ကိုသောင်း ပုလဲမြေ
ဝိတိုရိယ ဆေးရုံသို့ သတင်းစာ ဆရာကြီးမောင်ဝံသ စတင် တက်ရောက်စဉ်မှ ကွယ်လွန် သွားသည်အထိ ဆေးကုသမှုဆိုင်ရာ ကုန်ကျမှု အထွေထွေ ကိုဆေးရုံက ဂါရ၀ မေတ္တာဖြင့် ကုသမှုပြုပေးလိုက်ကြောင်း ၄င်းဆေးရုံ၏ CEO ဖြစ်သူ ဒေါက်တာဒေါ်အေးအေးစန်း က ဆိုသည်။
သတင်းစာဆရာကြီး ၏ ဖြတ်သန်းခဲ့ရသော ဘ၀ အတွေ့အကြုံ နှင့် ၄င်း၏ သတင်းစာပညာ တိုင်းပြည် အပေါ်စေတနာ တို့ကို ဆေးရုံဥက္ကဌ က လေးစားဂုဏ်ယူခြင်း ကြောင့် ထိုကဲ့သို့ ဆေးရုံက တစ်စုံ တစ်ရာ ငွေကြေးမယူပဲ ဆောင်ရွက်ပေးခြင်း လည်း ဖြစ်သည်ဟု
၎င်းက ဆိုသည်။
"ဆေးရုံ စတက်တဲ့ အချိန်ထဲက ဆရာမောင်ဝံသ နဲ့သူ့မိသားစု က သူတို့ပိုက်ဆံ နဲ့ သူတို့ ကုဖို့ တက်လာခဲ့တာ ။ ဒါကို ဆေးရုံ ဥက္ကဌ ဦးဇော်ဝင်းရှိန် က ဆရာကို ဆေးရုံက အကုန်အကျခံ ကုသပေးပါရစေ ဆိုပြီး မေတ္တာရပ...်ခံ ထားခဲ့တာ ၊ အဲ့ဒီအချိန်ထဲက စပြီး သေဆုံး သွားခဲ့တဲ့ အထိ ကို မေတ္တာနဲ့ပါပဲ " ဟု၎င်းက ထပ်လောင်းဆိုသည်။

ဆရာမောင်ဝံသ တက်ရောက်နေစဉ် ကုသပေးခဲ့ကြသည့် ဥက္ကဌ အပါအ၀င် ဆရာဝန် ၊ သူနာပြုနှင့် ၀န်ထမ်းတို့က ဆရာကြီးကွယ်လွန် သွားမှုအပေါ် ၀မ်းနည်းကြေကွဲ ရပါကြောင်း နှင့် ကုသမှု ပြုပေးခဲ့ရမှု အပေါ် ဂုဏ်ယူ ကြနေပါကြောင်း အဆိုပါ ဆေးရုံ၏ CEO က ဆက်ပြောပြခဲ့သည်။
မင်းသုအောင်
--------------------------------
Popular Myanmar News Journal
မင်းသုအောင်
--------------------------------
Popular Myanmar News Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။