Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 14, 2014

တရုတ်သို့ သစ်မှောင်ခို ခိုးထုတ်မှု မြန်မာ အစိုးရစစ်တပ် လာဘ်ယူ ခွင့်ပြုဟု KIO ပြော


တရုတ်သို့ သစ်မှောင်ခို ခိုးထုတ်မှု မြန်မာ အစိုးရစစ်တပ် လာဘ်ယူ ခွင့်ပြုဟု KIO ပြော
March 13, 2014
ဧရာဝတီ
ကချင်ပြည်နယ်မှ တရုတ်နိုင်ငံတွင်းသို့ သစ်မှောင်ခို ခိုးထုတ်မှုများတွင် မြန်မာ အစိုးရစစ်တပ်များ ပါဝင် ပတ်သက် နေပြီး မှောင်ခိုသမား များထံမှ လာဘ်ငွေယူကာ သစ်မှောင်ခို ခိုးထုတ်မှုများကို အစိုးရ စစ်တပ်က ခွင့်ပြုပေးနေကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဧရာဝတီသတင်းဌာနနှင့် မတ်လဆန်ပိုင်းတွေ့ဆုံစဉ် ဦးလနန်က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး အစိုးရစစ်တပ်သည် KIO အဖွဲ့က သစ်မှောင်ခို လုပ်ငန်းများ လုပ်နေသည့်ပုံစံ ဖြစ်စေရန် ပုံဖော်လာ ကြောင်း၊ တရုတ်နယ်စပ်ဒေသတွင် နေ့စဉ် သစ်မှောင်ခို ကားအစီး ၅၀ မှ ၆၀ ကြား ဖြတ်သန်းပြီး ယင်းသစ် မှောင်ခို ကားများသည် အစိုးရစစ်တပ်၏ လာဘ်ယူ ခွင့်ပြုချက်ဖြင့် တရားဝင် လမ်းကြောင်း မှ ဖြတ်သန်း သွားလာနေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ ကချင်ပြည်နယ်ကို ဖြတ်ပြီး တရုတ်နယ်စပ် မှောင်ခိုလမ်းကြောင်းဖော်ကြတယ်။ ဒီလိုလမ်းကြောင်း ဖော်တဲ့နေရာမှာ လမ်းကြောင်း တိုင်းက စစ်တပ်တွေရှိတယ်။ စစ်တပ်တွေကိုလာဘ်ထိုးပြီးဖြတ်လာတယ်။ အရင်ညှိရတယ်လို့ သိရတယ်။ လမ်းကြောင်းရှင်းမှ ဖြတ်ရတယ်။ သက်ဆိုင်ရာစခန်းကလည်း ပြောတဲ့ဈေး နဲ့ ညှိနိုင်မှလည်း ရတယ်။ တနေ့ကို ကား အစီး ၅၀၊ ၆၀ လောက်ရှိပါတယ်။ ကျနော်တို့ KIA တပ်က လိုင်ဇာမြို့ နန့်ဆမ်ယန်ကျေးရွာမှာစခန်းအဆုံးပဲ။ ဗန်းမော် မြစ်ကြီးနား ကားလမ်းမှာ ဆိုအစိုးရစစ်တပ်က လုံခြုံရေး ယူထားပါတယ်။ နယ်စပ်ရောက်ဖို့အတွက် သူတို့တွေကတဆင့်ပြီး တဆင့် တက်လာတယ်လို့ သိရတယ်။ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) ကို သစ်နဲ့စီးပွားရှာတယ်လို့နိုင်ငံတကာကို မြင်အောင်လုပ်တာပါပဲ´´ ဟု ဦးလနန်က ဆိုသည်။
အစိုးရစစ်တပ်က လာဘ်ယူပြီး သစ်မှောင်ခိုများ ခွင့်ပြုနေချိန် အစိုးရ၀န်ကြီးဌာနများက သစ်များ တရားဝင် တင်ပို့ခွင့် ပါမစ်များ ထုတ်ပေးလျက်ရှိကြောင်း၊ တရားဝင်တင်ပို့ခွင့်ရရှိသော သစ်များမှာလည်း တရုတ်ပြည် ဈေးကွက်သို့သာ ၀င်ရောက် ကြောင်း၊ သစ်မှောင်ခိုမှုကို အကြောင်းပြု၍ တိုက်ပွဲများလည်း ဖြစ်ပွား လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ မန်စီမြို့နယ်မှာလည်း အစိုးရက သစ်ကုမ္ပဏီတချို့ကို ပါမစ်ပေးတာရှိတယ်။ သစ်ပါမစ်ပေးတယ် ဆိုတာ ကလည်း တော်တာ် များများ တရုတ်ပြည်ကို ဝင်သွားတယ်။တရုတ်ပြည်ကိုသွားတဲ့သစ်တွေဟာ အစိုးရ ပါမစ် ရပြီးသား သစ်တော ဦးစီးဌာန ရထားတဲ့ပါမစ်တွေပါ။ သစ်တွေက မန်စီမြို့နယ်ကနေ တရုတ်ပြည်ကို ဝင်တာ အကောင်းဆုံးလမ်းကြောင်းပါပဲ။ သစ်ကို အကြောင်းပြပြီး တော့ တိုက်ပွဲဖြစ်နေတာ တိုက်ပွဲကြိမ် ၂၀လောက်ရှိပါတယ်။၂၀၁၃ နှစ်ကုန်ကနေ အခုထိပေါ့´´ ဟု ဦးလနန်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အစိုးရစစ်တပ်က သစ်ခိုးထုတ်သူများကို နှိမ်နင်းသည်ဟုဆိုကာ KIA ရှေ့တန်း စစ်စခန်း တခုကို သိမ်းပိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် KIA တပ်သား တချို့ ကျဆုံးခဲ့ကြောင်း KIA က သတင်းထုတ်ပြန်ခဲ့ပြီး အစိုးရ ကမူ သစ်ခိုးထုတ်သူများကို နှိမ်နင်းခဲ့သည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။