သော့ကိုင်ထားသူ
- - - - - - - - - - - - -
တစ်ခါတုန်းက ဘုရားရှိခိုးကျောင်းတစ်ကျော င်းတွင်
စန္ဒရားတီးရသည့် လူတစ်ဦးရှိသည်။ သူသည် အရွယ်အိုမင်း လာပြီဖြစ်သောကြောင့်
လက်လည်း မသွက်၊ သူတီးခတ်သည့် အသံတွေကလည်း ပျင်းရိငြီးငွေ့ဖွယ်ဖြစ်လာသ ည်။ ထို့ကြောင့် ဘုရားကျောင်းက သူ့ကို အနားယူစေကာ သူ့နေရာတွင် လူငယ်တစ်ဦးကို အစားထိုးရန် ဆုံးဖြတ်လိုက် သည်။
တစ်နေ့တွင် လူငယ်ရောက်လာသောကြောင့် အဘိုးအိုသည် စန္ဒရားခုံမှ အဖုံးကိုပိတ်၊ သော့ခတ်ကာ၊ သော့တံကို အိတ်ထဲထည့်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သူသည် တုန်ချိချိနှင့် လျှောက်သွားပြီး ဘုရားရှိခိုးကျောင်း တံခါးဝအနီး ရောက်ခါနီးတွင် လူငယ်က
“အဘိုး … သော့လေးပေးခဲ့ပါလားဗျာ” ဟု ပြောလိုက်သည်။
အဘိုးအိုက စဉ်းစားနေရင်းက အိတ်ထဲမှ သော့ကိုထုတ်ကာ လူငယ်ကို ပြန်လှည့်ပေးလိုက်ပြီး အပြင်သို့ ထွက်သွားသည်။
လူငယ်သည် စန္ဒရားခုံပေါ်တွင် ထိုင်ချလိုက်ပြီး လက်သံကို စမ်းလိုက်သည်။ ပြီးနောက် လူငယ်သည် ဂီတသံထဲတွင် နစ်မျောသွားသည်။ သူတီးခတ်နေသည့် ဂီတသံများသည် ဤဒေသမှလူများ မကြားဖူးေ သာ ထူးဆန်းသည့် အသံများဖြစ်နေသည်။ ဘုရားကျောင်းအနီးသို့ လူများရောက်လာကြပြီး အံအားသင့်စွာဖြင့် လူငယ်လေးတီးခတ် သည်ကို နားထောင်ကာ ရင်ဘတ်များကို ဖိထားကြသည်။
အဘိုးအိုသည် ဘုရားကျောင်းထဲသို့ ပြန်ဝင်လာပြီး စန္ဒရား ခလုတ်များပေါ်တွင် ပြေးလွှားနေသည့် လူငယ်လေး၏ လက်ချောင်းများကို ငေးစိုက်ကြည့်နေသည်။ ထိုလူငယ်လေးမှာ ဂျိုဟန် စီဘက်စတီယံ ဘာ့ခ်ျဖြစ်သည်။ အဘိုးအို လူငယ်လေးကိုကြည့်ရင်း “ငါသာ သူ့ကို သော့မပေးခဲ့ရင်” ဟုတွေးလိုက်မိသည်။
ဘဝတွင် စဉ်းစားဆင်ခြင်စရာများဖြစ်သ ည်။
သော့ကို လူတွေက ပိတ်ထားစရာတစ်ခုဟု ထင်ကြသည်။ သော့ပိတ် ထားသောကြောင့်
အခွင့်အရေး ဆုံးရှုံးသွားသူတွေ များစွာရှိနိုင်သည်။ သော့ပိတ် ထားသောကြောင့်
အလွန်ထူးချွန် သူများကို သုံးစားမရသူများ ဖြစ်သွားစေ သည်။
သင့်ထံကို တစ်ဦးတစ်ယောက်က သော့လွှဲထားပါက ထိုသော့ကို သင် တာဝန်ပြီးဆုံးလျှင် ပြန်လွှဲခဲ့ရမည်သာဖြစ်သည်။ ပေးအပ်သင့်သူလက်ထဲ သော့ကိုလွှဲပေးလိုက်ခြင်းသည် အခြားသူများကိုလည်း အကျိုးကျေးဇူး ခံစားမှုများဖြစ်စေပါသည်။
(Dan Clark ၏ Who Has the Keys? စာစုကို ပြန်လည်ခံစားရေးဖွဲ့ပါသည်)
Credit;U Thin Nyunt
၁၃.၃.၂၀၁၆
- - - - - - - - - - - - -
တစ်ခါတုန်းက ဘုရားရှိခိုးကျောင်းတစ်ကျော
တစ်နေ့တွင် လူငယ်ရောက်လာသောကြောင့် အဘိုးအိုသည် စန္ဒရားခုံမှ အဖုံးကိုပိတ်၊ သော့ခတ်ကာ၊ သော့တံကို အိတ်ထဲထည့်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သူသည် တုန်ချိချိနှင့် လျှောက်သွားပြီး ဘုရားရှိခိုးကျောင်း တံခါးဝအနီး ရောက်ခါနီးတွင် လူငယ်က
“အဘိုး … သော့လေးပေးခဲ့ပါလားဗျာ” ဟု ပြောလိုက်သည်။
အဘိုးအိုက စဉ်းစားနေရင်းက အိတ်ထဲမှ သော့ကိုထုတ်ကာ လူငယ်ကို ပြန်လှည့်ပေးလိုက်ပြီး အပြင်သို့ ထွက်သွားသည်။
လူငယ်သည် စန္ဒရားခုံပေါ်တွင် ထိုင်ချလိုက်ပြီး လက်သံကို စမ်းလိုက်သည်။ ပြီးနောက် လူငယ်သည် ဂီတသံထဲတွင် နစ်မျောသွားသည်။ သူတီးခတ်နေသည့် ဂီတသံများသည် ဤဒေသမှလူများ မကြားဖူးေ သာ ထူးဆန်းသည့် အသံများဖြစ်နေသည်။ ဘုရားကျောင်းအနီးသို့ လူများရောက်လာကြပြီး အံအားသင့်စွာဖြင့် လူငယ်လေးတီးခတ် သည်ကို နားထောင်ကာ ရင်ဘတ်များကို ဖိထားကြသည်။
အဘိုးအိုသည် ဘုရားကျောင်းထဲသို့ ပြန်ဝင်လာပြီး စန္ဒရား ခလုတ်များပေါ်တွင် ပြေးလွှားနေသည့် လူငယ်လေး၏ လက်ချောင်းများကို ငေးစိုက်ကြည့်နေသည်။ ထိုလူငယ်လေးမှာ ဂျိုဟန် စီဘက်စတီယံ ဘာ့ခ်ျဖြစ်သည်။ အဘိုးအို လူငယ်လေးကိုကြည့်ရင်း “ငါသာ သူ့ကို သော့မပေးခဲ့ရင်” ဟုတွေးလိုက်မိသည်။
ဘဝတွင် စဉ်းစားဆင်ခြင်စရာများဖြစ်သ
သင့်ထံကို တစ်ဦးတစ်ယောက်က သော့လွှဲထားပါက ထိုသော့ကို သင် တာဝန်ပြီးဆုံးလျှင် ပြန်လွှဲခဲ့ရမည်သာဖြစ်သည်။ ပေးအပ်သင့်သူလက်ထဲ သော့ကိုလွှဲပေးလိုက်ခြင်းသည်
(Dan Clark ၏ Who Has the Keys? စာစုကို ပြန်လည်ခံစားရေးဖွဲ့ပါသည်)
Credit;U Thin Nyunt
၁၃.၃.၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။