Myanmar News Update
ကံကောင်းသူများ
လူချမ်းသာတစ်ယောက်ဟာ စိတ်ညစ်ညစ်နဲ့ သူ့အိမ်ပြတင်းပေါက်ကလှမ်းကြည့်လိုက်တဲ့အခါ လူတစ်ယောက်က သူ့အိမ်ရှေ့အမှိုက်ပုံးထဲက တစ်ခုခုကို ကောက်ယူနေတာတွေ့ရပါတယ်...
"ငါမဆင်းရဲတာ တော်သေးတယ်..." လို့ သူတွေးမိတယ်...
လူဆင်းရဲက လမ်းပေါ်ကိုကြည့်မိတဲ့အခါ လူတစ်ယောက် ကိုယ်တုံးလုံးနဲ့
လျှောက်သွားနေတာကိုတွေ့ရတယ်...
...

"ငါမရူးနေတာ တော်သေးတယ်..." လို့ သူပြောနေမိတယ်...
အရူးက လမ်းပေါ်မှာလျှောက်သွားနေရင်း အသုဘကားတစ်စီးဖြတ်သွားတာတွေ့လိုက်ရတယ်...
"ငါအသက်ရှင်နေတာ တော်သေးတယ်..." လို့ သူ့ပါးစပ်ကရေရွတ်နေလေရဲ့...
သင်ဘယ်အခြေအနေပဲရောက်ရောက် သင့်ထက်ဆိုးတဲ့ အခြေအနေကလူတွေ အများအပြားရှိနေဆဲပါပဲ...
သင်ဘယ်လိုအခက်အခဲကြုံကြုံ သင့်ထက်ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရတဲ့ သူတွေအများအပြားရှိနေပါတယ်...
ရှုံးနိမ့်မှုတွေကြုံတွေ့တဲ့အခါ စိတ်ဓာတ်မကျပါနဲ့... ကိုယ့်အခြေအနေလောက်တောင် မရှိတဲ့သူတွေကို မြင်ယောင်ပြီး အားတင်းထားပါ...
သင်အသက်ရှင်နေသရွေ့ သင့်အတွက် အခွင့်အရေးတွေရှိနေဆဲဖြစ်ပါတယ်...
လက်ရှိအချိန် လက်ရှိအခြေအနေကို အမှန်အတိုင်းသိမြင်နားလည်ပြီး တန်ဖိုးထား အသုံးချတတ်ပါစေ...
နှိုင်းရင့်နွေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။