သက်တန့်ချို
တစ်ခါတုန်းက ကြုံခဲ့တဲ့အကြောင်းလေး ပြန်ပြောပြချင်တယ် အဲဒီတုန်းက ကျွန်တော်က အလုပ်ကိစ္စတစ်ခုရှိလို့ ရှပ်အကျီင်္ အဖြူရယ် ပုဆိုးရယ် ကတ္တီပါဖိနပ်ရယ်ဆိုပါတော့ ။
နည်းနည်းအရေးကြီးတဲ့ကိစ္စ ကျွန်တော်မှတ်မိသလောက် အင်တာဗျူးတစ်ခုသွားဖို့ထင်ပါတယ် ။ လိုင်းကားတိုးစီးနေကြကောင်က အဲဒီနေ့မှ အကျီင်္အဖြူလေးကို လူတွေနဲ့တိုးရင်ပေသွားမှာစိုးလို့ တက်စီငှားစီးလာခဲ့တယ် ။ ကျွန်တော့်ရဲ့ဆုံရပ်က ဆူးလေမှတ်တိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ...ချိန်းပြီး အဲဒီအင်တာဗျူးသွားရမှာ ။ NGO အလုပ်တစ်ခုလျှောက်ဖို့ထင်ပါတယ် ။
ဒီလိုနဲ့ စိတ်ကလောလော လောလောနဲ့မို အင်တာဗျူးချိန်ထက် တစ်နာရီလောက်စောပြီးရောက်လာတယ် ။ ဒါပေမယ့်သူငယ်ချင်းကတော့မရောက်လာသေးပါဘူး ။ ကျွန်တော်လည်းတက်စီပေါ်မှာဆိုတော့ အကျီင်္သန့်သန့်လေးနဲ့ ကားပေါ်ကနေဆင်းလိုက်တယ် ။
အဲဒီအချိန်မှာပဲ ကျွန်တော့် တက်စီဘေးကနေ BM ကားတစ်စီး ဖြတ်သွားပါတယ် ။
“ မှတ်တိုင်ရောက်ပြီ မှတ်တိုင်ရောက်ပြီ ” ဆိုတဲ့စကားသံရယ်
ရုတ်တရက် လက်မောင်းတစ်ခုလုံး စိုသွားတာရယ်
BM ကိုရှောင်လိုက်ရလို့ ဘေးနားကို နည်းနည်းယိုင်သွားတာရယ်
အဖြစ်အပျက်က သိပ်မကြာလှဘူး အလွန်ဆုံးရှိ ငါးစက္ကန့်ပဲ ဒါပေမယ့် ကျွန်တော်ပြန်ကြည့်လိုက်တော့ ကျွန်တော့်လက်မောင်းတစ်ခုလုံး ကွမ်းတံတွေးတွေ ရွှဲစိုနေရော ။
ကားပေါ်ကိုကြည့်လိုက်တော့ ခေါင်းပြူနေတဲ့ လူတောင်မတွေ့ရ .. ဘယ်သူထွေးသွားမှန်းလည်းမသိ စိတ်က အကျီင်္အဖြူလေးပေသွားတာရယ် ဘာလုပ်ရမှန်းမသိ တာရယ်ကြောင့်တုန်ယင်လို့နေတယ် ။
BM ကားဘေးနားသွားပြီး ကွမ်းတံတွေးထွေးတဲ့သူလိုက်ရှာကြည့်မိသေးတယ် အရိပ်အယောင်တောင်မတွေ့ရတော့ဘူး ။ အဲဒီအချိန်ကစလို့ လိုင်းကားတွေဘေးမှာ လမ်းလျှေက်တဲ့အခါတိုင်း ရှိနေတဲ့အခါတိုင်း ကျွန်တော်သတိကြီးစွာထားပါတော့တယ် ။
အော်ပဲဆဲရမလား
စည်းမရှိကမ်းမရှိ ထွေးချင်တိုင်းထွေးရမလားကွ လို့ အော်ဟစ်လိုက်ချင်ပေမယ့် တကယ်တမ်း ဘယ်သူ့အော်လို့အော်ရမှန်းမသိ ဘေးနားကလူတွေကလည်း ကိုယ့်ကိုကွက်ကြည်ကွက်ကြည့်နဲ့ နောက်တော့မှ ကြီးကြီးကျယ်ကျယ်ပြန်တွေးမိတယ် ။
“ အော် .. နိုင်ငံတစ်နိုင်ငံခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နိုင်ငံသားအယောက်တိုင်းစီရဲ့ အသိဥာဏ် ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေအပေါ်မူတည်နေပါလားလို့ ”
အမှန်တော့ သိပ်ကြီးကြီးကျယ်ကျယ်ကြီးတွေလုပ်စရာမလိုသေးပါဘူး ။ တစ်ယောက်ချင်းစီက ကွမ်းစားတတ်ရင် အိတ်ကလေးတွေဆောင်ထား လမ်းဘေးမထွေးနဲ့ ဒါလေးတစ်ချက်နဲ့တင် လမ်းတွေ အတော်သန့်သွားမလားလို့ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။