Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 11, 2013

The Sign of Love ဇာတ်လမ်းတွဲ သရုပ်ဆောင် မြတ်သူကျော်နှင့် တွေ့ဆုံခြင်း

11 July 2013 |By MaungNaing
MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့် ပြသခဲ့သော The Sign of Love ရုပ်သံ ဇာတ်လမ်း တွဲတွင် ဆရာဝန် နေမင်းခန့်အဖြစ် သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်များ လက်ခံအသိအမှတ် ပြုခဲ့ကြပြီးသည့် နောက်ပိုင်းလည်း ယင်းဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်သွားဦးမည် ဖြစ်သည့် မြတ်သူကျော်နှင့် တွေ့ဆုံပြီး သူဆက်လက် ရိုက်ကူးသွားမည့် The Sign of Love ဇာတ်လမ်းတွဲ၊ လက်ရှိ ရိုက်ကူးထားသည့် စင်ဒရဲလား ရုပ်သံဇာတ်လမ်းတွဲသစ်တို့ အကြောင်းအပါအဝင် သူ့အမြင်၊ သူ ဖြတ်သန်းနေမှုတို့ကို The Voice က တွေ့ဆုံမေးမြန်းထားပါသည်။
Voice ။ ။ အနုပညာ လမ်းကြောင်းပေါ်ကို ဘယ်လိုပုံစံနဲ့ ရောက်လာခဲ့တာလဲ။
M.T.K ။ ။ အနုပညာ လမ်းကြောင်းပေါ်ကို မော်ဒယ်လ်အဖြစ်နဲ့ အရင် ရောက်လာခဲ့ပါတယ်။ ပြီးတော့မှ ဒီသရုပ်ဆောင်ဘက်ကို ကူးခဲ့တာပါ။
Voice ။ ။ မော်ဒယ်ဘဝတုန်းကရော ပြိုင်ပွဲတွေ ပြိုင်ခဲ့ဖူးလား။
M.T.K ။ ။ မော်ဒယ်လ်ဘဝတုန်းကတော့ ပြိုင်ပွဲတွေ မပြိုင်ခဲ့ဘူး။ သင်တန်းတက်ပြီးတော့ Fashion Show တွေပဲလျှောက်ဖြစ်ခဲ့တယ်။
Voice ။ ။ The Sign of Love ဇာတ်လမ်းတွဲမှာ ဘယ်လိုပါဝင် ဖြစ်သွားတာလဲ။
M.T.K ။ ။ ရိုက်ဖြစ်သွားတာက ဒီဇာတ်လမ်းတွဲ ရိုက်ဖို့အတွက် သရုပ်ဆောင် ရွေးပွဲရှိတယ် ဆိုတာကို အသိတစ်ယောက်က ဖုန်းဆက်ပြောတော့ လာပြိုင်ရင်းနဲ့ အရွေးခံရပြီး ရိုက်ဖြစ်သွားတာပါ။
Voice ။ ။ The Sign of Love က Season ဘယ်နှခု ပြီးသွားပြီလဲ။
M.T.K ။ ။ The Sign of Love က Season-3 အထိ ရိုက်ပြီးသွားပြီ။ ၁၀ လပိုင်းလောက်မှာ Season 4,5,6 ကို ဆက်ရိုက်မယ်။
Voice ။ ။ နောက်ရိုက်မယ့် အပိုင်းတွေမှာ မြတ်သူကျော် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက် အပြောင်းအလဲရှိလား။
M.T.K ။ ။ အခုလောလောဆယ်တော့ သေချာမသိသေးပါဘူး။ မင်းသား၊ မင်းသမီး ဘယ်သူတွေ ထပ်ပါမယ်ဆိုတာလည်း မသိသေးဘူး။ ဒီဇာတ်လမ်းတွဲကို ရိုက်တဲ့ ဒါရိုက်တာ ဦးထင်ကျော်ကတော့ ကျွန်တော့်ဇာတ်ကောင်က ဆရာဝန် နေမင်းခန့် နေရာပဲလို့ ပြောတာပဲ။ သူတို့ဘာတွေ ထပ်ကွန့်ဦးမလဲတော့ မသိသေးဘူး။
Voice ။ ။ ဒီ The Sign of Love ဇာတ်လမ်းတွဲက ကိုယ့်ရဲ့အောင်မြင်မှုအတွက် ဘယ်လောက် အထောက်အကူ ပေးနိုင်ခဲ့လဲ။
M.T.K ။ ။ ဒီဇာတ်လမ်းတွဲ မရိုက်ဖြစ်ဘဲ အပြင်မှာ ကိုယ့်ဟာကိုယ် ကြိုးစားမယ်ဆို Producer က အသစ်တစ်ယောက်ကို ငွေထုတ်ပြီး ရိုက်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အနုပညာလောကကို တော်တော်တိုးယူရမယ်။
MRTV-4 ကတော့ ငွေကုန် ကြေးကျခံပြီး ကျွန်တော်တို့လို အသစ်တွေကို မြေတောင် မြှောက်ပေးတဲ့အတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပေးနိုင်ခဲ့ပါတယ်။
Voice ။ ။ MRTV-4 နဲ့ကျတော့ စာချုပ်ဘယ်နှနှစ် ချုပ်ထားလဲ။ ဘယ်လို စည်းကမ်းချက်တွေပါလဲ။
M.T.K ။ ။ ဟုတ်ကဲ့။ စာချုပ် ၂ နှစ် ချုပ်ထားပါတယ်။ စည်းကမ်းချက်တော့ သိပ်မပါပါဘူး။ ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးထားပါတယ်။ အပြင်ကခေါ်လို့ ရိုက်မယ် ဆိုရင်တော့ သူတို့ကို အသိပေးရတာပေါ့။
Voice ။ ။ ဇာတ်လမ်းတွဲတွေ ရိုက်တဲ့အခါ MRTV-4 က ဘာတွေပံ့ပိုးပေးလဲ။
M.T.K ။ ။ အဝတ်အစားပိုင်းကအစ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းအထိ အကုန်လုံးကို တာဝန်ယူပေးပါတယ်။ ကိုယ့်ဘက်က သရုပ်ဆောင်မှုအတွက်ကို ဂရုစိုက်ရုံပါပဲ။
Voice ။ ။ အပြင်ထုတ်လုပ်ရေး တွေနဲ့တော့ စာချုပ်ချုပ်ပြီး ရိုက်ဖို့ရှိလား။
M.T.K ။ ။ ဒါကတော့ အခုလော လောဆယ် မစဉ်းစားရသေးပါဘူး။ တကယ်လို့ ကျွန်တော်နဲ့ ရိုက်ချင်တဲ့ ထုတ်လုပ်ရေးတွေကတော့ MRTV-4 နဲ့ ရိုက်ရက် ညှိရမှာပေါ့။
Voice ။ ။ The Sign of Love ဇာတ်လမ်းတွဲကလည်း ရိုက်တာတော်တော်လေး ကြာပြီဆိုတော့ ဇာတ်ကောင်စရိုက် တစ်ခုတည်းကို အကြာကြီး သရုပ်ဆောင်ရတဲ့အပေါ် ငြီးငွေ့မိတာမျိုးရှိလား။
M.T.K ။ ။ ငြီးငွေ့တဲ့စိတ်တော့ မဖြစ်ပါဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတော့လေ။ တစ်ခါတလေ ရှုတင်က ကိုယ်မပါတဲ့ ရက်ဆိုရင်တော့ ရှုတင်ကိုသွားကြည့် ဖြစ်တယ်။ ကိုယ့်ရှေ့က သရုပ်ဆောင်ကြီးတွေကလည်း ပြောဖူးတယ်။ ကိုယ်မပါပေမယ့် သူများရိုက်နေတာကို ကြည့်ထားရင် ကိုယ့်အလှည့် ရောက်တဲ့အခါ ကိုယ့်သရုပ်ဆောင်မှုအတွက် Tempo ချိန်လို့ရတယ်လို့။ ကျွန်တော်တို့က အသစ်ဆိုတော့ ကိုယ့်ဟာကိုယ် ဇာတ်ညွှန်းဖတ်ပြီး Tempo ချိန်တာထက်စာရင် သူများသရုပ်ဆောင်မှုကို ကြည့်ထားတော့ ကိုယ်ရိုက်တဲ့အခါ Tempo ချိန်လို့ ပိုလွယ်တာပေါ့။
Voice ။ ။ ကိုယ်ကိုယ်တိုင်ကရော တခြားဘယ်လို ဇာတ်ကောင်စရိုက်မျိုးတွေမှာ သရုပ်ဆောင်ချင်လဲ။
M.T.K ။ ။ ဘယ်လိုဇာတ်ကောင် စရိုက်မျိုးမဆို ကျွန်တော်သရုပ်ဆောင်ချင် ပါတယ်။ ပရိသတ်က အမြဲတမ်း ကိုယ့်ကို Character တစ်ခုတည်းပဲ ကြည့်နေရရင် ကြာရင် ရိုးသွားမှာလေ။ ဇာတ်ကောင်စရိုက်တွေ ပြောင်းပြီး သရုပ်ဆောင်တော့မှ သူကဒီလိုပုံစံလည်း လုပ်တတ်ပါလားဆိုပြီး ပရိသတ်ရဲ့ အသိအမှတ် ပြုခံရမှာပါ။
Voice ။ ။ ဇာတ်လမ်းတွဲ အသစ်တစ်ခုလည်း ရိုက်နေတယ် ကြားတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးပါဦး။
M.T.K ။ ။ ဟုတ်ကဲ့ပါ။ အခုကျွန်တော် MRTV-4 နဲ့ပဲ စင်ဒရဲလားဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ အသစ်တစ်ခု ရိုက်နေပါတယ်။ ဒီဇာတ်လမ်းတွဲက Season-2 အထိလွှင့်မယ်လို့ ပြောတယ်။ အခုတော့ Season-1 အတွက် ရိုက်ပြီးသွားပြီ။ သရုပ်ဆောင်တွေကတော့ ကျွန်တော်ရယ်၊ စိုင်းနေဖြိုးရယ်၊ မေမြင့်မိုရ်ရယ် ပါမယ်။
Voice ။ ။ စင်ဒရဲလား ဇာတ်လမ်းတွဲမှာ မြတ်သူကျော်ရဲ့ ဇာတ်ကောင်စရိုက်က ဘယ်လိုမျိုးလဲ။
M.T.K ။ ။ ကျွန်တော်က သူဌေးသား ပုံစံပါပဲ။ The Sign of Love မှာက လူငယ်ဆရာဝန် တစ်ယောက်၊ အနေအေးတယ်၊ တည်ငြိမ်တယ်၊ လူငယ်ဖြစ်ပေမယ့် ကိုယ့်ရဲ့အနေအထား တစ်ခုကြောင့် လူကြီးစိတ် မွေးထားရတာမျိုးပေါ့။ ဒီစင်ဒရဲလား ဇာတ်လမ်းတွဲမှာတော့ လူငယ်ပုံစံ လွတ်လွတ်လပ်လပ် သရုပ်ဆောင် ရပါတယ်။
Voice ။ ။ The Sign of Love မှာ ဇာတ်ဝင်သီချင်း ဆိုခဲ့တယ်နော်။ ဘယ်လို ဆိုဖြစ်သွား တာလဲ။
M.T.K ။ ။ ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ ကျွန်တော်တို့ကို ရွေးတဲ့ ပြင်သစ်က ဒါရိုက်တာတွေက သရုပ်ဆောင်တွေကို ကိုယ်တိုင် ဇာတ်ဝင်တေးဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်။ ကျွန်တော့်အသံကို သွင်းကြည့်တော့ ဒီအသံလောက်ဆိုရင် Professional ကြီး မဟုတ်တောင် ပရိသတ် လက်ခံနိုင်လောက်တဲ့ အသံမျိုးဖြစ်တယ်။ အရမ်းကြီး မကောင်းသလို အရမ်းကြီးလည်း မဆိုးဘူးဆိုပြီး ပြောတယ်။ မိန်းကလေးအသံကတော့ Melody World က ဆရာမြင့်မိုးအောင်ရဲ့တပည့် ဝတ်ရည်ထက်နဲ့ အဆင်ပြေတယ်ဆိုပြီး ဆိုဖြစ်သွားတာပါ။
Voice ။ ။ ကိုယ်တိုင်ကရော ဂီတဘက်ကို စိတ်ဝင်စားလား။
M.T.K ။ ။ စိတ်ဝင်စားပါတယ်။ ဒါတွေအကုန်လုံးက အနုပညာ အလုပ်တွေပဲလေ။ ကျွန်တော် သီချင်းဆိုရတာကိုလည်း ဝါသနာပါတယ်။ နားထောင်ရင်တော့ Pop သီချင်းတွေ နားထောင်တာများတယ်။
Voice ။ ။ မြန်မာဇာတ်လမ်းတွဲတွေ ရိုက်လာကြပေမယ့် ပရိသတ်ရဲ့ အားပေးမှုကို ထင်သလောက် မရသေးဘူးလေ။ အဲ့ဒါက ဘယ်အချက်တွေကြောင့်လို့ထင်လဲ။
M.T.K ။ ။ ဘယ်အရာမဆို စပြီးလုပ်တဲ့နေရာမှာ လိုအပ်ချက်တွေကတော့ ရှိမှာပါ။ ကျွန်တော်တို့ကလည်း အသစ်တွေဆိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေမယ့် Professional တော့ မကျဘူးပေါ့။ ဒီဇာတ်လမ်းတွဲကို ရိုက်တဲ့သူတွေထဲမှာလည်း ပညာရှင်တွေ ပါသလို အသစ်တွေလည်း ပါတယ်။ အကောင်းဆုံးဖြစ်အောင် အားလုံးညှိနှိုင်းပြီး လုပ်ကြပေမယ့် လိုအပ်ချက်တွေ ရှိမှာပါပဲ။ ဒါပေမဲ့လည်း ပရိသတ်အကုန်လုံး မဟုတ်တောင် တချို့တစ်ဝက်က အသိ အမှတ်ပြုပြီး အားပေးတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။
Voice ။ ။ သရုပ်ဆောင်တစ်ယောက်အတွက် အရေးကြီးတဲ့ ဖက်ရှင်ပိုင်းကိုရော ဘယ်လိုဂရုစိုက်ဖြစ်လဲ။
M.T.K ။ ။ ဖက်ရှင်ပိုင်းကတော့ ထွေထွေထူးထူး ဂရုမစိုက်ဖြစ်ပါဘူး။ ကျွန်တော်ဝတ်နေကျ ပုံစံအတိုင်းပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဝတ်ဖြစ်တာများတယ်။ ကျွန်တော်ကြိုက်တာကတော့ ရှပ်အင်္ကျီနဲ့ တီရှပ်တွေ ကြိုက်တယ်။ ဇာတ်လမ်းတွဲ ရိုက်ရင်တော့ ဇာတ်ကောင်စရိုက်နဲ့ လိုက်မယ့် အဝတ်အစားမျိုး ဝတ်ရတာပေါ့။
Voice ။ ။ မြတ်သူကျော်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင် ပြောပေးပါဦး။
M.T.K ။ ။ ကျွန်တော်ရှေ့ဆက်ပြီး အနုပညာအလုပ်တွေ အများကြီး ဆက်လုပ်သွားဖို့ ရှိပါတယ်။ ဝေဖန်ပေးပါဦး။ အကြံပေးပါဦးလို့ ပြောချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်သုံးနေတဲ့ Facebook က နေမင်းခန့် နာမည်နဲ့ပါ။ မြတ်သူကျော်နာမည်နဲ့ မဟုတ်ပါဘူး။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း Facebook ကနေတစ်ဆင့် ဆက်သွယ်လို့ ရပါတယ်လို့ ပြောချင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။