Nay Myo Kyaw with Myet Chell and 7 others
မြန်မာလူမျိုးတိုင်းသိသင့်တဲ့ဗမာဆိုတဲ့အသုံးအနှုန်း
===========================
ဗိုလ်ချုပ်နေဝင်းရဲ့ဒီအမွေကိုသူ့ရဲ့လက်ရင်းတပည့်လို့ပြောကြတဲ့ခင်ညွန့်က နိုင်ငံရေးရည်ရွယ်ချက်နဲ့၁၉၈၉ခုနှစ်မှာအသုံးပြုခဲ့ပါတယ်။တိုင်းရင်းသားလူမျိုးအားလုံးအပါအဝင်ဖြစ်တဲ့နိုင်ငံကိုမြန်မာလို့သုံးရမယ်၊ပြည်မကလူမျိုးကိုဗမာလို့သုံးရမယ်ဆိုပြီးတော့အဓိပပါယ်ပြောင်းပြန်သတ်မှတ်ပြီးတော့သုံးစွဲဖို့အမိန့်ထုတ်ပြန်ခဲ့တာ....
နေ့စဉ်ပြောဆိုသုံးနှုန်းနေတဲ့စကားလုံးတွေထဲမှာ အနက်အဓိပါယ်မထင်ရှားတာ၊အသိရခက်ခဲနက်နဲတာတွေ၊ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန်အရေးကြီးတဲ့အငြင်းပွားစရာစကားလုံးတစ်လုံး ဒီကနေ့ပြောကြရအောင်ပါ...
ကဲ...ပထမဆုံးတော့ သမိုင်းဝင်တေးသီချင်းတစ်ပုဒ်နားထောင်ကြည့်ကြပါစို့...။
နောင်ဥဒါန်းxxxxxဘယ်မပြေစရာ xxx xxxxရာဇဝင်တင်ထားxxxx မျိုးရိုးနွယ်သာ xxxx ကမ္ဘာတစ်ခွင်မှာဖြင့်xxxxxx ဗမာထင်ရှား ဒို့ခေတ်တွင်မှညံ့ကြတော့မှာလား xxxxx ဒို့ဗမာ xxxx ဒို့ဗမာ မဟုတ်လေသလား xxxxxxxx(ဒို့ဗမာ ငါတို့ဗမာ)၂ (ဒါငါတို့ဗမာ)၂
နယ်ချဲု့တော်လှန်ရေးကိုရှေ့တန်းကဦးဆောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံ့းရဲ့သမိုင်းဝင်အမျိုးသားရေးလှုံဆော်ရေးသီချင်းကြီးပါ..ဒီသီချင်းမှာဆိုသွားတဲ့တို့ဗမာဆိုတာဟာ ပြည်မမြေပြန့်ဒေသမှနေထိုင်နေတဲ့အများစုလုမျိုးတစ်မျိုးတည်းကိုပြောတာလား။ဒါမှမဟုတ် ကချင် ကယား ကရင် ချင်း မွန် ရခိုင် ရှမ်း အပါအဝင်နိုင်ငံတစ်ခုလုံးအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့တိုင်းရင်းသားလုမျိုးအားလုံးကိုဆိုလိုတာလား။။။သောတရှင်တို့ဘယ်လိုထငိပါသလဲ...
တို့ဗမာအစည်းအရုံးရဲ့သမိုင်းစာမျက်နှာ ၂၁၅မှာ ဒို့မြန်မာအစည်းအရုံးလို့မခေါ်ပဲ ဘာကြောင့်ဒို့ဗမာအစည်းအရုံးလို့ခေါ်သလဲဆိုတာကိုရှင်းလင်းဖွဲ့ဆိုထားပါတယ်။မြန်မာဆိုတာဟာ ပြည်မမြေပြန်ဒေသမှာနေထိုင်တဲ့ လူမျိုးကိုသာခေါ်တာဖြစ်တယ်၊မြန်မာပဒေသရာဇ်တွေပေးထားတဲ့နာမည်ဖြစ်တယ်၊လူမျိဲးကြီးဝါဒသဘောပါဝင်တယ်...ဒါကြောင့်လူမျိုးအားလုံးတိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတစ်မျိုးတည်း အပိုင်အဖြစ်သုံးတာဟာမမှန်ကန်ဘူး လူမျိုးအားလုံးအကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံလို့ခေါ်တွင်မှသာမှန်ကန်မယ်လို့ အတိအလင်းဖွင့်ဆိုထားပါတယ်။
ဒီတော့ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးကတော့ ဗမာမူလဗျ..ဗြဟ္မာက လာတာကိုး ဗလချိုက် ဟရစ် ဟမဆင့်၊ ဗြဟ္မာက လာတာကိုး ၊ ဗြဟ္မာကနေပြီးတော့ဗမာဖြစ်သွားတာ။။။အဲ့ဒါကိုထက်ပြီးတော့ ဗမာကိုဗလချိုက်နဲ့ မပြောင်းပြီးတော့ မြန်မာဖြစ်သွားတာ။အဲ့တော့မြန်မာဆိုတာဒုတိယ ဗြဟ္မာဆိုတဲ့ဗမာက အဓိက ပင်မဖြစ်တယ်၊အဲဒီလိုယူဆပါတယ်။။။။။ပညာရှိတေယူဆကြတယ်။အဲဒိမြန်မာနဲ့ဗမာမှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့ဗလခ်ျိုက်မရေးချ မာ ကို ချင်းကော ကချင်ရော ကရင်ရော မြန်မာကော အားလုံးအတွက်သတ်မှတ်တယ်.....မြန်မာကိုတော့မြန်မာလူမျိုး(ကျနော်တို့ခင်များတို့ပေါ့လေ)အတွက်ပဲသတ်မှတ်တယ်......အဲလိုအယူအဆရှိတယ်လို့ ကျနော်တို့တစ်လောဆီက သေဆုံးသွားတဲ့ရေနံချောင်းသခင် ခင်ညွန့်ကပြောဘူးတယ်ခင်မျ...ဒီခေတ်ကျမှဘယ်လိုလုပ်ပြီးတော့ပြောင်းပြန်ဖြစ်သွားလဲမသိဘူး
ဒါတွေကိုပြောင်းပြန်လှန်ပြစ်သူအဖြစ် အများသိထားကြတာကတော့ သွားလေသူဗိုလ်ချုပ်နေဝင်းဖြစ်ပါတယ်။သူ့ရဲ့ဗမာစာ ဗမာစကားမှာဝင်ရောက်စွက်ဖက်မှုတွေထဲကတစ်ခုဖြစ်ပါတယ်
ဗိုလ်ချုပ်နေင်းရဲ့ဒီအမွေကို သူ့ရဲ့လက်ရင်းတပည့်လို့ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေးရည်ရွယ်ချက်နဲ့၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးစုအားလူံးပါဝင်တဲ့နိုင်ငံကိုမြန်မာလို့သုံးရမယ်။ပြည်မကလူမျိုးကိုဗမာလို့သုံးရမယ်ဆိုပြီးတော့ အဓိပါယ်ပြောင်းပြန်သတ်မှတ်ပြီးတော့ သုံးစွဲဖို့အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ှဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂကို လူမျိဲးစုတစ်စုတည်းရဲ့အဖွဲ့အဖြစ်သေးသေိမ်အောင်လုပ်ပြီး ကျောူင်းသားတေကိုလဲသဘောထားကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့လုပ်ရပ်အဖြစ် အဲ့ဒိအချိန်ကလူသိများခဲ့ပါတယ်။
(ဦးသာနိုးအသံ)" ကျနော်ကတော့ ဒို့ဗမာအစည်းအရု့းံကိုထောက်ခံတယ်၊စာပေအရေးအရတော့ထောက်ခံတယ်ဗျာ၊ဘာကြောင့်လဲဆိုတော့ ခုနကပြောသလိုပဲ ဗမာဆိုတဲ့ ဗလချိုက် မာ က ဗြဟ္မာ ကလာတာ၊ဗြဟ္မာဆိုတာပါဋ္ဋိပေါ့ဗျာ၊ အိန္ဒိယမှာလဲခုထိမြန်မာကြိုဗဟ္မာလို့ပဲခေါ်နေကြတာပဲ၊မြန်မာစာကိုဘာရမီလို့ခေါ်တယ်၊ဗမာကသာလျှင်တစ်ပြည်လုံးကိုခြုံတဲ့အမြင်ဖြစ်တယ်။မြနမာက ခင်ဗျားတို့ကျတော်တို့ ရန်ကုန် မန္တလေး ကလူတစ်စုကိုခေါ်တာ ရှမ်း ကချင်မပါဘူး။""""
အီလီနွီုက်တက္ကသိုလ်က အငြိမ်းစားမြန်မာစာပါမ္ခော ဆရာ ဦးစောထွန်းကလဲ ထိုင်းမှာ ဗမာမြန်မာလူမျိုကို ဖမာ လို့ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ်ထောက်ပြပါတယ်။
ပုဂံခေတ်မှာလည်း မြေပြန်လူမျိုးကိုမြန်မာအဖြစ် ကျောက်စာရေးထွင်းခဲ့တဲ့အထောက်အထား တွေ့ခဲ့ရတာကိုလဲ ဆရာဦးစောထွန်ူးက အခုလိုပြောပြပါတယ်။။။
"မွန်တွေက သူတို့ကျောက်စာထိုးထွင်းတာရှိတယ်၊မွန်ကျောက်စာထဲမှာ ကျန်စစ်သားလက်ထက်က လူတွေအကြောင်းပြောတော့ ဗမာတေကိုသူတို့က မရမာလို့ပဲ သူလို့ပြောတာပဲ"""
"""ဟုတ်ကဲ့ဆရာ၊တိုင်းရင်းသားလူမျိုးအားလုံးကို မြန်မာလို့သုံးခဲ့တာမျိဲးရော အထောက်အထားတွေ့ခဲ့မိလားဆရာ။""""
""""သမိုင်းကြောင်းအရတော့ မြန်မာဆိုတာလည်း ဗမာ၊ဗမာဆိုတာလဲ မြန်မာဖြစ်ခဲ့တော့ တိုင်းရင်းသားအားလုံးကို ခြုံပြီးတော့ မြန်မာလို့ခေါ်တာမျိုးတော့ ရှိတယ်လို့မပြောနိုင်ဘူးလေ။ဒါကတော့ နောက်မှ နိုင်ငံရေးသတ်မှတ်ချက်တစ်ခုပေါ့လေ။""""""
ကဲ ....ဒီတော့ ဗမာ မြန်မာဆိုတဲ့အသုံးအနှုန်းဟာ နိုင်ငံရေးပယောဂကြောင့် ကပြောင်းကပြန်ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီထင်ပါရဲ့နော်။
နောင်တစ်ချိန်မှာနိုင်ငံရေးပယောဂကင်းကင်းနဲ့ပညာရှင်တွေစုဝေးတိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူ ဆုံးဖြတ်သင့်တဲ့ကိစ္စမျိုးလို့ ထင်မိပါတယ်
(Lu Bo)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။