နမ်းမဝ(အဖြူရောင်နတ်သမီး)
“ခေတ်သစ်သူတောင်းစားများ”
....................................
“မုသားမပါ လင်္ကာမချော”...တဲ့
အမေကိုလိမ် အဖေကိုလိမ်
ဆရာကိုလိမ် သူငယ်ချင်းကိုလိမ်
ချစ်သူကိုလိမ် ကိုယ့်ကိုယ်ကိုလိမ်
ကိုယ်လိမ်တာ ကိုယ်သိနေသ၍တော့
မင်းလူမိုက်မဖြစ်သေးဘူး....။
....................................
“မုသားမပါ လင်္ကာမချော”...တဲ့
အမေကိုလိမ် အဖေကိုလိမ်
ဆရာကိုလိမ် သူငယ်ချင်းကိုလိမ်
ချစ်သူကိုလိမ် ကိုယ့်ကိုယ်ကိုလိမ်
ကိုယ်လိမ်တာ ကိုယ်သိနေသ၍တော့
မင်းလူမိုက်မဖြစ်သေးဘူး....။
လှည့်စားမှုတွေ ကျားကွက်ရွှေ့ကြတဲ့အခါ
တစ်ကွက်မှားရင် အစားခံရမယ်
“လျင်”သူ စားကြေးဆိုပေမယ့်
“လည်လွန်းတဲ့ဘီး .. ချီးသင့်တတ်သတဲ့
အရူးမှန်ရင် “ဒီ”ကြိုးဝိုင်းထဲဝင်မလာဘူး
အရူးကွက်နဲ့ ခြေတစ်လှမ်းအဆုတ်ကို
“အရှုံး”လို့ လျှော့မတွက်နဲ့
ဝှက်ဖဲ ဆိုတာ လူတိုင်းမှာရှိတယ်
သကာဖုံးတဲ့ မာယာ“လင်းတ”တွေကြား
“ခေါင်း” မပါသူတွေ လည်စဉ်းပေးကြ
အဖြူတွေကြား အမဲတွေကများ
မာယာနဲ့လိမ် တဏှာနဲ့လိမ်
မျက်လုံးအိမ်ထဲမှာအလိမ် နှလုံးအိမ်ထဲမှာလိမ်
သနားအောင်လိမ် စကားဗျောင်လိမ်
ပေးအောင်လိမ် ကျွေးအောင်လိမ်
သူလိမ် ကိုယ်လိမ် လူလိမ်ဈေးကွက်ထဲက
အရှုံးနဲ့ထွက်သူလည်းရှိရဲ့
အပြုံးမပျက်သူတွေလည်းရှိသကွဲ့
သူဋ္ဌေးဖြစ်သူ ခွေးဖြစ်သူများ
“ခေတ်သစ်သူတောင်းစား” ဂုဏ်ပုဒ်ကိုလက်ဝယ်ထား
ဇာတ်နာပြကာ လုပ်စားနေတဲ့သူတွေကြား
ငါ...
မျက်စိကိုမှိတ် နားကိုပိတ်
ခပ်စိတ်စိတ်နဲ့ မသိသလိုပဲနေတော့မယ်...။
တစ်ကွက်မှားရင် အစားခံရမယ်
“လျင်”သူ စားကြေးဆိုပေမယ့်
“လည်လွန်းတဲ့ဘီး .. ချီးသင့်တတ်သတဲ့
အရူးမှန်ရင် “ဒီ”ကြိုးဝိုင်းထဲဝင်မလာဘူး
အရူးကွက်နဲ့ ခြေတစ်လှမ်းအဆုတ်ကို
“အရှုံး”လို့ လျှော့မတွက်နဲ့
ဝှက်ဖဲ ဆိုတာ လူတိုင်းမှာရှိတယ်
သကာဖုံးတဲ့ မာယာ“လင်းတ”တွေကြား
“ခေါင်း” မပါသူတွေ လည်စဉ်းပေးကြ
အဖြူတွေကြား အမဲတွေကများ
မာယာနဲ့လိမ် တဏှာနဲ့လိမ်
မျက်လုံးအိမ်ထဲမှာအလိမ် နှလုံးအိမ်ထဲမှာလိမ်
သနားအောင်လိမ် စကားဗျောင်လိမ်
ပေးအောင်လိမ် ကျွေးအောင်လိမ်
သူလိမ် ကိုယ်လိမ် လူလိမ်ဈေးကွက်ထဲက
အရှုံးနဲ့ထွက်သူလည်းရှိရဲ့
အပြုံးမပျက်သူတွေလည်းရှိသကွဲ့
သူဋ္ဌေးဖြစ်သူ ခွေးဖြစ်သူများ
“ခေတ်သစ်သူတောင်းစား” ဂုဏ်ပုဒ်ကိုလက်ဝယ်ထား
ဇာတ်နာပြကာ လုပ်စားနေတဲ့သူတွေကြား
ငါ...
မျက်စိကိုမှိတ် နားကိုပိတ်
ခပ်စိတ်စိတ်နဲ့ မသိသလိုပဲနေတော့မယ်...။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။