အာကာသ နှင့် စကြာဝဠာ added 3 new photos.
>>> ယနေ့ညအတွက် ပုံပြင်လက်ဆောင် <<<
တခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ မနက်စောစော ငါးမျှားမယ့်နေရာကို ရောက်လို့လာပါတယ်။ နေထွက်ချိန်မရောက်သေးတဲ့အတွက် မြစ်ဆိပ်မှာ နေထွက်တဲ့အထိ အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အနီးနားမှာ အထုပ်တစ်ထုပ်ကို စမ်းမိတော့ ကျောက်ခဲတုံးလို ခပ်မာမာအတုံးတွေ စမ်းမိခဲ့တယ်။ အဲ့ဒီ့အထုပ်ထဲက ကျောက်ခဲတုံးတွေကို တစ်လုံးစီ ရေထဲပစ်ချရင်း.. နေထွက်အလာကို စောင့်မျှော်လို့နေပါတယ်..။
နေအလင်းရောင်ထွက်ပေါ်လာတဲ့အခါ.. သူ့လက်ထဲမှာ ကျောက်ခဲတစ်တုံးသာ ကျန်ပါတော့တယ်..။ အဲ့ဒီ့ကျောက်ခဲကို သူကြည့်လိုက်တော့.. လား..လား.. သူ့လက်ထဲက ကျောက်ခဲမဟုတ်.. ရွှေတုံးတစ်တုံးဖြစ်နေတာကို တွေ့လိုက်ရပါတယ်..
အလင်းရောင်မရခင်အထိ.. တစ်မနက်လုံး သူ..ရေထဲပစ်ချခဲ့တာတွေဟာ.. ရွှေတုံးများသာ ဖြစ်ပါတော့တယ်..။
............................................
ကျနော်တို့တတ်မြောက်ထားတဲ့ ပညာတွေဟာ ရွှေထုပ်ထဲက ရွှေတုံးတွေနဲ့ တူပါတယ်။ အသုံးချစရာအချိန်အခါ မကျရောက်သေးခင်မှာ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေကို ထိန်းသိမ်းထားနိုင်ပါမှ.. တိုင်းပြည်.. စီးပွားရေးပြန်လည်ဦးမော့လာချိန်မှာ နိုင်ငံသားအားလုံး ကိုယ်တတ်တဲ့ ပညာကို အသုံးပြုလို့ နိုင်ငံကို တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်ကြမှာဖြစ်ပါတယ်..
အားလုံးဘဲ.. ပျော်ရွှင်ချမ်းမြေ့ကြပါစေ..
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။