Myanmar International News
နန်းသူဇာနဲ့ ၂ ယောက်တွဲ အခွေထွက်မယ့် နန်းမြတ်ဖြိုးသင်း
Monday, 12 August 2013
နန်းသူဇာနဲ့ ၂ ယောက်တွဲ အခွေထွက်မယ့် နန်းမြတ်ဖြိုးသင်းနန်းမြတ်ဖြိုးသင်း
က အခု လတ်တလော မှာတော့ နန်းသူဇာနဲ့ အတူဆိုပြီး၊ သီချင်းခွေလေးကို အမြန် ဆုံးထွက်နိုင်အောင်လို့ စီစဉ် ဖြစ်နေ တယ်လို့ ပြောပါတယ်။
"နန်းမြတ်နဲ့ နန်းသူဇာနဲ့ ခင် တာကလည်း ကြာပြီ။ အဲဒီအချိန်မှာ သူကလည်း အခွေလေးလုပ်ဖို့ရှိတယ်။ နန်းမြတ်ကလည်း လုပ်ချင်တယ် ဆိုပြီး လုပ်ဖြစ်သွားတယ်။ နန်းမြတ်တို့နှစ် ယောက်စလုံး သီချင်းအမြူးေ လးတွေ များမယ်။ အနှေး၊အမြန် လေးတွေထည့် ထားပေးတယ်။
...

သီချင်းအပုဒ်ရေလည်း နည်းနည်း များမယ်။ ထူးထူးခြားခြား အနေနဲ့ ပရိသတ်တွေ စုံစုံလင်လင် လေး နားထောင်ရအောင်တော့ စီစဉ်ထားတယ်။ ပြီးတော့ နန်းမြတ်တို့ နှစ်ယောက်ကို သရုပ်ဆောင်အနေနဲ့ ပရိသတ် တော်တော် များများက သိကြ တယ်။ အဲဒီလို အချိန်မျိုး မှာ သရုပ် ဆောင် နှစ် ယောက်က တွဲ ပြီး သီချင်းခွေ လေးလုပ်တယ် ဆို တော့ထူးခြားမယ်လို့ ထင် ပါတယ်" လို့ပြောပါတယ်။
နန်းမြတ်ဖြိုးသင်းက သရုပ် ဆောင်ဘက်မှာ ပရိသတ်တွေက အား ပေးသလို အဆိုဘက်မှာလည်း ပရိ သတ်တွေ အားပေးမှုကိုလိုချင် ပါတယ်လို့ ဆိုပါတယ်။
"နန်းမြတ်က သီချင်းတွေ အပ် တဲ့အခါမှာလည်း ကိုယ့်ရဲ့ ခံစားချက်ကို
ပြောပြီး ရေး ခိုင်းတာမျိုးတော့မရှိဘူး။ ကိုယ့်အသံနဲ့ လိုက် ဖက်မှုရှိတဲ့ အကြောင်း အရာလေးတွေကို ရေးပေး ပါတယ်။ ဒီအခွေလေးက ကိုယ့်ရဲ့ပထမဦးဆုံး အခွေလည်းဖြစ် တယ်။ သူ ငယ်ချင်းနှစ်ယောက် တစ် ယောက်တစ်ချမ်းနဲ့ ပေါင်းပြီး လုပ်ဖြစ်တာ ဖြစ်တဲ့အတွက် ပရိသတ်ကို ချပြရမှာတော့ ရင်ခုန်ပါတယ်။
ဒီသီချင်းခွေကို ပရိသတ် နားထောင်ပြီး ဘယ်လို ဝေဖန်အကြံပြုမလဲ ဆိုတာကိုလည်း အများကြီးမျှော်လင့် မိပါတယ်။ နန်းမြတ်တို့ နှစ်ယောက်
စလုံးကလည်း သရုပ်ဆောင် အလုပ်ကိုစပြီး လုပ်ဖြစ်တယ်။ ဒါပေမဲ့ အဆိုဘက်ကိုလည်း အစကတည်းက ဝါသနာပါတယ်။ အဲဒါကြောင့်လည်း ပရိသတ်ကို ချပြဖို့ အထိဖြစ်လာတာပါ။
အဲဒီအတွက် ပရိသတ်ကြီးကလည်း နန်းမြတ်တို့ နှစ်ယောက်ရဲ့ ကြိုးစားမှုလေးကို တစ်ချက်လောက်တော့ နားထောင်ကြည့်ပေးပါ။ အများကြီးလည်း ကြိုးစား ထားပါတယ်။ နန်းမြတ်တို့ ဒီအခွေလေးကို စီစဉ်နေ တာတော့ ကြာပါပြီ။ အခု အခွေထွက်ဖို့ နီးလာတဲ့အတွက် နန်းမြတ်တို့ သူငယ်ချင်းနှစ်ယောက် ပေါင်းပြီး စီစဉ်ဖြစ်နေတာကို အခွေထွက်ခါနီးမှ ပရိသတ်တွေ ရိုးမသွားဘဲ ထူးခြားသွားအောင် အသိပေး ဖြစ်တာပါ" လို့ ပြောပါတယ်။
Popular News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။