Aureum Online Media
ကျုံးဘေးမှာ အုပ်စုဖွဲ့ ဒါးစွမ်းပြနေသူများတွင် တရုတ်လူမျိုးများပါဝင်
--------------------------------------------------------------------
ကျုံးဘေးတွင် အုပ်စုဖွဲ့ ရမ်းကားနေသည့်အဖွဲ့ မှ အဖွဲ့ ဝင်တစ်ဦး ဖြစ်သူ တရုတ်လူမျိုး သာကော(ခ) သူရိန်ထွန်းမှာ ယခင်က ရန်ကုန်တိုင်း စမ်းချောင်းမြို့ နယ် သီရိလမ်း အမှတ်(၁၀) ပထမလွှာ(အေ) တွင် နေထိုင်ခဲ့သူဖြစ်ပြီး ယခုနှစ် သင်္ကြန်အပြီးကမှ တရုတ်လူမျိုးတို့ ကြီးစိုးရာ မန္ထလေးမြို့ သို့ ပြောင်းရွှေ့ ပြီး မှောင်ခိုလုပ်ငန်း (စုံစမ်းဆဲ) လုပ်ကိုင်လျှက်ရှိပါသည်။
ဓါတ်ပုံပါ နောက်ထပ် လူငယ်သုံးဦးမှာ လည်း သာကော (ခ) သူရိန်ထွန်းတို့ နှင့် တစ်ဖွဲ့ ထဲသားဖြစ်သည်။
၎င်းတို့ အဖွဲ့ ဝင်များမှာ လူ၉ ဦးခန့် ရှိသော်လည်း ပုံပါ လေးဦးမှာ ခေါင...်းဆောင်ကဲ့သို့ အမာခံများဖြစ်ပြီး ရန်သွေးကြွလူငယ်များဖြစ်သည်။

တိရိစ္ဆာန်ရုံအနီးတွင် SCOOPYI အမျိုးအစား ဆိုင်ကယ်များဖြင့် ညတိုင်းအုပ်စုဖွဲ့ လေ့ရှိပြီး အခွင့်သာပါက ကယောင်ကတမ်းဒါးဖြင့် လိုက်ခုတ်တတ်လေ့ရှိသည့်အတွက် မန္တလေးမြို့ နေလူစုမှာ ကြောက်ရွံ့ လျှက်ရှိသည်။
တရုတ်လူမျိုးများမှာ ဒုစရိုက်မှုများတွင် ပါဝင်ပက်သတ်လျှက်ရှိပြီး အများပြောစကားများအရ သာကော၏ ဖခင်မှာ တရုတ်ပြည်နှင့် မြန်မာအကြား မူးယစ်ကုန်ကူးမှုလုပ်လျှက်ရှိကြောင်းနှင့် သာကောမှာ မြို့ တွင်း မူးယစ်ဆေးဝါးဖြန်ု့ ဖြူးသည့် လုပ်ငန်းကို တာဝန်ယူထားကြောင်း သိရသည်။
နေ့ ခင်းဖက်တွင် မူးယစ်ဆေးဝါးဖြန်ု့ ဖြူးပြီး ညဖက်တွင် မြန်မာမိန်းမငယ်လေးများနှင့် ပျော်ပါးလျှင်ပျော်ပါး၊ မပျော်ပါးလျှင် မြန်မာလူမျိုးများအား အငြိုးမရှိပါပဲလျှက် ဒါးခုတ်မှုများကျူးလွန်လျှက်ရှိသည်။
သာကော ကဲ့သို့ မန္တလေးမြို့ နေ တရုတ်လူငယ်အများစုမှာ KTVများ၊ ဘီယာဆိုင်များနှင့် မူးယစ်ဆေးဝါးဖြနု့် ဖြူးမှုများတွင် ဦးဆောင်သည့်နေရာမှ ပါဝင်ပက်သတ်လေ့ရှိပြီး မြန်မာအမျိုးသမီးများနှင့်သာ တွဲခုတ်လေ့ရှိကြောင်း စုံစမ်းသိရှိရပါသည်။
ရဲတပ်ဖွဲ့ သို့ သွားရောက်တိုင်ကြားသော်လည်း သာကော၏ ဖခင် တရုတ်လူမျိုး ဦးလောပန်က အမှတ်(၂) ရဲစခန်းအပါအ၀င် စခန်းတော်တော်များများအား ပေးကမ်းကျွေးမွေးထားပြီး အမှုကို အစဖျောက်ပေးရန် တောင်းဆိုထားမှုများရှိကြောင်း ဒါးခုတ်ခံရသည့် ကာယကံရှင်များအား စုံစမ်းမေးမြန်းရာမှ တစ်ဆင့်ကြားသိရသည်။
သာကော(ခ) သူရိန်ထွန်း၏ ဖခင် ဦးလောပန်မှာ ၉၆၉ အသိုင်းအ၀ိုင်းတွင် လူသိများသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဆရာတော် ဦးဝီရသူနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးကြောင်း သိရသည်။ တရုတ်လူမျိုးများသည် ၉၆၉ အဖွဲ့ အစည်းများတွင် ပါဝင်ပက်သတ်မှုများပြားလာပြီး ပုံတွင်လည်း သာကောမှ သူ၏ ဖုန်းတွင် ၉၆၉ အမှတ်တံဆိပ်ကပ်ထားသည် တွေ့ မြင်နိုင်မည်ဖြစ်သည်။
ဦးလောပန်တို့ မိသားစုနှင့် ရင်းနှီးသည့် မိတ်ဆွေတချို့ ကို စုံစမ်းမေးမြန်းရာတွင် “လောပန်တို့ က ပြည်မနဲ့ မန်းလေး အသွားအပြန်ပဲ၊ ဦးဝီရသူနဲ့ လည်း အ၀င်အထွက်ရှိတယ်၊ သူပိုင်ကားတွေ ဆိုင်ကယ်တွေ ၉၆၉ တံဆိပ်တွေချည်းပဲ၊ ဖုန်းတွေမှာက အစ ကပ်ထားတာ၊ တရုတ် ၉၆၉ တွေပေါ့၊ ကျွန်တော်တို့ က ဗမာ၉၆၉ ပေါ့ဗျာ” ဟု ကျောက်ပွဲစား ဦးစိန်ထောင်က မောင်ဥသြသို့ ပြောကြားသည်။
(မျိုးချစ်မြန်မာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။