စကြ၀ဠာကြီးစတင်ဖြစ် ပေါ်လာပုံ ယူဆချက် (သို့) ဘစ်ဘန်း (Big Bang) သီအိုရီ
>>စကြ၀ဠာကြီးစတင်ဖြစ် ပေါ်လာပုံ ယူဆချက် (သို့) ဘစ်ဘန်း (Big Bang) သီအိုရီ<<
ခေတ်ပေါ် ကော်စမိုလော်ဂျီပညာရပ်တွင်လည်း စကြ၀ဠာကြီးစတင်ဖြစ် ပေါ်လာပုံ သီအိုရီတစ်ရပ်မှာလည်း ထင်ထင်ရှားရှားပင်တည်ရှိနေသည်။ ယင်းသီအိုရီ သည်ကား ဘစ်ဂ်ဘန်း (Big Bang) ခေါ် ပြန့်ကားနေသော စကြ၀ဠာ သီအိုရီပင်ဖြစ် သည်။ ယင်းသီအိုရီသည် အက်ဒွင် ပိုးဝယ်ဟတ်ဘယ်လ် (Edwin Powell Hubble) ၏လေ့လာမှုများမှ ဖြစ် ပေါ်လာခြင်း ဖြစ်သည်။
ဟတ်ဘယ် ၏လေ့လာမှုများမှ
...ယခုမြင်တွေ့ နေရသော ကြယ်များ၊ ကြယ်စုကြီး များသည် တစ်ခုနှင့် တစ်ခုခွဲဖြာကာ ဝေးရာဘက်ဆီများသို့ အလွန် ကြီးမား သော အလျှင်များဖြင့် ပြန့်ကားရွေ့လျား နေကြသည်ဆိုသည်။ ယင်းအချက် မှမူတည်လျက် ပြန့်ကားနေသော စကြ၀ဠာ သီအိုရီပေါ် ပေါက်လာခြင်း ဖြစ်သည်။ ယင်းသီအိုရီအရ စကြ ၀ဠာကြီးသည် လွန်ခဲ့သည့် (၁၅) ဘီလီယံမှ အစပြုခဲ့သည်ဆိုသည်။
စကြ၀ဠာကြီး၏မူလအစတွင် အချိန်နှင့် အာကာသ ဟင်းလင်းပြင်တို့သည် လည်း တည်ရှိမနေပေ။ ထိုစဉ်တွင် အလွန့်အလွန်သေးငယ် (အက်တမ်တစ်လုံးထက် အဆပေါင်းမြောက်မြား စွာသေးငယ်သည်) ပြီးဒြပ်ထုအားဖြင့် အနန္တရှိကာ အနန္တစကြ၀ဠာအတွင်းရှိအရာ အားလုံးပါဝင်သည့် မီးလုံးငယ် (Fire Ball) တစ်ခုသည် ပြင်းထန်စွာပေါက်ကွဲခဲ့သည်ဆိုသည်။ ယင်းသီအိုရီအရ စကြ၀ဠာသည် မည်သည့် အတွက်ဖြစ်ပေါ်လာသည်ကို လည်းကောင်း၊ စကြ၀ဠာမဖြစ်ပေါ်ခင်က မည်သို့ တည်ရှိနေခဲ့သည်ကို လည်းကောင်း၊ ရှင်းပြနိုင်ခြင်းမရှိပါ။
သို့သော် စကြ၀ဠာကြီး မည်သို့စတင်ဖြစ်ပေါ်လာသည်ကို အတိုင်းအတာ တစ်ခု ရှင်းပြနိုင်ခြင်းရှိပါသည်။ ယင်းပေါက်ကွဲမှုမှ လွင့်စင်ထွက်လာသော ရုပ်ဝတ္ထုပစ္စည်း မှန်သမျှသည် ဦးတည်ရာ ဘက် အားလုံးသို့ လွင့်စင်ပြန့်ကားနေသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ တနည်းဆိုသော် ယခု လွင့်စင်ပြန့်ကားနေသောစကြ၀ဠာ အတွင်းရှိ ရုပ်ဝတ္ထုမှန် သမျှသည် မူလရွှေ့လျား ရာလမ်းကြောင်း သို့ နောက်ပြန်လှည့်လာ မည်ဆိုပါက အမှတ်စက်တစ်ခု၌ပြန်လည် စုဆုံကြမည်ဟုဆိုသည်။ မူလအစတွင်
မီးဘောလုံးအဆင့်တွင်တည်ရှိနေချိန်၌ စကြ၀ဠာဟူ၍ မတည်ရှိ သေးသည့်နည်းတူ အချိန် (Time)နှင့် ဟင်းလင်းပြင် (Space) တို့သည်လည်း တည်ရှိနေခြင်း မရှိသေးပေ။ (တစ်စက္ကန့်၏ (၁) နောက်တွင်သုည (၃၄) လုံး ပုံ တစ်ပုံ)အချိန်အတွင်းမှစ၍ စကြ၀ဠာကြီး စတင် ဖြစ်ပေါ်လာခဲ့သည်ဆိုသည်။ ထိုအခါမှစ၍အချိန်နှင့် ဟင်းလင်းပြင်တို့သည်လည်း စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်၌ စကြ၀ဠာ၏ အပူချိန်မှာလည်း ၁၀၃၂ ဒီဂရီ ဆဲလ်စီးယတ် အထိ ပူပြင်းနေသည်။ ထိုမှ (၁၀) ဘီလီယံ ဆဲလ်စီးယတ်သို့ အေးလာသည်။
ထိုအခါ တွင် လေးလံသောဒြပ်များ စတင်ဖြစ်ပေါ်လာသည်။ ပေါက်ကွဲမှုဖြစ်ပြီး နောက်အနှစ် (၃၀၀၀၀၀၀၀)ခန့် အကြာတွင်ကား စကြ၀ဠာ၏အပူချိန်သည် (၃၀၀၀) ဒီဂရီ ဆဲလ်စီးယတ် ခန့်အထိကျဆင်းလာသည်။ပေါက် ကွဲမှုဖြစ်ပြီး (၁) ဘီလီယံနှစ် အကြာတွင် စကြ၀ဠာ၏ အပူချိန်သည် (-၂၀၀) ဆဲလ်စီးယတ်ခန့်အထိ ကျဆင်း သွားခဲ့ပြီး ပထမဦးဆုံးသောကြယ်များနှင့် ကြယ်စု (Galaxy) များစတင်ဖြစ်ပေါ်လာသည်။ ထို့နောက် ဆက်လက် အပူချိန်ကျဆင်းကာ နောက်ဆုံးဂြိုဟ်များဖြစ်ပေါ်လာခဲ့သည်ဆိုသည်။ ဤကား ခေတ်ပေါ်သိပ္ပံပညာ၏ လေ့လာဆန်းစစ်မှုများမှထွက်ပေါ်လာခဲ့သော အယူအဆဖြစ်သည်။ ယင်းသီအိုရီနှင့်ပတ်သက်၍ ကမ္ဘာကျော်သိပ္ပံပညာရှင် အမေရိကန်နိုင်ငံသား စတီဖင်ဟော့ကင်း၏ အမြင်သည် လည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။
သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းအမြင်
ကျွန်တော့်အမြင်အရတော့ စကြ၀ဠာကြီးဟာ အလွန်ပူပြင်းတဲ့ ပေါက်ကွဲမှုကြီးကစလာ တာဆိုတာ ကတော့ သေချာပါတယ်။ ဒီစကြ၀ဠာကြီးဟာအမြဲ တမ်းပြန့်ကားနေမှာလား၊ ဒါမှမဟုတ် ဘယ်လို အဆုံးသတ်မှာလဲ၊ ဆိုတာတွေ နဲ့ပတ်သက်လို့တော့ကျွန်တော် အသေအချာမပြောနိုင်ပါဘူး။ ဒါပေမဲ့ စကြ၀ဠာ ပြန့်ကားနေတဲ့အတွက် အရာအားလုံးကိုလွင့်စင်ထွက်စေလျက်ရှိပါတယ်။ အဲဒီဖြစ်စဉ်နဲ့ တစ်ဆက်တည်းမှာဘဲ စကြ၀ဠာ အတွင်းဒြပ်ဆွဲအား ကလည်း ယင်းပြန့်ကားလွင့်စင်နေတဲ့ အရာတွေကို ပြန်လည်ပေါင်းစည်းဖို့ အမြဲတန်းဆွဲငင်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူသားတွေရဲ့ အနာဂတ် ကတော့ ဒီလွန်ဆွဲနေတဲ့အားနှစ်ခုဘယ် သူကနိုင်မလဲဆိုတာပေါ်မှာ ဘဲတည်မှီနေပါတယ် ဟုဆိုခဲ့သည်။
Credit: ကိုဆွေ (ပန်နိုရားမား)
Source: http://koswepanorama.blogspot.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။