ဝေဟင်ထဲက ဘဝစာမျက်နှာ
စိတ်လှုပ်ရှားနေသည်။ လေယာဉ်အခေါက်ခေါက် အခါခါ စီးဖူးနေသော်လည်း စက်သံများက နားထဲတွင် ကျယ်လောင်စွာ ကြားနေရခြင်းက စိတ်လှုပ်ရှားစေသည်။ အသက်ကယ်ပစ္စည်းများ မပြည့်စုံသည့်အပြင် ထိုင်ခုံကပါ လှုပ်နေသည့်အခါ ကြောက်စိတ်ပါ ဝင်လာမိသည်။ ဝေဟင်ပေါ် နှစ်ပတ်ခန့် ပျံသန်းပြီးချိန်တွင် သူ့စိတ်က ပုံမှန်ပြန်ဖြစ်သွားသည်။
ထိုအဖြစ်အပျက်က လက်ရှိ မန်စီးတီးအသင်းကို လည်း ပိုင်ဆိုင်ထားသည့် ဒူဘိုင်း Ethihad Airway ...တွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးသက်နိုင်ဆွေ၏ လွန်ခဲ့သည့် နှစ် ၂၀ ကျော်က အမေရိကရှိ Bridgeport Hight Training Center တွင် လေယာဉ်မောင်းပညာကို စတင်သင်ကြားစဉ်က ဖြစ်သည်။
ထိုစဉ်က လေယာဉ်မောင်းသင်တန်းသည် အလုပ်ရရန် မသေချာသောကြောင့် စိတ်ဝင်စားမှု နည်းကြချိန်တွင် အလုပ်လုပ်၍ ရသည့်ပိုက်ဆံကိုစု၍ သင်တန်းတက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် မိဘများက ကုန်သွယ်ရေး (၄) တွင် တာဝန်ထမ်းဆောင်ခဲ့ သည့် မိသားစုမှ ကြီးပြင်းလာသော ဦးသက်နိုင်ဆွေသည် ၁၉၈၈ လူထုလှုပ်ရှားမှု ဖြစ်ချိန်တွင် ဒသမတန်း၌ ပညာ သင်ကြားနေဆဲဖြစ်ပြီး ကျောင်းများ ပိတ်လိုက်သည့် အတွက် မက္ကာအိုသို့ ထွက်ခွာခဲ့ပြီး ဟိုတယ်စီမံခန့်ခွဲမှု ပညာရပ်ကိုသင်ကြားကာ မကာအိုရှိ ဟိုတယ်များတွင် သာမက ဂျပန်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ဟောင်ကောင်ပိုင် ရဟတ်ယာဉ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်ပြီး လေယာဉ်မောင်သင်တန်းကို တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
"လေယာဉ်မောင်းတာ ကတော့ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာ" ဟုလည်း ဦးသက်နိုင်ဆွေ က ဆိုသည်။
ဦးသက်နိုင်ဆွေသည် အမေရိကတွင် လေယာဉ် မောင်းသင်တန်းကို တက်ရောက်ပြီးချိန်တွင် မြန်မာ နိုင်ငံသို့ပြန်လာပြီး မြန်မာ့လေကြောင်းတွင် တာဝန် ထမ်းဆောင်နေစဉ် ၂ နှစ်အကြာ မက္ကာအိုလေကြောင်း လိုင်းတွင် အလုပ်ရသဖြင့် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားရခြင်းကို သူက "ခံစားရမယ့် အခွင့်အရေးတွေနဲ့ ရမယ့်လစာ တွေကြောင့် ထွက်သွားတာပါ" ဟု ရင်ဖွင့်ပြောပြသည်။
မြန်မာလေ့ကြောင်းလိုင်းတွင်
"စီနီယာဖြစ်တိုင်း ငါလောက်မတတ်ဘူးလို့ မပြောသင့်ဘူး။ ဂျူနီယာမှာလည်း သူ့အရည်အချင်းနဲ့ သူရှိနေတော့ အပြန်အလှန် လေးစားမှုရှိဖို့ လိုပါတယ်" ဟု သူ၏အမြင်ကို ပြောပြသည်။
လက်ရှိတွင် သူသည် မြန်မာနိုင်ငံသားမဟုတ်။ မက္ကာအိုနိုင်ငံသား အဖြစ် ခံယူလိုက်သည်မှာ ၁၂ နှစ် ကျော် ရှိသွားပြီဖြစ်သည်။ ကနဦးတွင် မြန်မာနိုင်ငံသား အဖြစ်သာ အလုပ်လုပ်ကိုင်မည်ဟု စဉ်းစားထားသော် လည်း လက်တွေ့တွင် မလွယ်ကူခဲ့ပေ။ မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်နှင့် ဆိုလျှင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခဲ့သည့်အတွက် အနာဂတ်ရပ်တည်နိုင် ရေးအတွက် မက္ကာအိုနိုင်ငံသားအဖြစ် ခံယူလိုက်ရ ခြင်းဖြစ်သည်။
လေယာဉ်မောင်းတစ်ဦး ဖြစ်ရန်မှာ လွယ်သည်တော့မဟုတ်။ အင်္ဂလိပ်စာ အထူးကောင်းမွန် ကျွမ်းကျင် သည့်အပြင် ငွေကြေးတတ်နိုင်ရသည်။ လက်ရှိ မြန်မာနိုင်ငံတွင်လည်း လေယာဉ်မောင်းသင်တန်း တက်မည်ဆိုလျှင် ကျပ်သိန်း ၅၅၀ ကုန်ကျမည် ဖြစ်သည်။
လေယာဉ်မောင်းသင်တန်း တက်လိုသူများသည် အသက် ၁၇ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား ကျား၊ မ မည်သူမဆို တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူ၊ လေကြောင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှု Class 1 အဆင့်ရရှိသူ၊ အင်္ဂလိပ်စာ 4 Skills Test အောင်မြင်သူများကို သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုစေမည်ဟုလည်း လေယာဉ်မောင်းသင်တန်း ကျောင်းက ထုတ်ပြန်ထားသည်။
သင်တန်းကာလကို လ ၂၀ ခန့်သတ်မှတ်ထားပြီး သင်တန်းသား ၂၄ ဦးသာ လက်ခံကာ သီအိုရီအပိုင်းတွင် Private Pilot Licence (PPL), Commercial Pilot Licence (CPL), Airline Transport Pilot Licence (ATPL) လိုင်စင်ကိုင်ဆောင်သူ တစ်ဦး တတ်ကျွမ်းရမည့် ဘာသာရပ်များကို သင်ကြားပေးပြီး လက်တွေ့ပျံသန်းမှု အပိုင်းမှာတော့ PPl, CPL လိုင်စင်ကိုင်ဆောင်သူ တစ်ယောက် ပြည့်မီရမည့် ပျံသန်းချိန် နာရီ ၂၀၀ ရရှိအောင် သင်ကြားပေးလျက် ရှိသည်။
ယင်းသင်တန်းကို ပုသိမ်မြို့ လေဆိပ်ဝင်းအတွင်း သင်တန်းကျောင်း၊ သင်တန်းဆောင်၊ လေယာဉ်ရုံးနဲ့ Flight Line များဆောက်လုပ်ထားပြီး အမောင်းသင်မည့် လေယာဉ်များမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး ယုံကြည်စိတ်ချမှုရသည့် သြစတြေးလျနိုင်ငံထုတ် Diamond Air Craft လေယာဉ်များကို အသုံးပြုကြောင်း လေယာဉ်သင်တန်းကျောင်းက ထုတ်ပြန်ထားသည်။
လေယာဉ်သင်တန်းကျောင်း တက်နေသူများနှင့် ပတ်သက်၍ ဒူဘိုင်း Etihad Airway တွင် လေယာဉ် မှူးကြီးအဖြစ် တာဝန်ယူနေသူ ဦးသက်နိုင်ဆွေက "ပိုက်ဆံရလို့၊ ဂုဏ်ရှိလို့ လေယာဉ်မောင်းတာကို မစဉ်းစားဘဲနဲ့ လုပ်ချင်လို့လုပ်တာ ဆိုတဲ့ ခံယူချက် ထားစေချင်တယ်။ ပညာရပ်တစ်ခုကို တတ်သိနေအောင် တစိုက်မတ်မတ် လုပ်စေချင်တယ်" ဟု မှတ်ချက်ပေးသည်။
လေယာဉ်မောင်းလုပ်သက် ၂၀ ကျော်ရှိပြီး ဦးသက်နိုင်ဆွေသည် နိုင်ငံရပ်ခြားတွင် သွားရောက် နေထိုင်ကာ လုပ်ကိုင်နေရသော်လည်း မြန်မာနိုင်ငံတွင် အခြေပြန်ချရန်မှာ စိတ်ကူးယဉ်အိပ်မက်ကြီး ဖြစ်သည်။သို့သော် လက်တွေ့တွင် မဖြစ်နိုင်ပေ။
လက်ရှိ လုပ်ကိုင်နေသော လေကြောင်းလိုင်းက မိသားစုစားဝတ်နေရေး အပြင် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးတို့ကိုလည်း ကူညီစောင့်ရှောက် ပေးထားသည်။
"သားသမီးရှေ့ရေးကို စဉ်းစားလိုက်ရင် မြန်မာပြည် ပြန်လာဖို့ မဖြစ်နိုင်ဘူး။ အခု ရန်ကုန်ရောက်တုန်း သားသမီးတွေ နေမကောင်းတာကိုလည်း ကုမ္ပဏီက အကုန် တာဝန်ယူတယ်" ဟု ဦးသက်နိုင်ဆွေက ရင်ဖွင့် ပြောပြသည်။
ဦးသက်နိုင်ဆွေ မှသာမဟုတ် လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် နေရပ်ပြန်ရန် နိုင်ငံတော် သမ္မတကြီးက ဖိတ်ခေါ်သော်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး မပြည့်စုံသေးသည့် မြန်မာနိုင်ငံ တွင် နေထိုင်ရန်မှာ မိသားစုရှေ့ရေးအတွက် မဖြစ်နိုင်ကြောင်း တူညီစွာ ပြောဆိုသံများ ကြားရသည်။
"မြန်မာပြည်မှာ လာနေချင်ပေမယ့် မဖြစ်နိုင်လို့ တစ်နှစ်ကို နှစ်ခေါက်လောက် ပြန်လာနေတာ" ဟုလည်း သူက ပြောပြသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး
လေယာဉ်စက်သံတို့သည် ဆူညံလာသည်။ ဦးသက်နိုင်ဆွေအဖို့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် က ဆူညံလှုပ်ရှားခဲ့သော လေယာဉ်စက်သံ မဟုတ်တော့ဘဲ နိုင်ငံတကာပျံသန်းသည့် လေယာဉ်ကြီးကို စီးကာ မြန်မာလေကြောင်းလေယာဉ်မောင်
(မင်းထက်စံ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။