Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 12, 2013

တခုခု လွဲနေသလို ထင်မိပါတယ်

 
Zaw Wonn Maung with Zawzaw Zaw and 19 others
တခုခု လွဲနေသလို ထင်မိပါတယ်

နှုတ်တိုက်ဆိုတာ ပါစပ်ကိုခေါ်တာ နှုတ်ခမ်းနှစ်ခု နှုတ်သီး အဲဒီကနှုတ်ပဲ နှုတ်သီးစွာတယ်ဆိုတာ “စွာ” ဆိုတာက ရှေ့ကိုတိုးထွက်နေတာကို စွာလို့ခေါ်တယ် စွန်းထွက်တာ နှုတ်သီးစွာတယ်ဆိုတာ နှုတ်သီး နှုတ်ခမ်းက စကား တွေ စွန်းထွက်လာတာ စွာထွက်လာတာ ပါးစပ်က ခဏခဏ ကျယ်ကျယ်လောင်လောင်နဲ့ စကားပြောတဲ့လူ တ ခြားလူတွေကို ထိခိုက်အောင် ပြောတတ်တဲ့လူ အဲဒီလူတွေကို နှုတ်သီးစွာတဲ့လူ အဲဒီတော့ နှုတ်ဆိုတာ ပါးစပ်ဆိုတာက တစ်ခုနဲ့တစ်ခုထိအောင် ဆိုင်အောင်ပြုတာ ယှဉ်ကြည့်တာ အဲဒါဟာ တိုက်တာဘဲ မော်တော်ကား တိုက်တယ်ဆိုရင် ကားနှစ်စင်း တစ်ခုနဲ့တစ်ခု တိုက်တာထိတာ စာချင်းတိုက်ကြည့်တယ်ဆိုရင် ရေးထားတဲ့စာမူနှစ်ခုကို တစ်ခုနဲ့တစ်ခုယှဉ်ပြီး မှန်မမှန် ထိနေသလို ဖြစ်အောင် ကြည့်တာကိုတိုက်တာ အဲဒီ တော့နှုတ်ဆိုတာ စာနဲ့သင်တာမဟုတ်ဘဲ တယောက်က ပါးစပ်နဲ့ရွတ်တာကို တယောက်ကလဲ ပါးစပ်နဲ့လိုက် ရွတ်ပြီး ရအောင်တိုက်ယူတာ အဲဒါကိုနှုတ်တိုက်လို့ခေါ်တယ်……။
ရှေးတုန်းက ကုလားပြည်မှာ စာလုံးတွေပေါ်လာပေမဲ့ လူတိုင်းကလက်မခံကြဘူး နှုတ်တိုက်ရွတ်ကြတာ နှုတ်တိုက် အဓိပ္ပါယ်ရှင်းကြတာများတယ် အဲဒီတော့ အရှင်းလေးဘဲ နှုတ်တိုက်ဆိုတာ ပါးစပ်ချင်းတိုက် နှုတ်ချင်းတိုက်ပြီး အလွတ်သင်တာ ဒီလိုအလွတ်သင်ပေမယ့် အဓိပ္ပါယ် သိချင်လဲသိမယ် မသိချင်လဲမသိဘူးပေါ့ …..။ငယ်စဉ်ကလေးဘဝကထဲက သွပ်သွင်းခဲ့တဲ့ အလွတ်ကျက် နှုတ်တိုက်ရွတ် ကမောက်ကမ ပညာရေးစနစ်နှင့် ခေတ်စနစ်ရဲ့ စေစားချက်ကြောင့် မျိုးဆက်သစ်တွေ မညံ့သင့် ညံ့ခဲ့ကြရတာပါ။

ဆယ်တန်းအောင်လို့ ၆ဘာသာ ဂုဏ်ထူးရှင် ယနေ့ခေတ်မှာ ဘယ်ကျောင်းကိုရွေးမလဲ???
ရေကြောင်း တက္ကသိုလ်…ရေကြောင်းသိပ္ပံ…ဘာဖြစ်လို့ ဒီလမ်းကြောင်းကိုရွေးကြသလဲ ???
အရှင်းလေးဘဲ ဘဝအာမခံချက်ရှိတယ် ကျိန်းသေပေါက် အလုပ်ရမယ် လုပ်ငန်းခွင်ရောက်ရင် ထိုက်တန်တဲ့လစာရမယ် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရှိတယ် ….အဲဒီအချက်တွေကြောင့် ရွေးကြတာဘဲ။
ယခင်က ပညာတတ် ဆရာဝန်ဖြစ်ချင်ကြတယ်…ယနေ့ခေတ်မှာ ယူထားတဲ့ဘွဲ့ကဆရာဝန်…လုပ်တဲ့အလုပ်က …အဆိုတော်…ကုန်သယ်…တစ်ချို့ဆို ..ဆရာဝန်ဘွဲ့ယူတယ်..အလုပ်ကကျတော့ တရုပ်တန်းမှာ ..ဈေးဆိုင်ဖွင့်ထားတယ်..အချို့က ဆေးအရောင်းဆိုင်.. အဲဒီတော့ ပုံမှန်ဘွဲ့ရတယောက် ကဘာလုပ်နေသလဲ..ကြုံရာကျဘန်းအလုပ်…ကျူရှင်ဆရာ.. ဘွဲ့ရ ဆိုက်ကားနင်းကလဲရှိသေးတယ်..ဘယ်လောက်များ ကမောက်ကမနိုင်လိုက်တဲ့ ..ပညာရေးစနစ်ကြီးလဲ…
ကြုံဘူးတာတစ်ခုပြောရအုန်းမယ်…
လုပ်ငန်းခွင်ထဲမှာ…..ပြူတင်းပေါက်တစ်ခုရဲ့ …အလျားကိုတိုင်းခိုင်းလိုက်တယ်…..
ဆရာလုပ်သူက .…. “ညီလေးရေ…ဟိုရှေ့က ပြူတင်းပေါက်ရဲ့ အလျားတိုင်းပေးစမ်းပါကွယ်…”
တပည့်ဖြစ်သူမှာ…. “ဟုတ်ကဲ့ဆရာ…”
ခဏကြာသော်…. “နှစ်..ဒဿမ..တစ်ဆယ်….ရပါတယ်ဆရာ”
ဆရာလုပ်သူမှာ… “ငင်….သြော်…အေး..အေး…နှစ်..ဒဿမ..တစ်…”
ဟု ပြင်၍ပြောသော်လည်း (တိုင်းသောပေဘူးမှာမီတာဖြင့်ပြသောကြောင့် တစ်ဆယ်စိတ်လျှင် တစ်ယူသောကြောင့် တစ်ရာစိတ်လျှင် တစ်မီတာဟုသတ်မှတ်ပါသည်)(စကားချပ်)
တပည့်ဖြစ်သူမှာ…. “ဟာဂျာ…နှစ်..ဒဿမ..တစ်..မဟုတ်ဘူး ဂျ..ကျွန်တော့်ဆီမှာ…နှစ် နောက်မှာ ..တစ်ဆယ်ပြနေတယ်..အဲဒီတော့ နှစ်…ဒဿမ.. တစ်ဆယ်…ဟွင့်…”
ဆရာဖြစ်သူကသူက…. “အေးပါကွာ…ထားပါတော့…နှစ်..ဒဿမ ..တစ်…အဲ…တစ်ဆယ်ပေါ့ကွာ….”
သို့ဖြင့် ဆရာလုပ်သူမှာ..တိုင်းထွာ၍ ဖြတ်မည်ပြုစဉ်…..ရရှိသော အတိုင်းအတာမှာ…လေးထောင့်စပ်စပ်..စတုဂံပုံသဏ္ဍန်ဖြစ်နေသောကြောင့်… ပြူတင်းပေါက်၏..ပုံသဏ္ဍာန်မှာ ..မျက်မြင်အားဖြင့် …စတုရန်းပုံသဏ္ဍာန်ရှိနေသည့် အပြင်..သူကိုယ်တိုင်တိုင်းထွာခဲ့သော…အနံနှင့် အတိုင်းတူနေသည် ဖြစ်ရာ…တပည့်လုပ်သူအား…
“မောင်ရင်..ခုဏက ..တိုင်းလိုက်တာ…အပေါ်အောက်အမြင့် လား ဘယ်..ညာ..အကျယ် လားကွယ်..ဟု..ရှင်းလင်းအောင်မေးရလေသည်…”
ထိုအခါတွင်…တပည့်လုပ်သူက.. “ဆရာရယ်..အလျားပါဆိုမှ ဘယ်..ညာ…အကျယ်တိုင်းမှာပေါ့ဂျ…..”
ဆရာလုပ်သူမှာ…. “ငင်….”…မည်သို့ပင်ပြောရမှန်းမသိ…ကိုယ်တိုင်ပင် ထ၍တိုင်းရပါတော့တယ်….
ဤသို့ဖြင့် …အလုပ်ပြီးချိန်တွင်..လုပ်ခရှင်းရန် တပည့်ကျော်ကြီးအား ခေါ်ယူကာ…
“ဒီနေ့…မင်းအတွက် …နေ့စားအလုပ်ခ…၁၅၀၀…ပေးရမယ် နေ့လည်က..ဆရာ..လဘက်ရည်ဘိုး ..ရှင်းပေးထားတာ..၃၂၀ကျတယ်..အဲဒီတော့…မင်းကို …၁၁၈၀…ပေးရမယ်…ဟုတ်လား…”
ထိုစဉ်..တပည့်လုပ်သူမှာ….စာရွက်ကြမ်းပေါ်တွင်…ဘောပင်တချောင်းဖြင့် ချ၍တွက်နေပေတော့သည်…ခဏမျှကြာသော်….ဆရာလုပ်သူထံမှ..
“ဆရာ…ဟဲ..ဟဲ..မရိုမသေ..ဆရာ့နားက ဂဏန်းပေါင်းစက်ကလေး…ခဏလောက်…”
ဆရာလုပ်သူမှာ…မျက်လုံးအပြူးသားနှင့်..အံ့သြစွာ… “သြော်…အေး….ရော့…”
ထို့နောက် တပည့်လုပ်သူက… “ဟီး…ဟီး…ရပြီ…မှန်တယ်..၁၁၈၀…ငဲငဲ…”
ထို့နောက် ဆရာလုပ်သူမှာ မနေနှိုင်တော့ဘဲ…. “မောင်ရင် …မောင်ရင် ..အတန်းပညာ..ဘယ်လောက်အထိ..သင်ဘူးလဲ”
ဟုမေးရာ…တပည့်လုပ်သူ၏ အဖြေစကားကြောင့်…ဆရာလုပ်သူမှာ… “ငင်”……ဟူ၍သာ မင်သက်နေမိပါတော့တယ်…
တပည့်ဖြစ်သူပြောလိုက်သည်မှာကား….
“ဟာဂျာ….ကျုပ်က..ဘွဲရပြီးသား..ပါ..ဂျ..”ဟူသတတ်….
တော်သေးတာပ …ဘာမေဂျာလဲ မမေးမိသေးလို့……..ငိငိငိ….
အားလုံးကို မဆိုလိုပါ ဆိုလိုသည်မှာ အထက်တွင် အကျယ်တဝင့် ရှင်းလင်း ပြသခဲ့ရသည့် နှုတ်တိုက် ပညာရေးစနစ်ကြောင့် မညံ့သင့်ဘဲညံ့ခဲ့ကြရသည့် အဖြစ်။ အတန်းတက် စာမေးပွဲကြီး ဖြေဆိုကာနီးမှ မေးခွန်းနောက်လိုက်.. အလွတ်ကျက် ..နှုတ်တိုက်ရွတ်.. အချို့ဆို သင်္ချာဘာသာရပ်ကိုပင် အလွတ်ကျက်၍ ဖြေဆိုကြသည်များလည်း..ရှိကြပါတယ်။ ဥာဏ်ရည် ၈ မျိုး စလုံး ပါရှိသော လူသားတို့တွင် တစ်ဦးနှင့် တစ်ဦး ဥာဏ်ရည် မတူညီကြပါ..။ထိုကြောင့် “တော်သည်” “ညံ့သည်” ဟူ၍ မရှိပါ “မတူညီမှု” သာ ဖြစ်ပါတယ်။ မွေးရာပါ ဗီဇသဘောနှင့် ဥာဏ်ရည် သဘောတရားတို့အပြင် ခံစားမှုဥာဏ်ရည် ကို အတန်းတက် ရန် နှုတ်တိုက်ရွတ် ဒီလိုအလွတ်သင်ပေမယ့် အဓိပ္ပါယ် သိချင်လဲသိမယ် မသိချင်လဲမသိဘူး ရမှတ်နှင့် တိုင်းတာခြင်းမှာ အဖြေဟုလည်း ဆိုနိုင်ပါမည် လား..။ စာရေးဆရာ၊ အနုပညာရှင်၊ လယ်သမား၊ စိုက်ပျိုးရေးသမား၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ကုန်သည်၊ စက်မှုသမား၊လက်သမားဆရာ၊ဆရာဝန်၊ စသည်ဖြင့် မတူသော ဥာဏ်ရည်များကြောင့် ဘ၀များလည်း မတူနိုင်ပါ။ ပိုင်ဆိုင်သော ဥာဏ်ရည်နှင့် ရွေးချယ်ခံရသော အလုပ်အကိုင်၊ တာဝန် လွဲမှားပါက မိမိတစ်ဦးတည်းပင်မဟုတ်၊ အဖွဲ့အစည်းနှင့် အများပြည်သူပါ ဒုက္ခဖြစ်နိုင်ပါတယ်။

ပညာတတ်လမ်းရှောက် စစ်ဗိုလ်ကားစီး ဆိုတဲ့ ယနေ့ခေတ်မှာ ကျောင်းဆရာ လောကတွင်လည်း မလုပ်၊ မရှုပ် မပြုတ်တွေ ပေါလာပါတယ်။ ကြိုးစားချင်စိတ် မရှိတော့။ စစ်အာဏာရှင် တွေဟာ ကျောင်းသားတွေကို အဆမတန် ဖိနှိပ်တယ်။ ကျောင်းတွေကို ပျက်စီးအောင် လုပ်တယ်။ ပညာရေး စနစ်တစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်။အရည်အချင်းပြည့်မီတဲ့ ဆရာတွေ အလုံအလောက်မရှိဘဲ ကျောင်းတွေကို အများကြီး ခွဲဖွင့် ကျောင်းတွေကို မြို့ပြင် ထုတ်ပစ် ပြီး ကျောင်းသားတွေ မစုစည်းနိုင်ဖို့ ၊ မညီညွတ်နိုင်ဖို့ တစ်နည်းအားဖြင့် ပြောရရင် စစ်အာဏာရှင်တွေ အာဏာ တည်မြဲဖို့ သက်သက် အတွက်လုပ်ဆောင်ခဲ့ကြတယ်။ ကျောင်းတွေမှာ စာမေးပွဲ စာခိုးချတာကိုလည်း ခိုးချင်ခိုး ခွင့်ပြုခဲ့တယ်။ ကျောင်းသားတွေ ပျက်စီးမယ့်အရာ၊ ပညာရေး ပျက်စီးမယ့်အရာမှန်သမျှ ခွင့်ပြုခဲ့တယ်။ တက္ကသိုလ်တွေထဲမှာ နံပါတ်ဖိုးဝယ်လို့ရလာတယ်။ ကျောင်းသူတွေထဲမှာ ပြည့်တန်ဆာလုပ်စားတဲ့လူရှိလာတယ်။ ဆင်းရဲတဲ့ ကျောင်းသားတွေ ကျောင်းမတက်နိုင်တော့ဘူး။ကျောင်းသားတွေ ပျက်စီးတာကို စစ်အာဏာရှင်တွေ လုံးဝ မပူပန်ဘူး။ ကျောင်းသားတွေ နိုင်ငံရေး လုပ်မှာကိုပဲ သူတို့ ပူပန်စိုးရိမ်တယ်။ သူတို့ သားသမီးတွေ ကျပြန်တော့ နိုင်ငံခြားပို့ပြီး ပညာသင်ခိုင်းကြတယ်..။နောက် လူငယ်မျိုးဆက် တစ်ဆက်လုံးဟာ ပညာရေး နိမ့်ကျတဲ့ မျိုးဆက်တစ်ဆက် ဖြစ်သွားတယ်။

ယခုအချိန်အထိ ကျောင်းပညာရေးစနစ် မှာမူ မရိုးနိုင်သေးပါ။ကျောင်းဝတ်စုံ လဲဝတ်၊ ဖတ်စာအုပ်များအပြည့် လွယ်အိတ်ထဲထည့်၊ထမင်းဘူး ကိုင်ချီလျက် အိမ်မှ ထွက်ပြီး ကျောင်းသို့ လာကြမည်။ အလံတိုင်ရှေ့ စုရုံးကြ ကျောင်း အုပ်ကြီးက ဆုံးမစကားပြောပြီး ကျောင်းတက် ခေါင်းလောင်းသံနှင့်အတူ အတန်းသို့ ဝင်ကြမည်။စာအံ၊စာရွတ် ကျောက်သင်ပုန်းပေါ်မှ ကူးရေးကြမည်။ အချိန်ပြောင်း ခေါင်းလောင်းသံနှင့်အတူ ဘာသာရပ်ပြဆရာတို့ အလှည့်ကျ ၀င်လာကြမည်။ ကစားကြသည်။ နားကြသည်။ ကျောင်းဆင်းပြီ။ အိမ်ပြန်ကြ သည်။ အိမ်စာလုပ်မည်။ စာမေးပွဲများလည်း ဖြေဆိုကြသည်။ အားလုံး ရ၊ မရ ကတော့ မသေချာခဲ့ပါ။ သို့သော် အားလုံး တော်ခဲ့ကြပါတယ်။ သူငယ်တန်း ပထမဆုံးနေ့မှသည် အထက်တန်း နောက်ဆုံးနေ့အထိ ဤပညာခရီးကား ပုံစံများစွာ မပြောင်းလဲသေးပါ။အောင်လက်မှတ်နှင့် ရမှတ်၊ ဂုဏ်ထူး ၀ယ်ယူခြင်း အလေ့ အမြစ် တွယ်နေသည့် အတွက် ခေတ်ဟောင်း၏ ဆိုးမွေဟု ခေါ်ရမည်ဖြစ်ပင်ပါတယ်။

အခြေခံမူတွေအပေါ်မှာ ရိုးရိုးသားသား ရှင်းရှင်းလင်း လင်း မှန်မှန်ကန်ကန်မရပ်ဘဲ ပုဂ္ဂိုလ်ရေးတွေနဲ့ပဲ လိုက်စည်းရုံးရင် တိုင်းပြည်က ဘာမှဖြစ်လာမှာမဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်လိုနေတာက စစ်မှန်တဲ့အပြောင်းအလဲပါ။ ဒီမိုကရေစီစနစ် အတွက် သံသယမရှိပါနဲ့၊ ပြည်သူတွေဟာ လေကောင်းလေသန့်တွေ ရှူရှိုက်ရခြင်းနဲ့အတူ တဖြည်းဖြည်း ရင့်ကျက်လာပြီး တိုင်းပြည်ဟာ ပိုတည်ငြိမ် တိုးတက်လာပါလိမ့်မယ်။ စစ်မှန်တဲ့အပြောင်းအလဲကို သာ ရှေ့ရှုဦးတည်ဘို့ဘဲလိုပါတယ်။ဒီမိုကရေစီအသွင် ကူးပြောင်းရေးဟာ လာဘ်ပေးလာဘ်ယူ ထူပြောမှုတွေကြောင့် ဒီမိုကရေစီ အပြောင်းအလဲတွေမှာ ပြည်သူတွေက ဒီမိုကရေစီအရသာကို မခံစားရဘဲဖြစ်နေတဲ့အတွက ချောမွေ့တဲ့ အပြောင်းအလဲတွေ မဖြစ်ပေါ်နိုင်ဘဲ အာဏာရှင်စနစ်ရဲ့အခြေခံ ၀ဲသြဃထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေပါတယ်။အဂတိတရား လိုက်စားမှုဆိုတာ လာဘ်ပေးလာဘ်ယူ တစ်ခုတည်း မဟုတ်ပါဘူး။ အာဏာကို အလွန်အကျွံသုံးတာ၊ အခွင့်အရေးကို မတရားရယူတာ၊ တိုင်းပြည်နဲ့ လူထုအတွက် ပြောသင့် ပြောထိုက်တာကို မပြောတာ၊ လုပ်သင့် လုပ်ထိုက်တာ မလုပ်တာကလည်း အဂတိတရားလိုက်စားတာပါပဲ။

နောက်တစ်ချက်က တနိုင်ငံလုံးပြည်သူတွေရဲ့ အကျင့်စာရိတ္တကို ဖျက်ဆီးခဲ့တယ်။ အထူးသဖြင့် ဝန်ထမ်းတွေ လာဘ်မစားဘူးတဲ့ ဝန်ထမ်းမရှိဘူးလို့ ပြောရင် ဘယ်သူငြင်းရဲသလဲ။ဝန်ထမ်းတွေကို ခိုးမစားရင် ထမင်းမဝတဲ့ ဘဝရောက်အောင် သူတို့ စစ်အာဏာရှင်တွေ သိသိကြီးနဲ့ တွန်းပို့ခဲ့ကြတယ်။ နိုင်ငံတော်ကပေးတဲ့လစာဆိုတာကို စာရင်းထဲထည့် မတွက်ကြတော့တဲ့အထိ တဖြည်းဖြည်းကြီးထွားလာလိုက်တာ ကမ္ဘာမှာလည်း အောက်ဆုံး အဆင့် နားရောက်အောင် နာမည်ပျက်ခဲ့ရပြီ။ လာဘ်ပေးလာဘ်ယူကိစ္စဟာ မ-ဆ-လခေတ်မှာ ထက် စစ်အစိုးရခေတ် မှာအဆိုး ဆုံးအခြေ အနေကို ရောက်ခဲ့ ရတာပါ။လစာထက်အောက်ဆိုက်ကောင်းတဲ့နေရာကိုပိုမက်မောခဲ့ကြတယ်။ အောက်ဆိုက် ကောင်းကောင်း ရတဲ့နေရာကနေ ရာထူးတိုးသွားရင် ခွင်ပျက် မှာစိုးလို့ အထက်အဆင့်ဆင့်ကိုလာဘ်ထိုးပြီး ပိုနေမြဲ၊ကျားနေမြဲ ဖြစ်အောင်ကြိုးစားတဲ့ ၀န်ထမ်းတွေ ယနေ့အချိန်ထိ ရှိနေပါတယ်။ ကန်တော့်ခံစား၊ ထိုင်စား၊ဟောက်စား၊ ပေါင်းစား၊ ခွင်ဆင်စား၊ တောင်းစားနဲ့ နောက်ဆုံးဘိတ် ဘာမှလုပ်မရတဲ့သူက ခိုးစား၊ ခြစားနည်းပေါင်းစုံနဲ့ စားနေကြတာပါ။ “လာဘ်ပေးလာဘ်ယူ-တို့ရန်သူ ၊ လာဘ်ပေးရန်-မလို”--စတဲ့ ဆောင်ပုဒ်တွေ ကပ်ထား ပါသော်လည်း.. စားပွဲအောက်ကသွားမလား၊ စားပွဲပေါ်ကပေါ်ပေါ်တင်တင် စာအိတ်နဲ့သွားမလား၊ ဂါရ၀ပြုလက်ဆောင်နဲ့သွားမလား၊ အိမ်က ကတော်ဆီဝင် မလား နောက်ဆုံးတော့ လုပ်ချင်တာ လုပ်လို့ရသွားတာက များပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ၀န်ထမ်းတစ်ယောက်အတွက် ရာထူးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သူ့အဆင့်အတန်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဘ၀အခြေအနေကို မပံ့ပိုး၊ မဖန်တီးပေးနိုင်သေးပဲ လာဘ်ပေးလာဘ်ယူနဲ့ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြန်ရင်လည်း၊ အစိုးရယန္တယားတစ်ခုလုံးပါ ရပ်သွားနိုင်ပါတယ်။


ကျွန်တော်တို့နိုင်ငံဟာဖွံ့ဖြိုးတဲ့ နိင်ငံတစ်နိုင်ငံဖြစ်ဖို့ ဦးတည်နေတဲ့ နိုင်ငံတစ်နိုင်ငံ မှာ အခုလက်ရှိရင်ဆိုင်နေရတဲ့ အလုပ်အကိုင်ရှားပါးမှုတွေ၊တစ်ဦးချင်း ၀င်ငွေနိမ့်ကျမှုတွေ၊ပြည်သူ့ အခွန်ငွေတွေကို စားပြီး၊ ပြည်သူကို အလုပ်အကျွေးပြုရန် ခန့်ထားသော ပြည်သူ့ဝန်ထမ်းများ သည် လုပ်ငန်းခွင်အတွင်း အလုပ် မလုပ်ဘဲ လုပ်ချင်ရာ လုပ်ခွင့် ရနေခြင်း ဖြုတ်မရ ပြုမရ၊ ပြည်သူ့ဘဏ္ဍာကို အလကား ထိုင်စားနေသူများ ရှိသကဲ့သို့၊ ပြည်သူ့ဘဏ္ဍာ စားနေသော်လည်း ပြည်သူကို အလေးမထား နေ့ခင်းမှ ရုံးလာ၊ ညနေဆို ပြန်သွားနေသူ တွေက များပြားလှတဲ့ မြန်မာပြည်တွင် လုပ်၍ ရနေခြင်း၊ လုပ်ခွင့်ပြုထားခြင်းကြောင့်သာ ပျက်စီးချင်တိုင်း ပျက်စီးနေ ကြခြင်း အကျင့်ပျက် ဝန်ထမ်း ဆိုသည်မှာ အကျင့်ကိုက မကောင်းသဖြင့် ပျက်စီးနေရသူများ ရှိသကဲ့သို့၊ မပျက် ပျက်အောင် ဖျက်ထားသောကြောင့်လည်း ပျက်စီးနေကြခြင်း ပျက်နေခြင်းကို လျစ်လျူရှု ထားနိုင်ခြင်း တို့မှာ ပြုသူရော၊ ဖျက်သူတွင်ပါ တာဝန်ရှိပါတယ်။ ပျက်ပိုင်ခွင့်ကို လွတ်လပ်စွာ ပေးထားလျှင် ပျက်ကြမည်သာဖြစ်ပါတယ်။ တိုင်းပြည် ကောင်းစားရေးအတွက် အလုပ် လာလုပ်နေခြင်း မဟုတ်။ အရချောင်၊ အစားချောင်၊ အနေချောင်သောကြောင့် လာလုပ်နေခြင်း ဖြစ် သည်ဟု ခံယူနေကြလျှင်လည်း ဝန်ထမ်းလောက ပျက်စီးနိုင်ပါတယ်။ ပျက်စီးနေသူများထက် ပျက်ခွင့် ပြုထားသူများတွင် ပိုပြီး တာဝန်ရှိပါတယ်။


ခေတ်ဟောင်း ၏ ဆိုးမွေတွေဟာ လူမှုလောက ထဲကမကြေနပ်မှု၊ အလိုမကျမှုတွေ ရောပြွန်းနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စနစ်မကျတဲ့အတွေးအခေါ် အလေ့ အကျင့် တွေ ကျနော်တို့ မျိုးဆက် တွေ ရဲ့ခေါင်းထဲ၊ ရင်ဘတ်တွေထဲ အထိထပ်ပြီးနက်နက်ရှိုင်းရှိုင်း ထိုးထည့်ပေးလိုက်ပါသေးတယ်။ မြန်မာ့တပ်မတော်မှာ ကိုယ်တိုင်တော်၊ အဖားတော်၊ အမျိုးတော်ဆိုပြီး တော်သုံးတော်ဆိုတဲ့ ဆိုရိုးစကား ရှိခဲ့ပါတယ်။ အရာရှိတွေဟာ အဲဒီ တော်သုံးတော်ထဲက အဖားတော်နဲ့ အမျိုးတော်တို့နဲ့ဘဲ လုံးပန်းနေရပြီး ကိုယ်တိုင်တော်ဆိုတဲ့ တော် တစ်မျိုးကတော့ နောက်ဆုံးမှာဘဲ ရှိနေပါတယ်။ ယနေ့ ခေတ်မှာ သူတို့ကို သူတို့အာဏာပိုင်လို့ အခေါ်ခံရတာကို ပဲရှက်သလိုလိုလုပ်နေပေမဲ့ ပြည်သူ့ဘဏ္ဍာတွေ ခိုးဝှက်စား သောက်နေတာကိုတော့ မရှက်ကြသေးပါဘူး။ ပြီးတော့ အောက်ခြေ၀န်ထမ်းတွေကို နှဖားကြိုးဆွဲ၊ လိုရာခိုင်းစေချင်တဲ့ အာဏာရှင်စရိုက်လည်း ရှိနေတုန်းပါဘဲ။ကိုယ်နဲ့ နီးစပ်သူ၊ ကိုယ်ယုံကြည်သက်ဝင်သူ များကိုသာ တာဝန်ပေးနေလျှင် တကယ် အရည်အချင်း မြင့်သူများ အထူးလိုအပ်နေသော ယခုအချိန်မျိုးတွင် တိုင်းပြည်အတွက် အထူးနစ်နာပါလိမ့်မည်။ ယနေ့ မြန်မာ့တပ်မတော်နှင့် တပ်မတော်သားဟောင်းကြီးများသည် လွှတ်တော်ထဲတွင်လည်း ရှိနေပါတယ်။ အစိုးရအဖွဲ့ကိုလည်း ဦးဆောင်နေပါတယ်။ နိုင်ငံရေး နယ်ပယ်ထဲတွင်လည်း နေရာမလပ် ရှိနေကြပါတယ်။ ၎င်းတို့အားလုံးကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင် ပြုလုပ်ကြပါဦးမည်။ တခုခု လွဲနေသလို ထင်မိပါတယ်………။
ဇော်ဝမ်းမောင်…….။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။