သက်တန့်ချို
ကျွန်တော့်အမြင်
HIV ကိုလျော့ချနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက Transparency ရှိဖို့ပါပဲ ယဉ်ကျေးမှုကိုထိခတ်နိုင်ပေမယ့် တကယ်တမ်း ထိရောက်စွာနဲ့ Condom အသုံးပြုဖို့ကအစ ရောဂါပိုးထိမ်းချုပ်ရေးကအစ ဒီနည်းလမ်းကသာလုပ်ဆောင်နိုင်ပါတယ် ။ သူများနိုင်ငံတွေမှာတော့ နိုင်ငံခြားဝင်ငွေတိုးစေတယ်လို့ဆိုပါတယ် ဒါပေမယ့် ကျနော်တို့ဆီမှာတော့ တရားဝင်ဖြစ်သွား၇င် အနည်းဆုံး Screening လုပ်နိုင်ပြီ PLH ( People living with HIV ) တွေ အရေအတွက်သိနိုင်ပြီ ကောင်းကောင်း Control လုပ်နိုင်ပြီလိုအပ်ရင် လိုင်စင်ရသူတွေကို Sex Education ပါလုပ်ပေးနိုင်မယ်လို့ထင်ပါတယ် ။
ရွာတစ်ရွာမှာကွန်ဒုံးသုံးဖို့ တိုင်လေးတွေမှာစွပ်စွပ်ပြတာ နောက်တစ်ခေါက်ပြန်လာတော့ ကလေးတွေကမွေးနေတုန်းပဲ မေးကြည့်ေ...တာ့ ဆရာပြောသလို တိုင်တွေမှာစွပ်တာပဲဆရာတဲ့ ကလေးကတော့မွေးနေတုန်းပါတဲ့ ဖြစ်ပုံက ။ ကျနော်ကိုယ်တိုင်ကြုံဖူးတယ် ငှက်ပျောသီးပေါ်စွပ်ပြတာ အဲဒီရွာကအဖွားတွေက လက်ညှိုးငေါက်ငေါက်ထိုးပြီးငါ့သမီးအပျိုလေးတွေရှေ့မှာ ဘာတွေလာလုပ်ပြတာလဲဆိုပြီးစိတ်ဆိုးဆိုးနဲ့ထွက်သွားတယ် ဗျာ .. သူ့မြေးမလေးတွေကတော့တ ခစ်ခစ်နဲ့ ။

ကိုယ်တွေလည်း ရှက်ရှက်နဲ့ပြရတာပဲလေ ဒါတောင်ပြဿနာတက်သေးတယ် တစ်ယောက်ကဖီးကြမ်းတစ်ယောက်ကဆင်စွယ်ဖြစ်နေလို့ အမျိုးမျိုးပါပဲ တခါတလေလည်းတကယ်သနားမိပါတယ် သွေးလွန်တုပ်ကွေးတောင် သွေးသွေးချင်းကူးတယ်ထင်နေကြတာ ငှက်ဖျားတောင် စမ်းရေချိုးလို့ဖြစ်တယ်ထင်နေကြတာ လက်ထိပ်မှာမက်ကလောင်ဖောက်တာကို တကယ့်ပညာရှင်ကြီးတွေမှတ်နေကြတာ ခက်တော့နေပြီ ။
ကလေးဆိုတာ ဘုရားပေးတဲ့လက်ဆောင်မို့ သားဆက်ခြားတယ်ဆိုတာ လူ့အခွင့်အရေးပိတ်ပင်တယ်ဆိုတာကရှိသေးတယ် ။ ကွန်ဒုံးသုံးတာက ရောဂါကာကွယ်တားဆီးပေးနိုင်သလို ( အေအိုင်ဒီအက်စ်သာမက အခြားလိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေပါ ) တစ်ဖက်ကလည်း သားဆက်ခြားနည်းအတွက် အသုံးဝင်နေပြတယ် ။ ဒါပေမယ့် ကွန်ဒုံးသုံးနည်းစနစ်မမှန်ရင်အလကားပဲအခက်ကြီးမဟုတ်သလို အလွယ်လေးလည်းမဟုတ်ဘူး လေခိုလို့မရဘူး ဒါကြောင့်ပြရတာ လေခိုရင်ကျွတ်ထွက်နိုင်တယ် Risk များတယ် ။
Selected group ကိုပဲ Education ပေးရင်ပိုထိရောက်ပါတယ် နယ်မြေမှုးတွေနယ်ထိန်းတွေလည်းကူညီရမယ် ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။