ကျန်းမာရေးစာတိုများစုစည်းမှု
သင့်အလှကုန်တွေသက်တမ်းကုန်နေပြီလား
အောက်ပါနည်းလမ်းများသည် ယေဘုယျအားဖြင့်တူညီသည်။
(၁) အလှကုန်အများစု၏အဖုံးအတွင်းတွင် 12M,1Y,2Y စသည်ဖြင့်ပါတတ်ကြသည်။ M သည် လ ကို ရေညွှန်းပြီး Y သည် နှစ်ကို ရေညွှန်းပါသည်။ အဖုံးအောက်တွင် 12M (နမူနာ)ပါရှိပါက အဖုံးဖွင့်ပြီး ၁၂ လအတွင်းသာ အသုံးပြုပါဟုဆိုလိုပါသည်။
(၂) Mascara
ပုံမှန်သက်တမ်း - ပါကင်ဖောက်ပြီး ၂-၃လ
အနံ့ပြောင်းနေပါက ခြောက်ကပ်နေပါက မသုံးပါနှင့်။
(သူများနှင့်အတူအသုံးမပြုပါနှင့် မျက်လုံးရှိပိုးမွှားများကူစက်နိုင်ပါသည်။)

(၃) Lotion
ပုံမှန်သက်တမ်း - ၂နှစ်
အနံ့ပြောင်း၊အရောင်ပြောင်းပါက မသုံးပါနှင့်။
(၄) Foundation make up
ပုံမှန်သက်တမ်း - ၆လ-၁နှစ်
အနံ့ပြောင်း၊အရောင်ပြောင်း၊အရည်လွှာများအထပ်ထပ်ဖြစ်နေပါက မသုံးပါနှင့်။ (နေရောင်အောက်တွင်မထားပါနှင့်၊သက်တမ်းတိုစေသည်။)
(၅) Lipstick / Gloss
ပုံမှန်သက်တမ်း - ၂ နှစ် (lipstick) ၊ ၁ နှစ် (Gloss)
အရောင်းပြောင်းသွားခြင်း၊ခြောက်သွေ့သွားခြင်း၊ပုံမှန်ထက်အဆီများထွက်လာလျှင်မသုံးပါနှင့်။
(Tester များထားရှိသောနေရာများတွင် တိုက်ရိုက်မဆိုးပါနှင့်။ပိုးမွှားများကူးစက်နိုင်သည်)
(၆) Eyeshadow/Blush
ပုံမှန်သက်တမ်း - ၂နှစ်
အရောင်းပြောင်းသွားခြင်း၊ခြောက်သွေ့သွားလာလျှင်မသုံးပါနှင့်။
(၇) Fragrances (ရေမွှေး)
ပုံမှန်သက်တမ်း - ၈-၁၀နှစ်
အရောင်းပြောင်းသွားခြင်း၊အနံ့ပြောင်းသွားလျှင်မသုံးပါနှင့်။
(၈) လက်သည်းနီ
ပုံမှန်သက်တမ်း - ၁-၂နှစ်
အရောင်းပြောင်းသွားခြင်း၊အနံ့ပြောင်းသွားခြင်း၊အလွှာများအထပ်ထပ်ဖြစ်ပေါ်လာခြင်း၊ဆိုးလိုက်လျှင်ချောမွေ့မနေဘဲ ထစ်နေပါက မသုံးပါနှင့်။
အလှအပရေးရာမှ ဘာသာပြန်ဆိုပါသည်။ (www.seventeen.com)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။