Stuff Myanmar Magazine
အနာဂတ်မှာ Zombie ကြောက်လှန့်ခြင်းက စိတ်ရောဂါဖြစ်လာမည်
wired.com မှ ရေးသားဖော်ပြချက် ဖြစ်ပါတယ်။ အနာဂတ်မှာ ကလေးငယ်တွေ ကြား စွဲသွားမယ့် ရောဂါတစ်ခုက Zombie ကြော်လှန့်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အမှန်တော့ အပြင်မှာ တကယ်ရှိမနေပါဘူး။ သို့ပေမယ့် Zombie ဆိုတာ ဘယ်လို ပုံစံမျိုးဖြစ်တယ်ဆိုတာကို စာအုပ်တွေထဲမှာတင် မဟုတ်တော့ပဲ ရုပ်ရှင်တွေထဲမှာ တကယ့်လူသားများနဲ့ သရုပ်ဆောင် ဖော်ပြမှုများကြောင့် လူတွေကြားမှာ ကြောက်စိတ်တစ်ခုကိန်းအောင်းလာစေကြောင်း သိရ ပါတယ်။
အမှန်တော့ Zombie ဆိုတာ Metaphor ခေါ် ဥပစာ တစ်ခုအနေနဲ့ပါပဲ။ ဗိုင်းရက်စ်ကူးဆက်မှုကြောင့် လူစိတ်ပျောက်ပြီး အသွေး၊အသား စားသုံးတဲ့ အခြေအနေတစ်ခုအဖြစ် ရောက်သွားခြင်းလို့ ရှေးယခင်ကတည်းက ထင်မြင်အောင် ဖန်တီးခဲ့တာပါ။ သာမန်လူတွေကို အင်အားမရှိပါဘူး။ သို့ပေမယ့် ယင်းအချက်အားလုံးက Real မဟုတ်ပဲ ဇာတ်လမ်း၊ ဝတ္ထု ဖန်တီးမှုများထဲမှာသာ ထိန့်လတ်စရာအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သိုပေမယ့် အများစုစိတ်ထဲမှာ zombie ကိုကြောက်လှန့်ခြင်းက မသိမသာ ကိန်းအောင်းနေပါတယ်။ ယင်းကြောက်စိတ်က စိတ်ရောဂါ တစ်မျိုးပါ။
ဒါကြောင့် အနာဂတ်မှာ ကလေးငယ်တွေကို Zombie ကြောက်လှန့်တဲ့ စိတ်ရောဂါ မဖြစ်စေရန် အကောင်းဆုံး ဖြေရှင်းနည်း Zombie ရုပ်ရှင်များအား မကြည့်ရှုခြင်း ဖြစ်တယ်လို့ Wired.com မှ ဖော်ပြထားပါတယ်။
.
Wired.com
Aung Kham (Stuff Myanmar)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။