နည်းစနစ်ကျကျအတွေးအခေါ်
ရေကြက်တစ်ကောင်နဲ့ မြင်နဲ့ တွေ့ တော့
ရေကြက်က သူဟာ ရေထဲသို့ ငုပ်ပြီး ရေထဲမှငါးတွေကိုဖမ်းစားနိုင်သလို
ရေပေါ်မှာလည်း ဘဲတွေကိုကူးခတ်နိုင်ကြောင်းနှင့်
မြေပေါ်တွင်လည်း ကုန်းနေသတ္တ၀ါအဖြစ်နဲ့ လမ်းလျှောက်နိုင်ပါတယ်။
ဒါတင်မကသေးပဲ ငှက်အမျိုးအနွယ်ဝင်ဖြစ်သည့် အလျောက် ငှက်တို့ ကဲ့သို့ 
ပျံသန်းသွားလာနိုင်သည့် လောကကြီးမှသင်ပေးထားတဲ့ သွားလာလှုပ်ရှားနိုင်တဲ့
အတတ်ပေါင်းစုံကို တတ်ရောက်ထားကြောင်း ဂုဏ်ယူစွာဖြင့် မြင်းအားကြွားဝါနေပါတယ်။

ရေကြက်လေးတစ်ကောင်ရဲ့ကြွားဝါနေခြင်းကို တစ်ချက်မလှုပ်ရှားပဲနားထောင်နေတဲ့
မြင်းတစ်ကောင်မှတော့ ရေကြက်လေးကြွားဝါတဲ့စကားတွေအဆုံးမှာတော့
အသင်ရေကြက် သင်သာ ရေပေါ်၊လေပေါ်သာမက ကျွန်ုပ်တို့ ကုန်းသတ္တ၀ါကဲ့သို့ 
မြေပြင်ပေါ်မှာပါ ကောင်းစွာသွားလာနိုင်သည်မှာ ကျွန်ုပ်လက်ခံနိုင်သည်အထိ မှန်သည်။
သို့ သော်သင်သွားလာလှုပ်ရှားမှုများသည်
ရေထဲတွင် ငါးလောက်မကူးနိုင်
လေထဲတွင် ကျီးသာသာပျံနိုင်ပြီး
မြေပေါ်တွင် ကြောင်၏လက်မှမလွတ်နိုင်တဲ့ လှုပ်ရှားမှုတွေဟာ
ဟိုစပ်စပ် သည်စပ်စပ်သာဖြစ်၍ သင်ပြောသော လောကကြီးမှသင်ပေးတဲ့
ပညာအလုံးစုံထဲမှ တစ်မျိုးကိုတောင် ကောင်းမွန်စွာမတတ်မြောက်နိုင်ပါ။
ကျွန်ုပ်လို ကုန်းနေသတ္တ၀ါမှ မြင်းတစ်ကောင်အဖို့ တော့ မြေပေါ်တွင် အခြားသတ္တ၀ါများထက်
ကောင်းစွာပြေးနိုင်သောကြောင့် လောကကြီးမှသင်ပေးထားတဲ့ အပြေးပညာကို
ထူးချွန်စွာတတ်မြောက်ခဲ့ပြီးဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။