မာရီလင်မွန်ရိုး၊ အဲလိဇဘတ်တေလာ၊ ဆိုဖီယာလောရစ်စတဲ့ မင်းသမီးတွေက သရုပ် ဆောင်ပိုင်းမှာသာမက ရုပ်ရည်ရူပကာပိုင်းမှာပါ ညှို့အားပြင်းသူတွေရယ် လို့ ရေ ပန်းစားလှပါတယ်။ ကမ္ဘာကျော်ထိတ်ထိတ်ကြဲ မင်းသမီးတွေဆိုတော့ သူတို့ရဲ့ အဝတ်အစားအပြင် အဆင်ဒီဇိုင်းတွေက အမျိုးသမီးထုကို လွှမ်းမိုးမှုပြင်းထန်ပါ တယ်။
နှစ်တွေ ကြာညောင်းလာပေမယ့် သူတို့ကို ပရိသတ်တွေ က မမေ့နိုင်ခဲ့ပါဘူး။ ဒီလိုအမှတ်ရ စရာ ကောင်းတဲ့ မင်းသမီးတွေထဲမှာ Gone With the Wind (လေရူးသုန်သုန်)ရုပ်ရှင်ဇာတ်ကားထဲက ပါးနပ်ပြီးတစ်ဇွတ်ထိုးလုပ်တတ်တဲ့ အမျိုးသမီး လေး နေရာက ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက မပါမဖြစ်လို့ ဆိုရမှာပါ။
Ref:Wiki
http://yatimagazine.com/archives/9145
နှစ်တွေ ကြာညောင်းလာပေမယ့် သူတို့ကို ပရိသတ်တွေ က မမေ့နိုင်ခဲ့ပါဘူး။ ဒီလိုအမှတ်ရ စရာ ကောင်းတဲ့ မင်းသမီးတွေထဲမှာ Gone With the Wind (လေရူးသုန်သုန်)ရုပ်ရှင်ဇာတ်ကားထဲက ပါးနပ်ပြီးတစ်ဇွတ်ထိုးလုပ်တတ်တဲ့ အမျိုးသမီး လေး နေရာက ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့သူ ဗီဗီယန်လေးက မပါမဖြစ်လို့ ဆိုရမှာပါ။
သူမကို အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့မှာ ၁၉၁၃ ခုနှစ်နိုဝင်ဘာလ ၅ ရက်က မွေးဖွားခဲ့ပါတယ်။ ဖခင်က အင်္ဂလိပ်လူမျိုး စတော့ပွဲစားကြီး ဖြစ်ပြီး မိခင်က အိုင်းရစ်လူမျိုးပါ။ အသက်ခြောက် နှစ်အရွယ်မှာ တစ်မိသားစုလုံး အင်္ဂလန်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ သူမရဲ့ နာမည်အရင်းက ဗီဗီယန်မယ်ရီဟာ့ဒ်လေး (Vivian Mary Hartly)ပါ။ သူမက တစ်နေ့ကျရင် နာမည်ကြီးမင်းသမီး တစ်ယောက်ဖြစ်လာစေရမယ်လို့ အတန်းဖော် သူငယ်ချင်းရှေ့မှာ ကြွေးကြော်ဖူးပါတယ်။ ကြွေး ကြော်ခဲ့သလို တကယ် လည်း အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်လာပါတယ်။
လေးက အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမန်စတဲ့ ဥရောပနိုင်ငံတစ်ခွင်မှာ ပညာသင် ကြားဆည်းပူးခဲ့ရတာကြောင့် ပြင်သစ်နဲ့အီတလီ စကားကို ကျွမ်းကျင်ပိုင်နိုင် စွာ ပြောနိုင်ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ ရှေ့နေလေးဟိုးမန် (Leigh Holman) နဲ့ လက်ထပ်ခဲ့ပြီး သမီးလေးတစ် ဦးထွန်းကားခဲ့ပါတယ်။
၁၉၃၅ ခုနှစ်မှာ ပြဇာတ်နဲ့ ရုပ်ရှင်တွေ စတင်ရိုက်ကူးခဲ့ပါတယ်။The Bash ၊ Things are Looking Up စတဲ့ ပြဇာတ်တွေမှာ ပါဝင်သရုပ် ဆောင်ခဲ့ပေမယ့် သိပ် မအောင်မြင်ခဲ့ပါဘူး။
ဒီလိုနဲ့လေးကရှိတ်စပီးယားရဲ့ ပြဇာတ်တွေ မှာပါဝင် သရုပ်ဆောင်ပါတယ်။ အဲဒီမှာ သရုပ် ဆောင်ရင်း မင်းသားလောရန့်(စ်)နဲ့ အိုလီဗီယာ ဆုံတွေ့ချစ်ကြိုက်ပါတယ်။ ဒီမင်းသားကလည်း အိမ်ထောင်သည် တစ်ယောက်ပါ။ သူတို့နှစ်ဦး က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ အတူတွဲသရုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန် ဒါရိုက်တာဂျော့ခ်ျ ကူကာက စာရေးဆရာကြီး မာဂရက်မစ်ချယ်ရဲ့ ဂန္ထဝင် မြောက်ဝတ္ထုကြီး Gone with the Wind ကို ရုပ်ရှင် အဖြစ် အသက်သွင်းရိုက်ကူးဖို့ အဓိက ဇာတ် ဆောင်မင်းသမီး စကားလက်အိုဟာရာ နေရာက သရုပ်ဆောင်မယ့် မင်းသမီးကို စိစစ်ရွေးချယ် ပါတယ်။ ”ဒီဇာတ် ကောင်နေရာမှာ သရုပ် ဆောင်မယ့်သူ က ချော သလိုထက်မြက်မှုရှိရမယ်။ ဆူးတွေနဲ့ နှင်းဆီ တစ်ပွင့်လို ဖြစ်ရမယ်”လို့ ဒါရိုက်တာ ဂျော့ခ်ျက ဆိုပါတယ်။ ဟောလီးဝုဒ် ထိတ်ထိတ်ကြဲ မင်းသမီး တွေထဲ ကရွေး ချယ်ပေမယ့် စိတ်ကျေနပ်မှုမရပါ ဘူး။ နောက်ဆုံးမှာ အင်္ဂလိပ် ပြဇာတ်မင်းသမီး ဗီဗီဟန်လေးကို ရွေးချယ်ခဲ့ ပါတယ်။ အမေရိကန် ပြည်တွင်းစစ်ပွဲအတွင်း ရုန်းကန် လှုပ်ရှားရတဲ့ ပြည်သူတွေရဲ့ ဒုက္ခသုခ တွေကို ဇာတ်အိမ်တည် ထားတဲ့ Gone with the Wind ရုပ်ရှင်ဇာတ်ကားက အကယ်ဒမီ ဆု ရှစ်ဆု ရရှိခဲ့ပါတယ်။ ဗီဗီယန်လေး ကိုယ်တိုင်လည်း အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ဒီ ဇာတ်ကားက ရုပ်ရှင်သမိုင်းမှာ ပြောစမှတ်ပြုရတဲ့ ဂန္ထဝင်မြောက် ဇာတ်ကားအဖြစ် အခုချိန်ထိအောင် တွင်ကျန်ရစ်နေဆဲပါ။
Gone With the Wind ရုပ်ရှင်အကြောင်းလည်း ပြောပြီးပြီဆိုတော့ သူမနဲ့ မင်းသားအိုလီဗီယာရဲ့ အချစ်ရေးကို ဆက်ပြီးပြောပြချင်ပါသေးတယ်။ သူတို့နှစ်ဦးစလုံးက အိမ်ထောင်ဖက်တွေနဲ့ လမ်း ခွဲခဲ့ပြီး ၁၉၄ဝ ခုနှစ်မှာလက်တွဲခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ထိုခေတ်အခါက ရုပ်ရှင်လောက မှာ သြဇာရှိတဲ့ ထိတ်ထိတ်ကြဲမောင်နှံပေါ့။ ဒါပေမဲ့ ဒီစုံတွဲက လက်တွေ့ဘဝကို မီးရောင်စုံတွေ နဲ့ ခပ်ဝေးဝေးမှာသာနေဖို့ ကြိုးစားကြပါတယ်။
၁၉၄၄ ခုနှစ်မှာလေး ကိုယ်ဝန်ပျက်ကျ ပါတယ်။ သူမရဲ့ ကျန်းမာရေး အခြေအနေက ဆိုးသထက်ဆိုးလာပါတယ်။ ကိုယ်ရေးကိုယ်တာ ပြဿနာတွေနဲ့ ကျန်းမာရေး အခြေနေတွေကြောင့် ၁၉၄ဝ ခုနှစ်များမှာ အနုပညာအလုပ်တွေ ကျိုးတိုးကျဲတဲသာ လုပ်နိုင်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ နောက်တစ်ကြိမ် ကိုယ်ဝန်ပျက်ကျ ပြန် ပါတယ်။ မပြေလည်တဲ့သူတို့နှစ်ဦးရဲ့ အိမ်ထောင် ရေးက ၁၉၆ဝ ခုနှစ်မှာ ပြိုလဲခဲ့ပါတယ်။ အိုလီဗီ ယာက နောက်အိမ်ထောင်ပြုခဲ့ပြီး ဘဝသစ် စတင်ပါတယ်။ လေးကမင်းသားငယ် ဂျက်မာရီ ဗေးလ်နဲ့လက်တွဲခဲ့ပါတယ်။ အိုလီဗာယာနဲ့ လမ်း ခွဲတာက လေးအတွက် ခပ်ကောင်းကောင်းပါ။ ၁၉၆ဝ ခုနှစ် နှောင်းပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ ပြန် လုပ် နိုင်ခဲ့ပြီး Tovarich ဂီတရုပ်ရှင်ဇာတ်ကားနဲ့ Tony ဆုကို ရရှိခဲ့ပါတယ်။ သနားစရာကောင်းတဲ့ လေး က ကံကောင်းမှုကို ကြာရှည်မခံစားလိုက်ရပါ ဘူး။ အပြင်း အထန်ဖျားပြီး တစ်လခန့်အကြာမှာ ဆုံးပါးသွားခဲ့ပါတယ်။ သူဆုံးတာ့ အသက် ၅၃ နှစ်ရှိပါပြီ။
ဆက်လက်ပြီး ဗီဗီယန်လေးရဲ့ ဖက်ရှင် ဒီဇိုင်းနဲ့ပတ်သက်ပြီး မျှဝေချင်ပါသေးတယ်။ လူအများစုက သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပြဇာတ်အကြောင်းတွေ ကိုယ်ရေး ကိုယ်တာ အကြောင်းတွေကို ပြောတတ် ကြပေမယ့် သူမရဲ့ ဖက်ရှင်စတိုင်နဲ့ပတ်သက်ပြီး ပြောသံသိပ် မကြား ရပါဘူး။ သူမက ပြီးပြည့်စုံတဲ့ အင်္ဂလိပ် နှင်းဆီ မလေးပါ။ မနာလိုချင်စရာ ကောင်းအောင်လည်း ကိုယ်နေဟန်ပြေပြစ်ပါတယ်။လေးရဲ့ အမှတ် အသားလို့ ပြောစမှတ်ပြုရမယ့် ဦးထုပ်တစ်ခုပုံစံ ကုပ်ထောက်သာသာ ဆံပင်က လည်း သူမနဲ့ လိုက်ဖက်ညီပါတယ်။ သူမရဲ့ ဂါဝန်ကားကား ဝတ်စားဆင်ယင်မှု၊ အနုပညာ၊ ဂီတစတာတွေက လည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ပါတယ်။
ကမ္ဘာကျော်ဖက်ရှင်ဓာတ်ပုံဆရာတွေက သြဇာရှိ လှတဲ့Vogue မဂ္ဂဇင်းနဲ့ တခြားမဂ္ဂဇင်းတွေမှာ သူမရဲ့ဓာတ်ပုံကို ရိုက်ကူးဖော်ပြကြပါတယ်။Schiaparelli ၊ Lanvin ၊ Molyneux ၊ Dior ၊ Main bocher ၊ Balmain စတဲ့ တံဆိပ်တွေက သူမရဲ့ အသည်းစွဲတွေပါပဲ။
အခုဆိုရင် ရတီပရိသတ်တွေလည်း ကမ္ဘာ ကျော် Gone with the Wind ဇာတ်ကားကြီးရဲ့ မင်းသမီးအကြောင်းကို သိသွားပြီပေါ့နော်။ တစ်ချိန်တုန်းက သိပ်ကို အောင်မြင်ခဲ့ပြီး အခုအချိန်ထိအောင်ပြောစမှတ်ပြုရတဲ့ မင်းသမီး တစ်လက်မို့ ပရိသတ်တွေ ခံစားသိရှိစေဖို့ ဖော်ပြ လိုက်ရပါတယ်။
သိမ့်နှင်းအိမ်Ref:Wiki
http://yatimagazine.com/archives/9145

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။