Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 12, 2013

မြန်မာပြည်ကြီး ဒီလောက်ထိ ဆိုးရွားစေခဲ့တဲ့ ..

 

မြန်မာပြည်ကြီး ဒီလောက်ထိ ဆိုးရွားစေခဲ့တဲ့ ..

နံပါတ်တစ် သမိုင်းတရားခံဟာ .. ဦးနေ၀င်း ဆိုရင် ..

နံပါတ်နှစ် သမိုင်းတရားခံဟာ .. ဗိုလ်ချုပ်ခင်ညွှန့်ပါ .. ...


ဆရာကြီးများ ကဂျာကြီးများက အထာကြီးများနှင့် ဗျူးကြသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
U Naing Win

မေးမြန်းသူမှာ ဦးမြတ်ခိုင်ဖြစ်ပြီး / ဖြေကြားသူမှာ ဦးခင်ညွန့် ဖြစ်သည်။

ကျွန်တော်တို့ က အာဏာသိမ်းတာမျိုး မလုပ်ချင်ဘူးလေဗျာ။ ဗိုလ်ချုပ်မှူးကြီး
စောမောင်လည်း အဲဒီအချိန်တုန်းက သူကအာဏာသိမ်းတာမျိုး မလိုလားဘူး။
သူက သဘောထားနူးညံ့တယ်ဗျ။ ကျွန်တော်တို့ နောက်ဆုံးသုံးယောက်
စဉ်းစားတာတောင်မှ ဒီဟာကြီးကို ဘယ်လိုလုပ်ဖြေရှင်းရမှန်းမသိဘူး။
ငါလည်း မဖြေရှင်းတတ်ဘူးကွတဲ့။ စစ်တပ်ကသေနတ်က ပြည်သူကြားထဲ
ဘယ်ပစ်လို့ ဖြစ်မလဲကွတဲ့။ ငါတို့ ကလည်း တဖြည်းဖြည်းဆိုးဝါးလာတဲ့
anarchism ၀င်လာတဲ့ဥစ္စာကို ထိန်းဖို့ သိမ်းဖို့ က တို့ လည်းခက်တယ်ကွတဲ့။
ဒါကြောင့် အေဒီလမ်းသွားမယ်ဆိုပြီး ဒီလိုကိုးဗျ။ စစ်တပ်က ပစ်တယ်ခတ်တယ်
ဆိုတာက အတင်းအဓမ္မ အကြမ်းပတမ်းနဲ့ အဲဒီအချိန်အခါတုန်းက မလုပ်ဘူးခင်ဗျ။
တချို့ လည်း အဲဒီမှာ ထင်ကြေးပေးတာလည်း ပါချင်ပါမှာပေါ့ဗျာ။
အသေးစိတ်တော့ ကျွန်တော်လည်းမသိဘူးပေါ့။

ထောက်လှန်းရေးက ဘယ်ရှိမလဲဗျာ။ ကျွန်တော်တိုက သတင်းအချက်အလက်နဲ့ 
လုပ်တာဘဲ။ ထောက်လှန်းရေးမှာ သေနတ်တောင်မရှိဘူး။ ကျွန်တော်တို့ မှာ
သေနတ်ဘယ်ရှိမလဲဗျ။ ဝေါ်ကီတော်ကီဘဲရှိတာဗျ။ လူပရိသတ်ထဲမှာ
ဝေါ်ကီတော်ကီနဲ့ သွားပြီးသတင်းယူရတာ။ အန္တရာယ်လည်းကြီးပါတယ်။
ကျွန်တော်တို့ က ဘယ်လိုလုပ်အမိန့် ပေးလို့ ရမလဲဗျာ။ ကျွန်တော်တို့ က
စစ်တပ်အကြီးအကဲမှမဟုတ်ဘဲ။ ထောက်လှန်းရေးဆိုတာ ခိုင်းတာလုပ်တာဗျ။
မဟုတ်ဘူးလား။ သူတို့ ကထင်နေတာက အကုန်လုံးလျှောက်ပြီးတော့မှ
အကုန်လုံးအပေါ်မှာ စိုးမိုးလိမ့်မယ်လို့ ထင်တာ။ ဘယ်ဟုတ်မှာလဲဗျ။
ဘယ်စိုးမိုးလို့ ရမလဲ။ စစ်တပ်ကအစဉ်အလာနဲ့ နေတာဗျ။ ကျွန်တော်က
အဲဒီအချိန်မှာ ထောက်လှန်းရေးအကြီးအကဲဆိုပေမယ့် ကျွန်တော်က
နံပတ်သရီးအဆင့်ဘဲရှိတယ်။ ကျွန်တော့်ကို န၀တက တာဝန်ပေးတဲ့အချိန်ပေါ့။
၈၈ မှာ ကျွန်တော် အတွင်းရေးမှူး (၁)ဖြစ်တော့ ကျွန်တော်က နံပတ်သရီးအဆင့်
ရှိတာ။ နံပတ်သရီးဆိုတာ နံပတ်ဝမ်း။ တူးကို ကျော်လွှားလို့ မရဘူးခင်ဗျ။

ထောက်လှန်းရေးဆိုပြီး ပစ်မှတ်ညွှန်နေတာကိုးဗျ။ ကျွန်တော်ကလည်း အဲဒါကို
မတုန့် ပြန်ချင်ဘူးဗျ။ ဘာကြောင့်လဲဆို အရူးနဲ့ လူကောင်းနဲ့ စကားပြောရင်
လူကောင်းဘဲနစ်နာမှာပေါ့ဗျာ။ အရူးဘယ်နစ်နာမလဲဗျ။ မဟုတ်ဘူးလား။
အခုအရူးချီးပန်းလိုလုပ်နေကြတာတွေဗျ။ အဓိကဆိုးဝါးသွားတာ နိုင်ငံရေး
အကျဉ်းသားတွေပေါ်လာတာ။ ထောင်ကျတာ။ ထောင်ထဲမှာ သတ်တာ၊
ဖြတ်တာ၊ သေတာတွေအားလုံးဟာ ထောက်လှန်းရေးလက်ချက်လို့ ။ ခင်ဗျားကို
ကျွန်တော်ပြောမယ်နော်။ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးဗျ။ အခုအုပ်ချုပ်ရေးနဲ့ 
မတူဘူးဗျ။ အခုက ဒီမိုကရေစီခေတ်မှာမို့ ပြောပိုင်ခွင့်ရှိတာကိုးဗျ။ စစ်အုပ်ချုပ်ရေး
ခေတ်မှာ ဘယ်သူပြောရဲသလဲ။ ပြောပိုင်ခွင့်မရှိဘူးဗျ။ သူ့ ဥပဒေနဲ့ သူဗျ။
အဲဒီအချိန်တုန်းက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေက ရှိတယ်ဗျ။
တည်ဆဲဥပဒေအနေနဲ့ လုပ်တာ။ ဟိုတစ်ချိန်တုန်းက တည်ဆဲဥပဒေကို
ဖောက်ဖျက်ရင်ဖောက်ဖျက်တဲ့သူ ခံရတာဘဲ။

ကျွန်တော်လူကြီးတစ်ယောက်လုပ်ခဲ့တဲ့အချိန်မှာ ယခင်တုန်းက ကောင်းတာရော၊
မကောင်းတာရော ပြန်ပြီးဖွင့်ချရမယ်ဆိုတာက လူကြီးရဲ့ အဂါ င်္ရပ်နဲ့ မညီဘူးဗျ။
အကုန်ဖွင့်ချမယ်ဆိုရင် ကျွန်တော်က ဖော်ကောင်ဘညွန့် လိုဖြစ်သွားမှာပေါ့။
ဖော်ကောင်လုပ်မယ့်စရိုက်မျိုး ကျွန်တော့်မှာမရှိဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်က
အတိတ်ကိုထားခဲ့မယ်။ ကောင်းတာဆိုးတာသည် အတိတ်မှာကျန်ခဲ့ပြီ။
ဘုရားဟောတာနဲ့ အတူတူပေါ့ဗျာ။ နောက်ပြီး အနာဂတ်ကိုလည်း ဘာကြီး
ဖြစ်ရမယ်၊ ညာကြီးဖြစ်ရမယ် မျှော်မှန်းချက်လည်းမရှိပါဘူး။ ပစ္စုပ္ပန်မှာ
ဘာလုပ်သင့်သလဲ။ လောလောဆယ် ဘာဖြစ်သင့်သလဲ။ လုပ်သင့်တာလုပ်မယ်။
ဖြစ်သင့်တာဖြစ်ရမယ်။ ဒါဘဲ။ ကျွန်တော်ထင်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရ
ဆိုတော့ ကောင်းရာကောင်းကျိုးလုပ်တာဘဲဗျ။ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်။
ဘာဖြစ်လို့ လဲဆိုတော့ သူတာဝန်ရှိတာကိုးဗျ။ သူကြိုးစားလုပ်တာဘဲဗျ။ ဒါပေမယ့်
အဲဒီမှာလူတွေမညီညွတ်ရင်တော့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး။ စည်းလုံးညီညွတ်မှု
ရှိရမယ်။ ဦးကိုနင်းရင် ပဲ့ကထောင်၊ ပဲ့နင်းဦးထောင်ဆိုရင်တော့ တိုင်းပြည်က
ဘယ်လိုမှမတိုးတက်ဘူး။ အခုအချိန်မှာ အချိန်ကောင်းဗျာ။ ဒီအချိန်မှာ လူတွေက
ညီညွတ်နေရမယ်။ အခုကမဟုတ်ဘူးဗျ။ အပြစ်အနာအဆာတွေ လျှောက်ဖော်။
ဟီးရိုးလုပ်နေကြတာကိုးဗျ။ ဟီးရိုးလုပ်နေကြတော့ တိုင်းပြည်တိုးတက်ဖို့ 
တော်တော်ခက်တယ်ဗျ။ အစိုးရလည်းခေါင်းနောက်။ သူလည်းပြဿနာပေါင်း
အများကြီးဗျ။ အဲဒါတွေကို မနည်းဖြေရှင်းနေရတာဆိုတဲ့အခါကျတော့
အဲဒီကြားထဲမှာမှ ဟိုလူကဟိုဘက်ကနေထအော်လိုက်၊ ဒီလူကထအော်လိုက်။
ဟိုဘက်ကအပုပ်ချလိုက်၊ ဒီဘက်ကအပုပ်ချလိုက်ဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ။
ဒီဟာတွေကို တစ်ယောက်နဲ့ တစ်ယောက် အပုပ်ချရမယ့်အစား အခုအချိန်မှာ
ဒါအပုပ်ချရမယ့်အချိန်အခါမျိုးမဟုတ်ဘူး။ အားလုံးက၀ိုင်းလုပ်ရမယ်။
တက်ညီလက်ညီနဲ့ လုပ်ရမယ်ဆိုတဲ့ စိတ်စေတနာရှိကြဖို့ လိုတယ်ဗျ။ အခုတော့
မဟုတ်ဘူးဗျ။ ဟီးရိုးလုပ်ချင်တဲ့သူက များနေတာဗျ။ ခက်တယ်ဗျ။ ကျွန်တော်က
အဲဒီအထဲမှာမပါဘူး။ အခုလည်း အပုပ်ချရေးနေတာ ရေးပါလေ့စေ။
ကျွန်တော်စောစောကပြောသလိုပေါ့။ အရူးနဲ့ လူကောင်း ဖက်ပြီးရန်ဖြစ်ရင်
လူကောင်းဘဲနစ်နာမှာပေါ့ဗျာ။ အရူးကတော့ဘယ်သိမလဲ။ အရူးဘဲ။
မဟုတ်ဘူးလား။ အခုလည်း ကျွန်တော့်ကိုရေးနေတာဘဲ။ အရူးနဲ့ ဖက်ပြီးရန်ဖြစ်ရင် ကျွန်တော်ပါအရူး ဖြစ်သွားမှာပေါ့။ မလုပ်ပါဘူး။ သူ့ ဘာသာသူ ပြောချင်တာပြော၊
ရေးချင်တာရေး။ လက်ညောင်းရင်ရပ်သွားလိမ့်မယ်။ ကျွန်တော့်ကိုအပုပ်ချလည်း
ကိစ္စမရှိဘူး။ ကျွန်တော်အခုအချိန်မှာ ဘာသာရေးလုပ်မယ်။ ဒါဘဲ။ ကျွန်တော်
နိုင်ငံရေးလုံးဝမလုပ်ဘူးဆိုတာ ခင်ဗျားကိုပြောပြီးပြီ။ ဘယ်သူလာဆွယ်ဆွယ်၊
ဘယ်သူက ကျွန်တော့်ကိုမှ လာပြီးတော့မှမှဆွဲဆောင်ဆွဲဆောင် ဘယ်တော့မှ
နိုင်ငံရေးမလုပ်ဘူး။

ခင်ဗျားတို့ ကြားတာက ကြားတာပေါ့ဗျာ။ ကျွန်တော်တို့ က လုံခြုံရေးလိုက်ရမယ်
ဆိုရင် လုံခြုံရေးကိုလိုက်ရတယ်။ ဒေါ်စုနဲ့ ပက်သက်လို့ ကတော့ ကျွန်တော့်စိတ်
ထဲမှာ ညီမလေးလိုဘဲ အမြဲတမ်းသဘောထားတယ်။ ဘယ်တော့မှ သူ့ အပေါ်
အညှိုးအတေးလိုမျိုးရှိစရာအကြောင်းမဟုတ်ဘူးဗျာ။ နိုင်ငံရေးလုပ်တဲ့အခါ
အယူအဆချင်းက တစ်ယောက်နဲ့ တစ်ယောက် တူချင်မှတူမှာပေါ့။ သူလည်း
သူ့ အယူအဆနဲ့ သူလုပ်တယ်ဆိုတဲ့နေရာမှာ အဲဒီအချိန်အခါကတည်းကိုက
ကျွန်တော်က ဒေါ်စုကို ညီမလိုဘဲသဘောထားတယ်။ ဘာဖြစ်လို့ လည်းဆိုတော့
ကမန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလေ။ ကျွန်တော်တို့ တိုင်းပြည်မှာ
ရှာမှရှားဘဲ။ နောက်ထပ်လည်းပေါ်စရာအကြောင်းမရှိပါဘူး။ သူ့ သမီးကိုးဗျ။
အဲဒါတော့ အလေးထားတယ်။

ဒီမယ် အဲဒီအချိန်တုန်းက တည်ဆဲဥပဒေအရ ခိုင်းခဲ့တဲ့အချိန်မှာ အဲဒီအချိန်မှာ
တာဝန်မရှိဘူး။ အခုဒီမိုကရေစီခေတ်အခါမှာ အပြစ်တွေဖော်တယ်ဆိုရင်လည်း
ကျွန်တော်ကတာဝန်ပေးလို့ လုပ်ခဲ့ရတာလေဗျ။ ကျွန်တော့်သဘောနဲ့ ကျွန်တော်
လုပ်ခဲ့တာ တစ်ခုမှမရှိပါဘူး။ တာဝန်အရလုပ်ခဲ့တာ။ ထောက်လှန်းရေးဆိုတာ
ခေါ်စစ်ရတယ်။ ထောင်ချရတယ်လေဗျာ။ သူက ခေါ်စစ်ပြီးထောင်ချရတာဘဲဗျ။
ခေါ်စစ်ပြီးတော့ အပြစ်မရှိရင် ပြန်လွှတ်လိုက်တာပေါ့။ အပြစ်ရှိတဲ့လူဆိုရင်
ထောင်ချရတာပေါ့ဗျာ။ ဒါကတာဝန်ဗျ။ ကိုယ့်စိတ်သဘောနဲ့ ကိုယ် လုပ်လို့ 
မရဘူးဗျ။ နောက်စစ်ကြောတယ်ဆိုတာလည်း စစ်ကြောတဲ့သူတွေမှာ
သူတို့  procedure ရှိတယ်ဗျ။ procedure အရ လုပ်တာဗျ။ ကျွန်တော်က
ဘယ်သူ့ ကိုဘယ်လိုစစ်လိုက်ဟေ့လို့  ကျွန်တော်ပြောပိုင်ခွင့်မရှိဘူး။-

ပြောလည်းမပြောဘူး။ ပြောတဲ့အစဉ်အလာလည်းမရှိဘူး။ စစ်ကြောရေးမှာလည်း
စစ်ကြောရေး procedure ရှိတယ်။ စစ်ကြောခံရသူအနေအထားကိုကြည့်ပြီးတော့
အမျိုးမျိုးပြောင်းပေးသွားရတာမျိုးရှိတယ်။ ဒါက procedure တွေဗျ။
ဒါပေမယ့် တချို့ ကတော့ မဟုတ်တာတွေ လျှောက်ပြောတာပေါ့ဗျာ။ မြေကြီးထဲ
မြှုပ်တယ်။ လည်ပင်းဖော်ထားတယ်။ ဂျစ်ကားနဲ့ ဖြတ်တယ်ဆိုတာ ဒါမဟုတ်တာ
တွေပေါ့ဗျာ။ အဲဒါတွေက ဟုတ်မှမဟုတ်ဘဲဗျ။ အဓိပ္ပာယ်မရှိတာတွေဗျ။

ဒါက ဥပဒေတွေရှိတယ်လေ။ သူ့ ဥပဒေကြောင်းနဲ့ အညီ သွားကြတာဗျ။
ကျွန်တော့်ကိုလာတင်ပြတာမဟုတ်ဘူး။ ဥပဒေအရာရှိတွေရှိတယ်လေ။
အပေါ်ကလည်း ဘယ်လောက်ချလိုက်ဟေ့ဆိုတာမရှိပါဘူး။ ဥပဒေထဲပါတယ်လေ။
ဘာကျူးလွန်ရင် ဘယ်လောက်ပြစ်ဒဏ်ချရမယ်လဲဆိုတာ။ သူ့ ဥပဒေရှိတယ်။

လုံးဝအဆက်အသွယ်မရှိတော့ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တင် မဟုတ်ပါဘူး။
အောက်က အခုတာဝန်ယူလုပ်နေတဲ့သူတွေလည်း အဆက်အသွယ်မရှိပါဘူး။
လက်ရှိလုပ်နေတဲ့ဝန်ကြီးအဖွဲ့ တွေနဲ့ လည်း အဆက်အသွယ်မရှိဘူး။
ပြည်ခိုင်ဖြိုးနဲ့ လည်း အဆက်အသွယ်မရှိဘူး။ ကျွန်တော်လွတ်ခါစတုန်းက
ကိုအောင်သောင်းနဲ့ ကိုသိန်းဇော်တို့ နှစ်ယောက်လာကြတယ်။ သမ္မတက
လွှတ်လိုက်လို့ ပါတဲ့။ အဲဒါက သမ္မတက ကျွန်တော့်တပည့်တွေကို ထိန်းပါဆိုတာ
ပြောတာ။ ကျွန်တော့်တပည့်တွေ ကျွန်တော်ထိန်းရမှာပေါ့ဗျာလို့ ။
ဘာမှမဖြစ်စေရပါဘူး။ ကျွန်တော်တာဝန်ယူပါတယ်လို့ ။ အဲဒီနောက်ပိုင်း အဆက်အသွယ် အဆက်အစပ်မရှိတော့ဘူး။

(လျှပ်တပြက်ဂျာနယ် အတွဲ ၄ အမှတ် ၄၃ တွင် ပါရှိသော “၈၈၈၈ စစ်အစိုးရ
အတွင်းရေး” အင်တာဗျူးမှ ထုတ်နုတ်ဖော်ပြပါသည်။ မေးမြန်းသူမှာ မြတ်ခိုင်
ဖြစ်ပြီး ဖြေကြားသူမှာ ခင်ညွန့် ဖြစ်သည်။ ပုံကို အဆိုပါဂျာနယ် မျက်နှာဖုံးမှ
ကူးယူပါသည်)

( Aungmyo Tun facebook မှ ထပ်ဆင့် ကူးယူ ဖော်ပြသည် )
See More
— with ဆရာ ဆယ်.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။