Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 19, 2013

** လူကိုအဆိပ်သင့်စေတဲ့ အစားအစာများ။ **

 
ကျန်းမာရေးစာတိုများစုစည်းမှု
** လူကိုအဆိပ်သင့်စေတဲ့ အစားအစာများ။ **

မိမိပတ်ဝန်းကျင်လက်တကမ်းမှာ အမြဲမြင်တွေ့ နေကျအစားအစာများဖြစ်လို့ ၊ ပုံမှန်စားဖြစ်နေသော်လဲ တခါတရံ ထိုအစားအစာ များက လူကိုအဆိပ်သင့်ကာ အသက်အန္တရာယ်ရှိစေလို့  သတိပြုဆင်ခြင်နိုင်ကြပါစေကြောင်း မျှဝေအသိပေးလိုက်ရပါတယ်။

(၁) မှို။ ကမ္ဘာပေါ်တွင် မှိုအမျိုးပေါင်း ၁၄၀၀၀ ကျော်ရှိကြသော်လည်း၊ ၃၀၀၀ နီးပါးခန့် သာစားလို့ ရပြီး၊ ၇၀၀ ခန့် က ဆေးဘက် ၀င်ပါတယ်။ ကမ္ဘာပေါ်မှာ မှိုဖြူ(ခေါ်)white mushroom နှင့် ရှီအိတခယ်(ခေါ်)shiitake အနက်ရောင်မှိုတို့ က အရသာအ ကောင်းဆုံးဖြစ်ပါတယ်။ မြန်မာပြည်မှာ ဌက်စို့ မှို၊ မှိုဖြူ(ခေါ်)ခြေတံရှည်မှို၊ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ဖတ်သွတ်မှို၊ ၀ါးမှို၊ စိုက်ပျိုး ရေးမှိုတို့ ကိုစားသုံးနေကြပြီး၊ ဌက်စို့ မှိုက အရသာအရှိဆုံးနှင့် ဈေးအကြီးဆံုံး/ဖက်သွတ်မှိုက ဈေးအနိမ့်ဆုံး/မှိုဖြူ(ခေါ်)ခြေတံ ရှည်မှိုကတော့ အရသာအနူးညံ့ဆုံးပါဘဲ။ အစက်အပြောက်ရှိတဲ့မှို နဲ့ခြေချင်းဝတ်ပါတဲ့မှိုတွေက အဆိပ်အတောက်ဖြစ်စေလို့  (လုံးဝ)မစားအပ်ပေ။ အဆိပ်အတောက်ရှိတဲ့ မှိုကိုစားသုံးမိပါက၊ ဗိုက်အောင့်ခြင်း၊ ပျို့ အန်ခြင်း၊ အော်ဂလီဆန်ခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်း၊ coma(ခေါ်)မေ့မြောခြင်းစတဲ့ အစာအဆိပ်သင့်လက္ခဏာတွေဖြစ်ပေါ်တတ်ပြီး၊ အသက်အန္တရာယ်စိုးရိမ်ရပါ တယ်။

(၂) ငရုပ်သီး။ အခြေခံကျတဲ့ မီးဖိုချောင်သုံး ဟင်းခတ်အမျိုးအစားတွေထဲမှာ ငရုပ်သီးလည်း တခုအပါအ၀င်ပါ။ ငရုပ်သီးထဲမှာ ပါရှိတဲ့ Capsaicin (ခေါ်)သဘာဝဓာတုပစ္စည်းက ပူလောင်ခြင်းကိုဖြစ်ပေါ်စေလို့ ၊ ချွေးများထွက်ကာ နှာရည်များယိုစီးကျလာစေ တာကြောင့် ထိပ်ကပ်နာဝေဒနာသည်များ နဲ့  နှာခေါင်းပိတ်သူတွေအတွက် ဆေးဘက်ဝင်ပါတယ်။ Hravard သုတေသီများ၏ သုတေသနပြုချက်များအရ Capsaicin ဓာတ်က Pathological Pian ဖြင့် ကုသမှုခံယူနေကြရသော လူနာများကို နာကျင်မှုဝေဒ နာများ သက်သာစေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မွေးရာပါ ငရုပ်သီးနဲ့ ဓာတ်မတည့်သူများ နှင့် ငရုပ်သီးအစပ် ကိုကြိုက်၍ မကြာမကြာလွန်ကျူးစွာစားသူများမှာ အစာအိမ်ကင်ဆာနှင့် အသည်းကင်ဆာများ ဖြစ်ပေါ်စေတတ်ကြောင်း အိန္ဒိယ၊ မက္ကဆီကို နှင့် Yale တက္ကသိုလ်မှ ကျန်းမာရေးသုတေသီများက အကြံပြုသတိပေးထားကြပါတယ်။

(၃) ဇာတိပ္ဖိုလ်သီး။ ဟင်းခတ်အမျိုးအစားဖြစ်တဲ့ ဇာတိပ္ဖိုလ်သီးကို မြန်မာ့ဆေးကျမ်းများတွင်သာမက၊ နိုင်ငံတကာ ဆေးဘက်ဝင် အဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ သလိပ်နာ၊ လေနာ၊ အဖျားအမျိုးမျိုးကို နိုင်စေတဲ့ပြင်၊ ၀မ်းပျက်/၀မ်းသွားခြင်းစတဲ့ ၀မ်းရောဂါ များကိုလည်း ပျောက်ကင်းစေပါတယ်။ သို့ သော် လိုအပ်သည်ထက်ပိုသုံးခဲ့ရင် တက်ခြင်း/တုန်ခြင်း/ပျို့ အန်ခြင်း/ရေဓာတ်ခမ်း ခြောက်ခြင်းတို့  ဖြစ်စေပြီး အခမသင့်ရင် အသက်ပါဆုံးရှုံးစေလို့  သတိပြုသုံးစွဲကြပါ။

(၅) အော်ဂဲနစ်မျိုးမဟုတ်တဲ့ ပန်းသီး။ ပန်းသီးဟာ ရေပန်းစားနေတဲ့ ကမ္ဘာသုံးအစားအစာသစ်သီးဖြစ်ပါတယ်။ ၀ယ်လိုအား ကောင်းတာကြောင့် စိုက်ပျိုးသူများက သူ့ ထက်ငါ ဈေးကောင်းရအောင် ပိုးသတ်ဆေး နဲ့  အသီးကြီးထွားဆေးတွေ ဖျန်းပက် စိုက်ပျိုးနေကြပါတယ်။ ထိုဓာတုဆေးရည်တွေထဲမှာပါလာတဲ့ pesticidesး က ပန်းသီးအခွံကိုထိုးဖောက်၍ အသားထဲထိ စိမ့်ဝင် လာနိုင်စွမ်းရှိလို့  ဖြစ်နိုင်ရင် ဓာတ်မြေသြဇာပိုးသတ်ဆေးများမသုံးဘဲ စိုက်ပျိုးထားသော အော်ဂဲနစ်ပန်းသီးမျိုးကိုသာ ရွေးချယ် စားသုံးပါ။(သို့ မဟုတ်)အပေါ်ယံအခွံက ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိပြီး၊ လူကိုကောင်းကျိုးပြုတာကြောင့် ထို ဓာတ်တွေမဆုံးရှုံးရလေအောင် ဦးစွာပန်းသီးကို ရေသန့်သန့် ဖြင့်စိမ်၍ပွတ်ဆေးပါ။ ပြီးရင် အပေါ်ယံအခံွံကို ဓားဖြင့် ရှပ်တိုက် ပွတ်ဆွဲပါ(အခွံခွာရန်မလိုပါ)၊ ပြီးရင် ရေစင်စင်နဲ့  နောက်တစ်ကြိမ် ထပ်ဆေးပြီးမှ အခွံလိုက်ဝါးစားပါ။

(၆) ငါးကြီးဆီ။ အားလုံးသိကြတဲ့အတိုင်း ဆယ်လ်မွန်ငါးထဲရှိအဆီနဲ့  ငါးကြီးဆီများက ကျန်းမာရေးအတွက်သာမက၊ အသားအ ရေလှပစေတဲ့ ဖြည့်စွက်စာများဖြစ်ကြပါတယ်။ သို့ သော် ၂၀၁၁ ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များ၏ အသေးစိပ်ဓာတ်ခွဲစမ်းသပ် ချက်များအရ (က)အိုမီဂါ၃ ဖက်တီးအက်ဆစ် ဖြည့်စွက် စာငါးကြီးဆီများထဲတွင် မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာ မင်တို့ က အမျိုးသား များသုက်ရည်ဂလင်းကင်ဆာ(ခေါ်)ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေအလားလာ ၄၅% ထိရှိစေကြောင်း၊ (ခ) အကယ်၍ DHA ဗီတာ မင်အမြောက်အများပါသော အိုမီဂါ၃ ငါးကြီးဆီများက အဆိုပါ ကင်ဆာဖြစ်နိုင်ချေထက်အလားအလာ ထက်ပင် ၂-ဆမျှပိုကဲနေကြောင်း၊ (ဂ) ထို့ ပြင် အဆီများသောငါးကြီးတွေ လွန်ကဲစွာစားသောက်ခြင်းကလည်း ဖော်ပြပါကင်ဆာဖြစ်လာ စေကြောင်း National Cancer Institute(ခေါ်)ကျမ္မာရေးဂျာနယ်တစ်စောင်မှာ ဖော်ပြထားပါတယ်။

(၇) မိုက်ကရိုဝေ့ဖ်မီးဖိုဖြင့် ဖေါက်ထားသော ပေါက်ပေါက် ဆုပ်များ။ ပေါက်ပေါက် ဆုပ်မှာ အနံ အရသာကောင်းစေဖို့  အသုံးပြု ထားတဲ့ ထောပတ်ရနံ့ တုကို diacetyl(ခေါ်)ဓာတုပစ္စည်းဖြင့် ပြုပြင်ဖော်စပ်ထားပါတယ်။ မိုက်ကရိုဝေ့ဖ်မီးဖိုနဲ့  ပေါက်ပေါက် ဖေါက်လိုက်တဲ့အခါ၊ ထို diacetyl မှထွက်လာသော မီးခိုးရနံ့ က အဆုပ်ကိုအဆိပ်ဖြစ်စေပါတယ်။ ပူပူနွေးနွေး ဖေါက်ပြီးခါစ ပေါက်ပေါက်ကို ပလပ်စတစ်ဗူး(သို့ )ပလပ်စတစ်အိတ်ထဲ ထဲ့ထားရင်တော့ ပိုဆိုးရွားစေပြီပေါ့ရှင်။ အမေရိကန်မှာ လေ့လာစမ်း စစ်ချက်များအရ၊ ပေါက်ပေါက်ဖေါက်ရောင်းချသူများက ထိုမီးခိုးရနံ့ ကိုရှိုက်ရှုနေရလို့  အဆုတ်ကို အဆိပ်ဖြစ်စေပါတယ်တဲ့။ ထို့ ပြင် အဆုတ်ကင်ဆာဝေဒနာရှင် ၁၀ ဦးတွင် ၄ ဦးခန့် က ထောပတ်ရနံ့ နဲ့ ဖေါက်ထားတဲ့ ပေါက်ပေါက်ဆုပ်ပူပူကို ပလပ် စတစ်ခွက်(သို့ မဟုတ်)ဖော့အတုဗူးဖြူထဲမှာထဲ့၍ တနေ့ ၂-ကြိမ်ကျဖြင့် ၁၀-နှစ်ခန့် ကြာ စားသောက်မိတယ်လို့  ဖော်ပြထား ပါတယ်။

(၉) အာလူး။ ဟင်းတော်တော်များများနှင့် လိုက်ဖက်ကာ၊ စားအိုးကြီးတဲ့ မိသားစုအတွက် အာလူးကဟင်းအပွါးခတ်ပေးသလို၊ အာဟာရ ပြည့်အရသာရှိသလောက်၊ ဈေးနှုန်းလည်းချိုသာတာမို့ အာလူးဟာ အိမ်ရှင်မများအတွက် လက်စွဲဖြစ်လို့ နေပါတယ်။ သို့ သော် အချို့ အာလူးခွံတွေမှာ အစိမ်းရောင်အစက်အပြောက်တွေ ပါရှိကြပြီး၊ အာလူးသီးထဲမှာ ကလိုဖီးလ်ဓာတ် အမြောက် အများပါရှိခြင်းကြောင့် ပုံမှန်အရောင်နှင့်မတူ တမူကွဲပြားလို့ နေပါတယ်။ အဲဒီအာလူးထဲမှာပါတဲ့ အရသာအတန်ငယ်ခါးသက်ပြီး solanine(ခေါ်)အဆိပ်သင့် ဓာတုပစ္စည်းတစ်မျိုးကြောင့်၊ စားသုံးမိတဲ့အခါ အော်ဂလီဆန်ခြင်း၊ ခေါင်းကိုက်၍ ၀မ်းလျောခြင်း၊ အစာမကျေပျို့ အန်ခြင်း တို့ ဖြစ်စေပါတယ်၊ ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုနဲ့  ကလေးတွေဆို အသက်အန္တရာယ် တောင်ဖြစ်စေနိုင်တယ်လို့  Nebraska လင်ကွန်းတက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Alexander Pavlista က ဆိုပါတယ်။ ယနေ့ အမေရိကန်နိုင်ငံတွင် အစိမ်းရောင်ပါနေသော အာလူးရောင်းချမှုကို ပိတ်ပင်ထားကြပါတယ်။

(၁၀) ခရမ်းချဉ်သီး။ ဗဟုသုတအနေနဲ့ မျှဝေရပါလျှင်၊ ရှေးယခင်ကာလများက ခရမ်းချဉ်သီးကို ဘယ်ရီးသီးကဲ့သို့ သစ်သီး အဖြစ်စားသုံးခဲ့ကြသော်လည်း၊ ၁၈၉၃တွင် အမေရိကန် Supreme Court ၏ဆုံးဖြတ်ချက်အရ၊ ခရမ်းချဉ်သီးကို ဟင်းသီးဟင်း ရွက်မျိုးနွယ်ဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ခရမ်းချဉ်သီးက အသားအရေလှပမှုအတွက်သာမက၊ ခန္ဓာကိုယ်တွင်းကျန်းမာရေး ကို များစွာထောက်ကူပြုလို့  ဖျော်ရည်၊ အသုပ် နှင့် ဟင်းလျာများတွင် အရသာတိုးဟင်းအနှစ်အဖြစ် အသုံးဝင်လှပါတယ်။ သို့  သော် အသီးထဲရှိအစေ့များတွင်ပါရှိသော Glycoalkaloid(ခေါ်)သဘာဝဓာတုပစ္စည်းက အရိုးအဆစ်များကို အဆိပ်တက်စေလို့ ၊ အကြော/အဆစ်ရောင်သူများ၊ ဂေါက်ရောဂါ နှင့် လေးဘက်နာရောဂါသည်များ ခရမ်းချဉ်သီးနှင့် လုံးဝမတည့်ပါ။ အကယ်၍ မဖြစ် မနေစားလိုပါက အသီးထဲရှိအစေ့ကို ကုန်စင်အောင်ဖယ်ပြီးမှသာ အနည်းငယ်စားပါ။ (အနီရောင်ချယ်ရီသီးထဲရှိ အစေ့များက လည်း ဂေါက်ရောဂါအတွက် အဆိပ်ဖြစ်စေလို့  အစေ့ဖယ်၍စားသုံးပါ)

(၁၁) ကြက်သွန်နီ။ ဟင်းအရသာကောင်းစေရန် နဲ့  ဟင်းအနှစ်ရစေဖို့  ကြက်သွန်နီက ဟင်းလျာအားလုံးနီးပါးအတွက် မရှိမ ဖြစ်ပါ။ ကျန်းမာရေးရှုထောင့်မှကြည့်ရင်လည်း သူမတူအောင် ဆေးစွမ်းထက်မြက်စေလို့  ဆေးသိပ္ပံများသာမက၊ မြန်မာ့ဆေး ကျမ်းများမှာလည်း ကြက်သွန်နီရဲ့  အသုံးဝင်ပုံကို အကျယ်တ၀င့်ရေးသားမှတ်တမ်းတင်ထားခြင်းခံရပါတယ်။ သို့ သော် ကြက် သွန်နီကို အခွံနွှာထက်ခြမ်းခြမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့်လတ်တလောအသုံးမလိုသေးလို့ ၊ နောက်နေ့ မှဆက်သုံး တဲ့ အခါမျိုးတွေရှိတတ်ပါတယ်။ အဲဒီလို တညတာဖယ်ထားမိတဲ့အခါ၊ အဆိပ်နဲ့ ဗက်တီးရီးယားတွေပေါက်ပွားလာကြပြီး၊ နောက် တနေ့  ချက်ပြုတ်စားသုံးမိတဲ့အခါမှာ အစာအိမ်ကိုပိုးဝင်၍အစာချေရည်များပိုလျှံစိမ့်ထွက်လာကာ အစာအဆိပ်သင့်စေပါတယ်။

(ပေါက်ပေါက်…..မျှဝေသည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။