ဝါရှင်တန် သြဂုတ် ၁၁
နာဆာမှ နက္ခတ္တဗေဒ ပညာရှင်များသည် နေဂြိုဟ်ကဲ့သို့ အရွယ်အစား ကြီးမားသော ကြယ်ကြီး တစ်လုံးကို အလင်းနှစ် ၅၇ နှစ် အကွာအဝေးမှ လှည့်ပတ်နေသည့် ပန်းရောင် အဆင်းရှိ ဂြိုဟ်ငယ် တစ်လုံးကို တွေ့ရှိ ခဲ့ကြပြီး
ထိုဂြိုဟ်ငယ်သည် တွေ့ရှိခဲ့ဖူးသော ဂြိုဟ်များအနက် အသေးငယ်ဆုံး ဂြိုဟ်တစ်လုံး ဖြစ်ကြောင်း သိရသည်။ အမည်ဝှက် GJ 504b ဟု အမည် ပေးထားသော အဆိုပါ ဂြိုဟ်ငယ်ကို ဟာဝိုင်ရီရှိ နက္ခတ်တာရာ ကြည့် မှန်ပြောင်းမှ တစ်ဆင့် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ဂြိုဟ်ကို တိုက်ရိုက် ပုံရိပ်ဖမ်း ကြည့်ရှုသည့် နည်းပညာကို အသုံးပြု၍ ကြည့်ရှုရာတွင် အသေးဆုံးသော ဂြိုဟ်ငယ်အဖြစ် မြင်တွေ့ ရသော်လည်း ၎င်းသည် ကြာသပတေး ဂြိုဟ်၏ အရွယ်အစားထက် လေးဆခန့် ကြီးမားနိုင်ကြောင်းနှင့် အပူချိန်မှာလည်း ၂၃၇ ဆဲလ်ဆီးယပ်စ် အထိ ရှိနိုင်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား ခဲ့ကြသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။