FOOD Magazine
ရှမ်းနံနံနှင့် ကဏန်းချက်
(Saw Leaf Herb With Crab Curry)
........................................................
ငပလီခရီးစဉ်မှာ ကိုယ်တိုင်ဝယ် ကိုယ်တိုင်လက်စွမ်းပြခဲ့သော ကဏန်းချက်ပါ။
ချဉ်စပ်လေးလုပ်ထားပါတယ်။ လတ်လတ်ဆတ်ဆတ်နဲ့ ချက်ရတဲ့အရသာက
ဘာနဲ့မှ မတူပါဘူး။ ပင်လယ်စာက ချက်ချင်းဝယ်ချက်တာ
အကောင်းဆုံးအရသာကိုရရှိသလို လူအတွက်
လိုအပ်သောဓာတ်အားများကိုလည်း ဖြည့်ဆည်းပေးပါတယ်။

ပါဝင်ပစ္စည်းများ
........................
• ကဏန်း - ၆ လုံး (ရေဆေး ပြီး ဗိုက်မှ အခွံခွာထားပါ၊)
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မထည့်လည်းရပါတယ်)
အုပ်စု (က) အနှစ်ဆီသတ်ရန်
• ချင်း - ၁ စိတ် (ထောင်းထားပါ)
• ကြက်သွန်ဖြူ - ၃ မြွှာ (ထောင်းထားပါ)
• ကြက်သွန်နီ - ၄ လုံး (ထောင်းထားပါ)
• အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်သီးစိမ်း - ၅ တောင့် ( ခတ်ကြမ်းကြမ်းလေးလှီးထားပါ)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ခရမ်းချဉ်သီး - ၄ လုံး (အစေ့ထုတ်ပြီး ခတ်ကြမ်းကြမ်းတုံးထားပါ)
• နနွင်း - အနည်းငယ်
• ငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ရှမ်းနံနံ - ၃ ပင် ( အရွက်များ ခြွေပြီး ၂ ပိုင်းပိုင်းထားပါ)
• မန်ကျည်းသီးစိမ်း - ၁ တောင့် (အခွံခွာပြီး အသားများ ခြစ်ထည့်ပါ)

ပြုလုပ်နည်း
.................
ဒယ်အိုးထဲမှ ဆီပူလာလျှင် အုပ်စု (က)မှ ရှမ်းနံနံကလွဲလို့
အားလုံးကိုထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးပြီး အားလုံးနွမ်းလာလျှင် ရှမ်းနံနံနှင့်
ကဏန်းများထည့်ပြီး မွှေပါ။ ရေအနည်းငယ်ထည့်ပါ။ ဆီသတ်ထားသောအနှစ်နဲ့
ကဏန်းများရောသွား တဲ့အထိမွှေပေးပါ။ ရေခန်းတဲ့အထိတည်ပါ။
ရေခန်းသွားလျှင် ဆားမြည်းပြီး လိုတာ ထပ်ဖြည့်ပါ။ အအေးခံ ပြီးမှ သုံးဆောင်ပါ။

မှတ်ချက်- ကဏန်းအခွံများကို ပါးစပ်ဖြင့်ကိုက်၍ မစားပါနဲ့
ကဏန်းခွံခွာတာလေးနဲ့ ခွာစားပါ။ အဆင်မသင့်လျှင်
ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။

.............................................
Syi Lwin FOODS GARDEN

www.facebook.com/Syifoodsgarden

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။