Burma-Newselite
လှလွန်းသူကို ကောင်စီဝင်လူကြီးခန့်ဖို့ ငြင်းဆို
အသက် ၂၇ နှစ်အရွယ် ဗိသုကာနဲ့ ၀ဘ်ဆိုက်ဒီဇိုင်းဆွဲသူ Nina Siakhali Moradi ဟာ အီရန်နိုင်ငံ Qazvin မြို့မှာ မြို့တော်ကောင်စီရာထူးအတွက် ၀င်ရောက်အရွေးခံရာမှာ မဲတသောင်းကျော်နဲ့ အနိုင်ရခဲ့ပါတယ်။
မဲအများဆုံးရသူကို အလိုအလျောက်ရွေးကောက်တင်မြောက်ရမှာ
ဖြစ်ပေမဲ့ သူအနိုင်ရသွားတဲ့ သတင်း ထွက်ပေါ်လာပြီးတဲ့နောက် ဘာသာရေး ရှေးကျတဲ့အဖွဲ့က သူ့ကို နေရာကဖယ်ရှားဖို့ ကြိုးစားကြပါတယ်။ မဲဆွယ်စဉ်မှာ အစ္စလာမ်ထုံးတမ်းစဉ်လာကို မလိုက်နာတဲ့အတွက် အနိုင်ရတာ တရားမ၀င်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။
The Time of London မှာဖော်ပြချက်အရ အရွေးခံရတဲ့ Nina Siakhali Moradi ရုပ်ချောပြီး ဆွဲဆောင်မှုရှိလွန်းလို့ သူ့ကို နေရာပေးဖို့ ကန့်ကွက်စ...ာတင်ကြတာလို့ ဆိုပါတယ်။ မြို့တော်ကောင်စီရုံးထဲမှာ ဆင်မယဉ်သာလျှောက်နေတာကို မလိုချင်ဘူးလို့ အဆင့်မြင့် အရာရှိ တဦးက ဒေသခံမီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီရန်သမ္မတကတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အလေးထားမယ်လို့ ကတိပြုခဲ့ပြီး ပြီးခဲ့တဲ့ သတင်းပတ်က အမျိုးသမီးတဦးကို ဒုသမ္မတ အဖြစ် ခန့်အပ်ခဲ့ပါတယ်။
Z
source: The Huffington Post

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။