ဝါသနာရှင်တွေအတွက် ပြိုင်ပွဲတွေကမရှိမဖြစ် အရေးပါတယ် - ဒေးဗစ်လိုင်
----
ကလောင် - ၀င်းထွန်းနိုင်
ဂီတလမ်းမထက်မှာ ၀ါသနာကို အရင်းခံပြီး အဆက်မပြတ် တက်လှမ်းလာတဲ့ မျိုးဆက်သစ်လူငယ်တွေဟာ တစ်နေ့တခြားများ ပြားလာတာနဲ့အမျှ ဆန္ဒနဲ့ဘ၀ထပ် တူကျစေမယ့် သီချင်းဆိုပြိုင်ပွဲတွေကလည်း
အရန်သင့်စောင့်နေကြပါ တယ်။ ဒီတစ်ပတ်မှာတော့ မကြာသေးခင်က အိပ်မက်ဆုံရာရဲ့
ရာသက်ပန် Season 2 မှာ Winner ဆုရရှိထားတဲ့ ချင်းတိုင်းရင်းသားလေး ဒေးဗစ်လိုင်နဲ့ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဂီတကို ဂီတနဲ့ပဲ တုံ့ပြန်ချင်ပါတယ်ဆိုတဲ့ သူပြောသမျှစကားသံတချို့ကတော့  ဒီလိုပါ...။
Q. Winner ဖြစ်ပြီးနောက်ပိုင်း တစ်ကိုယ်တော်အခွေအတွက် သီ ချင်းတွေစစုနေပြီဆိုတော့ ဘယ် တော့လောက်ချပြမှာလဲ...
A. အခွေထွက်ဖို့ဆိုတာ အဓိက ကျွန်တော့်မှာငွေရေးကြေးရေး
လည်းအဆင်ပြေဖို့လိုတယ်။ ပြီးတော့ အခွေကိုဘယ်တော့လောက် ချပြမယ်ဆိုတာထက်
ကျွန်တော့်အနေနဲ့လည်း ကိုယ်လုပ်တဲ့အခွေအပေါ်မှာ စိတ်ကျေနပ်မှုရှိမှ
ပရိသတ်ကိုချပြမယ်လို့ စဉ်းစားထားပါတယ်။
Q. ဂီတအလုပ်တွေ လုပ်ခွင့်ရ ဖို့အတွက် Winner ဆုက အရေးပါ တယ်လို့ ပြောရင်ရလား...
A. ဟုတ်ကဲ့ ရပါတယ်။ အခုလို ပရိသတ်ကသိနေတဲ့ အနေအထား တစ်ခုရဖို့ဆိုတာ တကယ်တော့ မ လွယ်ပါဘူး။ ဒါပေမဲ့ အိပ်မက်ဆုံရာ ပြိုင်ပွဲရဲ့ ရာသက်ပန်အစီအစဉ်မှာ ပြိုင်ခွင့်ရတဲ့အတွက် Winner မ ဟုတ်ဘူးဆိုရင်တောင် ပရိသတ်တွေ ကသိနေကြပြီ။ ရင်းနှီးနေကြပါပြီ။ ကျွန်တော့်အနေနဲ့ Winner ရတယ် ဆိုတော့ ပရိသတ်တွေက နည်းနည်း ပိုသိသွားတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့လုပ်မယ့် ဂီတဖန်တီးမှု တွေကိုလည်း ပရိသတ်လက်ခံမယ်လို့ ယုံကြည်ပါတယ်။ Winner ဆု ရခဲ့တာက ကျွန်တော့်ဘ၀အတွက် အကြီးမားဆုံး အခွင့်အရေးတစ်ခုလို့ ပြောရမှာပါ။
Q. အိပ်မက်ဆုံရာ ရာသက်ပန် Season 1 က အောင်ထက်က အောင်မြင်နေတော့ ကိုယ့်အတွက် တွန်းအားဖြစ်စေလား ...
A. ကျွန်တော့်ရဲ့စီနီယာဖြစ်တဲ့ ကိုအောင်ထက်က အောင်မြင်ပြီးသား၊ လောလောဆယ်မှာလည်း အ ရမ်းအောင်မြင်နေပြီဆိုတော့ ကျွန်တော့်အတွက်လည်း ပိုပြီးအားရှိစေပါတယ်။
Q. သူ့လိုရော မအောင်မြင်ချင် ဘူးလား ...
A. လူတိုင်းမှာက အခွင့်အရေး အမြဲတမ်းမရသလို ရလာတဲ့အခွင့်အရေးတိုင်းကိုလ ည်း
ပိုင်ပိုင်နိုင်နိုင်ဆုပ် ကိုင်နိုင်ဖို့လိုပါတယ်။ ပြီးတော့ ကြိုးလည်း
ကြိုးစားသင့်တယ်။ ကိုအောင်ထက်ကိုယ်တိုင်လည်း ကြိုးစားလို့ အောင်မြင်လာတာပါ။
အဲဒါကြောင့် ကျွန်တော့်အနေနဲ့လည်း အခွင့်အရေးရရင်ရသလို ကြိုးစားပြီး
အောင်မြင်အောင်လုပ်သွားမှာပါ။
Q. လူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီရှိကြတော့ ဒေးဗစ်လိုင်ရဲ့ပန်းတိုင်ကရော ...
A. သီချင်းဆိုဝါသနာပါတဲ့ လူ တိုင်းကတော့ သူတို့အနေနဲ့ ဂီတ လမ်းကြောင်းကိုရွေးလိုက်ပြီ ဆိုကတည်းက
ဒီအပေါ်မှာအောင်မြင်ဖို့ စဉ်းစားထားကြမှာပါ။ အဲဒါကြောင့်
ကျွန်တော်လည်းဒီလိုပါပဲ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ဂီတကို ချစ်တယ်။
ကျွန်တော့်ကိုအားပေး တဲ့ပရိသတ်တွေကလည်း ဂီတကို ချစ်တဲ့အတွက်
ဒီဂီတအနုပညာကို ပဲအကောင်းဆုံးဖြစ်အောင် ဖန်တီး ပြသွားပါ့မယ်။
Q. သီချင်းဆိုတာ ၀ါသနာပါ တဲ့ ၀ါသနာရှင်တွေအတွက် သီချင်း ဆိုပြိုင်ပွဲတွေရဲ့ အရေးပါပုံကို ပြော ပြပေးပါဦး ...
A. ကျွန်တော့်အမြင်ပြောရရင် တကယ်လို့သာ ပြိုင်ပွဲတွေမရှိဘူးဆို ရင် ၀ါသနာရှင်တွေအတွက်ကတော့ အဆိုတော်ဖြစ်ဖို့ တော်တော်ခဲယဉ်း ပါတယ်။ အဲဒါကြောင့် ၀ါသနာရှင် တွေအတွက် ပြိုင်ပွဲတွေက မရှိမဖြစ် အရေးပါပါတယ်။
Q. ပြိုင်ပွဲဝင်သီချင်းတွေကို အခွေထုတ်ဖို့ရော အစီအစဉ်ရှိလား ...
A. ဆရာသမားတွေအနေနဲ့ ဆွေးနွေးနေတုန်းပါပဲ။ အတိအကျ တော့ မသိသေးပါဘူး။
Q. ပရိသတ်ကြီးကိုရော...
A. ကျွန်တော့်ကိုပရိသတ်ကြီး အနေနဲ့ အားပေးသည်ဖြစ်စေ၊ အား မပေးသည်ဖြစ်စေ ကျေးဇူးအများ ကြီးတင်ပါတယ်။ တကယ်လို့ အားမပေးရင်တောင်မှ ဝေဖန်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ဒီထက်မကလည်း ဂီတရဲ့အနုပညာလှပမှုတွေ ကို ချပြသွားပါ့မယ်။ ဂီတကို ဂီတနဲ့ ပဲ ကျေးဇူးတုံ့ပြန်ချင်ပါတယ်။
8 DAYS
----
ကလောင် - ၀င်းထွန်းနိုင်
ဂီတလမ်းမထက်မှာ ၀ါသနာကို အရင်းခံပြီး အဆက်မပြတ် တက်လှမ်းလာတဲ့ မျိုးဆက်သစ်လူငယ်တွေဟာ တစ်နေ့တခြားများ ပြားလာတာနဲ့အမျှ ဆန္ဒနဲ့ဘ၀ထပ် တူကျစေမယ့် သီချင်းဆိုပြိုင်ပွဲတွေကလည်
Q. Winner ဖြစ်ပြီးနောက်ပိုင်း တစ်ကိုယ်တော်အခွေအတွက် သီ ချင်းတွေစစုနေပြီဆိုတော့ ဘယ် တော့လောက်ချပြမှာလဲ...
A. အခွေထွက်ဖို့ဆိုတာ အဓိက ကျွန်တော့်မှာငွေရေးကြေးရေး
Q. ဂီတအလုပ်တွေ လုပ်ခွင့်ရ ဖို့အတွက် Winner ဆုက အရေးပါ တယ်လို့ ပြောရင်ရလား...
A. ဟုတ်ကဲ့ ရပါတယ်။ အခုလို ပရိသတ်ကသိနေတဲ့ အနေအထား တစ်ခုရဖို့ဆိုတာ တကယ်တော့ မ လွယ်ပါဘူး။ ဒါပေမဲ့ အိပ်မက်ဆုံရာ ပြိုင်ပွဲရဲ့ ရာသက်ပန်အစီအစဉ်မှာ ပြိုင်ခွင့်ရတဲ့အတွက် Winner မ ဟုတ်ဘူးဆိုရင်တောင် ပရိသတ်တွေ ကသိနေကြပြီ။ ရင်းနှီးနေကြပါပြီ။ ကျွန်တော့်အနေနဲ့ Winner ရတယ် ဆိုတော့ ပရိသတ်တွေက နည်းနည်း ပိုသိသွားတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့လုပ်မယ့် ဂီတဖန်တီးမှု တွေကိုလည်း ပရိသတ်လက်ခံမယ်လို့ ယုံကြည်ပါတယ်။ Winner ဆု ရခဲ့တာက ကျွန်တော့်ဘ၀အတွက် အကြီးမားဆုံး အခွင့်အရေးတစ်ခုလို့ ပြောရမှာပါ။
Q. အိပ်မက်ဆုံရာ ရာသက်ပန် Season 1 က အောင်ထက်က အောင်မြင်နေတော့ ကိုယ့်အတွက် တွန်းအားဖြစ်စေလား ...
A. ကျွန်တော့်ရဲ့စီနီယာဖြစ်တဲ့
Q. သူ့လိုရော မအောင်မြင်ချင် ဘူးလား ...
A. လူတိုင်းမှာက အခွင့်အရေး အမြဲတမ်းမရသလို ရလာတဲ့အခွင့်အရေးတိုင်းကိုလ
Q. လူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီရှိကြတော့ ဒေးဗစ်လိုင်ရဲ့ပန်းတိုင်ကရေ
A. သီချင်းဆိုဝါသနာပါတဲ့ လူ တိုင်းကတော့ သူတို့အနေနဲ့ ဂီတ လမ်းကြောင်းကိုရွေးလိုက်ပြီ
Q. သီချင်းဆိုတာ ၀ါသနာပါ တဲ့ ၀ါသနာရှင်တွေအတွက် သီချင်း ဆိုပြိုင်ပွဲတွေရဲ့ အရေးပါပုံကို ပြော ပြပေးပါဦး ...
A. ကျွန်တော့်အမြင်ပြောရရင် တကယ်လို့သာ ပြိုင်ပွဲတွေမရှိဘူးဆို ရင် ၀ါသနာရှင်တွေအတွက်ကတော့ အဆိုတော်ဖြစ်ဖို့ တော်တော်ခဲယဉ်း ပါတယ်။ အဲဒါကြောင့် ၀ါသနာရှင် တွေအတွက် ပြိုင်ပွဲတွေက မရှိမဖြစ် အရေးပါပါတယ်။
Q. ပြိုင်ပွဲဝင်သီချင်းတွေကို အခွေထုတ်ဖို့ရော အစီအစဉ်ရှိလား ...
A. ဆရာသမားတွေအနေနဲ့ ဆွေးနွေးနေတုန်းပါပဲ။ အတိအကျ တော့ မသိသေးပါဘူး။
Q. ပရိသတ်ကြီးကိုရော...
A. ကျွန်တော့်ကိုပရိသတ်ကြီး အနေနဲ့ အားပေးသည်ဖြစ်စေ၊ အား မပေးသည်ဖြစ်စေ ကျေးဇူးအများ ကြီးတင်ပါတယ်။ တကယ်လို့ အားမပေးရင်တောင်မှ ဝေဖန်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ဒီထက်မကလည်း ဂီတရဲ့အနုပညာလှပမှုတွေ ကို ချပြသွားပါ့မယ်။ ဂီတကို ဂီတနဲ့ ပဲ ကျေးဇူးတုံ့ပြန်ချင်ပါတယ်။
8 DAYS
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။