Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 14, 2013

ဖိနှိပ်တဲ့ ဥပဒေတွေရှိနေ၊ ပြဌာန်းနေရင်တော့ တိုက်နေရဦးမှာပဲ

 
Miraculous Master For English Language
အင်တာဗျူး

ဖိနှိပ်တဲ့ ဥပဒေတွေရှိနေ၊ ပြဌာန်းနေရင်တော့ တိုက်နေရဦးမှာပဲ
ဧရာဝတီ| August 14, 2013

သတင်းစာ ဆရာကြီး မောင်သစ်လွင် (လူထု) –
(ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

သတင်းစာ ဆရာကြီး မောင်သစ်လွင် (လူထု) သည် မန္တလေးမြို့ထုတ် သြဇာတိက္ကမ ကြီးမားသော လူထု သတင်းစာတိုက်တွင် ဖဆပလ အစိုးရ လက်ထက်မှ စတင်ကာ တော်လှန်ရေး ကောင်စီ အစိုးရထိတိုင် ၁၀ နှစ်တိတိ သတင်းစာဆရာ တဦးအဖြစ် ကျင်လည်ခဲ့သည်။ ဆရာကြီး ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ စသည့် သတင်းစာဆရာကြီးများ လက်အောက်တွင် လူထုစိန်ဝင်း၊ သူရ (ရှမ်းပြည်) ၊ နတ်မောက်ထွန်းရှိန်၊ တက္ကသိုလ်မောင်စောလွင်၊ မောင်သာနိုး၊ ပေါ်ဦးသက်၊ ၀င်းဖေ စသူများနှင့် အတူ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယနေ့ အချိန်အထိလည်း ဂျာနယ်တချို့တွင် အခွင့်သာလျှင် သာသလို ရေးသားနေသူဖြစ်သည်။

ယနေ့ခေတ် ပုဂ္ဂလိက သတင်းစာများ ပြန်လည် ထုတ်ဝေခွင့်ရရှိချိန်တွင် သတင်းစာများနှင့် ပတ်သက်၍ ဆရာ၏ ထင်မြင်ချက်၊ ယူဆချက်၊ သုံးသပ်ချက်များကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင်က သွားရောက်တွေ့ဆုံ မေးမြန်းထားသည်။

မေး ။ ။ ဒီနေ့ ထွက်ရှိနေတဲ့ သတင်းစာတွေကို ဖတ်ဖြစ်၊ လေ့လာဖြစ်ပါသလား၊ ဘယ်လိုရှုမြင် သုံးသပ်ပါသလဲ။

ဖြေ ။ ။ ကြည့်ဖြစ်၊ လေ့လာဖြစ်ပါတယ်။ တချို့သတင်းစာတွေက ဂျာနယ်နဲ့ မကွဲပြားဘူး၊ သတင်းစာမှာပါတဲ့ သတင်းကလည်း ဒါပဲ၊ ဂျာနယ်က သတင်းကလည်း ဒါမျိုးတွေပဲ ဖြစ်နေတာ တွေ့ရတယ်။ တင်ပြပုံ တင်ပြနည်းကလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။ အပြင်အဆင်ပိုင်းမှာလည်း ဂျာနယ်နဲ့ တူနေသေးတာကို တွေ့ရတယ်။ ဒါကလည်း အခုခေတ်လူငယ်တွေ သတင်းစာကို တိုက်ရိုက် လုပ်ခွင့်ရတာ မဟုတ်ဘူး၊ သတင်းစာ ထုတ်ခွင့်မပေးတော့ သတင်းစာအလုပ်ကို လုပ်ခွင့်မရဘူး၊ ဂျာနယ်အလုပ်ကိုပဲ လုပ်ရတယ်၊ ဒါကြောင့် တင်ပြပုံ တင်ပြနည်းကတော့ နည်းနည်းလိုမယ်လို့ ထင်တယ်။

မေး ။ ။ သတင်းစာတွေမှာ ခေါင်းတပ်ပုံ၊ သတင်းတန်ဖိုး အလိုက် ရှေ့မျက်နှာဖုံးမှာ နေရာပေးပုံ ပေးနည်းတွေရော၊ ဟိုတုန်းက သတင်းစာခေတ်နဲ့ အခုသတင်းခေတ်နဲ့ ကွာခြားမှုတွေကိုရော တွေ့မြင်မိပါသလား။

ဖြေ ။ ။ တင်ပြပုံ တင်ပြနည်း ရောထွေးနေတယ်လို့ ထင်တယ်။ ခေါင်းတပ်တယ် ဆိုတာကလည်း ရိုးရိုးကြီး မဟုတ်ဘဲနဲ့ လူစိတ်ဝင်စားအောင် တပ်ဖို့လည်း လိုတယ်။ တိုတိုနဲ့လိုရင်း ထိမိဖို့လည်း လိုသလို ခွန်အားရှိဖို့လည်း လိုတယ်။ အခုတော့ ခေါင်းတပ်ပုံတွေက ရှည်လျားနေတာကို တွေ့ရတယ်။ ဟိုတုန်းကဆိုရင် လူထု သတင်းစာကပေးတဲ့ ခေါင်းစီးတွေဆို ဥပမာ – သမ္မတဂျွန်ဆင် ခေါင်းကိုက်နေတဲ့ ဗီယက်နမ်စစ်တို့၊ ပြည်သူများက ဗီယက်နမ်စစ်ကို ဆန့်ကျင်တို့ပေါ့၊ ဒါမျိုးပေးကြတယ်။

နောက် သတင်းစာ ရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြခံရတဲ့ သတင်းရဲ့ တန်ဖိုး၊ ခေါင်းတပ်တာ၊ ကော်လံတွေပေးတာက ထိုက်တန်၏ မတန်၏ ခွဲခြားနိုင်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။ အယ်ဒီတာဟာ သတင်းတန်ဖိုးလည်း ဖြတ်ရမယ်။

နောက်တခုက သတင်းစာရဲ့ ခံယူချက်၊ ရပ်တည်ချက်ကလည်း အရေးကြီးတယ်။ ဟိုတုန်းက လူထုသတင်းစာဆို ငြိမ်းချမ်းရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ဆိုတဲ့မူကို ကိုင်ထားတော့ သတင်းစာကလည်း သတင်းတွေရော၊ ရေးသားတဲ့ ဆောင်းပါးတွေရော၊ ခေါင်းကြီးပိုင်းရော ငြိမ်းချမ်းရေးသရုပ်တွေ ပေါ်နေရတယ်။

မေး ။ ။ ယနေ့ ထွက်ပေါ်နေတဲ့ ပုဂ္ဂလိက သတင်းစာတွေထဲမှာ အစိုးရနဲ့အပြိုင် အတိုက်ခံလုပ် ရေးသားနေတဲ့ အတိုက်အခံ သတင်းစာလို့ ခေါ်နိုင်တဲ့ သတင်းစာ ဘယ်နှစ်စောင်များ တွေ့ထားပါသလဲ။

ဖြေ ။ ။ ကိုယ့် အတွေ့အကြုံနဲ့ ပြောရင်တော့ ပီပီပြင်ပြင် မတွေ့သေးဘူးလို့ ဆိုရမှာပေါ့။ ကိုယ့်ရေးလို့ ရမယ်ထင်တဲ့ ဟာလေးတွေကို ရေးနေတာပဲတွေ့တယ်။ အရင် ဖဆပလ ခေတ်ကဆိုရင် ထွန်းနေ့စဉ်၊ ပြည်သူ ဟစ်တိုင်တို့ ဘာတို့ဆို အများကြီး ရေးတာပဲ။ ပီပီမြည်မြည်တော့ ရှိသင့်တယ်ထင်တယ်။

မေး ။ ။ အစိုးရ သတင်းစာတွေမှာရော သတင်းဖော်ပြပုံ ဖော်ပြနည်းက ဘယ်လိုရှိလဲ၊ ဝေဖန်ပေးပါဦး။

ဖြေ ။ ။ နိုင်ငံတော် အကြီးအကဲ နိုင်ငံခြားကို ခရီးထွက်တဲ့ သတင်းမျိုးကိုပဲ ဥပမာပေး ဝေဖန်ချင်တယ်။ နိုင်ငံတော် သမ္မတ သွားတဲ့ခရီးမှာ ဘယ်သူတွေနဲ့ တွေ့သလဲ၊ ဘာတွေဆွေးနွေးပြီး တို့ဘက်က ဘာတွေရ နိုင်ဖို့ရှိသလဲ ဆိုတာမျိုးကို အဓိကထား ဦးစားပေးတင်ပြရမယ်။ အခုတော့ ပြတိုက်ရောက်တာရော၊ ရေပူစမ်းလည်း ရောက်တာရော၊ ဟိုက လိုက်ပြသမျှ အကုန်ရောက်တဲ့ ဟာတွေကို ခေါင်းကြီးမှာ ဦးစားပေးဖော်ပြနေတယ်။ အဲဒီတော့ လူကို ဦးစားပေးလွန်းတယ်၊ သတင်းကို ဦးစားမပေးဘူးလို့ ဆိုချင်တယ်။ လယ်သမားဆန္ဒပြတဲ့ သတင်းဆိုရင် မပါချင်ဘူး။ တိုင်းပြည်မှာ ဘာအရေးကြီးဆုံးလဲ ဆိုတာကို ဖော်ပြရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေ၊ ထောက်ပြတာတွေ ကောင်းရင်၊ ရှေ့ဆုံးမှာတင်ပြီး ဖော်ပြပေါ့။

မေး ။ ။ အစိုးရသစ်က စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ မီဒီယာဥပဒေတွေ ထုတ်ဖို့ ကြိုးစားနေတယ်။ အဲဒီလို ဥပဒေမျိုးတွေကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဖိနှိပ်ဖို့၊ ထိန်းချုပ်ဖို့ လုပ်တယ်ဆိုတာက ကိုယ့်ကုလားထိုင်လေး ရွေ့သွားမှာစိုးတဲ့ လူကသာ လုပ်တာ၊ အဲဒါထုံးစံပဲ။ သူ့ရဲ့ စိတ်ဓာတ် မခိုင်မာလို့၊ ပြည်သူဘက်မှာ မရှိလို့ ယူဆတယ်။ ဒါမျိုးတွေက ဟိုတုန်းက လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရ လက်ထက်မှာလည်း တွေ့ရတယ်၊ တိုက်ခဲ့ရတယ်။ ရေးတာကို မကျေနပ်ရင် ပုဒ်မ ၅ နဲ့ ဖမ်းတယ်၊ လူထုဦးလှ အဲဒီလိုမျိုး အဖမ်းခံရဖူးတယ်။

၁၉၅၃ ခုနှစ်မှာ ၀န်ကြီးချုပ် ဦးနုက ကရင်သူပုန်ကို တိုက်တာဟာ မှန်ပါတယ်။ အဲဒီတော့ ခင်ဗျားတို့ သတင်းစာ ဆရာတွေက ရေးပေးပါလို့ ပြောတယ်။ အဲဒီမှာ ဆရာကြီးရွှေဥဒေါင်းက ဒီလိုပြောတိုင်း ကျနော်တို့မှာ ရေးဖို့တာဝန်မရှိဘူး။ အစိုးရလုပ်တာမှန်ရင် မှန်တာကို ရေးမယ်၊ မှားရင်မှားတာကို ထောက်ပြမယ်၊ ရေးမယ်၊ ဝေဖန်မယ်လို့ ပြန်ပြောဖူးတယ်။ အဲဒီတော့ ဘာဖြစ်လဲ အငြိုးထားခံရတယ်ပေါ့။

အဲဒီတော့ ဖိနှိပ်တဲ့ ဥပဒေတွေရှိနေ၊ ပြဌာန်းနေရင်တော့ တိုက်နေရဦးမှာပဲ။ ကျနော်တို့တုန်းက အလုပ်သင်ကတည်းက လူထုသတင်းစာတိုက်မှာ ၀င်ရတယ်ပေါ့။ ဂျာနယ်လည်း ထုတ်တယ်။ အဲဒီတော့ ဂျာနယ်မှာ ဘယ်လိုရေးရမယ်၊ သတင်းစာကို ဘယ်လိုဖော်ပြရမယ်ဆိုတာ သိကြတယ်။ သတင်းစာက နေ့စဉ် အချိန်မီထုတ်ရတာ၊ ဂျာနယ်ကတော့ ပြင်ဆင်ဖို့၊ ရှာဖွေဖို့ အချိန်ရတယ်၊ ရေးဖို့သားဖို့ အချိန်ရတယ်။ သတင်းစာကတော့ ဖြစ်ပေါ်လာတာကို ချက်ခြင်းကောက်ပြီး ပြည်သူလူထုလက်ထဲ အစောဆုံး ပို့ဖို့ပဲ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B