကောက်ပွဲဝင်ဖို့ အာဏာရပါတီသို့ ကူးပြောင်းလာခဲ့ခြင်းပင်ဖြစ
အဆိုပါ ပူပူနွေးနွေး အငြိမ်းစားဗိုလ်ချုပ်များ၏ အာဏာရပါတီကို အင်အားဖြည့်တင်းခြင်းက တပ်မတော်၏ သဘောထားအမှန်တစ်ရပ်အဖြစ် ယူဆလို့ရသည်။ သို့သော် အာဏာရ ပါတီကြီး ရွေးကောက်ပွဲ တွင် မရှုမလှ ရှုံးနိမ့်သွားသောအခါ ပြည်သူ့သဘောထားနှင့် တပ်မတော်၏ သဘောထား ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပေါ်လွင် သွားခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာသည့်နောက်ပိုင်း တပ်မတော် ခေါင်းဆောင်နှင့် အနိုင်ရပါတီဥက္ကဋ္ဌတို့ တွေ့ဆုံပွဲတွေဖြစ်ပေါ်လာသည်။
သို့သော် လူထုခေါင်းဆောင်၏ အဆုံးအဖြတ်က မြန်မာ့သမိုင်းအတွက် မှတ်သားဖွယ်ရာဖြစ်ခဲ့သည်။ ဆင်းရဲမွဲတေနေသော နိုင်ငံအတွက် ပြည်သူ့ ဘက်က ရပ်တည်ပေးမည့် အစိုးရပေါ်ပေါက်ရေးက ပိုအရေးကြီးသည်။ ထို့ကြောင့် သူမ သမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင် ဆိုင်းငံ့ရေး အယူအဆ အားလုံးကို စွန့်လွှတ်ကာ ပါတီ အပေါ် သစ္စာရှိသော ပညာတတ် အမျိုးကောင်းသား တစ်ဦးကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခြင်းဖြင
ဒုသမ္မတလောင်းအမည်စာရင်း တင်သွင်းသောအခါ တပ်မတော်၏ သဘောထားအမှန်ကို တိုင်းပြည်က ထပ်တွေ့လိုက်ရပြန်သည်။ နာမည်ဆိုးများစွာဖြင့် လူသိများသည့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တပ်မတော်၏ ဒုသမ္မတလောင်းအဖြစ် တစ်နိုင်ငံလုံးက အံ့ဩသွားအောင် တင်မြှောက်ပြသည်။ လွှတ်တော် ဒီမိုကရေစီနည်းအရ အများဆန္ဒကို ခံယူလိုက်သောအခါ အဖွဲ့ချုပ်ပါတီ၏ အားကို မယှဉ်နိုင်ဘဲ ဦးထင်ကျော်သာ သမ္မတသစ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်တွင်း အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို မဲခွဲစဉ်အခါက ပြင်ဆင်ရေးသမားများအပေါ် အနိုင်ရသူများ အသွင်ဖြင့် မတ်တတ်ရပ်ကာ လက်ခုပ် လက်ဝါးတီး အောင်ပွဲခံခဲ့သူများ အားလုံးသည် ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့ သမ္မတလောင်းရွေးချယ်သော မဲရလဒ်ကို ကြေညာချိန်တွင် နိုင်ငံတော် သမ္မတသစ်ဖြစ်လာသည့် ဦးထင်ကျော်အား အရပ်သားလွှတ်တော် ကိုယ်စားလှယ်အားလုံးက လက်ခုပ်တီးဂုဏ်ပြုနေချိန်တွ
ဤသည်ပင် တပ်မတော်၏ သဘောထားအမှန် ဖြစ်ပေလိမ့်မည်။ ပြည်သူအပေါင်းက ဒီမိုကရေစီ အပြောင်းအလဲ၏ အရပ်သားစစ်စစ် အစိုးရမျှော်လင့်ချက် ရောင်နီဦးအတွက် ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေခြင်းအပေါ် ပူးပေါင်း ဂုဏ်ပြုခြင်းဖြင့် ဘာမှ အကျိုးမဲ့စရာ အကြောင်းမရှိ။ ရှေ့ဆက်ရမည့် အမျိုးသား ရင်ကြားစေ့ရေး ခရီးရှည် အတွက် တပ်မတော်၏ သဘောထားအမှန်ကို တရားဝင် သိရှိရမည် ကိုပင် ရင်လေးမိ ပါတော့သည်။
လှမျိုးထွန်း
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။