Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 11, 2013

" ဂျပန်နိုင်ငံရောက် ဒါရိုက်တာအောင်လင်းနိုင်ပြောပြသည့် ရုပ်ရှင်ဗီဒီယိုလောက "

 
Popular Journal
" ဂျပန်နိုင်ငံရောက် ဒါရိုက်တာအောင်လင်းနိုင်ပြောပြသည့် ရုပ်ရှင်ဗီဒီယိုလောက "
================================
ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက်ဆိုတဲ့မေးခွန်းဟာ ကျွန်တော့်အတွက် သူငယ် တန်းကလေးကိုလော့ဂျစ် ဖြေခိုင်းသလိုဖြစ်နေတယ်ဟုဆိုသူ ဒါရိုက်တာအောင်လင်းနိုင်က အခုမြန်မာ့ရုပ်ရှင်အစည်းအရုံးနဲ့မြန်မာ့ရုပ်ရှင်လောကကို ဦး ဆောင်နေသူများဟာကျွန် တော့်ထက်ဝါရင့်ပြီးကျွန် တော့်ထက် ပညာရည်ပြည့်ဝသူများ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ ရဲ့ ဦးဆောင်မှုကို ညီညီ ညွတ်ညွတ်နဲ့လက်တွဲဆောင် ရွက်သွားမယ်ဆိုရင်ရုပ်ရှင် လောကတိုးတက်မယ်လို့ တထစ် ချပြောရဲပါတယ်။နိုင်ငံရေးလို ပေါ့လေ။အစိုးရမကောင်းဘူး လို့ ထိုင်အော်နေရုံနဲ့ မပြီးဘူး။ ကိုယ်တိုင်ကလည်း လိုက်ပါကြိုးစားပါမှ ဒုက္ခနွံထဲကရုန်းထွက် နိုင်မယ်။အစိုးရလုပ်လို့တို့တွေ ဆင်းရဲရတာဆိုပြီး အလုပ်မလုပ်ဘဲငုတ်တုတ်ထိုင်နေလို့ မချမ်းသာပါဘူး။စည်ပင်မ ကောင်းလို့  အော်ပြီးကိုယ်တိုင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေး အမှိုက်ပစ်ရင်ဘယ်တော့မှ မြို့တော်သန့်ရှင်းလာမှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

ရုပ်ရှင်လောကဖွံ့ဖြိုး တိုးတက်ဖို့ ရုပ်ရှင်လောကသားတွေပြောတဲ့အရာက ခိုးကူးကြောင့်ရုပ်ရှင်လောကကြီးပျက်နေလို့ အားလုံးငတ်နေကြပါတယ်ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး "ဒီခိုးကူးကြီးကို အဓိကရန်သူကြီးအဖြစ်နဲ့ ပြောနေကြတာဟာ မရောင်ရာဆီလူးနေတာလို့ ပဲထင်တယ်။ပွင့်ပွင့်လင်းလင်းပြောရရင် အစည်းအရုံးကလည်း ဒါကိုပြန်လည်ဖြေရှင်းနေစရာ ကိုမလိုတာ။ (ဆန္ဒပြတဲ့ကိစ္စကို မဝေ ဖန်လိုပါ)သူခိုးဖမ်းတဲ့အလုပ်သည်ရဲအလုပ်။ အစည်းအရုံးအလုပ်မဟုတ်ဘူး။

ခိုးကူးခွေရောင်းတယ်ဆိုတာမြို့လည် ခေါင်ဆိုင်းဘုတ်အကြီးကြီးနဲ့ ခိုးကူးအမျိုးမျိုးဖြန့် ချိရေးဆိုပြီး ဆိုင်နဲ့ကနားနဲ့ ရောင်းလို့ ရတဲ့ ဟာမဟုတ်ဘူး။ လမ်းဘေးမှာချ ရောင်းတာ။ အဲဒီလမ်းဘေးဈေး သည်တွေကို ရဲကဖမ်းပေးရ မယ်။ခုဟာကအစည်းအရုံးက ဖမ်းပေးရမယ်ဆိုတော့ကာ လမ်းဘေးဈေးသည်ကအစည်း အရုံးကလူကို အုတ်ခဲနဲ့ထုတော့ခေါင်းကွဲပြီးပြန်လာရုံပဲရှိ တယ်။ ဒါကိုရဲကမဖမ်းပေးဘူးဆိုရင် ရဲကို တရားပြန်စွဲပါ။အဲ့ဒါရှင်းနေတဲ့ကိစ္စပဲ။ ဒါက တစ်ချက်။

နောက်တစ်ချက်က ဒီလို လမ်းဘေးဈေးသည်ဗန်းနဲ့ချရောင်းတဲ့လူတွေလုပ်လို့  ကိုယ့်ရဲ့သိန်းရာထောင်ချီအ ကုန်ကျခံထားတဲ့လုပ်ငန်းကြီးပျက်ရတယ်ဆိုတာ တစ်ခုခုတော့ လွဲနေပြီပြောရမယ်။ ဒီလိုခိုးကူးတိုင်းသာမွဲကြေးဆိုရင်ဟောလီးဝုဒ်က ကားတွေဘာကြောင့် မမွဲသလဲ။ ဟောလီးဝုဒ်ကတစ် ကမ္ဘာလုံး ဖြန့် လို့ ခံနိုင်ရေရှိတာလို့ ပြောရင် ဂျပန်လိုနိုင်ငံမျိုး ကိုကြည့်ပါ။

မြန်မာပြည်ထက် သေးပါတယ်။ သူတို့ ဘာကြောင့် ခံနိုင်သလဲ။ မြန်မာတစ်နိုင်ငံတည်းမတွင်ကျယ်သေးတာ တစ်ကမ္ဘာလုံးမှာ အွန်လိုင်းအခမဲ့ဗီဒီယိုဆိုဒ်တွေဟာ မှို လိုပေါက်နေတာပါ။ မရှိဘူး ဆိုတဲ့ဇာတ်ကား မရှိလောက် အောင်တင်နိုင်ကြပါတယ်။ သူတို့ဘယ်လိုရပ်တည်လဲ။ ဒါတွေကို ရုပ်ရှင်လောကသားတွေလေ့လာစေချင်တယ်" လို့ ရှင်းပြပါတယ်။

အရင်တုန်းက ဇာတ်ကားတွေဆိုရင် ပရိသတ်က ခုချိန်ထိ ကြိုက်နှစ်သက်ကြတဲ့အပေါ်ကိုလည်းခုခေတ် တစ်ပတ်ကို ကား ၃ဝလောက်ထွက်တယ်ငှား ကြည့်ကြတယ် ၁လကြာလို့ ဇာတ်လမ်းပြောပြ၊ကားနာမည် မေးကြည့်ဘယ်သူမှမသိတော့ဘူး။ တစ်ခါကြည့်ဆိုတာဒါပဲ။ တိုက်တန်းနစ်ခ်လို့ပြောရင် မကြည့်ဘူးတဲ့လူတောင် ကမ္ဘာကျော်ကားမှန်းသိတယ်။ ဦးသုခကားတွေမပြောပါနဲ့  ကျွန်တော်တို့ မီတဲ့ လွန်ခဲ့သော အနှစ်၂ဝ လောက်က " နှင်းဆီဝိုင်" လို့ပြော ရင်အယောက် ၁ဝဝမှာ ၉၉ ယောက်သိတယ်။ ဒါအနု ပညာကျန်ခဲ့တာပဲ။

အနုပညာကျန် အောင်ရိုက်နေကြသလား ဆိုတာ လည်းကိုယ့် ကိုယ်ကိုယ်ပြန်သုံးသပ်ကြဖို့ လိုပြီ။ ပြီးမှတခြားအပြစ်ကိုရှာကြပါလို့ ပြောချင်တယ်။ကျွန်တော်တိုဟာရုပ်ရှင်လောကရိုက်ကူးမှုထုတ်လုပ်မှု၊အဆင့်အတန်းကိုပြောရင်းနဲ့ပရိသတ်အဆင့် ကိုပါမသိမသာပြောင်းလဲပေး သွားဖို့လိုပြီ။

ပရိသတ်ကိုကွာ လတီထုတ်ကုန်တွေ ကြိုက်လာ အောင်လုပ်ပြဖို့ လိုပြီ။ ဒီလိုလုပ် မှ တဖြည်းဖြည်းနဲ့ အောက်ကား ဆိုတာတွေပျောက်လာမယ် ပေါချောင်ကောင်းတွေ ပျောက်လာမယ်။ဒါမှနိုင်ငံတကာမှာပြလို့ ရတဲ့ ကားတွေပေါ်လာ မယ်လို့ပြောပါတယ်။ ညီညွတ် မှုကဘယ်လောက်အရေး ပါသလဲဆိုတာမေးကြည့်တော့ ကျွန်တော်တို့ လူတွေကရန်ဖြစ်တဲ့နေရာပဲညီညွတ်ကြတယ်။ ကျန်တာမညီညွတ်ဘူး။ နောက်ပြီးအမှန်တရားဘက်က မရပ်တည်ရဲကြသေးဘူး ။

အင်အားကြီးတဲ့ဘက်ကပဲ ရပ်တည် ကြတယ်။ကောင်းတဲ့လူကို မ ကောင်းဘူးလို့ ပြောဖို့ ဝန်မလေးကြပေမယ့်၊ မကောင်းတဲ့ လူကိုကျတော့မကောင်းဘူးလို့  မပြောရဲကြသေးဘူး။ ဒီလိုလုပ် နေသမျှရုပ်ရှင်လောကမှမဟုတ်ဘူး။ဘယ်လောကမှမတိုး တက်ပါဘူး။ နိုင်ငံတကာမှာ မြန်မာဇာတ်ကားတွေသွားပြတဲ့အခါ နိုင်ငံခြားသားက အားပေးတာသိပ်မတွေ့ ရဘူး။ ကိုယ့် လူမျိုးတွေကလည်း အိမ်လွမ်းနေတဲ့သူတွေဆိုတော့ဘာကား ပဲတင်တင်ကြည့်ကြမှာပဲ။

နိုင်ငံတကာမှာပြမယ်ရုံတင်မယ်ဆို ရင်မြန်မာရုပ်ရှင်ဆိုတာ ဘယ်လိုဟာလဲဆိုတာကိုသူတို့သိ အောင်ပြဖို အရင်လုပ်ရမယ်။ ဒို့ နိုင်ငံက ဆင်းရဲတာပဲ တော်ရုံ လောက်ကခွင့်လွှတ်မှာပါလို့ ထင်ထားတဲ့အတွေးကို အရင် စွန့် လွှတ်ထားဖို့ လိုမယ်။

အဲ့ဒီလို တွေးပေးတာကသံတမန်တွေပဲတွေးပေးနိုင်တယ်ပရိ သတ်ကတော့ မကောင်းရင်မ ကောင်းဘူး အရည်အသွေးမ မီရင်မမီဘူးလို့ ပြောမှာပဲ။ နိုင်ငံခြားမှာ ရုံတင်ချင်ရင်တော့ကြိုးစားကြပါဦးလို့ " ဒါရိုက်တာအောင်လင်းနိုင်ကပြောပါတယ်။

ထွဋ်မြတ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။