Nine Nine Sanay @ နိုင်းနိုင်းစနေ
သရဖူပုံစံ ဘီယာပုလင်းဖုံး (တချို့အချိုရည်ဖုံး) မှာ အသွား ၂၁ ခုပါတာ ဘာကြောင့်လဲ?
ဘီယာပုလင်းဖုံးကို ၁၉ရာစုက အင်္ဂလန်နိုင်ငံသား William Painterက စတီထွင်ခဲ့တယ်။ စစချင်းထွင်ခဲ့တဲ့အဖုံးက အသွား ၂၄ခုပါတဲ့ ပုလင်းဖုံးပေါ့။ မူပိုင်ခွင့်လည်း တင်ခဲ့ပြီးပြီ။ ဒါပေမယ့် နောက်တော့ အသွား ၂၁ခုပါတဲ့ ပုလင်းဖုံးကို သူပြန်ထွင်ခဲ့ပြန်တယ်။ ဒါကိုလည်း မူပိုင်ခွင့်တင်ခဲ့တယ်။
ဘာဖြစ်လို့ အသွား ၂၁ခုဖြစ်ရတာလဲ။ အဓိကအဖြေက ဘီယာထဲမှာပါတ...ဲ့ gas (Carbon dioxide)တွေ မထွက်နိုင်အောင်လို့တဲ့။ ဂက်စ်တွေထွက်သွားရင် ဘီယာကသောက်မကောင်းတော့ဘူးလို့ ဆိုတာကိုး။ ဒါဆိုရင် ဘာဖြစ်လို့ အသွား ၁၅ခု၊ ၂ဝခုမဟုတ်ဘဲ ၂၁ခုဖြစ်ရတာလဲပေါ့။ (basic Mechanics) အခြေခံစွမ်းအင်ဆိုင်ရာပညာရပ်(အဲလိုဘာသာပြန်တာလားမသိဘူး) နဲ့ ပြောမယ်ဆိုရင်
ခိုင်အောင်လုပ်တဲ့အရာပေါ့။ နှစ်ခုနဲ့ ခိုင်အောင်လုပ်တာ၊ လေးခုနဲ့ ခိုင်အောင်လုပ်တာထက် သုံးခုနဲ့လုပ်တာက ပိုငြိမ်တယ်၊ ပိုခိုင်တယ်။
ဒါပေမယ့် အသွား ၃ခုထဲနဲ့လုပ်ရင် ဂက်စ်တွေသိပ်မလုံသေးတာနဲ့ ၃ကိုဆတိုးပြီး စမ်းသပ်ကြည့်လိုက်တယ်။ နောက်ဆုံး ၂၁ခုရောက်တဲ့အချိန် ပုလင်းဝကို ဂက်စ်တွေမထွက်အောင် ပိုလုံလုံပိတ်နိုင်တာကို တွေ့ခဲ့တယ်။ ၂၁ထက်နည်းရင် ပုလင်းဝမလုံသလို ၂၁ထက်များရင် ပုလင်းဝကို အသေခဲထားတတ်လို့ ၂၁ခုက အကောင်းဆုံးပါတဲ့။

ဘီယာကုမ္ပဏီတော်တော်များများက အသွား ၂၁ခုပါတဲ့အဖုံးကိုပြောင်းဖို့ အမျိုးမျိုး စမ်းသပ်ခဲ့ပေမယ့် ဒီကနေ့အထိ မအောင်မြင်ခဲ့သေးဘူးလို့ဆိုတယ်။ အသွား ၂၁ခုပါတဲ့ အဖုံးကသာလျှင် ဂက်စ်မထွက်အောင် ဘီယာပုလင်းကို ပိုအလုံပိတ်နိုင်လို့ပါတဲ့။ သံဗူးတို့၊ အလွယ်တကူဆွဲဖွင့်ရတဲ့ ပုလင်းဖုံးတို့၊ ဗူးဆို့တို့ရှိပေမယ့်
ပုလင်းနဲ့ထည့်တဲ့ဘီယာလောက် ဂက်စ်ပါနှုန်းမလုံလောက်ဘူးလို့ဆိုတယ်။ ယှဉ်သောက်ကြည့်ဖူးသူတွေ ပိုသိကြမယ်ထင်ပါတယ်နော်.. ကျွန်မတော့ မသိဘူး..း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။