Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 15, 2013

စာရေးဆရာ မင်းလူ

 
ရဲရဲတောက် ဒီမိုများ
စာရေးဆရာ မင်းလူ (၆၀ နှစ်) ဟာ သြဂုတ်လ ၁၄ ရက်နေ့ ညသန်းခေါင် အချိန်တွင် ကင်ဆာရောဂါဖြင့် ဝိတိုရိယ ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားပြီဟု သိရပါသဖြင့် ကျွန်တော်တို့ ရဲရဲတောက် ဒီမိုများ အက်မင်အဖွဲ့မှ ကြေကွဲဝမ်းနည်းစွာဖြင့် ဆရာ ကောင်းရာသုဂတိ လားပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဆရာမင်းလူ တစ်ယောက် ရောက်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အိပ်စက်အနား ယူနိုင်ပါစေ။

ရဲရဲတောက် ဒီမိုများ အက်မင် အဖွဲ့


@@@@@@@@@@@@@@@@@@@@@@@@@@@@@@


စာရေးဆရာ၊ ကဗျာဆရာ မင်းလူကို စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့က ရန်ကုန်မြို့ အမှတ် (၁၄၇)၊ (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ (ကွယ်လွန်)၊ စာရေးဆရာ/အဆိုကျော်/ရုပ်ရှင်မင်းသား သုမောင် (ဗလ) (ကွယ်လွန်)၊ ရုပ်ရှင်မင်းသား ရူပ မွေးချင်း အရင်း လေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ စာရေးဆရာ၊ စတူရီယိုတေးရေး/တေးဆို၊ ဒါရိုက်တာ အာယု (ကွယ်လွန်) နှင့် အဖေတူ၊ အမေကွဲ အကို တော်စပ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

၁၉၅၉-၁၉၆၈ ခုနှစ်များတွင် စိန့်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)၊ ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ -၁၉၇၂ ခုနှစ်များတွင် အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူး နှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂-၁၉၇၇ ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ် ၌ ဆက်လက် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင် နှင့် နှစ်ပတ်လည် မဂ္ဂဇင်း များ တွင် “တောကျောင်း ဘုန်းကြီး” အမည်ဖြင့် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံရပြီး စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့သည်။ ကျောင်းတက်ရင်း ဖခင်ဖြစ်သူ ၏ လုပ်ငန်းတခု ဖြစ်သည့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို လေ့လာ လုပ်ကိုင်ခဲ့သည်။

မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။

မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံ နေအိမ်တွင် နေထိုင်ခဲ့သည်။ ၂၀၁၃ သြဂုတ် (၁၄) ရက် သန်းခေါင်ကျော်၊ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန် အနိစ္စ ရောက်သည်။ မကွယ်လွန်ချိန် အထိ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ သရော်စာ၊ စာပေရုပ်ပုံလွှာ၊ ရုပ်ရှင်ဇာတ်ညွှန်း အမျိုးအစား စုံ များစွာ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။

မင်းလူ ရေးသား ခဲ့သော လုံးချင်း စာအုပ်များ၊ ဝတ္ထုတိုပေါင်းချုပ်များ၊ အက်ဆေး ပေါင်းချုပ်များစာရင်း (ပြုစုဆဲ၊ အမှားအယွင်း နှင့် လိုအပ်တာများရှိနိုင်ပါသည်။)

၁) ကံကော်နီ (၂၀၀၄)

၂) ကျွန်တော် ကျွန်မတို့သည် (၁၉၈၅)

၃) ခုနစ်စဉ်အလွမ်း – (၁၉၈၆) (ရုပ်ရှင် ၁၉၉၀၊ အစ်ကို များ ဖြစ်သူ ဒါရိုက်တာ မောင်ဝဏ္ဏ နှင့် ရုပ်ရှင် သုမောင် တို့ အကယ်ဒမီရခဲ့သည်။ ဆုပေးချိန်တွင် မင်းလူ မှာ နိုင်ငံရေး ပုဒ်မ ဖြင့် နဝတ စစ်အစိုးရ ၏ ထောင်သွင်း အကျဉ်းချခြင်းခံနေရသည်။)

၎) ချစ်ဒုက္ခ

၅) ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ် တိုးတိုးတိတ်တိတ်ရယ် (၁၉၈၇) (ချိုးကူသံ အမည်ဖြင့်ရုပ်ရှင်ရိုက်)

၆) ချစ်မြားရှင် အစ ချစ်မြားရှင်အဆုံ (၁၉၉၆)

၇) ချစ်သောပန်းကလေး (၁၉၇၉)

၈) ခိုးခိုးခစ်ခစ် (အသစ်စက်စက်လုံးချင်းဝတ္ထု) (၂၀၀၉)

၉) ခေါင်းလုံးထိုးသောဝတ္ထုတိုများ

၁၀) ဂန္တဝင်အိမ်မက် (၂၀၀၂)

၁၁) ငိုအားနှင့် ရယ်အား (၁၉၉၆)

၁၂) ငှက်ကလေး (၁၉၈၁)

၁၃) စာပေကယ်ရီကေးချား

၁၄) စာပေကြော်ငြာ စတိတ်ရှိုး ပွဲတော်နှင့် အခြား ဝတ္ထုတိုများ (၂ဝဝ၁)

၁၅) စာပေလေလံပွဲ (၂ဝဝ၁)

၁၆) စိန်အလွမ်း

၁၇) နွေသစ်ရွက်

၁၈) နှစ်ကိုယ်ခွဲ (၁၉၉၆)

၁၉) နှုတ်ခမ်း၏ထောင့်စွန်းများ

၂၀) ပန်းကျောင်း (၁၉၉၇)

၂၁) ပြန်ခေါ်သက်သေ

၂၂) ပြောတိုင်းယုံတဲ့ပုတ်သင်ညို (၁၉၉၉)

၂၃) ဖော်ကွာဝေး (၁၉၈၉)

၂၄) ဖူးစာရှင်ကိုရွေးတော့မည်

၂၅) ဘာမှမတတ်နိုင်ဘူး (၁၉၉ဝ)

၂၆) မိညီမ (၁၉၉၆)

၂၇) မိုးထဲကနှင်းဆီ

၂၈) မင်းမဆိုးပါဘူး (၂ဝဝဝ)

၂၉) မျောက်လက် (၂၀၁၁)

၃၀) ယမကာလုလင် (၁၉၉၉)

၃၁) ရေတမာ (၂ဝဝဝ)

၃၂) ရင်ခုန်သူများ (၁၉၈၈)

၃၃) ရင်ထဲကဆောင်းရာသီ (၁၉၈၉) (၁၉၉၉ တွင် အစ်ကို ဖြစ်သူ မောင်ဝဏ္ဏရုပ်ရှင် ရိုက်)

၃၄) ရယ်စရာ မောစရာ (ပ-၁၉၈၇၊ ဒု-၁၉၉၅)

၃၅) ရင်မောခြင်းနှင် ရယ်မောခြင်း (၁၉၉၇)

၃၆) ရယ်မောခြင်း လက်ရွေးစင် (၁၉၉၉)

၃၇) ရယ်မောခြင်း လက်ကျန်

၃၈) ရွှေနှလုံးသား

၃၉) ရွှေရောင်မမရဲ့ ပုံတူ (စာရေးဆရာစုံ) (၁၉၉၉)

၄၀) လမ်းဖြတ်ကူး သောဝတ္ထုတိုများ (၁၉၉၅)

၄၁) လွန်လေပြီးသောနှလုံးသား (၁၉၉၅)

၄၂) လွမ်းရအောင် (၁၉၈၄)

၄၃) ၀ထ္ထုဖြစ်စေသတည်း

၄၄) သဘာဝကျကျ ဟာသရသ

၄၅) သာဓုအင်ဆန်း (ဖခင် ဆရာ သာဓု၊ အစ်ကို များ ဖြစ်သူ မောင်ဝဏ္ဏ၊ သုမောင်တို့ နှင့်တွဲလျက်) (၁၉၇၈)

၄၆) သူကလည်းသူ ကျွန်တော်ကလည်း ကျွန်တော်

၄၇) သူငယ်ချင်း တယောက်အကြောင်း (၁၉၉၇)

၄၈) သူတို့ ပျော်ကြလေပြီ (၁၉၈၆)

၄၉) သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့

၅၀) သုံးနားညီ

၅၁) သံမဏိ ဝတ်မှုန်နှင့် လတ်ဆတ်သော ဝတ္ထုများ (စာရေးဆရာစုံ) (၁၉၉၄)

၅၂) သံယောဇဉ် အဖွဲ့ (၁၉၉၆)

၅၃) အချစ်မြို့သားများ

၅၄) အချစ်ရူးကြီး ရူးတော့သည် (၁၉၉၄)

၅၅) အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာ) (၁၉၇၈)

၅၆) အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ

၅၇) အချစ်သက်သက် ဝတ္ထုတိုများ (၁၉၉၆)

၅၈) အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း (၁၉၈၁)

၅၉) အခြားဝတ္တုတိုများ (၂ဝဝဝ)

၆၀) အတွေ့လေးရယ်မှ အို အကြုံ (၁၉၉၆)

၆၁) အမုန်းခွန်အား (ဝတ္ထုများ) (၁၉၉၆)

၆၂) အမည်မဖော်လိုသူ အချစ် (၂ဝဝ၁)

၆၃) အမုန်းအလိုမရှိ (၁၉၉၆)

၆၄) အလွမ်းသစ်

၆၅) အလွမ်း၌ချစ်စေသတည်း

၆၆) အီးကော်လာ

၆၇) အော်ဆွေး

၆၈) အောင်ဘာလေ (၂၀၀၉)

၆၉) အက်ဆေးချစ်သူ(အက်ဆေး ပေါင်းချုပ်) (၂ဝဝ၁)

၇၀) ဦးမင်းလူ ကောင်းမှု (ကဗျာ ပေါင်းချုပ်) (၂ဝဝဝ)

၇၁) ဒေ၀တာမြို့တော် (ဖြည့်စွက်)

၇၂) အချစ်၊ အလွမ်း၊ စွန့်စားခန်း (ဖြည့်စွက်)

ကျန်ရှိနေသေးသော ဆရာ မင်းလူ စာစုစာရင်း များ၊ အချက်အလက် အမှားအယွင်းများကို မိုးမခ စာဖတ်ပရိသတ် အနေနဲ့ မှတ်ချက်ပြု ဆက်လက် ပြုစုပေးပါရန် ပန်ကြားအပ်သည်။ ကိုယ်ရေး အကျဉ်း မှာ မိသားစု ၏ တရားဝင် ထုတ်ပြန်ချက် မဟုတ်ပါ။

ဆရာ မင်းလူ အခုလို ကွယ်လွန် အနိစ္စ ရောက်သွားခြင်း အတွက် မိုးမခ က မိသားစု နှင့် ထပ်တူ၊ ထပ်မျှ ဝမ်းနည်းကြေကွဲ ဖြစ်ရသည်။ တိုင်းပြည် အတွက် အဖိုးမဖြတ် နိုင်သည့် ဆုံးရှုံးမှုလည်း ဖြစ်သည်။ ဆရာ မင်းလူ သက်ဆုံးတိုင် တိုင်းပြည် အတွက် တာဝန်ကျေ ပေးဆပ်ခဲ့သည် စာပေ လုပ်အားများအတွက် အမြဲတမ်း ကျေးဇူးတင် သမိုင်းမှာ နာမည်ကျန်ရစ်နေမည် ဖြစ်သည်။

ဆရာ မင်းလူ ကောင်းရာ သုဂတိ လားပါစေ။


Moemaka


@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ဓာတ်ပုံ The Irrawaddy's Blog


@@@@@@@@@@@@@@@@@@@@@@@@@@@@@@

- See more at: http://moemaka.com/archives/37324#sthash.RDZNu9CU.dpuf

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။