အာကာသ နှင့် စကြာဝဠာ
>>နေ၊ ကမ္ဘာ၊ လ တို့ အပါအ၀င် အခြား ဂြိုလ်ကြီးတွေလဲ ဘာကြောင့် လုံးဝန်းသော ပုံစံ ဖြစ်နေကြတာလဲ<<
နေ၊ ကမ္ဘာ၊ လ တို့ အပါအ၀င် အခြား ဂြိုလ်ကြီးများ ဘောလုံးကဲ့သို့ လုံးဝန်းကြပါသည်။ ထို့အပြင် နေအဖွဲအစည်းရှိ လုံးဝန်းသော ဂြိုဟ်များဟာ နေကို လုံးဝန်းသောပုံစံ (စက်ဝိုင်း (သို့) ဘဲဥ ပုံစံ) ဖြင့် လည်ပတ်ကြပါသည်။ ထိုမှတဖန် ကြယ်အစုအဝေး (ခေါ်) ဂလက်ဆီများသည်လည်း လုံးဝန်းသော ပုံစံဖြင့် လှည့်လည်သွားလာနေပါသည်။
ထိုသို့လုံးဝန...်းရခြင်းမှာ ၄င်းတို့ကို လုံးဝန်းအောင်ပြုလုပ်နေသော အား (Force) တစ်ခုရှိသောကြောင့်ဖြစ်သည်။ ဥပမာ။ ကမ္ဘာမှာရှိတဲ့ ကမ္ဘာမြေဆွဲအား Force of Gravity ပါ။ ကမ္ဘာကြီးလုံးဝန်းတယ်ဆိုတာ အားလုံးအသိပါ။ ဒါဆိုရင် ကမ္ဘာပေါ်မှာ လူတွေ ရပ်နေနိုင်တာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့်ဆိုတာ လက်ခံမှာပါ။ နို့မို့ဆို ကမ္ဘာအခြားတဘက်ကလူတွေ အာကာသထဲ ပြုတ်ကျကုန်မှာပေါ့။

အဲ့ဒီ့ Force of Gravity လိုမျိုး ဆွဲအားတွေ တခြားသော ဂြိုဟ်များ၊ ကြယ်များမှာ ရှိကြသဖြင့် နေ၊ ကမ္ဘာ၊ လ တို့ အပါအ၀င် အခြား ဂြိုလ်ကြီးတွေလဲ ဘာကြောင့် လုံးဝန်းသော ပုံစံ ဖြစ်နေကြခြင်းဖြစ်ပါသည်။
နေကိုလှည့်ပတ်ပြီး ဂြိုဟ်များ စက်ဝိုင်းပုံစံသွားနေခြင်းက နေရဲ့ ဆွဲအား (Force) ကြောင့်ဘဲဖြစ်ပါတယ်။ ဂလက်ဆီတွေစက်ဝိုင်းပုံစံ သွားနေခြင်းဟာလည်း မြင်ရသော (တိုင်းတာနိုင်သော) ဆွဲအားများရှိသလို တိုင်းတာလို့မရသော၊ မမြင်နိုင်သော အနက်ထည် (Dark Matter) များ ၊ Dark Energy အမှောင်စွမ်းအင်များ ရှိနေသောကြောင့်ပင် ဖြစ်ပါသည်။
အာကာသ နှင့် စကြာဝဠာ
မေးခွန်း (၂) ခုအား တစ်ခုထဲ ပေါင်းပြီး ဖြေကြားထားပါသည်။ လိုအပ်သည်များရှိလျှင် ဖြည့်စွက်ဆွေးနွေးနိုင်ပါသည်။
ကျေးဇူးတင်ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။