စာဖတ်တာက သီချင်းရေးတဲ့အခါ အများကြီး အထောက်အကူဖြစ်ပါတယ် - G-fatt
ကလောင် - Olive
ပြည်ပသို့ပေးစာဆိုတဲ့ သူ့သီချင်းက လူငယ်ပရိသတ်ကြားမှာ ရေပန်းစားတဲ့သီချင်းပါ။ ထာဝရ ထက်တစ်ရက်ပို၊ ပါရမီဖြည့်ဘက်၊ တောင်းတဲ့ဆု၊ မင်းသမီးနဲ့ကျွန်တော် သီချင်းများကလည်း လူငယ်များ ကြိုက်နှစ်သက် အားပေးတဲ့သီချင်း များပဲဖြစ်ပါတယ်။ မကြာခင်ကမှ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ဂျင်အခွေမှာတော့ ဂျင်သီချင်းနဲ့ Single လေးတွေ Shake က ပရိသတ်တွေ မြန်မြန် ဆန်ဆန်အသိအမှတ်ပြု အားပေးတဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။ G-fatt နဲ့ ခဏတာဆုံခိုက် သူ့ပရိသတ် အတွက် မေးမြန်းခဲ့ပါတယ်။
Q. ဂျင် အခွေနဲ့ပတ်သက်လို့ ရန်ကုန်၊ မန္တလေးဖြန့်တဲ့ရလဒ်ခံစားမှု က။
A. ရန်ကုန်မှာတုန်းက စစချင်း ဖြန့်တာ လူတွေအဲဒီလောက် အများ ကြီးလာမယ်လို့ ထင်မထားဘူး။ အရမ်းစိုးရိမ်ခဲ့ရတယ်။ မန္တလေးမှာ ကျတော့ ရန်ကုန်အတွေ့အကြုံရှိ သွားပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း Confidence ရှိသွားပြီး စိုးရိမ်စိတ် သိပ်မရှိသလို Pressure လည်း နည်းနည်းလျော့သွားတာပေါ့။
Q.၂၀၁၅ စိုင်းစိုင်း Show ပွဲတုန်းက ဖျော်ဖြေတဲ့ခံစားမှုက။
A. ကိုစိုင်းပွဲမတိုင်ခင်မှာလည်း Show ပွဲတွေဆိုခဲ့ဖူးပါတယ်။ ပွဲတိုင်း တော့ အာရုံစိုက်မှု၊ ကြိုးစားအား ထုတ်မှုက အတူတူပါပဲ။
Q. G-fatt ရဲ့ သီချင်းတွေ အတွက် အဓိကလေ့လာဖြစ်တာ က။
A. စာဖတ်တာပါပဲ။ စာဖတ် တာက သီချင်းရေးတဲ့အခါ အများ ကြီးအထောက်အကူဖြစ်ပါတယ်။
Q. အမြဲနှစ်နှစ်သက်သက်ဖတ် ဖြစ်ခဲ့တဲ့စာအုပ်ကရော။
A. ဆရာဦးအောင်သင်းရဲ့ စာအုပ်တွေ၊ ဆရာဖေမြင့်ဘာသာပြန်တဲ့ စာအုပ်တွေနဲ့ ဆရာကြီးပီမိုးနှင်း ရဲ့စာအုပ်တွေပါ။
Q. စိုင်းစိုင်း နဲ့ နယ်ဖျော်ဖြေ ရေးခရီးစဉ်တွေသွားခဲ့တဲ့ အတွေ့အ ကြုံတွေကရော။
A. အားလုံး စည်းစည်းလုံးလုံး နဲ့ သွားခဲ့ရတဲ့ခရီးစဉ်ဆိုတော့ မိုက်ပါတယ်။ ကျွန်တော် အဲဒီလိုတစ်ခါမှ မထွက်ဖူးဘူး။ Frenzo နဲ့ ပထမဆုံး သွားတဲ့ခရီးစဉ်မှာ ပျော်ပျော်ရွှင်ရွှင် နဲ့ အောင်မြင်စွာသွားခဲ့ကြတာပါ။
Q. Single လေးတွေ Shake က ပရိသတ် တော်တော်ကြိုက်သွား တဲ့သီချင်းဖြစ်သွားတယ်နော်။
A. အဲဒီသီချင်းက ကိုစိုင်းနဲ့ သီချင်းတစ်ပုဒ်အတူတူဆိုမယ်ဆိုပြီး
ပြောဖြစ်ခဲ့ကြပေမယ့် သူလည်း တခြားအလုပ်တွေနဲ့ ကျွန်တော်လည်း
ကိုယ့်ကိစ္စတွေနဲ့ရှုပ်နေတာ အခွေမထွက်ခင် တစ်ရက်တည်းနဲ့ ကိုစိုင်းအိမ်မှာ
တိုင်ပင်ပြီးရေးဆိုဖြစ် ခဲ့တဲ့သီချင်းပါ။
Q. ဂျင်သီချင်းကိုလည်း တော် တော်ကြိုက်ကြတယ်နော်။
A. ဂျင်သီချင်းကတော့ Title လည်းဖြစ်တယ်။ ဒီဘက်ခေတ် ကောင်မလေးတွေအပေါ် ကျွန်တော်မြင်တဲ့အမြင် ကောင်မလေး အားလုံးတော့မဟုတ်ပါဘူး။ တချို့ ကောင်မလေးတွေကို ရေးထားတာ။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်တဲ့ သီချင်းပါ။
Q. ပရိသတ်ကို ပြောချင်တာ များရှိသေးလား။
A. ဂျင် MTV လေးရိုက်နိုင် အောင် ကြိုးစားနေသလို ထပ်ထွက် လာမယ့် ကျွန်တော့်အနုပညာလှုပ် ရှားမှုလေးတွေကိုလည်း အားပေးစေ ချင်ပါတယ်လို့....။ 8days
ကလောင် - Olive
ပြည်ပသို့ပေးစာဆိုတဲ့ သူ့သီချင်းက လူငယ်ပရိသတ်ကြားမှာ ရေပန်းစားတဲ့သီချင်းပါ။ ထာဝရ ထက်တစ်ရက်ပို၊ ပါရမီဖြည့်ဘက်၊ တောင်းတဲ့ဆု၊ မင်းသမီးနဲ့ကျွန်တော် သီချင်းများကလည်း လူငယ်များ ကြိုက်နှစ်သက် အားပေးတဲ့သီချင်း များပဲဖြစ်ပါတယ်။ မကြာခင်ကမှ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ဂျင်အခွေမှာတော့ ဂျင်သီချင်းနဲ့ Single လေးတွေ Shake က ပရိသတ်တွေ မြန်မြန် ဆန်ဆန်အသိအမှတ်ပြု အားပေးတဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။ G-fatt နဲ့ ခဏတာဆုံခိုက် သူ့ပရိသတ် အတွက် မေးမြန်းခဲ့ပါတယ်။
Q. ဂျင် အခွေနဲ့ပတ်သက်လို့ ရန်ကုန်၊ မန္တလေးဖြန့်တဲ့ရလဒ်ခံစားမှု က။
A. ရန်ကုန်မှာတုန်းက စစချင်း ဖြန့်တာ လူတွေအဲဒီလောက် အများ ကြီးလာမယ်လို့ ထင်မထားဘူး။ အရမ်းစိုးရိမ်ခဲ့ရတယ်။ မန္တလေးမှာ ကျတော့ ရန်ကုန်အတွေ့အကြုံရှိ သွားပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း Confidence ရှိသွားပြီး စိုးရိမ်စိတ် သိပ်မရှိသလို Pressure လည်း နည်းနည်းလျော့သွားတာပေါ့။
Q.၂၀၁၅ စိုင်းစိုင်း Show ပွဲတုန်းက ဖျော်ဖြေတဲ့ခံစားမှုက။
A. ကိုစိုင်းပွဲမတိုင်ခင်မှာလည
Q. G-fatt ရဲ့ သီချင်းတွေ အတွက် အဓိကလေ့လာဖြစ်တာ က။
A. စာဖတ်တာပါပဲ။ စာဖတ် တာက သီချင်းရေးတဲ့အခါ အများ ကြီးအထောက်အကူဖြစ်ပါတယ်။
Q. အမြဲနှစ်နှစ်သက်သက်ဖတ် ဖြစ်ခဲ့တဲ့စာအုပ်ကရော။
A. ဆရာဦးအောင်သင်းရဲ့ စာအုပ်တွေ၊ ဆရာဖေမြင့်ဘာသာပြန်တဲ့ စာအုပ်တွေနဲ့ ဆရာကြီးပီမိုးနှင်း ရဲ့စာအုပ်တွေပါ။
Q. စိုင်းစိုင်း နဲ့ နယ်ဖျော်ဖြေ ရေးခရီးစဉ်တွေသွားခဲ့တဲ့ အတွေ့အ ကြုံတွေကရော။
A. အားလုံး စည်းစည်းလုံးလုံး နဲ့ သွားခဲ့ရတဲ့ခရီးစဉ်ဆိုတော့ မိုက်ပါတယ်။ ကျွန်တော် အဲဒီလိုတစ်ခါမှ မထွက်ဖူးဘူး။ Frenzo နဲ့ ပထမဆုံး သွားတဲ့ခရီးစဉ်မှာ ပျော်ပျော်ရွှင်ရွှင် နဲ့ အောင်မြင်စွာသွားခဲ့ကြတာပါ။
Q. Single လေးတွေ Shake က ပရိသတ် တော်တော်ကြိုက်သွား တဲ့သီချင်းဖြစ်သွားတယ်နော်။
A. အဲဒီသီချင်းက ကိုစိုင်းနဲ့ သီချင်းတစ်ပုဒ်အတူတူဆိုမယ်ဆ
Q. ဂျင်သီချင်းကိုလည်း တော် တော်ကြိုက်ကြတယ်နော်။
A. ဂျင်သီချင်းကတော့ Title လည်းဖြစ်တယ်။ ဒီဘက်ခေတ် ကောင်မလေးတွေအပေါ် ကျွန်တော်မြင်တဲ့အမြင် ကောင်မလေး အားလုံးတော့မဟုတ်ပါဘူး။ တချို့ ကောင်မလေးတွေကို ရေးထားတာ။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်တဲ့ သီချင်းပါ။
Q. ပရိသတ်ကို ပြောချင်တာ များရှိသေးလား။
A. ဂျင် MTV လေးရိုက်နိုင် အောင် ကြိုးစားနေသလို ထပ်ထွက် လာမယ့် ကျွန်တော့်အနုပညာလှုပ် ရှားမှုလေးတွေကိုလည်း အားပေးစေ ချင်ပါတယ်လို့....။ 8days
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။